အနှီစာအုပ်《တိဖန်းကျစ်ကျီချန်》သည် အကာအကွယ် ဒိုင်းတစ်ခု ဖြစ်သွားပြီး ရှန်သောယိသည် စာအုပ်ကျောဖုံးဖြင့် ချီးရှစ်အန်၏ လက်ဖဝါးကို ခေါက်လိုက်တော့သည်။ သို့ရာ တစ်ဖက်လူက အလွယ်တကူ လက်လျော့မည့်ပုံ မရှိရာ ရှန်သောယိသည် စာအုပ်ထောင့်ဖြင့် ချီးရှစ်အန်း၏ ဒူးကို ခေါက်လိုက်တော့သည်။
ချီးရှစ်အန်း - " ကိုယ့်ဒူးမှာ ဒဏ်ရာရှိတယ်၊ အဲ့လို့ထိလို့ မရဘူး "
ရှန်သောယိသည် ချက်ချင်း ရပ်တန့်သွားပြီး အကြာကြီး ခေါင်းငုံ့နေပြီးမှ ခေါင်းမော့ကာ -
" တောင်းပန်ပါတယ် ၊ ငါမသိလိုက်ဘူး၊ ဘယ်လိုခိုက်မိခဲ့တာလဲ? "
" စစ်တပ်ကျောင်းမှာ လေ့ကျင့်ရေးဆင်းရင်းနဲ့ မတော်တဆ ခိုက်မိတာပါ "
ချီးရှစ်အန်းက ရှန်သောယိ အနည်းငယ် ပျာယာခတ်နေသည်ကို မြင်သော် ထပ်ဟန်မဆောင်နိုင်တော့ဘဲ -
" အမာရွတ်ပဲ ကျန်တော့တာပါ၊ ကိစ္စမရှိဘူး၊ ခုနက မင်းကို ညာတာ "
ရှန်သောယိက သက်ပြင်းချလျက် -
" တအားကလေးဆန်တာပဲ "
ချီးရှစ်အန်းသည် ဝန်ခံသည့်အလား ဆို၏။
" ကိုယ်က ကလေးဆန်ရုံတင်မကဘူး၊ တစ်ခါတလေလည်း အရမ်းတုံးတယ်၊ တစ်ဖက်လူရဲ့ အတွေးတွေကို ကိုယ်မဖတ်တတ်သလို မမှန်းဆတတ်ဘူး၊ အဓိကအရေးကြီးတဲ့အပိုင်းတွေကို မနှစ်သိမ့်ပေးနိုင်မှာလည်း စိုးရိမ်ရတယ်၊ အဲ့တာကြောင့် မင်းရင်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုရင် ကိုယ့်ကို ပြောပြပါလား၊ ကိုယ့်ကို အလကားနေရင်း ဘုမသိဘမသိ တုံးအအနဲ့ ကိစ္စကို ပိုဆိုးအောင် လုပ်မိသွားတဲ့အထိ ပစ်မထားပါနဲ့လားဟင် "
" မင်းမတုံးပါဘူး "
ရှန်သောယိသည် ချီးရှစ်အန်း ကိုယ့်ကိုယ်ကိုယ် အရှုံးခံကာ သူ့ကို ထုတ်ပြောလာအောင် လုပ်နေမှန်းသိသည်။
" မင်းက အလွယ်တကူနဲ့ ဖတ်တတ်တယ်၊ ငါဘာစဉ်းစားနေလဲ မင်း ဖောက်ထွင်းသိမြင်တတ်ပါတယ်၊ ငါ့မှာလည်း ဘာရင်တွင်းကိစ္စမှ မရှိပါဘူး၊ ငါက ဒီတိုင်းပဲ သိပ်မြန်လွန်းတယ်လို့ တွေးနေမိလို့ "
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...