05

16 2 0
                                    

Yan...
ပုံမှန်အတိုင်းရောက်နေကျ ဒေစီပန်းစည်းလေးကြောင့် ရန်နောင် ပြုံးလိုက်မိသည်။ ဒီပန်းစည်းရသည်မှာ လပိုင်းခန့်မျှပင်ရှိနေပြီဖြစ်သည်။ ပေးပို့သူ၏အမည်ကို မသိရသည့်အတွက် အနည်းငယ်တော့ မကျေနပ်ချင်။ ဘယ်အချိန်လာထားမှန်းလည်းမသိပေ။
"ရောက်နေပြန်ပြီလား.. "
"အင်း... "
" ဘယ်သူလဲမသိရဘဲနဲ့များ..."
"ဒီလို နူးနူးညံ့ညံ့လေးစည်းပေးမှတော့ မိန်းမလှလေးနေမှာပေါ့ "
ရန်နောင်၏ စကားကို စက်နေရိုင်းက မဲ့ပြလိုက်ပြီး
"အဲ့ပန်းစည်းက ဆိုင်မှာရောင်းတဲ့ ပန်းစည်းကြီး "
ရန်နောင်က မျက်နှာကို ရှုံ့မဲ့လိုက်ပြီး
" ဘယ်ကနေမှာပေးပေးပေါ့ မင်းကတော့ မရဖူးတော့ သိပါ့မလား.."
" စိတ်ကူးယဉ်မနေနဲ့ လုပ်စရာရှိတာလုပ်.."
" ဟုတ်ကဲ့ ဘောစိ ဒါနဲ့ ဘောစိအမေက ကျွန်တော့်စုံစမ်းရေးလုပ်နေပါတယ် ဘယ်ကိုများ ကြွမြန်းနေလို့ အိမ်ပြန်မအိပ်တာပါလဲ ကျွန်တော်မျိုးလိမ်ထားတာ တစ်ပတ်ကျော်ရှိနေပါပြီ"
"အပြင်မှာ ခနနေတာ စိတ်ပူစရာမလိုဘူး  "
" ဘောစိကို စိတ်ပူလို့မဟုတ်ဘဲ ကျွန်တော့်ရဲ့ အတွင်းရေးမှူးထိုင်ခုံအတွက် စိတ်ပူလို့ပြောတာပါခင်ဗျ.. ပြီးတော့ ဘောစိရဲ့သတို့သမီးလောင်း ဒေါ်မေရှားထက်လည်း ပြန်လာတော့မယ် ကြားထားပါတယ်"
"မေမေကပြောတာလား.. "
" အင်း..ငါ့သူငယ်ချင်းကြီးနှစ်ယောက်တောင် အဆင့်တေကျော်ပြီး အိမ်ထောင်သည်ကြီးဖြစ်တော့မယ်.."
"တော်စမ်းပါ အဲ့အကြောင်းကို.. "
" ငါတော်လိုက်ပေမယ့် မင်းမေမေက ပြန်ရောက်တာနဲ့ စေ့စပ်ပွဲလုပ်ပြီး လက်ထပ်ပေးချင်နေတာကြီးနော်.. မေရှားကလည်း ငြင်းမယ်မထင်ဘူး မင်းကိုငြင်းလိုက်တာနဲ့ မင်းဓနဦးဆိုတဲ့လူကို လက်ထပ်ရမှာဆိုတော့ မင်းကိုပဲရွေးလောက်တယ်"
" ငါသိတယ်.."
"မင်းရော မေရှားရော စီးပွားရေးပဲလုပ်နေကြတာ နှလုံးသားလေးကိုလည်း တစ်ချက်လောက်ငုံ့ကြည့်ကြပါဦး "
ရန်နောင့်စကားကြောင့် စက်နေ၏အ‌ေတွးထဲ ၀င်ရောက်လာသည့် မိန်းကလေးငယ်။
အဲ့ဒီမိန်းကလေး။
ကလပ်တွင် နေခဲ့ဖူးသည့်မိန်းကလေး။
စကားမပြောတတ်သောမိန်းကလေး။
ဘာအလုပ်မှမလုပ်တတ်ဘဲ ပေါ့ပေါ့တန်တန်နေတဲ့မိန်းကလေးကို မေမေသဘောကျပါ့မလား။
ဟာ ငါဘာလို့ တွေးမိတာလဲ။
ဒီတိုင်းပဲ ခနတွေ့တဲ့ကောင်မလေးကို။
ငါသူ့နောက်လိုက်ကြည့်တာ မင်းဓနဦး ဘာကြံစည်နေတာလဲဆိုတာ သိရဖို့ပဲ။ မေရှားကိုလိုချင်လို့ သူ့ကို မိန်းကလေးတစ်ယောက်ထိုးကျွေးတယ်ဆိုရင်တောင် စကားမပြောတတ်တဲ့ မိန်းကလေးကို ဘာလို့လဲ။ မိုးသွင်နဲ့ မင်းဓနဦးရဲ့ ဆက်စပ်မှုက ဘာလဲ။ အစက ဘယ်လိုပဲဖြစ်ဖြစ် မိုးသွင်ရှိသော ကလပ်ကို မသွားဘူးဟုတွေးထားသော်လည်း တစ်ခါလောက်ဖြစ်ဖြစ်မျက်နှာကို တွေ့လို၍ သွားရာမှ ယခုတော့ သူ့တိုက်ခန်းသို့ပင် ရောက်နေပြီဖြစ်သည်။
"တွေ့နေပြီလား.. "
ရန်နောင်က တိတ်ဆိတ်သွားသောသူကို ထပ်မေးသည်။
"... "
"ဘယ်သူလဲ "
" မရှိပါဘူး"
"တကယ်လား မင်းတကယ်ချစ်မိသွားတာပဲနေမယ်  အရင်က ဒီလောက်ထိမတွေဝေဖူးဘူး ပြီးတော့ ငါတို့ကို ပြောမပြတာရှိသေးတာလား"
" နည်းနည်းရှုပ်မယ်ထင်တယ်.."
" ဘယ်လိုလဲ"
"ကျစ်...စကားမပြောတတ်တဲ့သူက နမ်းရင်ရော အသံထွက်သလား "
"ဘယ်သူလည်း "
"ဘာမမဟုတ်တော့ဘူး နောက်မှပြောပြတော့မယ် "
"ချစ်မိသွားတာဆိုလည်း ကြိုပြောပေါ့ မေရှားက နောက်ဆုတ်ပေးလောက်မှာပါ သိတယ်မလား တကယ်လို့ မေရှားက မင်းဓနဦးနဲ့လက်မထပ်ချင်ရင် ခန့်သီဟနဲ့ ဆွဲပြီးခိုးပေးလိုက်မယ်
အား...Con Conကွာ မင်းကတော့ အချစ်ဆိုတာကို ရေးရေးလေး ခံစားမိနေပြီ..
အချစ်ဆိုတာ ဘယ်လောက်တောင် လှပပြီး အဖိုးတန်လိုက်သလဲ ငါ့ကိုပဲကြည့် ရည်းစားတေသာများတာ အချစ်ဆိုတာကို မခံစားဖူးသေးဘူး.. "
စက်နေရိုင်းကို ပြောနေစဉ် မျက်လုံးထောင့်မှ မြင်လိုက်ရသော လူတစ်ယောက်။
"မိုးယံ..ဘယ်လဲ "
" အကို စကားပြောလို့မပြီးသေးဘူးလားလို့ ပြန်သွားမလို့ပါ.."
"ဘာကိစ္စလဲ "
" ငွေထုတ်ဖို့အတွက် လက်မှတ်လေးလာယူတာပါ."
"လာ အလုပ်ကိစ္စက အရေးကြီးတယ် ပြီးရင်ခေါင်းကိုက်မခံနိုင်ဘူး သွားသွားမင်းလည်း ကိုယ့်ရုံးခန်းကိုသွားတော့.. "
အလုပ်ရှင်ကို ပြန်ပြောနေသော အတွင်းရေးမှူးကို မိုးယံအံ့ဩသလိုလေးကြည့်လိုက်သည်။ ခပ်တည်တည်နှင့် ဦးစက်နေရိုင်းကလည်း ဘာမှမပြောဘဲ သူ့ရုံးခန်းသူ၀င်သွားသည်။
"ဘာကြည့်နေတာလဲ.. ပေးစရာရှိတာပေးလေ.."
ခပ်မာမာလေသံကြောင့် မိုးယံက စာရင်းစာရွက်ကို စားပွဲပေါ်တင်ပေးလိုက်သည်။ ငွေရောင်မျက်မှန်ကိုင်းအောက်က မျက်၀န်းတို့သည် အာရုံစူးစိုက်နေချိန်တွင် အလွန်ငေးကြည့်စဖွယ်ဖြစ်သည်။ မိုးယံက ရန်နောင့်ကို ငေးကြည့်ရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။
ဒီနေ့လည်း အစစအရာရာအဆင်ပြေပါစေ ကျွန်တော့်ရဲ့ ဒေစီ...။
.
.
ဒေါက်...ဒေါက်..
" ဘာလဲ.."
ရေချိုးပြီး ခေါင်းအခြောက်ခံနေစဉ် တံခါးခေါက်သံကြားရသဖြင့် တံခါးဖွင့်ရင်းမေးလိုက်သည်။
မိုးသွင်က ခေါက်ဆွဲစားသည့်ပုံစံ လုပ်ပြလိုက်သည်။ သဘောက အတူတူခေါက်ဆွဲစားကြရအောင်ဟူ၍။
" မစားဘူး အိပ်တော့မလို့ ဖယ်တော့"
တကယ်က စက်နေရိုင်းအလုပ်လုပ်စရာရှိ၍ ဖြစ်သည်။ ဒီနေ့ ခေါင်းရှုပ်နေတာနှင့် တနေကုန်အလုပ်ကောင်းကောင်းမလုပ်နိုင်သဖြင့် အိမ်ကိုအလုပ်ယူလာခြင်းဖြစ်သည်။ မဖြစ်သင့်မှန်းသိသော်လည်း မိုးသွင်မျက်နှာလေးကို မမြင်ရလျှင် အနည်းငယ် နေမထိထိုင်မသာနှင့် ဖြစ်နေသည်မို့ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်။
✋အစောကြီးရှိသေး
မျက်နှာလေးစူပုပ်ကာ မကျေနပ်ဟန်ပြနေသော မိုးသွင်‌ေကြာင့် တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။
ဘာလဲဟ ဒီလူ..
ဆေး၀ယ်ပေးပြီးကတည်းက မျက်နှာချင်းကို ကောင်းကောင်းမဆိုင်တော့ဘူး။ ဒီက ခေါက်ဆွဲတေပိုပြုပ်ထားတာကို။
မစားလည်းနေပေါ့ တစ်ယောက်တည်းစားပစ်မယ်။
အိမ်ရှေ့ခန်းတွင်ထိုင်ပြီး နှစ်ယောက်စာပြုတ်ထားသော ခေါက်ဆွဲကို ထိုင်စားရင်း TVကြည့်နေလိုက်သည်။
ဒီလူကြီး ပဲကိုများလွန်းတယ်။
ခေါက်ဆွဲမကြိုက်တဲ့သူရှိလို့လား။
ဒီက အဖော်မရှိလို့ခေါ်တာကို။
ခနအကြာတွင် laptop နှင့်တစ်ဖက်ခန်းသို့ ကူးသွားသည့် စက်နေ။
မအိပ်ပဲနဲ့ အလုပ်လုပ်ဦးမှာပဲကို။
ငါလည်းအလုပ်လုပ်ချင်လိုက်တာ။
"ဆရာ့ဆီမှာ အလုပ်လုပ်ချင်လည်း ရတယ် လစာကတော့ အများကြီးမပေးနိုင်ပေမယ့် ထမင်းတော့ ကျွေးနိုင်ပါတယ် အပျင်းပြေပေါ့ "
ဆရာ့စကားကို ပြန်ကြားယောင်မိသဖြင့် ပန်းဆိုင်တွင် အလုပ်လုပ်ရန်တွေးလိုက်သည်။
မနက်စောစောသွားရမယ်။
.
.
ညသန်းခေါင်ယံအချိန်တွင် နာလာသော ဗိုက်ကြောင့် မိုးသွင်‌ေနမထိထိုင်မသာဖြစ်နေသည်။ နေ့စဉ်ရက်ဆက် ခေါက်ဆွဲချည်းပဲစားတာကြောင့်ထင်သည်။ သောက်စရာဆေးကလည်း မရှိ။
သည်းခံနေရင်းမှပင် ချွေးစီးများကျလာသဖြင့် စက်နေရိုင်းကို အကူအညီတောင်းဖို့ တွေးကာ အိပ်ယာမှထလိုက်သည်။ ဗိုက်က နာလွန်းသဖြင့် လူက သတိပင်လစ်ချင်နေပြီဖြစ်သည်။
ဝုန်း..
သတိထားနေရင်းမှပင် လူက အိပ်ယာပေါ်မှအဆင်းတွင် လဲကျသွားသည်။
တစ်ခုခုပြိုလဲသံကြောင့် စက်နေရိုင်းအလုပ်လုပ်နေရင်းမှ နားစွင့်လိုက်သည်။ အမျိုးသားတစ်ယောက်၏ ငြီးငြူသံကြောင့် သူ့ခါးသည် မတ်သွားရသည်။
ဒီအိမ်မှာ ယောကျားလေးဆိုလို့ သူပဲရှိတာကို။
အား...
အနည်းငယ်ပိုကျယ်လာသော အသံ..။
ဒါ မိုးသွင်အခန်းဘက်ကပဲ။
စက်နေရိုင်း လုပ်လက်စများကို ပစ်ထားခဲ့ပြီး မိုးသွင်အခန်းဘက်ပြေး၀င်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် လဲကျနေသော မိုးသွင်။
"မိုးသွင် မိုးသွင်.. "
လှုပ်ခေါ်၍လည်းမရသဖြင့် အိပ်ယာပေါ်ပွေ့တင်လိုက်ပြီး သူငယ်ချင်းဆရာ၀န်ဆီဖုန်းဆက်လိုက်သည်။
"ဟလို.. "
" ခန့်သီဟ အရေးပေါ်လူနာတစ်ယောက်ရှိလို့ မြန်မြန်လာခဲ့စမ်းပါ"
"ဘယ်မှာလဲ.. "
စက်နေရိုင်းက လိပ်စာကိုပြောပြလိုက်တော့ ဖုန်းချပြီး မကြာမီပင်ရောက်လာသည်။
"လူနာက ဘယ်မှာလဲ.. "
မိုးသွင်အခန်းထဲကို ခေါ်သွားပြလိုက်တော့ ခန့်သီဟက ဘယ်သူလဲဆိုသည့်ပုံစံနှင့် ကြည့်လာသည်။
" လူနာကို ကုစမ်းပါ"
ခန့်သီဟက လူနာကို ဦးစွာစမ်းသပ်ပေးလိုက်ပြီး ဆေးထိုးပေးကာ လိုအပ်သည့် ဆေးများကိုလည်း စက်နေရိုင်းဆီပေးလိုက်သည်။ ပြီးနောက် အိမ်ရှေ့ခန်းတွင် သူငယ်ချင်းနှစ်ယောက် ထိုင်မိကြသည်။
" ဘယ်သူလဲ"
"ဒီတိုင်း တိုက်ခန်းအတူနေတဲ့ သူ "
မယုံသလိုကြည့်လာသည့် ခန့်သီဟ။
"ဘာကြည့်တာလဲ "
"ဪ မင်းလို ဘောစိတစ်ယောက်က တိုက်ခန်းတောင် တစ်ယောက်တည်း မနေနိုင်လောက်အောင် ခြွေတာနေတာ တွေ့ရလို့လေ "
" ငါ့ကိစ္စပါ အခု သူက ဘာဖြစ်တာလဲ"
" စိတ်ပူတာလား.."
"ပြောမှာသာပြောစမ်းပါ.. "
စိတ်မရှည်သော စက်နေရိုင်းကိုကြည့်ပြီး ခန့်သီဟက တစ်ချက်ပြုံးလိုက်ကာ
" အစာအိမ်ဖြစ်ချင်နေတာ အစားကောင်းကောင်းမစားတာကြောင့် လူက အားနည်းပြီး ဖျားချင်နေတာ"
" စိုးရိမ်ရလား"
"စိုးရိမ်စရာမလိုပါဘူး ဒါပေမယ့် နောက်ကို ထမင်းပုံမှန်စားခိုင်းဦး.. နိုးလာရင်လည်း အစာပျော့ပျော့လေးတစ်ခုခု ကျွေးပြီးမှ ဆေးတိုက်.."
"အင်း "
ခန့်သီဟက အိမ်ရှေ့ခန်းတွင်ရှိနေသော ခေါက်ဆွဲခြောက်ဗူးနှင့် ဂျပ်ဖာကိုကြည့်ကာ
"ခေါက်ဆွဲခြောက်တေတအားစားတယ်နဲ့တူတယ် "
" ဟုတ်တယ် ငါတွေ့လိုက်တိုင်း ခေါက်ဆွဲစားလိုက် Snackစားလိုက်ချည်းပဲ"
" မင်းတောင် လူတေကို ဂရုစိုက်တတ်နေပြီပေါ့"
" အတူတူနေတဲ့သူ မသိဘဲနေမလား.."
"အစကတော့ မင်းကိုပြောစရာရှိလို့ မနက်ဖြန်ချိန်းမလို့ အခုတော့ ပြောစရာမလိုတော့ဘူးထင်တယ် ငါသွားတော့မယ်"
ခန့်သီဟကို တိုက်ခန်းပေါက်၀ထိလိုက်ပို့လိုက်သည်။ ခန့်သီဟက တစ်ခုခုစဉ်းစားပြီးကာမှ ပြောလာသည့်စကားကြောင့် စက်နေရိုင်း ကြောင်အ သွားမိသည်။
"မင်းကောင်‌ေလးကို အ၀တ်စားလဲပြီး ရေပတ်တိုက်ပေးလိုက်ဦး " ဟူ၍။
(Only Imagination)

LoveWhere stories live. Discover now