တစ်ခါတလေ ဘောင်ကျော်သွားသော စကားမျိုးကို ကြားမိလျှင်တောင် မျက်နှာလေး နီသွားကာ ရှက်တတ်သူသည် လူအများရှေ့မှာဆိုလည်း သဘောထားကြီးကာ နူးညံ့တည်ကြည်သော ရုပ်သွင်ကို ဆောင်ပေသည်။ ချီးရှစ်အန်းသည် မူလတွင် ရှန်သောယိဟာ အင်မတန် ဖြူစင်သောသူ ဟူ၍ မှတ်ယူထားခဲ့သည်။ သို့ရာ လက်ရှိတွင် ရောက်ရှိလာသော ဤမက်ဆေ့ဂျ်တစ်ကြောင်းသည် သူ့အား မထင်မှတ်ထားသော သံသယစိတ်များ ဖြစ်ပေါ်လာစေ၏။
ပြဿနာကိုတော့ ရှောင်ပြေးသွားပြီး မဆွေးနွေးဘူး။ ဆန့်ကျင်ဘက်အားဖြင့် သူ့ကို ဘယ်အချိန်ပြန်လာမလဲ မေးပြီး အဓိက အရေးပါဆုံးက "ထောပတ်ဘီယာ" ဆိုပြီး တစ်ခွန်းထည့်ပြောလိုက်သေးတာ။
ရှန်သောယိဟာ ဖြူစင်လွန်းတာလား၊ ဒါမှမဟုတ် ဆရာကျတာလား။ ချီးရှစ်အန်းတော့ မခွဲတတ်ပြီ။ သူသည် စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့သော ငါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်စိရှေ့တွင် ငါးမျှားချိတ်က လှုပ်ရမ်းနေသည်။ အတိတ်က အမှတ်တရလေး နည်းနည်းကတောင် သူ့ကို မတွေမဝေဘဲ ငါးမျှားချိတ်ကို ကိုက်၍ ကုန်းပေါ်လိုက်ခဲ့စေနိုင်သည်လေ။
ပြတင်းပေါက်က တွန်းဖွင့်ခံလိုက်ရသည်။ ယိုစစ်က ဝိုင်နှစ်ခွက်ယူ၍ ဝရံတာသို့ ရောက်လာပြီး သောက်ရင်း လမ်းလျှောက်လာသည်။ သူ(မ)သည် ချီးရှစ်အန်း ရှေ့သို့ တစ်ခွက်လှမ်းပေးလိုက်ပြီး ထူးဆန်းစွာဖြင့် တိုက်ရိုက်မေးလာသည်။
" ရှန်သောယိက ဘယ်သူလဲ? "
ဘယ်လိုပဲ ဖြစ်ဖြစ် အတူတူ ကြီးပြင်းလာကြသည့်အတွက် တစ်ယောက်ကို တစ်ယောက် လုံးဝ နားလည်နေသည်။ ဟိုဖုံးသည်ဖိက ပိုလို့တောင် စိတ်ဝင်စားဖို့ မကောင်းပါချေ။ ချီးရှစ်အန်းသည် စဉ်းတောင် မစဉ်းစားဘဲ ဖြေလိုက်သည်။
" မင်အန်းက ဝန်ထမ်း၊ သူငယ်ချင်းဟောင်းလည်း ဟုတ်တယ် "
" အဲ့တာဆို နင်ကလည်း အဲ့လောက်တောင် လိုလို့လားဟယ် "
ယိုစစ်၏ ပခုံးနှစ်ဖက်က ပြေလျော့သွားပြီး အသက်ရှူချောင်သွားသည့်နှယ်။
" ငါက နင့်ခေါင်းဆောင်များလားလို့၊ လတ်စသတ်တော့ လက်အောက်ဝန်ထမ်းပဲ၊ ဘာလဲ၊ ဝန်ထမ်းတွေ အတင်းပြောမှာ ကြောက်လို့လား? "
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...