「3.1」

618 92 8
                                    

လေယာဉ်မပျံတက်ခင်တွင်ပင် ချီးရှစ်အန်း သည် ကျန်းယီမင်ထံမှ စာလက်ခံရရှိလိုက် သည်။ သုံးရက်အတွင်း ကုမ္ပဏီမှ တရားဝင် ခန့်အပ် စာချုပ်ထွက်လာမည် ဖြစ်ပြီး ရှန်သော ယိ လက်မှတ်ထိုးပြီးသည်နှင့် သူသည် မင်အန်း၏ သဲတစ်ပွင့်အုတ်တစ်ချပ် ဖြစ်လာချေ တော့မည်။

သူသည် စိတ်ကျေနပ်စွာဖြင့် လုံခြုံရေး ခါးပတ်ကို တပ်လိုက်ပြီး စောင်ကို လွှား လိုက်၏။ ဘာလင်ရောက်သည်အထိ အိပ်လိုက်သွားရန်လည်း ဖြစ်သည်။

မျက်လုံး မှိတ်မှိတ်ချင်းတွင် ကျန်းယီမင်က စာ နောက်ထပ် တစ်စောင် ထပ်ပို့လာ၏။

" မင်းနဲ့သူက ဘယ်လို ပတ်သတ်တာလဲ? "

ချီးရှစ်အန်းက စာပြန်လိုက်သည်။

" ငါ့ညီအစ်ကို "

" မဖြစ်နိုင်တာ။ ဘာလို့ မင်းပြောတာ မကြား ဖူးရတာလဲ။ တကယ်ပဲ မင်းညီအစ်ကို? "

ကျန်းယီမင်က မယုံကြည်ပေ။

ချီးရှစ်အန်းသည် ဖုန်းစက်ပိတ်ခါနီး နောက်ဆုံး ဖြေလိုက်သည်။

" ပင်လယ်လေးခုအနှံ့မှာ ငါ့ညီအစ်ကိုတွေ ချည်းပဲ "

ဟန်ချက်မညီသော ခံစားချက်တစ်ခုက ဝင် ရောက်လာသည်။ လေယာဉ်ပျံက စတင် ပျံသန်းပြီး ဖြစ်၏။ Business class ထိုင်ခုံ များ ပတ်ပတ်လည်တွင် တိတ်ဆိတ်ငြိမ် သက်နေသည်မှာ အားလုံး အိပ်ပျော်သွားကြ ပုံပင်။ ချီးရှစ်အန်းက ခေါင်းကို ဟိုဘက်လှည့် လိုက်ပြီး တစ်ဝက်ခန့် မှေးမှိတ်နေပြီဖြစ်သော မျက်လုံးများဖြင့် ပြတင်းအပြင်ဘက်ကို လှမ်း ကြည့်လိုက်သည်။ လူတော်တော်များများက လေယာဉ်ပျံသန်းနေချိန်၌ တိမ်များကို ကြည့် ရတာ နှစ်သက်သည်။ သူကတော့ ချွင်းချက် ပင်။

တိမ်စိုင်များသည် ဟိုလွင့်သည်လွင့်နှင့်။ ဖမ်း ဆုပ်၍ မရသော လစ်ဟာမှုတစ်ခုကို ခံစားမိ စေသည်။ သူ့အတွက်တော့ ကြာကြာကြည့်မိ လေ၊ စိတ်ညစ်လာလေ ဖြစ်သည်။

ချီးရှစ်အန်းသည် အနည်းငယ် စိတ်ရှုပ်ထွေး လာသည်။

သူနှင့် ရှန်သောယိက ဘယ်လို ပတ်သတ်မှုမျိုး လဲ?

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now