Chapter 50

149 37 2
                                    

လျန်ကျန်းက တံခါးကို မဖွင့်ဘဲ ခုတင်ဘေး ပြန်သွားလိုက်တယ်၊ ပြီးတော့ သူက ရှောက်မင်ယင်း ပုခုံးကို ကိုင်လိုက်ပြီး တံခါးရဲ့မမြင်ကွယ်ရာဘက်မှာ ထိုင်နေဖို့ ပြောလိုက်တယ်..

"မလန့်သွားပါနဲ့၊ အဆင်ပြေတယ်နော်"

"သူက တကယ်ပဲ..."

"ဟုတ်တယ်၊ သူက ကျွန်တော့ရဲ့ အဖေ" လျန်ကျန်းက ခေါင်းညိတ်ပြီး ဖြေလိုက်တယ်..

"သူ ဒီနေ့လာတာ ငါ့ကို တွေ့ဖို့ထင်တယ်" ရှောက်မင်ယင်းက မတ်တပ်ထဖို့ လုပ်လိုက်တယ် "မင်း ပြန်ရောက်နေတာကို သူသေချာပေါက် သိမှာမဟုတ်ဘူး၊ သူလာတာ...."

"ရှောက်မင်ယင်း...." လျန်ကျန်းက ရှောက်မင်ယင်း ပုခုံးကို ကိုင်ထားပြီး ရှောက်မင်ယင်းရဲ့ မျက်နှာကို ဖွဖွလေး ကိုင်လိုက်တယ် "ကျွန်တော် သူနဲ့ စကားပြောပါရစေ"

လျန်ကျန်းလည်း ရှောက်မင်ယင်းကို ပြောပြီးချင်း လှည့်ထွက်သွားဖို့လုပ်ပေမဲ့ ရှောက်မင်ယင်းက လျန်ကျန်းရဲ့ လက်ကောက်၀တ်ကို ဆွဲလိုက်တယ်၊ လျန်ကျန်းက ပြန်လှည့်ကြည့်တော့ သူတို့နှစ်ယောက်ရဲ့ အကြည့်ချင်းဆုံသွားကြတယ်၊ ရှောက်မင်ယင်း ရုတ်တရက် ဘာစကားမှ ပြောမထွက်တော့ဘူး..

"မင်း..မင်းအဖေနဲ့ စကားမများနဲ့နော်"

"စိတ်မပူပါနဲ့" လျန်ကျန်းက ရှောက်မင်ယင်းလက်ကို လွှတ်လိုက်ရင်း "ကျွန်တော် သူနဲ့ပြိုင်ပြီး ‌ခေါင်းမာမနေတော့ဘူး"

တံခါးအပြင်ဘက်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ လျန်ချုံးဝေတယောက်ကတော့ မတ်တပ်ရပ်စောင့်နေတုန်းပဲ၊ သူတွေ့ချင်နေတဲ့သူက အိမ်ထဲမှာ ရှိတယ်ဆိုတာ သူသိတယ်၊ ဒါပေမဲ့ အထဲကနေ အရိပ်တောင်မမြင်ရသေးဘူး၊ တကယ်လို့ ရှောက်မင်ယင်းက တံခါးမဖွင့်ပေးဘူးဆိုရင်တောင် သူ တိုက်ရိုက် ဖုန်းလှမ်းဆက်သွယ်ဖို့ ၀န်မလေးဘူး..

သူဖုန်းထုတ်လိုက်ချိန်မှာပဲ တံခါးဖွင့်သံ ကြားလိုက်ရတယ်၊ ဖြည်းဖြည်းချင်း ပွင့်လာတဲ့တံခါးကို သူကြည့်နေရင်း သူ့မျက်နှာမှာ စိတ်ကိုပြင်ဆင်ထားတဲ့ပုံက သိသိသာသာ ပေါ်နေတယ်၊ ဒါပေမဲ့ သူရှေ့က လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရမှ သူလည်း နည်းနည်း စိတ်သက်သာရာ ရသွားတယ်..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now