13

12 1 0
                                    

" ခင်ဗျား သွင့်ကို စိတ်ဆိုးနေတာမလား"
"အင်း "
"ဘယ်လိုလုပ်ရောက်လာတာလဲ စိတ်ဆိုးနေတဲ့သူက"
"စိတ်ပဲဆိုးတာပါ ဒါပေမယ့် မင်းနဲ့ မခွဲနိုင်ဘူး  "
" ခင်ဗျားရော သွင့်ကို လွမ်းနေတယ်မလား"
"လွမ်းလို့ရောက်လာတာပေါ့ "
" ဒါဆို ဘာလို့ လာမတွေ့တာလဲ"
"မင်းဆက်သွယ် လာမှာကို စောင့်နေတာ "
"အရင်တစ်ခါတေကဆို စိတ်ဆိုးသွားလည်း ကျွန်တော့်နောက်မှာ အမြဲရှိနေတာ.. အခု အခုက တကယ်ထွက်သွားပြီ ထင်နေတာ.. "
ပြောရင်းနှင့်ပင် တအီအီရှိုက်ငိုလာသော မိုးသွင်ကို ပွေ့ဖက်ထားပေးလိုက်သည်။ ဒီနေ့ည မိုးယံလည်း တိုက်ခန်းကို မလာသဖြင့် တိုက်ခန်းတွင် သူတို့နှစ်ယောက်သာ ရှိသည်။
" မငိုပါနဲ့ နောက်ဆို ကိုယ် ထွက်မသွားတော့ပါဘူး"
"သွင်က အဲ့လိုဆို အဲ့လိုမျိုးဆို မခံနိုင်တာမို့ စိတ်ဆိုးရင်တောင် အနားနားက ထွက်မသွားပါနဲ့နော် "
"အဲ့တော့ ဒီစကားက ကိုယ့်ကို ချုပ်တဲ့စကားလား "
"ဟင် "
"မင်းနဲ့ မင်းဓနဦးရဲ့ ဆက်ဆံရေးကဘာလဲ"
" သွင်မပြောလို့မရဘူးလား"
" ကိုယ်သိချင်တယ် မင်းကို သူနဲ့ စိတ်မချဘူး.."
"... "
သူနဲ့မှ မဟုတ်ဘူး ဘယ်သူနဲ့မှ ကိုယ်စိတ်မချဘူး.. သိလား ကိုယ်မင်းကို အရမ်းချစ်တာမို့.. မင်းနဲ့ကိုယ် စတွေ့ကတည်းက တစ်ခုခုကြောင့် ချဉ်းကပ်လာတာလဲသိတယ် မင်းဓနဦးနဲ့ပက်သတ်တဲ့ လူမှန်းလည်း သိတယ် ဒါပေမယ့် ကိုယ် မင်းအနားမှာ ရှိနေရတာကို သဘောကျတယ် တစ်ယောက်ယောက်က မင်းကို ထိခိုက်အောင်လုပ်မှာလည်း စိုးတယ်
မင်းက ယောကျားလေးမှန်း သိနေတာတောင်မှ မင်းက ကိုယ့်ကို အသုံးချနေမှန်း သိတာတောင်မှ နောက်ဆုံး မင်းကို့ကို မချစ်မှန်းသိတာတောင်မှ ကိုယ်မင်းကို လက်မလွှတ်နိုင်ဘူး မင်းမဟုတ်တဲ့ တခြားသူတစ်ယောက်ရဲ့ လက်ကိုတွဲဖို့ ကိုယ်စိတ်မကူးနိုင်ဘူး"
"... "
"ကိုယ်က မင်းဖုန်းဆက်မှာကို စောင့်နေခဲ့တာ မင်းဖုန်းမဆက်ရင် မလာဘူးလို့တွေးထားပေမယ့် မင်းကလေ ကိုယ့်ကို စိတ်မဆိုးရဲအောင် လုပ်နေတာပဲ ပထမတစ်ခါ စိတ်ဆိုးမိတော့ မင်းအနားကို မိုးယံရောက်လာတယ် ဒုတိယတစ်ခါ စိတ်ဆိုးမိတော့ မင်းဓနဦး အခုတစ်ခါကျတော့ ကိုယ့်သူငယ်ချင်း..
မင်းနားကို လူတေမကပ်အောင် ကိုယ် မင်းကို အပိုင်သိမ်းထားလိုက်ချင်တယ် "
စက်နေရိုင်းက မိုးသွင်၏ ခန္ဓာကိုယ်လေးကို ဆိုဖာခုံပေါ်လှဲချလိုက်ပြီး အုပ်မိုးလိုက်ကာ မွတ်သိပ်စွာနမ်းလိုက်သည်။ သူ၏လက်များကလည်း တစ်ခါမှ မကျူးကျော်ဖူးသော မိုးသွင်၏ ဗိုက်သား ချပ်ချပ်ကို ပွတ်သပ်လိုက်သည်။ ထိုအထိအတွေ့ကြောင့် မိုးသွင်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တွန့်သွားသည်။
" အချစ်.."
စက်နေရိုင်းက အနမ်းများကို ရပ်တန့်ပြီး နူးနူးညံ့ညံ့ခေါ်လိုက်ကာ မိုးသွင်ကို ရီဝေစွာ စိုက်ကြည့်နေသည်။
" ဘယ်သူ့ကို ခေါ်တာလဲ"
မိုးသွင် မဝံ့မရဲမေးမိသည်။
" ချစ်မိုးသွင်ဆိုတဲ့ အချစ်ကို ခေါ်တာ
စတွေ့ကတည်းက ဒီရင်ဘတ်ကြီးက ခေါ်နေမိတာ"
စက်နေရိုင်းက မိုးသွင်၏ နှုတ်ခမ်းများ ထပ်မံ၍ နမ်းရှိုက်လိုက်ပြီး မိုးသွင်၏ အင်္ကျီအောက်မှ nippleများကို ထိတွေ့လိုက်သည်။
မိုးသွင်မှာ ထိတ်လန့်ပြီး သူ့ကို နမ်းနေသော စက်နေရိုင်း၏ မေးရိုးကို လက်ဖဝါးနှင့်တွန်ကာ သူ့ကို အုပ်မိုးထားသောသူကို လွတ်နေသော ခြေထောက်များနှင့် တွန်းကန်မိသည်။
ဒါ ဘယ်လိုအခြေအနေကြီးလဲ။
ဒီလူ ဘယ်ထိ သွားဖို့ စိတ်ကူးနေတာလဲ။
ပြီးတော့ အောက်ပိုင်းဆီမှ ခပ်မာမာ အထိအတွေ့။
စက်နေရိုင်းက မိမိအောက်မှ ရုန်းကန်နေသော လူသားလေးကို အသည်းယားကာ လက်များကို ခေါင်းရင်းဘက်တွင် စုကာ ကိုင်ထားလိုက်ပြီး အနမ်းတို့ကို ပိုမိုမွတ်သိပ်စေလိုက်သည်။
အွန့်အွန်း..အွန့်အွန်း..
ရုန်းကန်နေသော လူသားလေး၏ နှုတ်ခမ်းများကို ခနလွှတ်ပေးလိုက်တော့
"ဖယ်..ဖယ်..အခုဖယ်တော့..လွှတ်ပေးတော့လို့ "
" မလွှတ်ပေးချင်ဘူး"
လူယုတ်မာ လေသံဖြင့်ပြောလာသော စက်နေရိုင်း။
"ခင်ဗျားနော်... "
"အချစ်ကလည်း.. "
" မခေါ်နဲ့ဗျာ ဖယ်တော့.."
" အိုး..မဖယ်နိုင်ပါဘူး မင်းဘေးမှာ တခြားသူကို မထားရဲအောင် လူတစ်ယောက်နဲ့ ခင်ရင် တစ်ခါ တံဆိပ်ခတ်ပေးရမယ် ဒါ စက်နေရိုင်းရဲ့ လူပါလို့ "
"ခင်ဗျား.. "
"ကိုယ့်ကို ခွင့်ပြုပေးမလား "
" မရဘူး.."
" အချစ်.."
"လာချွဲပြမနေနဲ့ "
" ကိုယ်မချွဲရပါဘူးကွာ"
"ခင်ဗျား မျက်နှာကြီးက အဲ့လိုပုံစံပေါက်နေတယ် "
"ကိုယ့်ကို ကိုယ်သင်းနံ့လေးငှားပေးပါဦး "
စက်နေက သနားစဖွယ်မျက်နှာလေး လုပ်ပြလိုက်သည်မို့ မိုးသွင်က ပင့်သက်တစ်ခု ရှိုက်လိုက်ပြီး
"အဲ့ထက်မပိုရဘူးနော် "
"အင်း.. "
"မီး..မီး..ပိတ်ပေးဦး.. "
"ဘာဖြစ်လဲ..ဒီတိုင်း လင်းလင်းချင်းချင်းရှိတာပေါ့ "
"မီးပိတ်ပေးမှ.. "
စက်နေရိုင်းက မီးထပိတ်ပေးလိုက်ပြီး
"ကိုယ့်ကို မင်းလက်ကလေး ငှားပါဦး "
" ခင်ဗျား.."
" ကိုယ့်ခေါင်းလေးကို ကိုင်ထားပေးစေချင်တယ်"
"မ..မရဘူး.. "
" ဘာလို့လဲ အရင်တစ်ခါကတောင် လုပ်ပေးသေးတာကို"
" ခင်ဗျား ဘယ်သူနဲ့ လာမှားနေတာလဲ ကျွန်တော် ခင်ဗျားဟာကို တစ်ခါမှ မကိုင်ဖူးဘူး ဘယ်သူ့ဟာမှလည်း မကိုင်ဖူးဘူး ကိုယ့်ဟာကိုယ်တောင် ကိုင်ဖူးတာမဟုတ်ဘူး.."
"..."
"မ.. မ..မရှက်ဘူးလား.. "
မရှက်ဘူးလား မေးသူက ခေါင်းကို အသားကုန်ငုံ့ထားသည်။ ထိုအခါမှ စက်နေရိုင်း မိုးသွင်ပြောတာကို နားလည်တော့သည်။ စက်နေရိုင်းက မိုးသွင်၏ မေးဖျားလေးကို ဆွဲယူလိုက်ပြီး
"ခင်ဗျားလေးက ဘာတေမှောင်မိုက်နေတာလဲ
ကိုယ်က ကိုယ့်ရဲ့ ဆံပင်လေးတေကို ကိုင်ပေးစေချင်တယ်လို့ပြောတာပါဗျာ.. "
စက်နေရိုင်းက မိုးသွင်ကို မျက်နှာချင်းဆိုင်အနေအထားနှင့် ပေါင်ပေါ်တင်လိုက်ပြီး မိုးသွင်၏ လက်များကို သူ့ခေါင်းပေါ် နေရာချပေးလိုက်သည်။ လက်တစ်ဖက်က မိုးသွင်၏ခါးကို ဖက်တွယ်ထားပြီး ကျန်လက်တစ်ဖက်က သူ၏ ကောင်လေးအပေါ် လှုပ်ရှားကာ သူ၏မျက်နှာကို မိုးသွင်၏ လည်တိုင်ကြားတွင် အပ်ထားလိုက်သည်။
ဦးခေါင်းမှ ခပ်ဖွဖွအထိအတွေ့
နှာဖျားမှရနေသော ချစ်ရသူ၏ ကိုယ်သင်းရနံ့
ကြောင့် သူ၏စိတ်တို့သည် ပိုမို ရမ္မက်ဆန်လာသည်။
"ကိုယ့်ကို နမ်း.. "
စက်နေရိုင်းစကားကြောင့် မိုးသွင်မျက်နှာလွှဲသွား၍ စက်နေရိုင်းကပင် စတင်ပြီး မိုးသွင်၏နှုတ်ခမ်းကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး အချစ်ရယ်။
ကိုယ်မင်းကို ဒီထက်ပိုပြီး ပိုင်ဆိုင်ချင်တယ်
ထိတွေ့ချင်တယ်။ မင်းရဲ့ သက်ဆိုင်သူက ကိုယ်ပါဆိုတာကို တလောကလုံးကို ပြောပစ်လိုက်ချင်တယ်။
(Only Imagination)

LoveWhere stories live. Discover now