chapter 68

128 23 0
                                    

Chapter 68
June 06, 2024
👻Chapter 68

ကျွန်တော့်ကို စားမလား...(1)

ချူဟွိုက်၏ တင်းတင်းပိတ်ထားသော မျက်လုံးအစုံက ချက်ချင်း ဖွင့်ဟသွားရသည်။

သူက လက်တုံ့ပြန်လိုသည့် ကျင်းထျန်းယိ၏ အကြည့်စူးစူးနှင့် ဆုံလိုက်ရချိန် စဥ်းစားဆင်ခြင်နိုင်စွမ်းပါ ပျောက်ပြီး ချက်ချင်း မတုံ့ပြန်နိုင်တော့သလို အာရုံ ဝေဝါးလာ၏။

ဤအနမ်းက မနူးညံ့ပေ။ ပိုင်ဆိုင်လိုစိတ်အပြည့်နှင့် သူ့တစ်ကိုယ်လုံးကို ဖျက်ဆီးပစ်ချင်သလို ကြမ်းတမ်းပြီး အားပြင်းလှသည်။

ချူဟွိုက်က ကျင်းထျန်းယိ အရသာခံနေမှန်း သိလိုက်ရသည်။

လော့ဇီယန်မှာ လန့်သွား၍ မျက်လုံးအပြူးသား ဖြစ်သွားရသည်။

ဘော့စ်နဲ့ ချူကျောင်းရဲ့ အကိုကြားမှာ ဒီလိုဆက်ဆံရေးမျိုး ရှိနေတာလား....ချူကျောင်းက သူ့ခဲအိုဆီကနေ အနမ်းခံခဲ့ရတာလား....

ဒါက ကြည့်ရှုသူများတဲ့ တီဗွီဇာတ်လမ်းထက်တောင် ပိုပြီး ဒရမ်မာဆန်သေးတယ်....

ဒါက သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းပဲ....ဘော့စ်က လိင်တူရော လိင်ကွဲရော လှေနံနှစ်ဖက် နင်းနေလို့ အကုန်ရှုပ်ကုန်ရတာ....

ကြည့်ရတာ ချူကျောင်းရဲ့ အစ်ကိုက ဘာခံစားချက်မှ ရှိတဲ့ပုံ မပေါ်ဘူး....

ဒါက လုံးဝ အရှုပ်ထုတ်ကြီးပဲ....လော့ဇီယန်မှာ ချာချာလည်နေပေပြီ ။

ချူကျောင်းက ဘယ်ရောက်သွားတာလဲ....သူမက ဖြစ်လာမယ့်အရာတွေကို သိနေခဲ့တာလား....ဒီလို အရေးကြီးတဲ့အချိန်မှာ သူမက ရှိမနေဘူး...မဟုတ်ဘူး....သူမ မရှိတာ ပိုကောင်းတယ်....သူမသာ ရှိနေရင် ဒီလို မုန်တိုင်းအကြီးစားဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး....

လော့ဇီယန်က တွေးရင်းတွေးရင်း ဒေါသထွက်လာ၍ အော်ပြောလာသည် " ကျင်းထျန်းယိ....ခွေးမသား....မင်း ဘယ်လိုလုပ်ပြီး ကျောင်းကျောင်းကို....."

ယဲ့ယွမ်က ကူကယ်ရာမဲ့သလို ကြည့်လာပြီး သူ့ပါးစပ်ကို လှမ်းပိတ်လာ၍ အသံတိတ်သွားရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now