chapter 45 ထွက်ခွါခြင်း

14 1 0
                                    

Chapter 45 ထွက်ခွာခြင်း

ရှဲ့ရှောက်က သူ့ကိုသူ ချီယွီ ပခုံးကြား မျက်နှာအပ်ထားလိုက်တယ်

သူက အမြဲတမ်းသန်မာနေခဲ့ပေမဲ့ အခုကျ ကျိုးပဲ့လွယ်ပြီး ခိုကိုးရာမဲ့တဲ့ပုံ ပေါက်နေတယ် သူက အဲ့လိုပုံစံနှင့် ချီယွီက်ု မှီနေတော့ ချီယွီနေရာမှာတင် အေးခဲသွားတယ် ရှဲ့ရှောက်ပြုမူပုံကို တွေးပြီး စိုးရိမ်ချိန်တောင် မရလိုက်ဘူး

သူတအား ပင်ပန်းခက်ခဲခဲ့မှာပဲ

အတိတ်တုန်းက ရှဲ့ရှောက်က ပုံတူကမ္ဘာရဲ့ဘော့စ်အနေနဲ့ နေခဲ့ရုံပဲ သူကလည်း ဘာမှမလုပ်ခဲ့သလို ဂိမ်းကလည်းသူ့ကို အထူးတလည် ပစ်မှတ်မထားခဲ့ဘူး အခုလိုဖြစ်လာတာက သူက ရှဲ့ရှောက်ဘဝထဲ ဝင်လာခဲ့လို့ပဲ

ပထမပိုင်းတုန်းကတော့ အလှတရားက ပြည်ဖျက်နိုင်လောက်အောင် စွမ်းရည်ရှိတယ်လို့ ခံစားရလို့ သူခဏလောက်တုံ့ဆိုင်းသွားပေမဲ့ နောက်တော့ ရှဲ့ရှောက်ခါးကို ပြန်ဖက်လိုက်မိတယ်

ဒါက သူ့ဖက်က သူတို့နှစ်ယောက်အတူရှိဖို့အတွက် သူ့ရဲ့ပထမဆုံးအစပြုခြင်းပဲ

ရှဲ့ရှောက်က မျက်လုံးထဲထိအပျော်တွေနှင့် ရုတ်တရက် ခေါင်းမော့လာတယ်

"ယွီယွီ နောက်ဆုံးတော့ မင်း ဝန်ခံလိုက်ပြီလား"

ချီယွီ: "..."

"ဘာကို ဝန်ခံတာလဲ"

သူမေးငေါ့လိုက်ပြီး အဖက်မလုပ်တဲ့ ဆန်ကုန်မြေလေးကောင်ပုံ ဖမ်းဖို့ ကြိုးစားလိုက်တယ် သူက ရှဲ့ရှောက်နောက်ထပ်ဖလစ်တော့မယ်ဆိုတာ ဗေဒင်မမေးဘဲ ခန့်မှန်းမိနေပြီ

"ကိုယ်တို့ ဆက်ဆံရေးကို ဝန်ခံတာလေ"
ရှဲ့ရှောက်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် ရှက်ဟန်ဆောင်ကာ

"မင်း ငါ့ကို ဒီလိုပြုမူလိုက်ပြီဆိုမှတော့ ငါ့ကို တာဝန်ယူရမယ်နော်"

ချီယွီ: "..."

သူ ဒီကပ်စေးကောင်ကို သူ့ခန္ဓာကိုယ်က ဆွဲခွါလိုက်ဖို့ သူ့လက်လှုပ်ရုံရှိသေး ရှဲ့ရှောက်ခါးက ကြွက်သားတွေက ရုတ်တရက် တင်းမာလာပြီး လှုပ်လာတယ်

You've reached the end of published parts.

⏰ Last updated: 8 hours ago ⏰

Add this story to your Library to get notified about new parts!

လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့ Where stories live. Discover now