04

36 3 0
                                    

"မင်း...နာမ်မည်ဘယ်လိုခေါ်လဲ.. "
စက်နေရိုင်းက ဆူပူမယ်ကြံပြီးမှ နာမ်မည်ကို မသိ၍ မေးလိုက်သည်။ မိုးသွင်က ဖုန်းထဲတွင် တတီတီနှိပ်ရင်း ဖြေလာသည်။
/ချစ်မိုးသွင်../
" မင်း မိန်းကလေးဖြစ်ပြီး ထိန်းသိမ်းနေသင့်တယ်"
/ဘာလို့လဲ. /
စက်နေရိုင်းက ဆိုဖာခုံအခင်းပေါ်တွင်ပေါ်နေသော အနီရောင် အကွက်များကို ကြည့်ပြီးပြောလိုက်သည်။ မိုးသွင်ကို ကြည့်လိုက်တော့လည်း ဗိုက်ကိုဖိကိုင်ထားသဖြင့် ဓမ္မတာလာနေသည်ဟု ထင်သွားသည်။ ကိုယ်လက်မအီသာဟန်ဖြစ်နေသော မိုးသွင်ကိုကြည့်ပြီး ဆက်ပြောမယ့်စကားတို့က ထွက်မလာတော့ပေ။ ဒါကို တိုက်ခန်းကို ယောကျားလေးတေနဲ့မျှသုံးမယ်တဲ့လား။ သူမို့လို့ပေါ့။ တခြားသူသာဆို ဒီကောင်မလေးမလွယ်ဘူး။ အိမ်နေရင်းတောင် ဘာမှမလိမ်းခြယ်ထားသည့်တိုင် ဖွေးဖွေးဥဥလေးနှင့် ချစ်စရာကောင်းလှသည့် သူမကို ဘယ်သူကများ အလှကြည့်နေမှာလဲ။
ပြီးတော့ ကလပ်ကနေလည်း ထွက်လာပြီး စကားလည်းမပြောတတ် ဘာအလုပ်မှလည်း လုပ်တတ်မည့်ဟန်မပေါ်ပေ။ ဘာလုပ်ပြီး ရပ်တည်ဖို့စိတ်ကူးထားတာလဲမသိပေ။ ဒါမှမဟုတ် မင်းဓနဦးက ထောက်ပံ့ပေးထားတာလား။ စက်နေရိုင်းက မိမိရှေ့ရှိ မိုးသွင်ကို စိုက်ကြည့်လိုက်ပြီး
"ဆေးမသောက်ဘူးလား... "
/မရှိလို့../
"သွား၀ယ်ပြီးသောက်လေ.. "
/ဆေးဆိုင်ကို မသွားနိုင်တော့ဘူး
ရပါတယ် သက်သာသွားမှာပါ/
စက်နေရိုင်းက ဘာမှမ‌ပြောဘဲ အပြင်ထွက်ရန်ပြင်လိုက်သည်။
/ဘယ်လဲ../
"အလုပ်သွားမလို့... "
စက်နေရိုင်းက တိုက်ခန်းမှထွက်လာပြီး နီးစပ်ရာဆေးဆိုင်ကို ဦးတည်လိုက်သည်။
မိန်းကလေးဖြစ်ပြီး သပ်သပ်ရပ်ရပ်ကမရှိဘူး။
ကြိုတင်ပြင်ဆင်ခြင်းလဲမရှိဘူး။
အစကတော့ ပစ်ထားမလို့စိတ်ကူးသော်လည်း မနေနိုင်သောစိတ်ကြောင့် ဆေးဆိုင်ရှေ့သို့ပင်ရောက်လာသည်။ ၀ယ်ရမှာ တစ်မျိုးပေမယ့် ရှက်စရာမှမဟုတ်တာ။ ဟုတ်တယ် ရှက်စရာမလိုဘူး။
ကိုယ့်စိတ်ကို အားတင်းရင်း ဆေးရောင်းသော မိန်းကလေးအား
"မိန်းကလေးတေ ဓမ္မတာလာချိန် သောက်တဲ့ ဆေးလေး ပေးပါ.. "
ပြောပြီးချိန်တွင် အရောင်းမိန်းကလေး၏မျက်နှာသည် အနည်းငယ်နီသွားသည်ကို သတိထားမိလိုက်သည်။
ဘာလို့ ဒါတေလုပ်ပေးနေမိတာပါလိမ့်...။
ကိုယ့်ဘာသာ အလုပ်သွားတာပဲကောင်းတယ်..။
" ရပါပြီ အကို.."
"ဆေးညွှန်းလေးရော ရေးပေးလို့ရလား.. "
"ဒီတိုင်း ၁လုံးပဲသောက်ရင်ရပါပြီရှင့် "
" စာနဲ့ရေးပေးပါလား.."
"ဟုတ်.. "
ပြန်လှည့်ထွက်ရန်ပြင်ပြီးမှ ဆေးကရလာသဖြင့် ငေွရှင်းပြီးသာ ယူလာလိုက်သည်။
ပြီးနောက် တိုက်ခန်းပေါက်၀တွင် ချိတ်လိုက်ပြီး ဘဲတီးကာ အောက်သို့ ပြေးဆင်းသွားလိုက်ပြီး နားစွင့်နေလိုက်သည်။
မကြာမီပင် တံခါးဖွင့်သံပေါ်လာပြီး မရှေးမနှောင်းပင် ပြန်ပိတ်သွားသည်။
ထိုအခါမှသာ စက်နေရိုင်းလည်း အလုပ်သွားစရာရှိတာ သွားတော့သည်။
သူ့မှာ ဒီမိန်းကလေးနဲ့ မင်းဓနဦးကြားက ဆက်နွယ်မှုကို စုံစမ်းမလို့လာကာမှ အခုတော့ ဒီမိန်းကလေးကို ပြန်စိတ်ပူနေရသည်။
မင်းက တကယ်စိတ်ရှုပ်စရာကောင်းတယ်။

LoveWhere stories live. Discover now