「6」

539 77 7
                                    

ထိုမျှ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမကြီးထဲတွင် ပဲ့တင်သံတောင် ပြန်ကြားရနေသည်ဟု ထင်ရ၏။ ဤရိုးရှင်းလှသော စာလုံး ရှစ်လုံးသည် ‌ပြောင်းတင်းလှသော ဖိတ်ခေါ်မှု တစ်ခုပမာ ။ ရှန်သောယိသည် ရုတ်ခြည်း ခြေမကိုင်မိ ၊ လက်မကိုင်မိတော့ ။ အဘယ့်ကြောင့်မူ သူသည် ဤသို့သော စကားမျိုးကို မကြားရတော့သည်မှာ နှစ်အတော်ကြာခဲ့ပြီလေ။ သို့အပြင် အရင်တစ်ခါ ကြားခဲ့ရခြင်းသည်လည်း မျက်စိရှေ့က ထိုလူနှုတ်ကပဲ ပြောခြင်းပါပင်။

ချီးရှစ်အန်းသည် အတန်ကြာ‌အောင် လွှင့်ပစ်ထားသော ကြယ်သီးကို လှမ်းယူ၍ လက်ဖဝါးထဲ ထည့်လိုက်သည်။ ကြယ်သီးထက်ရှိ ကျောက်စိမ်းတုံးက သူ့လက်အသားကို ဆူးနေ၏။ သူသည် နောက်ထပ် ရှန်သောယိ၏ ခံစားချက်များကို နှိုးဆွနိုင်လောက်မည့် စကားလေး နည်းနည်း ထပ်ပြောချင်သေးသော်ငြား သူ့၏ မွေးရာပါ ကိုယ်၌ ကပ်ငြိနေသော မာနကြီးဘဝင်မြင့်မှုနှင့် ရုတ်ခြည်း ဖြစ်ပေါ်လာသော ကိုယ့်ကိုယ် ထိန်းသိမ်းဆင်ခြင်မှုများက သူ့ကို လက်ကာ တားဆီးလိုက်သည်လေ။ ယုတ်စွအဆုံး သူ့လည်မျိုကိုပါ ဆွဲညှစ်ထားသယောင်ယောင်။

ရှန်သောယိက နောက်ဆုံးတော တုံ့ပြန်လာ၏။

" အဲ့အချိန်ရောက်မှ အခြေအနေ ထပ်ကြည့်တာပေါ့ "

သူ့အတွက်တော့ ဤသည်မှာ အကောင်းဆုံး အဖြေပင်။ သူသည် မိမိသူဌေးဖြစ်သူအား ယတိပြတ် အားမနာတမ်း ငြင်းဆန်ရန်လည်း မဖြစ်နိုင်ချေ။ သို့ရာ လုံးဝ သဘောတူမည့် အရိပ်အယောင်လည်း မရှိ။ သူ‌ဌေး၏ နံဘေးတွင် အဆင့်မြင့်အလွှာမှ လူကြီးများသာ ရှိသင့်သည်။ တကယ်တော့ ဘယ်သူထိုင်ထိုင်ပါ ၊ သူလို ကုမ္ပဏီရောက်လာခါစ လူသစ်တစ်ယောက်တော့ မဖြစ်သင့်ရုံ။

သူသည် စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ချင်ပါ။

ချီးရှစ်အန်းသည်လည်း အပြည့်အဝ နားလည်၏။

" ကိုယ် မင်းအတွေးတွေကို နားလည်တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် လျစ်လျူရှုထားမိတဲ့ အချက်တစ်ခု ရှိတယ်လေ ။ ပုံမှန် အခြေအနေမှာ ဘယ်လက်အောက်ဝန်ထမ်းကမှ သူဌေးနဲ့ စကားကို သည်လို မပြောရဲဘူး "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now