01

68 2 0
                                    

"မိုးသွင်..အခန်းနံပါတ် 3ကို Order သွားချပေး "
မန်နဂျာအမ၏စကားကြောင့် မိုးသွင်က ခေါင်းကို တွင်တွင်ခါခါရမ်းလိုက်ပြီး ဘေးနားရှိ စာအုပ်နှင့် ဘော့ပင်ကိုယူကာ
/ကျွန်မ အဲ့လိုတေမလုပ်ပါဘူး
အစထဲက ပြောထားတယ်../
"အရေးတကြီးမို့ပါ... "
"... "
"ဒီတစ်ခါနောက်ဆုံးပါပဲ... "
/ကျွန်မက အဲ့လိုအကြောင်းတေ ဘာမှမသိဘူး/
"အရက်ငှဲ့ပေးရုံလောက်ပါပဲ.. "
မန်နေဂျာ၏စကားကြောင့် မိုးသွင် နှာခေါင်းရှုံ့လိုက်သည်။ ဒီclubမှာ မိန်းကလေးတေကို ခေါ်ပြီး အရက်ပဲငှဲ့ပေးရတယ်ဆိုတာ ဘယ်မှာရှိလို့လဲ။
အားလုံးက မိန်းကလေးတေကို တစ်ညတာပိုက်ဆံပေးပြီး အသုံးတော်ခံကြမယ့်သူတေချည်းပဲ။
" ဒီတစ်ခေါက်သွားပေးပါ.. အရေးကြီး ဧည့်သည်မို့..."
မိုးသွင်က တစ်ဖက်သို့ လှည့်ပြီး မကြားချင်ယောင်ဆောင်နေလိုက်သည်။
" အဲ့လူက မင်းကို လက်ဖျားနဲ့တောင် မထိဘူးဆိုတာ အာမခံတယ်.."
မန်နေဂျာ၏ တစ်ထစ်ချစကားကြောင့် သူက ခေါင်းကို ငဲ့စောင်းကြည့်လိုက်သည်။
ရူးနေတာလား..။
ရူးနေလို့ ဒီလိုပြောတာကို ယုံရမှာလား...။
ယောကျားတေမှာ ဗူးတာနဲ့ ဒူးတာ နှစ်မျိုးပဲရှိတာကို။
မယုံသလိုကြည့်လာသော မိုးသွင်ကို မန်နေဂျာမှ ထပ်မံ၍
"အဲ့လူက Gayနေတယ်လို့ နာမ်မည်ထွက်နေတာ ဒီclubက ဘယ်အချောအလှကိုမှ မခေါ်ဖူးတာကိုပဲကြည့်... "
"... "
"ဒီတစ်ခေါက်က ဘာစိတ်ပေါက်လို့လည်းမသိဘူး ခေါ်နေလို့ ပြီးတော့ သူက အပျိုစစ်စစ်.. "
မန်နေဂျာ၏ စကားကြောင့် သူ၏အကြည့်တို့သည် စူးရှသွားရသည်။
ဘာမှမလုပ်ဘူးဆို အပျိုစစ်စရာလိုလို့လား။
/ကျွန်မက စကားမပြောတတ်ဘူး.../
"စကားပြောစရာမလိုပါဘူး တကယ်ကို အရက်ငှဲ့ပေးရုံလောက်ပါပဲ... "
"... "
"သွားပေးရင် ဒီလ တစ်လလုံး အပြင်ထွင်ခွင့်ပေးမယ်... လစာနဲ့... "
မန်နေဂျာအမ၏ ကမ်းလှမ်းချက်ကြောင့် သူ၏မျက်၀န်းတို့သည် အရောင်တောက်သွားသည်။ သို့သော် တစ်လလေးအပြင်ထွက်နေရဖို့အတွက် ဒီလိုကြီးလုပ်ဖို့က မဖြစ်နိုင်ဘူးမလား။ ဘာပဲဖြစ်လာဖြစ်လာ ယောကျားတေရဲ့အသုံးတော်ခံ မလုပ်ဖို့ မေမေက မှာထားတာကို။
မိုးသွင်က ခေါင်းကိုတွင်တွင်ခါခါရမ်းကာ ငြင်းဆန်လိုက်သည်။
" နှစ်လဆိုရင်ရော...
ခရီးထွက်ဖို့အတွက် လိုအပ်တဲ့ငွေကြေးရော အကုန်ပေးမယ်.."
မိုးသွင် ခေါင်းခါမြဲ ခါလိုက်ပြီး မန်နေဂျာအမကို ကျောပေးနေလိုက်သည်။
ဘာကြောင့်ရယ်မသိ။
မေမေဆုံးပြီးကတည်းက သူ့ကို ဤနေရာတွင် ဆက်လက်ထားရှိသည့် အကြောင်းအရင်းကို သူ မသိပါချေ။ သူ လုပ်ရသည့်အလုပ်ဟူ၍ နေ့ခင်းဘက်တွင် သန့်ရှင်းရေးသာလုပ်ရသည်။ ထိုမျှလေးနှင့် သူ့ကို ဆရာသီးသန့်ခေါ်ကာ စာသင်ပေးသည်။ သူလိုအပ်တာများကို မန်နေဂျာမှ တစ်ဆင့်ပေးလေ့ရှိသည်။
ယခုမန်နေဂျာအမတော့မဟုတ်ပေ။
ယခင် မေမေ အလုပ်လုပ်စဉ်က မေမေနှင့် အသက်အနည်းငယ်ကွာသည့် မန်နေဂျာက ထောက်ပံ့ပေးခြင်းဖြစ်သည်။ ယခုမန်နေဂျာကလည်း ရောက်လာသည်မှာ သိပ်မကြာသေးသော်လည်း ဒီနယ်ပယ်နှင့် တော်တော်ကျွမ်း၀င်နေပုံရသည်။
" ဒီကနေ အပြီးပိုင် ထွက်သွားရမယ်ဆိုရင်ရော.."
မန်နေဂျာအမ၏ စကားကြောင့် သူ၏စိတ်တို့သည် အနည်းငယ်ရပ်တန့်သွားသည်။
အမှန်တိုင်းပြောရရင် သူထွက်သွားချင်သည်။
ဒါပေမယ့် ဒီကနေထွက်သွားရင် ဘာလုပ်ရမှာလဲ။
ဘာလုပ်ပြီး သူရဲ့ဘ၀ကို ရပ်တည်ရမလဲ။
ပြီးတော့ သူက လူကြောက်တတ်သည်။
စကားလည်း ပြော၍မရ။
အပေါင်းအသင်းလည်းမရှိပေ။
သေသွားရင်တောင် သူ့မှာ နောက်ဆံတင်းစရာမရှိ။ ဒါဆို အခုဟိုအခန်းထဲကို မသွားဘဲ သတ်သေလိုက်ရင်တောင်ရတာပဲ။
ဒါပေမယ့်လည်း မေမေပြောပြတဲ့ ကမ္ဘာကြီးနှင့် ထိတွေ့ချင်သည်။ ခရီးတေလည်း ထွက်ချင်သေးသည်။
"မင်းနေဖို့ ထိုင်ဖို့လည်း မပူရဘူး ငါပိုက်ဆံအလုံအလောက်ပေးလိုက်မယ်... "
" ... "
" မင်းသဘောတူတယ်ဆိုရင် ဒီ၀တ်စုံကို ၀တ်ပြီး Makeup အခန်းထဲကို လာခဲ့..."
မန်နေဂျာအမက သူ၏အိပ်ယာပေါ်သို့ ကြက်သွေးရောင် dressတစ်ထည်ကို ချပေးပြီး အခန်းထဲမှ ထွက်သွားသည်။ မိုးသွင်က ၀တ်စုံကိုတလှည့်ပြန်ကြည့်ရင်း စားပွဲပေါ်က မေမေ့ဓာတ်ပုံကိုလည်း ကြည့်လိုက်သည်။
သား သွားရမလား...။
အပြင်လောကကြီးကို သွားကြည့်ချင်တယ် မေမေ။
သား ဒီတစ်ခါ မေမေ့စကားကို လွန်ဆန်ပါရစေ နော်...။
မဖြစ်ဘူး...။
မေမေက မှာထားတယ်။
ကိုယ်တစ်ကယ်ချစ်တဲ့သူကလွဲရင် ဘယ်သူ့ဆီမှ အသုံးတော်ခံမလုပ်ရဘူးလို့။
ဒါပေမယ့် ငါ့မှာ ချစ်ရမယ့်သူမှ မရှိတာ။
ပြီးတော့ ငါက ယောကျားလေး...။
ဒါပေမယ့် သူက Gayနေတာဆိုရင် ငါယောကျားလေးမှန်းသိရင် မတွေးရဲစရာပဲ။
လူအများသိထားသည်က သူသည် အမျိုးသမီးတစ်ဦးဟူ၍။ အမျိုးသမီးများထက်ပင် သူက နုနုနယ်နယ်နှင့် ပိုလှပပါသေးသည်။
ရှုပ်ထွေးနေသော အတွေးများနှင့်အတူ သူ ရေချိုးခန်းထဲသို့ ၀င်ပြီး ရေဖွင့်ကာ ရေပန်းအောက်တွင် ထိုင်နေလိုက်ပြီး မျက်စိစုံမှိတ်ကာ အတွေးများကို ခေတ္တရပ်တန့်လိုက်သည်။
အဆင်ပြေသွားမှာပါ...။
.
.
Makeup ခန်းထဲတွင် အဆင်သင့်စောင့်နေသော မန်နေဂျာအမ၏ မျက်နှာသည် ပုံမှန်ထက်ပင် စိတ်ကျေနပ်နေသည့်ဟန်။ Make upပြင်ပေးသည့်အမကလည်း မိုးသွင်ကိုအံ့ဩသလိုလေးကြည့်နေသည်။ မိုးသွင်တစ်ခါမှမ၀တ်ဖူးတာကြောင့်လည်းဖြစ်လိမ့်မည်ထင်သည်။
"လှသားပဲ... "
မန်နေဂျာအမက မိုးသွင်၏ခန္ဓာကိုယ်ကို တစ်ပတ်ကြည့်ရင်း ကောက်ချက်ချလိုက်သည်။ တကယ်လည်း လှပါသည်။ ပုံမှန်အမျိုးသမီးများထက် ဖွံ့ထွားနေသဖြင့် ပို၍ပင် အရိုင်းဆန်နေသယောင်။
ခေါင်းလျှော်ထား၍ မခြောက်တခြောက်ဆံနွယ်များမှလည်း ရှန်ပူနံ့သင်းသင်းလေးကို ခံစားမိနေသည်။ ဘာမှမလိမ်းခြယ်ရသေးဘဲနှင့်ကို မိုးသွင်၏မျက်နှာက အလွန်ကိုလှပပါသည်။ ခပ်သွယ်သွယ်မျက်ခုံးမွှေးများ၊ မျက်၀န်းညိုညိုလေးများ၊ နှုတ်ခမ်းလုံးလုံးလေးနှင့် ခပ်စိုစိုနှုတ်ခမ်းတို့မှာ မိန်းကလေးချင်းပင် ငေးကြည့်ရလောက်အောင် လှပသည်။
ကြက်သွေးရောင် လက်တစ်လုံး dressကလည်း မိုးသွင်၏ ဖြူဖွေးဖွေးအသားအရေပေါ်တွင် တည်ရှိနေသည်မှာ sexyကျကျ။ မိုးသွင်၏ လည်တိုင်ကျော့ကျော့နှင့် ဖြူဖွေးဖွေးပုခုံးသားတို့မှာ ပုရိသတို့အတွက် စွဲမက်ဖွယ်ရာ။
"သူ့ကို အဆင်သင့်ပြင်ထားပေးလိုက်...
ပြီးတော့ ငါခေါ်မှထွက်လာနော်... "
မန်နေဂျာအမက ထိုသို့ပြောကာ ထွက်သွားသည်။
.
.
" Rose...အဆင်ပြေရဲ့လား..."
" ဘယ်သူမို့လဲ Roseပါ.."
Club၏ မန်နေဂျာဖြစ်သည့် နှင်းဆီ။
သူ၏ အမည်ကို အများက ခေါ်ကြသည်က Roseဟူ၍။ သူမ၏ရှေ့တွင်ရှိနေသော မင်းဓနဦးဆိုသည့် လူသားမှလွဲ၍ သူမဘ၀တွင် မည်သည့်အရာကိုမှ ဂရုမစိုက်ပေ။ ထိုလူသားတောင်းဆိုသမျှကို သူမအစွမ်းကုန်လုပ်ပေးသည်။
" ဒီမှာ ဆေး...ခနနေရင်ရောက်တော့မယ် ထင်တယ်..."
"ဘာလို့ သူလဲ...တခြားမိန်းကလေးဆို မရဘူးလား သူ့ထက်တော်တဲ့ကောင်မလေးတေ Roseမှာ အများကြီးရှိတယ်‌.. "
" အဲ့ဒီမိန်းကလေးတေထက် အရေးကြီးတဲ့အချက်တေ သူ့မှာရှိတယ် အခုက စက်နေရိုင်းဆိုတဲ့လူကို အပိုင်ချုပ်ထားဖို့ ထိုးကျွေးတဲ့သဘော..."
"အင်းပါ..ကိုမင်းသဘော.. "
" ကိုယ်သွားတော့မယ်..."
မင်းဓနဦးက ထိုသို့ပြောကာ ထွက်သွားသည်။ Roseလည်း Make upခန်းထဲသို့၀င်လာကာ မိုးသွင်ကို စစ်ဆေးကြည့်လိုက်သည်။ လုံး၀ကို perfectပဲ။
" ငါနဲ့လိုက်ခဲ့တော့..."
Roseက ဦးဆောင်ပြီး မိုးသွင်ကို ခေါ်ခဲ့လိုက်သည်။ Club၏ Dancing floorဘက်က ဖြတ်လာရ၍ အားလုံး၏အကြည့်တော်တော်များများက မိုးသွင်ဆီမှာသာ။
VIP 003...
အခန်း၏ ရှေ့တွင် ရပ်လိုက်သည်နှင့် အဆင်သင့်စောင့်နေသော၀န်ထမ်းက သူမ၏လက်ထဲသို့ အရက်ပုလင်းနှင့်ရေခဲခွက်ထည့်ထားသော ဗန်းကိုကမ်းပေးလာသည်။ ထို့အပြင် မိုးသွင်နှင့်အတူ လိုက်၀င်ရမည့် အမျိုးသမီးတစ်ဦးပါပါသည်။
" ဒေါက်..ဒေါက်..."
" ၀င်ခဲ့..."
မိုးသွင် ၀င်လိုက်ချိန်တွင် မျက်နှာချင်းဆိုင်ထိုင်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ဦး၏မျက်နှာတွင် အူရွှင်ရွှင်အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး ကျန်တစ်ဦးသည် မျက်မှောင့်ကြုံ့ကာ သူတို့သုံးဦးကို ကြည့်နေသည်။
တစ်စိတ်....။
မျက်မှောင့်ကြုံ့နေတဲ့လူက သိပ်ကိုမချောလွန်းဘူးလား..။ club၏ CCTVခန်းထဲတွင်ထိုင်ကာ သူစောင့်ကြည့်ခဲ့ဖူးပါသည်။ ချောပေ့လှပေ့ဆိုသော အမျိုးသမီးများ အမျိုးသားများကို သူမြင်ခဲ့ဖူးသော်လည်း ထိုလူ့ကို တွေ့လိုက်ရချိန်တွင်တော့ ထိုအချောအလှများမှာ စာမဖွဲ့လောက်တော့ပေ။
ခပ်တိုတိုဆံပင်များနှင့် ပြန့်ပြူးသောနဖူးပြင် ပြီးနောက် ထူထူထဲထဲမျက်ခုံးအောက်မှ စူးရှရှမျက်၀န်းတစ်စုံ။ မိုးသွင် ထိုလူ၏ မျက်နှာကို လိုက်ကြည့်နေရင်းမှ ထိုလူနှင့် အကြည့်ချင်းစုံမိသွားသည်။ သူ့ကို စူးစိုက်ကြည့်မိ၍ ထင်သည်။ မျက်ခုံးနှစ်ခုမှာ ပို၍ပင် ထိစပ်သွားသည်။
ဒါလည်းချောတာပဲ...။
တွေးရင်းနှင့်ပင် မိုးသွင်၏နှလုံးခုန်နှုန်းတို့မှာ ပိုမြန်လာသယောင်။ သူစိမ်းများကို ကြောက်တတ်သော်လည်း ထိုလူ့ကိုတော့ ကြောက်စိတ်မဖြစ်ပေါ်ပေ။ မိုးသွင်မျက်လုံးထဲတွင်တော့ မာန်ဖီနေသော ကျားပေါက်လေးနှင့် တူနေသည်။
သို့သော် ထိုကျားပေါက်လေးက သူ့ထက်လူကောင်ကြီးသည့်အပြင် အသက်လည်း ကြီးလောက်မည့်ပုံပင်။
"ငါ့အတွက်မိန်းကလေးမလိုဘူး... "
ထိုလူ့ဆီမှ ပြတ်ပြတ်သားသားထွက်လာသည့်အသံ။
"စက်နေကလည်း တစ်ခါတစ်လေရောက်ရတာကို ပျော်ပျော်ပါးပါးပဲပေါ့... "
" မလိုပါဘူး အခုအလုပ်ကိစ္စပဲဆွေးနွေးကြတာပေါ့..."
"ကျွန်တော်က မိတ်ဖြစ်ဆွေဖြစ်... "
" ကျွန်တော်ကတော့ မဖြစ်ချင်ဘူး..."
"ကဲပါ...ဒီကမိန်းကလေးတေက မဆိုးသွမ်းကြပါဘူး လိမ္မာပါတယ်...သူတို့ကို ထားခဲ့လိုက်ပါ.. "
Roseက မင်းဓနဦး၏ စကားကို နာခံစွာအပြင်သို့ပြန်ထွက်သွားသည်။
အခန်းအတွင်းတွင်တော့ အေးစက်စက်လေထုနှင့် မိုးသွင်တို့ လေးဦးသာ တည်ရှိတော့သည်။
(Only Imagination)

LoveWhere stories live. Discover now