နေ့တစ်ဝက်လောက် စုစည်းဖွဲ့နွဲ့နေသော ဝါကျများသည် ထိုစကားတစ်ခွန်းကြောင့် တစ်ဆို့သွားရတော့သည်။ ရှန်သောယိသည် ရုတ်ခြည်း ကိုယ့်ကိုယ်ကိုယ် နားကြားမှားသွားသလား ထင်မိ၏။
ချီးရှစ်အန်းကလည်း သိပ်အစေးမကပ်သလို ခံစားရပုံရသည်။ သူက သူ့ဘာသာ ဖြေရှင်းကာ ဆို၏။
" ကိုယ့်ညီလေးက အထက်တန်းစာမေးပွဲ ဖြေတော့မှာလေ၊ ဆရာတစ်ယောက်လောက် ရှာပြီး သင်္ချာကို အချိန်ပိုပြပေးစေချင်နေတာ၊ နောက်ပြီးတော့ ကိုယ်က မင်းရဲ့သူငယ်ချင်းက ဖျော်ဖြေရေးအသိုင်းအဝိုင်း ကုမ္ပဏီကလို့ ပြောလိုက်တော့ သူက စိတ်ပါနေလို့ "
ရှန်သောယိသည် ချီးရှစ်အန်း၏ ညီလေးက အနုပညာရှင်လုပ်ချင်ကြောင်း ပြောဖူးသဖြင့် တစ်ဖက်လူ၏ အတွေးကို နားလည်လိုက်တော့သည်။ သို့ရာ သူက တွေဝေစွာဖြင့် -
" အထက်တန်းစာမေးပွဲက အဲ့လောက် အရေးကြီးတာ၊ ငါ မလုပ်နိုင်မှာ စိုးရတယ်၊ တကယ်တော့ မင်းကိုယ်တိုင် သင်ပြပေးရင် ပိုတောင် ကောင်းဦးမှာကို "
" ကိုယ်မရဘူး "
ချီးရှစ်အန်းက ပေါ့ပေါ့ပါးပါးပင်။
" သူက ပါးစပ်ပဲ့နေတာလေ၊ နှစ်ခွန်းသုံးခွန်းတစ်ခါ ကိုယ့်ကို ရိုက်ချင်နှက်ချင်လာအောင် ဆွပေးလွန်းလို့ ဆက်သင်လို့မရဘူး၊ တခြားလူမှပဲ ရမှာ "
ရှန်သောယိသည် ဆိုဖာပေါ်တွင် ခွေနေလျက် ရယ်မိတော့၏။ သူသည် နဂိုက ပြောမယ်လုပ်ထားသော စကားများလည်း မေ့သွားပြီပင်။ ချီးရှစ်အန်းသည် တစ်ဖက်လူ၏ စိတ်အခြေအနေက မဆိုးလှကြောင်း ခံစားမိနေသဖြင့် ရှေ့တစ်လှမ်းတိုးကာ စကားချိုချိုဆို၏။
" မနေ့က ကိစ္စကို ဒီအတိုင်းပဲ ကျော်လိုက်ပါတော့နော်၊ ကိုယ် မနက်ဖြန်ကျရင် မင်းကို အငြိမ်စားအိမ်ရာရဲ့ ဧည့်သည်အဖြစ် လာကြိုမယ်လေ၊ ကိုယ့်ကို သဘောတူလိုက်ပါကွာ "
'သိန်းလေးရာ' ကို ကျော်သွားခိုင်းတာလား၊ 'ရည်စားငယ်လေး' ကို ကျော်သွားခိုင်းတာလား?
ရှန်သောယိသည် ချီးရှစ်အန်း၏ လူလည်ကျမှုများကို သင်ယူကာ -
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...