12

13 1 0
                                    

ဒေါသတကြီး ထွက်လာပြီး စက်နေ မိုးသွင်ကို ဘယ်နေရာမှာ ရှာရမလဲမသိပေ။
ပြီးမှ အိမ်ပွဲစားဆီက ယူခဲ့သော မိုးသွင်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ခနအကြာတွင် တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။
"ဟလို "
တစ်ဖက်မှ မိုးသွင်၏ တုန့်ပြန်သံမကြားရပေ။
"ဘယ်သူလဲ"
မိုးသွင်ဘက်မှ ထွက်ပေါ်လာသော အမျိုးသား၏ အသံ။ ဒီလူ မင်းဓနဦးဆိုတဲ့သူရဲ့အသံ။
" မိုးသွင် ဘယ်မှာလဲ"
တွီ..
ပြန်လည် ဖြေကြားခြင်းမရှိဘဲ ဖုန်းက ကျသွားသည်မို့ စက်နေရိုင်းထူပူသွားသည်။
/စိတ်မပူပါနဲ့ သွင်အဆင်ပြေပါတယ် ပြီးမှ ဖုန်းဆက်လိုက်မယ်/
" ဟာကွာ.."
စက်နေရိုင်းစိတ်တိုစွာနှင့် ဖုန်းကို ပေါက်ခွဲရန်ပြင်ပြီးမှ မိုးသွင်ဖုန်းဆက်၍ မရမည်ကို စိတ်ပူကာ စိတ်ထိန်းလိုက်ရသည်။
စိတ်အေး‌ေအးထား..။
ထိုအချိန်ခပ်လှမ်းလှမ်းမှ ဖြတ်သွားသော မိုးယံ
" မိုးယံ.."
"ဟုတ်ကဲ့ ဘာလိုလို့လဲ သူဌေး "
"မိုးသွင် ဘယ်တေသွားတတ်သေးလဲ သိလား "
"အခုချိန်ဆိုရင်တော့ ဆိုင်မှာပဲရှိနေမယ်ထင်တယ် ဒါမှမဟုတ် ဖေဖေနဲ့ ပန်းပို့တာ အဖော်လိုက်ပေးချင်လည်း ပေးလိမ့်မယ် ဘာလို့လဲ"
"သူနဲ့တွေ့ချင်လို့ "
စက်နေရိုင်း၏ စကားကြောင့် မိုးယံက
"ညနေရောက်ရင်တွေ့ရမှာကို ခင်ဗျား အပိုတေလုပ်မနေနဲ့"
အလုပ်ရှင်လည်း မလေးစားနိုင်တော့ ခုနက ဖေဖေပန်းလာပို့ပေးမယ်ဆိုပြီးရောက်မလာလို့ စိတ်တိုနေရသည့်အထဲ။ ဒီလူက တစ်မျိုး။
" မင်းတို့ဆိုင်ကို ဖုန်းဆက်ပေး"
" ဒီမယ် ဦးစက်နေရိုင်း"
" ငါတောင်းဆိုနေတာပါ"
သူဌေးကိုကြည့်ရတာ တကယ်ကို ပူပန်နေတဲ့ပုံစံပဲမို့   ဖေကြီးဆီဖုန်းဆက်လိုက်ပြီး စပီကာဖွင့်လိုက်သည်။
"ဟလို.. "
"သားငယ်ပြော.. "
"မိုးသွင်ရော "
"အင်း သူ့အသိတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်က  ကဖေးမှာ စကားပြောနေတယ် ဘာလို့လဲ"
"အဲ့ဒါ ဘယ်သူလဲ "
"ဘယ်လိုလုပ်သိမလဲ ငါ့သားရဲ့ ကလပ်တုန်းက အသိလို့တော့ပြောတယ် "
" အင်းပါ ဖေဖေ ဒါနဲ့ ပန်းစည်းရော"
"မိုးသွင် လာမပေးဘူးလား မိုးသွင်ပြောတာတော့ မင်းရဲ့ အထက်လူကြီးက သူ ယူနေကျလို့ပြောလို့ ပေးထားခဲ့တယ်တဲ့  "
"ဟာဗျာ.. "
"ဒါပဲ သားရေ ဆိုင်မှာ ဧည့်သည်ရောက်နေလို့ "
ဖေဖေက ဖုန်းအရင်ချသွားသည်။
"မင်းဆိုင်လိပ်စာပြော "
မိုးယံလိပ်စာပြောလိုက်သည်နှင့် ဒုန်းစိုင်းကာ ထွက်သွားသော စက်နေရိုင်း။
ဒီလူ ဘာဖြစ်နေတာလဲ။

LoveWhere stories live. Discover now