အပိုင်း (၁၈၄) ပျက်စီးသွားသောသစ်သီးများ
ဒါကြောင့် ဖုပင်းက ထိုကလေးမတွေကို ပိုင်လီထံတိုင်ပေးဖို့ သူတို့ကလာပြောတာတဲ့လေ။
သို့သော် ဖုပင်းက သူတို့ပြောတာကို ယုံမှာတဲ့လား။ သူက မယုံလို့ပင် ၎င်းတို့အား ဘာမှပြန်မပြောခဲ့ဘဲ ရှင်းလုတို့ကို လိုက်ရှာနေတာဖြစ်သည်။
သူက ဒီကလေးမတွေ ပြန်သွားလိမ့်မယ်လို့တောင် မထင်ခဲ့ဘူးလေ။
ဒါကြောင့် ပိုင်လီတို့ရောက်လာချိန်၌ သူက ရှင်းလုတို့ကို ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မေးပြီးချိန်၌သာရှိသေးပြီး သူက အကြောင်းစုံကို သိသွားခါစလည်းဖြစ်၏။
အဲဒီမှာသူက ကျူးလင်အရိုက်ခံရတဲ့အပြင် ရှောင်ဝူလေးလည်း အဆူခံလိုက်ရလို့ ငိုသွားတယ်ဆိုပြီး သိလိုက်ရခါစဆိုတော့ သူက ရှောင်ဝူကို လှမ်းကြည့်ပါတယ်။ ကလေးက အခုခါ ပုံမှန်လိုပြန်တတ်ကြွနေပြီပေမယ့် ငိုထားတဲ့မျက်နှာလေးက ရှိနေတုန်းပဲမလို့ ဖုပင်းက သူကအပြစ်ရှိစိတ်ကို မခံစားရဘဲမနေနိုင်တော့ပေ။
သစ်သီးခြံမှာ သူရောရှိနေခဲ့သားနဲ့ သူကဘာမှမသိလိုက်ဘူးလေ။
ပိုင်လီကလည်း ထိုအကြောင်းကို ရိပ်မိလိုက်သည်ပင်။ ဒါပေမယ့် သူက ဖုပင်းကို အပြစ်မတင်ပါဘူး။ ဘာလို့ဆို သူသိတယ်လေ။ ဖုပင်းက သူတို့လူကြီးတွေကိုသာ ထုံပေပေ ပြောဆိုတတ်တာဆိုပေမယ့် ကလေးတွေဆိုအလိုက်မှန်းကို။
ဒါကြောင့် ထိုနေရာ၌ ဖုပင်းသာရှိနေခဲ့ပါကလည်း ဝမ်လေက ဤသို့လုပ်ရဲခဲ့မည်မဟုတ်လောက်ပေ။
ထို့ကြောင့် ပိုင်လီက ဘာမှပြောမနေတော့ဘဲ သူတို့က သစ်သီးခြံကိုသာ ဆက်သွားခဲ့ကျကာ ရလဒ်အနေဖြင့် ဖုပင်းနှင့်ရှင်းလုတို့ပါ လိုက်ပါလာခဲ့ကျလေသည်။
လမ်းမှာ ရှောင်ဝူနဲ့ရှောင်ဖူက ဖုပင်းကို ဝမ်လေက သူတို့ကိုအနိုင်ကျင့်ကြောင်း တိုင်တန်းခဲ့ကျပါသေးတယ်။ သူတို့က ဘာမှသိပ်မသိပေမယ့် ဦးဦးဖုက သန်မာပြီး တိုက်ခိုက်တတ်တာတော့သိတယ်လေ။
သို့ဖြင့် သစ်သီးခြံကိုရောက်တော့ ပိုင်လီက အဝေးကနေ ကျွဲအိမ်နားမှာ ကျန်းချင်ရှိနေတာကို တွေ့လိုက်ရလေသည်။
YOU ARE READING