အပိုင်း (၁၈၂)တရားလွန်သော ဝမ်မိသားစု
သို့သော် ရှောင်ဝူက အရမ်းငိုထားသဖြင့် ဘာဖြစ်လာသလဲဆိုတာကို အမြန်ရှင်းမပြနိုင် ဖြစ်နေလေသည်။သူလေးက ငိုနေတဲ့အရှိန်ကို ရုတ်တရက်မရပ်နိုင်သေးပါဘူး။
ထို့ကြောင့် ပိုင်လီက ရှောင်ဝူလေးရဲ့ အနီးကပ်အစေခံဖြစ်သည့် ကျူးလင်ကို မေးဖို့ပြင်လိုက်သော်လည်း ချောင်ချင်းချင်းလေးက အရင် ပြောလာခဲ့လေသည်။
"ဦးဦးပိုင် အဲတာက သစ်သီးခြံမှာ အလုပ်လုပ်တဲ့အစ်ကိုကြီးကြောင့်ပါ! သူက မမကျူးလင်ကို ရိုက်လိုက်တဲ့အပြင် ရှောင်ဝူလေးကိုလည်း ဆူလိုက်သေးတယ်!"
ယခုအခါ ရှောင်ဖူလေးရော ချောင်ချင်းချင်းလေးရောက သူတို့ရဲ့အနီးကပ်အစေခံတွေထံမှာ အချီခံထားရတာဖြစ်၏။
ပိုင်လီက ထိုကလေးမလေး ပြောတာကြားတော့ ကျူးလင်ကို သေချာပြန်ကြည့်လိုက်ပါတယ်။ ကျူးလင်က ခေါင်းငုံ့ထားခဲ့ပေမယ့် သူမရဲ့ပါးတစ်ဖက်ကနီနေတာကိုတော့ အလွယ်တကူပဲမြင်နိုင်တယ်လေ။
ဒါကိုမြင်တော့ ပိုင်လီက ချက်ခြင်းပင် မျက်မှောင်တို့ တွန့်ချိုးသွားခဲ့လေသည်။
သူ့သားရဲ့ အနီးကပ်အစေခံကိုတောင် ရိုက်ရဲတဲ့လူရှိတယ်ပေါ့လေ။
ထိုအချိန်မှာပဲ ပိုင်လီနောက်က လိုက်လာကျသည့် ရှောင်ဟန်နှင့် ပိုင်မိသားစုဝင်တို့ကလည်း အနားရောက်လာကျပြီး သူတို့ကလည်း ဒီနားရောက်မှကြားလိုက်ရသည့် ချောင်ချင်းချင်းစကားကြောင့် ကျူးလင်ကို ပြိုင်တူကြည့်လိုက်မိကျလေသည်။
နောက်တော့ သူတို့က မအံသြဘဲ မနေနိုင်ကျတော့ပါဘူး။
စုရှီဆိုလျှင် ကျူးလင်၏ နီရဲပြီး အနည်းငယ်ဖောင်းနေသည့် ပါးတစ်ဖက်ကိုမြင်လိုက်၍ အာမေဋိတ်သံပင် ထွက်သွားခါနီးဖြစ်သွားရသဖြင့် သူ့ပါးစပ်သူအချိန်မှီအုပ်ထားလိုက်ရသေး၏။
မင်းက ပိုင်မိသားစုကို ကောင်းကောင်းသိတဲ့လူဆိုရင် နားလည်ပါလိမ့်မယ်။ ဒီမိသားစုဝင်တွေက ငွေကြေးချမ်းသာလာလို့ အစေခံတွေဝယ်ထားခဲ့ရင်တောင် သူတို့က အစေခံတွေကို နှိပ်စက်တတ်တဲ့လူတွေ မဟုတ်ဘူးဆိုတာကိုလေ။
YOU ARE READING