"ရိုင်း.. "
သတိရ ရချင်းမှာ တမ်းတတဲ့နာမ်မည်က ရိုင်းတဲ့လား။ ကောင်စုတ်လေး ဒီကဖြင့် စိတ်ပူလိုက်ရတာ။ လူတေ တအုပ်တကျင်းလုံးကြီး စိတ်ပူနေတာကို မရှိတဲ့သူရဲ့ နာမ်မည်ကို တနေတယ်။
မိုးယံ စိတ်ပေါက်ပေါက်နှင့် တွေးမိသော်လည်း သူဘယ်လောက်ပျော်သွားလဲဆိုတာ သူသာအသိဆုံး။
Nurse Call bellကိုနှိပ်လိုက်ပြီး
" ရည်းစားကိုပဲ တမနေနဲ့ ဘယ်သူရှိလဲဆိုတာ ကြည့်လိုက်ဦး"
မိုးသွင် သတိ၀င်၀င်ချင်း ကြားလိုက်ရသည်က မိုးယံ၏ ခပ်ရွဲ့ရွဲ့အသံ။
"အာ့ "
ထထိုင်ရန်ကြိုးစားမိတော့ ၀မ်းဗိုက်ဆီမှ နာကျင်သွားရသည်။
" မထနဲ့လေ"
" ရေဆာတယ်"
"သေလိုက်ပေါ့ ဘယ့်နှယ့် သူများတေသတိရရင် အရင်ဆုံး ရေ..ရေဆာတယ်ဆိုပြီး
သူ့ကျမှ ရိုင်းတဲ့ "
ပေါက်ပေါက်ဖောက်ကာ ခပ်ရွဲ့ရွဲ့ ပြောနေသော်လည်း မိုးယံဘယ်လောက်ပျော်နေကြောင်း မိုးသွင်ခံစားမိပါသည်။
"ငါ ဘယ်လောက်ကြာ မေ့နေတာလဲ "
"တစ်နှစ်.. "
"တကယ်ကြီးလား "
"အေးပေါ့ "
"ရိုင်းကရော "
"မင်းရဲ့ ရိုင်းကလည်း မမေရှားနဲ့ လက်ထပ်ပြီးသွားပြီ "
မိုးယံ၏ စကားကြောင့် မိုးသွင်မှာ ခပ်ငိုင်ငိုင်လေးဖြစ်သွားသည်။
တစ်နှစ်..။
အေးပေါ့ တစ်နှစ်ဆိုတော့လည်း ရိုင်း အိမ်ထောင်ပြုတာ မဆန်းတော့ဘူးပေါ့။
နေပါဦး တစ်နှစ်ဆိုတော့ မမနှင်းဆီရော မွေးပြီးပြီလားမသိဘူး။
" မမနှင်းဆီရော"
ကျွီ..
ထိုအချိန် အခန်းထဲကို ၀င်လာသော ရိုင်း။
ရိုင်းက သူ့ကိုကြည့်နေရင်းမှ မျက်မှောင့်ကြုတ်သွားသည်။ သို့သော်မကြာလိုက် ရိုင်း၏မျက်နှာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။
စက်နေရိုင်း အခန်းထဲ၀င်လာချိန်တွင် သတိရနေသော မိုးသွင်ကြောင့် ပျော်မိသွားသော်လည်း မိုးသွင်နှုတ်ဖျားမှ အမည်ကို ကြားလိုက်ရ၍ ဒေါသစိတ်ကလေး ထွက်ပေါ်လာသည်။ သို့သော် ချက်ချင်းချိုးနှိမ်လိုက်ပြီး မိုးသွင်အနားသို့သွားမိသည်။
သို့သော် သူစကားမစမီမှာပင် သူနာပြုများရောက်လာပြီး မိုးသွင်ကို စမ်းသပ်စရာရှိတာ စမ်းသပ်မေးမြန်းကြသည်မို့ သူအနည်းငယ်နောက်ဆုတ်ပေးနေရသည်။
"သွင် "
စက်နေရိုင်းက ခေါ်လိုက်တော့ သွင်က အနောက်သို့ အနည်းငယ် ယို့သွားသည်။
"သွင် သက်သာရဲ့လား "
"သွင် ခနနားချင်လို့ "
သူ့ကိုရှောင်ဖယ်ဖို့ကြိုးစားနေသော သွင်၏အနားတွင် ၀င်ထိုင်လိုက်ပြီး
"သွင် "
"ကိုစက်နေရိုင်း ပြန်ပါတော့
ပြီးတော့ သွင့်ဆီမလာခဲ့ပါနဲ့ "
သူ့ကို မောင်းထုတ်နေသော မိုးသွင်။
ကိုစက်နေရိုင်းတဲ့လား။ ဘယ်လိုတောင် သူစိမ်းဆန်တဲ့ အခေါ်အဝေါ်ကြီးလဲ။
"ဘာလို့လဲ "
"ကိုစက်နေရိုင်းမှာ အိမ်ထောင်လည်း ရှိနေတာကို"
" ဘာ.."
စက်နေရိုင်း၏ အသံကြောင့် မိုးသွင်လန့်သွားမိသည်။
"ခင်ဗျား လက်ထပ်ပြီးသွားပြီဆို "
"ဘယ်သူပြောတာလဲ "
"မိုးယံ "
မိုးယံကတော့ စက်နေရိုင်း၏ အကြည့်စူးစူးကို မသိချင်ယောင်ဆောင်နေလိုက်သည်။
သူပြောတာကို တကယ်ယုံနေတာပဲ။
"အချစ်ရယ် ကိုယ်က သုံးရက်အတွင်း လက်ထပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ပြီးတော့ သုံးရက်မဟုတ်ဘူး သုံးနှစ်ပဲဖြစ်ဖြစ် အနှစ်သုံးဆယ်ပဲဖြစ်ဖြစ် အချစ်ကလွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ဘူး သိလား "
"မိုးယံပြောတော့ တစ်နှစ်ရှိပြီဆို "
" သူများပြောတာတေ နားမထောင်မဲ့ ကိုယ်ပြောတာပဲ နားထောင်"
ကျွီ..
တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ ၀င်လာသောသူများ။
မင်းဓနဦး၊ ဒေါ်ကလျာ
သူတို့၏နောက်တွင် ဦးမြင့်ဆွေနှင့် ဒေါ်သူဇာ တို့အပြင် ရန်နောင်နှင့် မေရှားရော ရောက်လာသည်။
မိုးယံ ဖုန်းဆက်လိုက်ဟန်တူသည်။
ထို့နောက်တွင်တော့ သတင်းမေးမြန်းသူများကြောင့် စက်နေရိုင်း အလိုလိုနောက်ရောက်သွားရတော့သည်။
"ကိုမင်းဓနဦး ခနလောက် စကားပြောရအောင် "
စက်နေရိုင်းက မင်းဓနဦးကို အပြင်သို့ခေါ်ထုတ်လာသည်။ စက်နေရိုင်းက လူရှင်းသောနေရာတွင် ရပ်တန့်လိုက်သည်။
" ခင်ဗျားနဲ့ မိုးသွင်ရဲ့ ဆက်ဆံရေးက ဘာလဲ"
" ဘာကိုလဲ"
" သူက ခင်ဗျားကို ကိုကိုလို့ခေါ်တာ"
စက်နေရိုင်း၏ မျက်၀န်းထဲတွင် ၀န်တိုမှုများကို အတိုင်းသားမြင်နေရသည်။
"ဘာဖြစ်လဲ သူက ကိုကိုခေါ်တာ "
"... "
"ဒါပေမယ့် သူက
မင်းကို ရိုင်းလို့ပဲခေါ်တယ်မလား
မင်းငယ်ငယ်တုန်းက အကြောင်းတေကို မေ့သွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်"
" ဘာကိုလဲ"
" တကယ်မေ့နေတာပဲ"
မင်းဓနဦး၏စကားကြောင့် စက်နေရိုင်းမျက်မှောင့်ကြုံ့လိုက်သည်။
"ထားပါတော့ အရင်က အကြောင်းတေက အရေးမှမပါတော့တာ သွင်က ငါ့ကို ငယ်ငယ်တည်းက ကိုကိုလို့ပဲခေါ်ခဲ့တာလေ"
" ဘယ်အရွယ်လဲ"
"ငါက ဘာလို့ပြောပြရမှာလဲ "
" ခင်ဗျားသွင့်ကို ဘယ်လိုသဘောထားနေတာလဲ"
အတည်ကြီးစိတ်တိုပြနေသော စက်နေရိုင်းကြောင့် မင်းဓနဦးက ရယ်လိုက်ပြီး
" သွင်က ငါ့ညီလေးလိုပါပဲ
တနည်းအားဖြင့် ငါ့ယောက်ဖပေါ့"
" ဘယ်လို"
"မေရှားရဲ့ ဖအေတူ မအေကွဲမောင်လေး "
"ဒါဆိုဘာလို့ ငါတို့ကို ဆေးခပ်ခဲ့ရတာလဲ "
" Sorry အဲ့ဒါက ငါလုပ်တာ မဟုတ်ဘူး"
" မင်းမလုပ်ရင် ဘယ်သူ.."
" မန်နေဂျာကောင်မလေးလုပ်တာ"
" သူက မင်းလူပဲမဟုတ်ဘူးလား"
"ငါခိုင်းသလိုမလုပ်ခဲ့တာ ငါခိုင်းတာက အိပ်ဆေးပဲခတ်ပြီး ဓာတ်ပုံပဲရိုက်ခိုင်းခဲ့တာ ပြီးတော့ လိုင်းပေါ်ဖြန့်တာလဲ သူပဲ"
"ခင်ဗျားကို ဘယ်လိုယုံရမှာလဲ ပြီးတော့ ဘာလို့မိုးသွင်ကိုလဲ"
" မင်းကတော့ မယုံလောက်ဘူးဆိုပေမယ့်
ငါလိုချင်တာက မေရှားကိုပဲ
ပြီးတော့ မင်းကို တခြားတစ်ယောက်နဲ့ ဓာတ်ပံုဖြန့်လိုက်မယ်ဆို မင်းဖြေရှင်းရတာခက်မှာစိုးလို့ မိုးသွင်ကို ရွေးချယ်ခဲ့တာ
ဒါပေမယ့် မင်းက မိုးသွင်ကို ချစ်မိသွားတာကတော့ ငါနဲ့မဆိုင်တော့ဘူး ဒါပဲမလား ငါလည်း သွင့်ကို သတင်းသွားမေးလိုက်ဦးမယ်"
မင်းဓနဦးက ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် မျက်နှာတွင်လည်း အပြုံးတို့က ဖြစ်ထွန်းလာသည်။
ငါနဲ့မဆိုင်ပေမယ့် မင်း မိုးသွင်ကို သဘောကျမယ်ဆိုတာ ငါအစတည်းက ခံစားမိတယ်လေ။
.
.
"ကျေးဇူးတင်ပါတယ် "
သတင်းမေးသည့်သူများအားလုံး ပြန်သွားချိန်တွင် မိုးသွင် စက်နေရိုင်းကို ပြောလာသည့်စကား။
"ဘာအတွက်လဲ "
" သွင့်ကို စောင့်ရှောက်ပေးလို့"
" ... "
"ဒါဆို မမမေရှားနဲ့ ကိုစက်နေရိုင်းကရော ဘယ်လိုပက်သတ်မှုမျိုးလဲဟင်"
မဝံ့မရဲမေးလာသည့် မိုးသွင်။
စက်နေရိုင်းက မိုးသွင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ကိုယ်တို့က အစကတည်းက သူငယ်ချင်းတေပဲ ပြီးတော့ လက်မထပ်ဘူးဆိုပြီး ကြေငြာပြီးသွားပြီလေ ပြီးတော့ မင်းဓနဦးနဲ့လည်း သူတို့စေ့စပ်ပြီးသွားပြီလေ တခြားသူတေအကြောင်းမပါဘဲ ကိုယ်တို့အကြောင်းပဲပြောကြမလား"
" သွင်တို့အကြောင်း ဘာပြောစရာရှိလို့လဲ"
" ပထမဆုံး ကိုစက်နေရိုင်းလို့ခေါ်တာ.."
" ... "
" ကိုယ်မကြိုက်ဘူး ရိုင်းလို့ပဲခေါ်"
" အစကတော့ အဲ့လိုမခေါ်နဲ့ဆို"
" အခုရတယ် ပြီးတော့ မင်းဓနဦးကို ကိုကိုလို့မခေါ်နဲ့တော့ သူက သွင့်ရဲ့ အကိုမဟုတ်ဘူး"
"... "
သွင်က အံ့ဩသလိုလေးကြည့်နေသည်။
"သွင်က ဦးစံရှားနဲ့ ဒေါ်မေချစ်တို့ရဲ့သားမို့ မင်းဓနဦးနဲ့ ဘာမှမတော်စပ်ဘူး "
"ဒါပေမယ့် ကိုကိုက ငယ်ငယ်တည်းက သွင်နဲ့အတူ လာကစားပေးတဲ့ အကိုပဲလေ "
"အဲ့ဒါ ငယ်ငယ်တုန်းက အခု မရတော့ဘူး "
"မမမေရှားကရော "
" မေရှားလည်း နေ့တိုင်းလာပါတယ် ဒီနေ့မှ အရေးကြီးအစည်းဝေးရှိလို့ မလာသေးတာ
ခနနေရင်တော့ လာမယ်ပြောတယ်"
" ရိုင်းမေမေကရော"
"အင်း မေမေကတော့ အခုထိတင်းမာနေဆဲပဲ
ဒါပေမယ့် သွင်စိတ်ပူစရာမလိုဘူး
ကိုယ်က မေမေလက်ခံလာအောင် ကြိုးစားမှာမို့ သွင်က ကိုယ့်အနားမှာ ရှိပေးနေရင် ရပြီ "
"... "
သွင်က ခေါင်းလေးငုံ့သွားသည်မို့ စက်နေရိုင်းတခြားအကြောင်းအရာပြောဖို့ တွေးလိုက်သည်။
"သွင့်ကို ဓားနဲ့ ထိုးခဲ့တဲ့သူကို မြင်လိုက်ရလား "
ထိုသို့မေးလိုက်တော့ သွင့်ပုံစံက ခပ်တွေတွေလေးဖြစ်သွားသည်။
" ဘယ်သူလဲ"
"သွင်မသိဘူး "
"ကိုယ့်ကို သေချာကြည့်ပြီးဖြေ "
သွင်၏ မျက်၀န်းများတွင် မျက်ရည်စတို့ ရစ်သီလာသည်။
"ဘယ်သူလဲလို့ "
" သွင်မသိပါဘူးဆို"
မျက်နှာလွှဲကာ ဖြေလာသည့်သွင်။
မိုးသွင် သူ့မျက်လုံးတေကိုကြည့်ပြီး လိမ်မှမလိမ်နိုင်တာ။ မိုးသွင်ကို ထိခိုက်စေခဲ့တဲ့သူကို ပြောဖို့ကျလည်း မဖြစ်နိုင်။
"ကိုယ်သိတဲ့သူလား "
"... "
"ကိုယ်စုံစမ်းလို့သိရရင် အဲ့လူကို ကိုယ်ကိုယ်တိုင် သတ်မှာနော် "
"မဖြစ်ဘူး "
"ဘာလို့လဲ အဲ့လူက မိုးသွင်နဲ့ သိတဲ့သူမို့လား "
မိုးသွင်က ခေါင်းကို ခါယမ်းလိုက်ပြီး
"ရိုင်း ထောင်ကျမှာပေါ့
ပြီးတော့ လူသတ်တာ မကောင်းဘူး "
သူ့ကို ထိခိုက်စေသူကိုတောင် ကာကွယ်ပေးလိုသည့်ဟန်။
"အဲ့တော့ ကိုယ့်ကို လူမသတ်စေချင်တာလား
မင်းကို လုပ်ခဲ့တဲ့သူကို မထိခိုက်စေချင်တာလား "
" သွင်လည်း ဘာမှဖြစ်သွားတာမှမဟုတ်တာ.."
"ဘာကို ဘာမှမဖြစ်တာလဲ "
ရုတ်တရတ်ထွက်လာသော ဒေါသကြောင့်အသံက အနည်းငယ်ကျယ်သွားတော့ မိုးသွင် ကိုယ်လေးဆတ်ခနဲ့ တုန်သွားသဖြင့် စက်နေရိုင်း စိတ်လျော့လိုက်ပြီး
"မင်းကို ခွဲစိတ်နေတုန်းက ကိုယ်ဘယ်လောက် စိတ်ပူနေခဲ့ရလဲ မင်းဒီသုံးရက်လုံးလုံး သတိမေ့နေတော့ ကိုယ်ဘယ်လောက်တောင် ခံစားရလဲ ထည့်မတွက်ဘူးလား ဘာမှမဖြစ်လို့လား သေလုမြောပါးထိဖြစ်ခဲ့တာကို "
" သွင်အခု သက်သာသွားပါပြီ"
စက်နေရိုင်း ပြောမရသော မေတ္တာရှင်ကြီးကို အတိုင်းသားကြည့်နေမိသည်။
"ဒါပေမယ့်..
လက်..လက်စွပ်က အဲ့လူဆီ ပါသွားတယ် "
သူ့အသက်ကျမနှမြောဘဲ လက်စွပ်ကိုပဲ နှမြောနေဟန်။
"ရတယ် ဈေးသိပ်မကြီးဘူး
နောက်ထပ် ထပ်လုပ်ပေးမယ် "
သွင်က မျက်နှာလေးစူပုပ်လိုက်ပြီး
"ပေါပေါပဲပဲ မလုပ်ခဲ့နဲ့လို့ပြောတာကို
ဈေးနည်းတာလုပ်လာတာပေါ့
အဲ့ဒါကြောင့် ကျောက်လေးက သေးသေးလေးဖြစ်နေတာကိုး ဟွန့် "
သွင်က ကလေးများလိူ နှာမှုတ်သံလေး လုပ်ပြလာသည်။
"ဒါပေမယ့် ဈေးပေါလည်း အဲ့ဒါက ပထမဆုံးလေးမို့ တန်ဖိုးထားတာကို နှမြောလိုက်တာ ပြန်ရရင်ကောင်းမယ်"
နှမြောတသလေး လုပ်ပြနေသော မိုးသွင်ကို ထိုကျောက်သေးသေးလေးက သိန်းထောင်ချီတန်ကြောင်း ပြောမပြဖြစ်တော့။
ပြောပြလိုက်ရင် ထိုင်ငိုနေလောက်မည်ထင်သည်။
" ခန နားလိုက်ဦး ကိုယ် ဖုန်းဆက်စရာလေးရှိသေးလို့"
" ဖုန်းက ပြန်ရသွားပြီလား"
" အင်း ရသွားပြီ"
" အဲ့နေ့ညက ဖုန်းခေါ်တာ စက်ပိတ်ထားပါသည်ပဲပြောနေလို့"
"ကိုယ့်ဆီခေါ်သေးတာလား "
မိုးသွင်က ခေါင်းငြိမ့်ပြလာသည်။
"ခင်ဗျားက သွင်နမ်းတာကိုလည်း မကြိုက်ဘူး ပြီးတော့ သွင့်ကိုလည်း ထားခဲ့တယ် သွင်က လက်စွပ်ကို လိုချင်လွန်းလို့မဟုတ်ပါဘူး အဲ့ဒါကို လက်စွပ်ပဲပေးပြီးတော့ ထွက်သွားတယ် သွင် ဘယ်လိုဖြစ်နေလဲ ဂရုမစိုက်ဘူး"
စက်နေရိုင်းက မိုးသွင်ကို ထွေးပွေ့ထားလိုက်ပြီး
" ကိုယ်တောင်းပန်ပါတယ်"
စက်နေရိုင်း၏ စကားကြောင့် မိုးသွင်မှာ တအင့်အင့်ရှိုက်ငိုလာပြီး စက်နေရိုင်းကို ပြန်လည်ဖက်တွယ်လိုက်သည်။
" ကိုယ့်ကို ချစ်လား"
"သွင် ခင်ဗျားနဲ့ ခွဲပြီး မနေချင်ဘူး "
သွင့်စကားကြောင့် စက်နေရိုင်းက ပြုံးလိုက်သည်။
ကိုယ်လည်း မင်းနဲ့ခွဲပြီး မနေနိုင်ဘူး။
မင်းကို ကျောခိုင်းပြီး ဘယ်ကိုမှ ထွက်မသွားတော့ဘူး။
(Only Imagination)