Chapter 49

179 29 5
                                    

ဂျူလိုင်လမှာ လျန်ကျန်းစပြီး ခရီးထွက်တယ်၊ ပထမဆုံး ခရီးရပ်တဲ့နေရာက ကျားရှင်း၊ ပြီးတော့ ဟန်ကျိူး၊ ခရီးဆုံးကို မပြန်ခင် ၀င်မှာက နန်ကျင်း။ ရှန့်ဟိုင်မှာ ပွဲတပွဲပြီးသွားချိန်မှာ နောက်ဆုံးခရီးစဉ် နောက်ဆုံးရှိုးပွဲကတော့ ၀မ်ကျိုးမှာ ရှိတယ်..

လျန်ကျန်းက ဒီနယ်ပယ်ထဲမှာတော့ ကိုယ်တိုင် beef(rapper ချင်းချင်း ဖြုတ်တဲ့ ပွဲလိုမျိုးပါ၊ ရှေ့တပိုင်းမှာ ပါတယ်နော်*) မဖြစ်ဖူးသေးဘူး၊ ဘာလို့ဆို သူက လူတိုင်းနဲ့ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံတတ်တယ်၊ မြို့တမြို့မှာ ခရီးနားတိုင်း အဲ့မြို့က သူ့အပေါင်းသင်းတွေက ‌သေချာလေး ကြိုဆိုဧည့်ခံပေးကြတယ်၊ ရှိုးပွဲ‌တွေ လုပ်တာအပြင် သူဒီမြို့တွေထဲ ထဲထဲ၀င်၀င် အလည်အပတ်လုပ်ရင်း စိတ်တူကိုယ်တူညီအကိုတွေကိုလည်း ရှာဖွေလို့ရတယ်၊ လ၀က်လောက် ခရီးထွက်နေချိန်အတွင်းမှာလည်း လျန်ကျန်းက သူစားတဲ့..သောက်တဲ့အချိန်လေးတွေကို videoအတိုလေးတွေ ရိုက်ထားတယ်၊ ရှန့်ဟိုင်ကနေ နန်ကျင်းကို ပြန်တဲ့လမ်းမှာ သူက အဲ့ video အတိုလေးတွေနဲ့ ဆယ်မိနစ်စာ vlog အသေးစားလေးတခုဖြစ်အောင် တည်းဖြတ်လိုက်ပြီး weiboပေါ်မှာ တင်တယ်၊ ဒီလိုလှပပြီး ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ထားချင်လို့ပါပဲ...

ဒါပေမဲ့ သူတင်လိုက်ပြီး နောက်တနေ့ လျန်ကျန်း စောစောနိုးလာပြီး ကောမန့်တွေ ဖတ်ကြည့်တော့ စာတွေ အများကြီး တွေ့လိုက်ရတယ်၊ ဒီနေ့ည သူ့ရဲ့ပွဲအတွက် လက်မှတ်တွေ ၀ယ်ချင်ပေမဲ့ လက်မှတ်ဖြတ်ရတဲ့ website က အချိန်စောပြီး ကြိုပိတ်သွားပြီလို့ ပြောနေကြတယ်..

လျန်ကျန်း နည်းနည်း အံ့ဩသွားတယ်၊ အရင်ပွဲ ၃ပွဲမှာတော့ လက်မှတ်တွေတောင် အကုန်မရောင်းရဘဲ ကျန်တယ်၊ ရှန့်ဟိုင်မှာက လက်မှတ်ဖြတ်တာကို ဘယ်လိုဖြစ်လို့ စောပြီး ပိတ်လိုက်ရတာလဲ? အဲ့တာနဲ့သူလည်း ရှန့်ဟိုင်ပွဲ ကျင်းပမဲ့ တာ၀န်ခံကို လှမ်းဆက်သွယ်ပြီး မေးကြည့်လိုက်တယ်၊ တာ၀န်ခံ ပြန်ပြောတာက သူတို့ရဲ့ live house က နှစ်တွေကြာအောင် လည်ပတ်နေပေမဲ့ ဖျော်ဖြေပွဲတပွဲအတွက် လက်မှတ်တွေ ထောင်ချီအကုန် ရောင်းထွက်သွားတာမျိုး ပထမဆုံး ကြုံလိုက်ရတယ်၊ ပွဲလာမဲ့ လူပမာဏက live house နဲ့ မဆံ့တာရော hip-hop ဖျော်ဖြေပွဲတွေရဲ့ လေထုက ခုန်မြူးပြီး အတော်တက်ကြွကြတာကြောင့်နဲ့ ပိတ်လိုက်ရတယ် ပြောတယ်၊ တကယ်လို့ သူတို့သာ လက်မှတ်ဆက်ရောင်းရရင်လည်း ပရိသတ်က အရမ်းစိတ်လှုပ်ရှားနေကြတဲ့အခါ လူလည်းအုံကျင်းနေတာနဲ့ လုံခြုံရေးအာမခံမှု သိပ်မရှိလို့ပါတဲ့..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now