တိတ်ဆိတ်ငြိမ်သက်နေသော လူနာခန်းထဲတွင် ဖောက်ခွဲရေးဗုံးတစ်လုံး ပစ်သွင်းခံလိုက်ရသည့်အလား၊ ရှန်သောယိသည် အိပ်ချင်မူးတူးအခြေအနေမှသည် ရုတ်ခြည်း မျက်လုံးပွင့်လာ၏။ လက်တစ်ဖက်ဟာတော့ ထုံကျဉ်လျက်ရှိပြီး နောက်တစ်ဖက်ဖြင့် ချီးရှစ်အန်း၏ လက်ကောက်ဝတ်ကို ဆွဲခွာနေရသည်။ သူသည် ကနဦးဆုံး မိမိနားကိုမိမိ သံသယဝင်မိ၏။ ထို့နောက်တွင် မှတ်ဉာဏ်များကို ခက်ခက်ခဲခဲ ပြန်ခေါ်ယူနေရသည်။ သို့ရာ ပြန်တွေးကြည့်လည်း အဖြေမထွက်သဖြင့် စိတ်ဆိုးဆိုးနှင့်သာ နောက်စေ့ဖြင့် ချီးရှစ်အန်း နှာတံကို တွန်းတိုက်နိုင်တော့လေသည်။
သို့ပေတည့် ထိုအားလောက်နှင့်တော့ ချီးရှစ်အန်းနှာခေါင်းကနေ သွေးထွက်လာနိုင်မည် မဟုတ်။
ချီးရှစ်အန်းကမူ အိပ်ပျော်နေဆဲဖြစ်ပြီး မိမိမျက်နှာထက်သို့ အမွေးနုနုလေးများ လက်ရောက်ပွတ်သပ်နေသည့်နှယ် ခံစားရသဖြင့် ခေါင်းကို ညင်ညင်သာသာ ငုံ့လိုက်ရာ ရှန်သောယိ၏ ဂုတ်ပိုးနှင့် ကွက်တိ ထိအပ်သွားတော့သည်။ ရှန်သောယိသည် ပူနွေးသော ဝင်သက်ထွက်သက်များသည် သူ့လည်တိုင်တစ်ဝိုက်အား ခြုံလွှားခံလိုက်ရသည့်အခိုက် ရုတ်တရက် သုံးမကုန်နိုင်သော အားများရှိလာသည့်အလား အားပါပါနှင့် ချီးရှစ်အန်း၏ လက်ကို ဆွဲဖြုတ်နိုင်လိုက်ပေ၏။ ထို့နောက်တစ်ခါတည်း ထထိုင်ဖို့ပါ ပြင်လိုက်သည်။
ချီးရှစ်အန်းက နောက်ဆုံးတော့ နိုးသွားခဲ့ပြီ။ သူ့အပြုအမူသည် သူ့အတွေးထက်တောင် မြန်လှရာ ရှန်သောယိကို တစ်ခါတည်း အိပ်ရာပေါ် ပြန်ဆွဲချလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် မိမိဟာ အိပ်ချင်မူးတူးဖြင့် မည်သည့်စကားကို ပြောလိုက်မိမှန်းပါ သဘောပေါက်သွား၏။ သူက ဆိုလေသည်။
"အဲ့လောက်လိုလို့လား၊ ကိုယ်က မင်းကို မဖွယ်မရာ လုပ်လိုက်တာကျနေတာပဲ"
ရှန်သောယိက အံကြိတ်လျက် မျက်မှောင်ကြုတ်ကာ -
"အဲ့တာဆို မင်း စကားက ဘာအဓိပ္ပါယ်လဲ?!"
ချီးရှစ်အန်း၏ မျက်ဝန်းနှစ်စုံလုံးက ပြန်လည်မှေးမှိတ်သွားတော့သည်။ သူသည် အိပ်ချင်နေသော အငွေ့အသက်များထဲတွင် ပျင်းတိပျင်းတွဲဟန် ရာနှုန်းပြည့်ပါဝင်လျက် ဆိုလာ၏။
YOU ARE READING
An Knows My Heart || မြန်မာဘာသာပြန် ||
Fanfictionလူတစ်ယောက်ကို တကယ် ချစ်မိသွားပြီဆို၊ အဲ့ဒီလူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်တော့ဘူး...