ချီးရှစ်အန်း၏ လည်ချောင်းသံက အလွန် သြရှနင့်နဲနေ၏။ ယခုလက်ရှိအခိုက်အတန့်မှ ခံစားချက်ပေါင်းစုံကို ဖိနှိပ်ထားသည့်တိုင် ထိုမျှသော စကားတိုတိုလေး တစ်ခွန်းက ထောင်သောင်းချီမျှ လေးပင်နေလေသည်။ ထို့အပြင် အဆိုပါ အလေးချိန်အားလုံးသည်လည်း ရှန်သောယိ၏ တင်းကြပ်ထိတ်လန့်နေသော စိတ်အစဉ်ထက်၌ ဖိနှိပ်ထားခံလိုက်ရတော့သည်။
ကျဉ်းမြောင်းလှသော လှေကားအကျယ်အဝန်းသည် သေစေနိုင်သော နယ်မြေတစ်ခုနှယ်။ ပတ်ဝန်းကျင်တွင် လေတိုး၍ပင် မဝင်နိုင်အောင် ပိတ်လှောင်နေသော နံရံများ တည်ရှိနေပြီး သူတို့နှစ်ဦးမှာ ကြားထဲတွင် ပိတ်မိနေသည်၊။ နည်းနည်းလေးမျှ လှုပ်ရှားရုန်းကန်၍ မရပါဘဲလေ။ ချီးရှစ်အန်းသည် ရှန်သောယိ၏လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲပင်။ အရေပြား အသွေးအသားများမှသည် အရိုးအဆစ်များအထိ သူ့လက်ဖဝါးပြင်ထဲတွင် ပကတိ ကန့်သတ်တားမြစ်ထားသည့်နှယ်။
သူက ရုတ်တရက် တွေးမိသည်။ အရေပြား အရိုးအသားများသည် အားပြင်းပြင်းနှင့် ဇွတ်အတင်း ဆွဲညှစ်နေလျှင် ကျိုးပြတ်သွားနိုင်ပေမည်။ သို့ဖြစ်လျှင် တင်းကြပ်ထိတ်လန့်နေသော စိတ်နှလုံးသည်လည်း ဖိအားများလွန်းလျှင် လုံးဝ အသစ်ပြန်ပြင်ဆင်၍ မရနိုင်သော ဒဏ်ရာအနာတရမျိုး ရသွားနိုင်မယ် မဟုတ်လား?
သူ ရုတ်ခြည်း ကြောက်ရွံ့သွားမိသည်။
ရှန်သောယိက အတော်ကြာအောင် တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများသည် နောက်ဆုံးတော့ ဖွင့်ဟလာခဲ့၏။ မျက်ခုံးတန်းသွယ်များသည် ဖော်ပြရန်မစွမ်းသာသည့် ဒဏ်ရာရသွားသော ရင်တွင်းခံစားချက်တို့ ပြည့်လျှမ်းနေ၏။ သူက အလွန့်အလွန် တိုးညင်းလွန်းသော အသံလေးဖြင့် ပြောလိုက်သည်။
" ငါ့ဖိုးဖိုး စောင့်နေပြီ ၊ ငါ အိမ်ပြန်ချင်တယ် "
အနှီကြိုဆိုပွဲအခမ်းအနားသည်လည်း နောက်ဆုံးတော့ အဆုံးသတ်သို့ ရောက်ရှိလာချေပြီ။ အရက်မသောက်သူများက အရက်သောက်သူများကို အိမ်ပြန်ပို့ပေးကြ၏။ တချို့ကမူ အရှိန်မသေသေးဘဲ နောက်တစ်နေရာရွေ့ဖို့ စဉ်းစားနေကြသေးသည်။ ကျန်းယီမင်ကိုယ်၌ ရေမွှေးနံ့များ ကူးစက်နေသည်။ သူက မူးယစ်ရီဝေစွာဖြင့် ပွဲအသိမ်းကို ပျော်ရွှင်စွာ စောင့်စားနေခဲ့သော်လည်း မျက်လုံးလှန်ကြည့်သော် ချီးရှစ်အန်းက စကားတစ်ခွန်းမျှတောင် မဆိုဘဲ ထွက်ခွာသွားတာကို တွေ့လိုက်ရတော့သည်။ သူ့မှာလည်း အဆုံးသတ် မိန့်ခွန်းခြွေခြင်းတာဝန်ကို မယူမဖြစ် ယူလိုက်ရပြီး -
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...