「19」

379 63 0
                                    

[Flash Back]

အချိန်ဇယားထဲတွင် အတိအကျ ရေးသားထားသည်။ စနေ၊ တနင်္ဂနွေတွင် စားသောက်ဆိုင်၌ တစ်နေကုန် အလုပ်လုပ်ရမည်။

အချိန်ပိုင်း အလုပ်လုပ်ရသော စားသောက်ဆိုင်သည် သံတမန်ဟိုတယ် ဖြစ်ပြီး မြို့ထဲရှိ ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်ဖြစ်သည်။ ပုံပန်းအသွင်အပြင်သည် ခေတ်သစ်မျိုးဆက်များနှင့် မတူညီသော်ငြား အလုပ်နှင့်ပတ်သတ်သော တောင်းဆိုချက်ကတော့ အလွန်မြင့်သည်။ ရှန်သောယိက အစောကြီး ရောက်လာပြီး ဝန်ထမ်းဝတ်စုံကို လဲလှယ်လိုက်ကာ တာဝန်ကျသောအပိုင်း၌ ဧည့်သည်အတွက် ဝန်ဆောင်မှု ပေးနေသည်။

အရက်ဘားတွင် သူ့၏ တည်နေရာ ပေါက်ကြားသွားပြီးကတည်းက ချီးရှစ်အန်းသည် သူ့လှုပ်ရှားမှု အလုံးစုံကို ပိုင်နိုင်သွားတော့သည်။ ထို့ကြောင့်လည်း အခု စားသောက်ဆိုင်၏ တံခါးမကြီးကနေ ချီးရှစ်အန်း ဝင်လာတာကို မြင်သောအခါ သူသည် နည်းနည်းလေးမျှ မအံ့သြတော့ပါလေ။

သို့ရာ သူ အနည်းငယ် အံ့သြမိရသည်က ချီးရှစ်အန်းလိုပဲ အစားလာစားသော လုခဲထုံကိုသာပင်။

သူ့တွင် အတူတူ ကြီးပြင်းလာသော ငယ်သူငယ်ချင်း တစ်ဦးရှိပြီး နာမည်က ဖေ့ယွမ်ဟု ခေါ်သည်။ ဖေ့ယွမ်၏ ဖခင်နှင့် သူ့ဖခင်သည် တိုက်ပွဲဝင်ညီနောင်များ ဖြစ်ကြပြီး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ကြသည်။ သူနှင့် ဖိုးဖိုးကလည်း အဲ့သည့် ဖေ့ယွမ်တို့ ခြံဝန်းထဲ၌သာ နေခဲ့ခြင်းသာ။ ထို့အပြင် လုခဲထုံနှင့် ဖေ့ယွမ်သည် ငယ်ငယ်လေးနှင့် ချစ်ကျွမ်းဝင်ခဲ့ကြပြီး တော်တော်လေးကို ချစ်ခဲ့ကြသည်ပင်။ သူတို့အချစ်ဇာတ်လမ်းသည် 《အချစ်မိုးတွေတဖွဲဖွဲရွာ》 ဇာတ်လမ်းတွဲနှင့် တစ်ပုံစံတည်း ပြဿနာတက်ကာ သောင်းကျန်းဆူပွက်ခဲ့သည်အထိ ချစ်ခဲ့ကြလေ၏။

" သည်က ဟင်းမှာမယ် "

ချီးရှစ်အန်းသည် စတင်ပြီး ပြဿနာ ရှာပြန်၏။ ရှန်သောယိလည်း မီနူးကို ကိုင်၍ သွားရသည်။ သူသည် အလုပ်ကို အလုပ်အတိုင်းပဲ လုပ်ကိုင်ကာ ဟင်းအမယ်များကို မိတ်ဆက်ပေးလိုက်ကာ မျက်လွှာချထားပြီး တစ်ဖက်လူကို မကြည့်ချေ။ သို့ရာ သူ့မျက်လုံးထောင့်ကနေ မြင်နေရသော ဘေးချင်းကပ်ရပ် စားပွဲရှိ လုခဲထုံကတော့ ခေါင်းကြီးတောင် ရှည်ထွက်လာတော့မည်။

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now