「1」

1.5K 125 4
                                    

ရှန်သောယိသည် ခုနစ်နာရီ၌ နှိုးစက်အချိန်ပေးထားသော်ငြား ၆ နာရီ ၁၀ မိနစ်မှာပင် ဆူညံသံများကြောင့် လန့်နိုးသွားခဲ့ရတော့သည်။

သူသည် တစ်ချိန်က နှစ်ထပ်အသားမျိုးဖြစ်သည့်တိုင် အင်မတန် ပါးလျနေဆဲဖြစ်သော ချည်သား ပြတင်းခ​န်းစီးစအား ရွေးချယ်ခဲ့မိခြင်းကို အင်မတန် နောင်တရမိပါ၏။ တကယ်ဆို အသံလုံမည့် ခပ်ထူထူအသားမျိုး ရွေးခဲ့သင့်သည်လေ။ ခေါင်းငိုက်စိုက်ဖြင့် ခုတင်အဖျားတွင် ထိုင်ကာ အိပ်ချင်းမူးတူး ဖြစ်နေဆဲပင်။ ခြေထောက်တစ်ဖက်က ဖိနပ်ပေါ်မှာချထားပြီး နောက်တစ်ဖက်ကတော့ ကြမ်းခင်းကော်ဇောပေါ်တွင် ဖြစ်၏။

ခြေလက်မျက်နှာ ဆေးကြောသန့်စင်နေသည့် အချိန်ကာလ အပိုင်းအခြား တစ်ခုလုံးတွင်လည်း ၄င်းဆူညံသံက မရပ်တန့်သေးချေ။ သူ့၏ သွားတိုက်နေသော စည်းချက်တောင် ထို "ဝုန်းဝုန်း" အသံကြားတွင် အံမကိုက်တော့ပေ။ ပါးစပ်ထဲမှ နောက်ဆုံးသော အမြှုပ်များကို ထွေးထုတ်ပြီးနောက်တွင် သူသည် မှန်ထဲက မိမိကိုယ်ကိုယ် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် စံချိန်မီ တိကျပြည့်စုံသော အပြုံးတစ်ခုကို ထုတ်ဖော်လျက် ဆိုလိုက်သည်။

" မင်္ဂလာပါ ၊ ကျွန်တော်က ရှန်သောယိပါ "

ဆူညံသံလာရာ အရင်းအမြစ်သည် မီးဖိုချောင်မှ ဖြစ်သည်။ ရှန်သောယိသည် အင်္ကျီလက်ကို ခေါက်တင်ရင်း သွားလိုက်ရာ မီးဖိုခန်းစင်ပေါ်တွင် လက်ရှိ အလုပ်လုပ်ဆောင်လျက်ရှိနေသော ပဲနို့ဖျော်စက်ကို တွေ့လိုက်ရတော့သည်။ ထို့အတူ အနားတွင် မနက်ခင်း သတင်းစာ ဖတ်ရှုနေသော အဖိုးအိုရှန်လည်း ရှိသေးသည်။

သူသည် အနားသို့ တိုးကပ်သွားလိုက်ပြီး အတူတူ လိုက်ကြည့်ရင်း မကြည်မသာဖြင့် မေးလိုက်သည်။

" ဖိုးဖိုး.. ဖိုးဖိုးကလည်း ဘာလို့ နေ့တိုင်း အခန်းစျေးနှုန်းတွေပဲ ကြည့်နေတာလဲ "

" မင်း လတိုင်း အိမ်ခန်းအကြွေး ပြန်ဆပ်နေရတာ အရမ်းပင်ပန်းလို့လေ။ ပိုပြီး စျေးသက်သာတာများ ရှိမလားလို့ ငါကြည့်ကြည့်နေတာ။ အခုဟာကို ငါတို့ ရောင်းပစ်ရအောင်လို့ပေ့ "

An Knows My Heart || မြန်မာဘာသာပြန် ||Where stories live. Discover now