ရှန်သောယိသည် တစ်မနက်ခင်းလုံး ဧည့်သည်နှင့် ဆွေးနွေးနေရရာ ဤအချိန်တွင် မိမိက အရည်ရွှမ်းရွှမ်း သစ်တော်သီးတစ်လုံး ယူခဲ့မိခြင်းအား အင်မတန် ဝမ်းသာမိလေသည်။ သူသည် နားနေခန်းထဲ၌ သစ်တော်သီးအခွံကို နွှာလိုက်ပြီး ဖြည်းဖြည်းချင်း အကိုက်သေးသေးလေး ကိုက်ကာ စားသည်။ ကြားထဲတွင် ကမ္ဘာဖလားဘောလုံးပွဲပင် ကြည့်ဖြစ်သေး၏။
မထင်ထားမိသည်မှာ ရုံးခန်းသို့ပြန်ရောက်သော် မိမိစားပွဲခုံပေါ်ရှိ ကော်ဖီမှာ ပုံစံပြောင်းသွားခြင်းပင်။
သူသည် ဘယ်သူဘယ်ဝါ ရောက်လာခဲ့သလဲ စဉ်းစားချိန်တောင် မရလိုက်ဘဲ မနက်က တွေ့ခဲ့သော ဧည့်သည်၏ ဖုန်းကို လက်ခံဖြစ်သွား၏။ ဖုန်းပြောဆိုပြီးစီးသော် နေ့လယ်ခင်း အနားယူချိန်က ကုန်ဆုံးသွားပြီပင်။ နို့အရသာများများ ပါဝင်နေသော ကော်ဖီကို တစ်ငုံသောက်ပြီး မရပ်မနား ညနေပိုင်း၏ အလုပ်တာဝန်များကို ဆက်လက်လုပ်ဆောင်တော့သည်။
" မစ္စတာကျန်း? "
မျက်လုံးပင့်အကြည့်တွင် ရုံးခန်းအပေါက်ဝမှ ကျန်းယီမင် ဖြတ်သွားသည်ကို မြင်သဖြင့် ရှန်သောယိက နှုတ်ဆက်လိုက်သည်။ သို့ရာ မထင်ထားဘဲ တစ်ဖက်လူက ရုံးခန်းတံခါးကို တွန်းဖွင့်၍ အခန်းထဲထိ ဝင်လာလေသည်။ ကျန်းယွီမင်သည် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်ကာ တွေ့ကရာ ဖိုင်တစ်ခုယူ၍ ကြည့်ရင်း မေး၏။
" သည်နေ့ အလုပ်ရှုပ်နေတာလား? "
ရှန်သောယိက ဖြေ၏။
" အနေတော်ပါပဲ ၊ တစ်မနက်လုံး ရှန့်ကျောင်းက မစ္စတာရွှီးနဲ့တော့ တွေ့နေတာပါ "
" အွန်း.. ငါ သိတယ် ။ သူက personal account တစ်ခု ဖွင့်ချင်နေတာ ။ အရင်က တွေ့ဖြစ်တုန်း နှစ်ခွန်းသုံးခွန်း ပြောဖူးတယ် "
ကျန်းယီမင်သည် သူ့စားပွဲပေါ် တစ်ချက် လှမ်းကြည့်ပြီး -
" သူကို ပေးရမဲ့ နောက်ဆုံး plan လုပ်ပြီးသွားပြီလား? "
" မလုပ်ရသေးဘူး ။ နေ့လယ်ကပဲ မစ္စတာရွှီးက ဖုန်းထပ်ဆက်လာလို့ ၊ သူပြောတာက လုပ်ငန်းသုံးဆိုင်ရာ account တစ်ခုလည်း ဖွင့်ချင်တယ်တဲ့ ။ ကျွန်တော့်ကို အစီအစဉ်ချပေးဖို့ ပြောနေလို့ "
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...