38

28 3 0
                                    

" သွင် ဘယ်ကပြန်လာတာလဲ"
အိမ်ထဲသို့ ၀င်လာသော မိုးသွင်ကို မေရှားက မေးလိုက်သည်။ စက်နေနဲ့သွားတာတော့ မဖြစ်နိုင်။ စက်နေက ဒီနေ့အလုပ်ကိစ္စရှိလို့ မလာနိုင်ကြောင်းပြောထားသည်ပဲ။ ပြီးတော့ အိမ်ပြင်မှာ တွေ့လိုက်ရသည့်ကားက သူထင်တာ မမှားဘူးဆို ကိုဧကရဲ့ကားပဲ။
"သွင် လိုအပ်တာလေးရှိလို့ သွား၀ယ်တာပါ "
"ဘယ်သူနဲ့လဲ "
"ကိုဧကနဲ့ "
" စက်နေသိလား"
"မသိပါဘူး "
"ရှုပ်ရှုပ်ယှက်ယှက်တေမလုပ်နဲ့ သွင်
စက်နေရဲ့စိတ်ကို မင်းအသိဆုံး "
မေရှားထက်က သွင့်ကို သတိပေးစကားပြောလိုက်သည်။ ငယ်ပေါင်း သူငယ်ချင်းဖြစ်သည့်အလျောက် စက်နေ၏ အစွန်းရောက်သည့် စိတ်ကိုလည်း သူမသိသည်။ ယခုအချိန်တွင် စကားကောင်းကောင်း မပြောသေးသော်လည်း သူ့သူငယ်ချင်း စိတ်ထိခိုက်စေမည့်ကိစ္စများကို မဖြစ်လိုပေ။ ပြီးလျှင် မိုးသွင်ကိုလည်း စက်နေနှင့်လွဲ၍ တခြားမည်သူနှင့်မျှ သဘောမတူပေးနိုင်။ အန်တီ့ယင်းမာဘက်က သဘောတူတဲ့အချိန်ထိ နှစ်ယောက်သား လက်မလျှော့စေလိုပေ။
" မနက်ဖြန် မင်းဖို့ ၀တ်စုံလိုက်၀ယ်ပေးမယ်"
"သွင့်အတွက် မလိုပါဘူး "
"သဘက်ခါ Dinner အတွက်‌
မင်းက ငါ့မောင်လေးပါဆိုတာကို အားလုံးရှေ့မှာ တရား၀င်ကြေငြာမလို့ "
" အဲ့လောက်ထိ မလုပ်လည်း..."
" လုပ်ရမယ် မင်းမှာရသင့်ရထိုက်တာတေအကုန် မင်းကို မမပြန်ပေးရမယ် ကုမ္ပဏီကို လိုချင်တယ်ဆိုလည်း"
"ဟင့်အင်း သွင်မလိုချင်ပါဘူး "
" ဒါတွေက မင်းရဲ့ ရပိုင်ခွင့်တေပဲလေ"
"သွင် မမနဲ့နေခွင့်ရတာကိုပဲ ကျေနပ်လှပါပြီ
ပြီးတော့ သွင်ကိုယ်တိုင်ကလည်း ဘာမှ လုပ်တတ်တာမဟုတ်ဘူး "
"မင်းမှာ စက်နေဘေးနားမှာ ရပ်တည်နိုင်ဖို့ တစ်ခုခုလိုသေးတယ်လေ အဲ့ဒီအတွက်.. "
" ရပါတယ်"
"မင်းမှာ ဘာကျောထောက်နောက်ခံမှ မရှိဘူးဆို လူတေရဲ့အပြစ်ပြောတာကို ခံရလိမ့်မယ်
ဒါက မမက မင်းကို သိမ်ငယ်အောင်ပြောတဲ့စကားမဟုတ်ဘူး ဖြစ်တတ်တာကိုပြောပြတာ စက်နေက လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အတွက် လူပုံအလယ်မှာ မင်းကို ချပြတဲ့အချိန် မင်းမှာ ဂုဏ်တစ်ခုခုရှိနေသင့်တာ အဲ့ဒါကြောင့် မင်းက မမမောင်လေးဆိုတာကိုတော့ မမ ထုတ်ပြီး ပြောရလိမ့်မယ် "
"ကျွန်တော် ယောကျားလေးလိုရော နေလို့ရမလား မမ သွင်က ဖေဖေ့ရဲ့သားဖြစ်ကြောင်း ကြေငြာချင်လို့မဟုတ်ပါဘူး သွင့်ရဲ့ပုံစံအမှန်တိုင်း နေကြည့်ချင်လို့ပါ"
"ရတယ် သွင်ကြိုက်သလိုနေလို့ရတယ် သွင့်ရဲ့စိတ်ဆန္ဒအားလုံးကို မမက ဖြည့်ပေးမယ်
ဒါကလည်း မင်းအပေါ်မှာ လုပ်ခဲ့မိတဲ့ အပြစ်တေကြောင့်မဟုတ်ဘဲနဲ့ အမတစ်ယောက်ရဲ့ မေတ္တာကြောင့်ပဲ  "
မိုးသွင်က ထိုင်နေသော မေရှားရှေ့တွင် ဒူးထောက်ချလိုက်ပြီး မမ၏ခါးကို ဖက်ကာ ရှိုက်ငိုမိသည်။
မေရှားမှာလည်း မိမိကိုဖက်ကာ ရှိုက်ကြီးတငင်ငိုလာသော မိုးသွင်၏ ဦးခေါင်းလေးကို ညင်သာစွာပွတ်သပ်ရင်း သူမ၏မျက်၀န်းတွင်လည်း မျက်ရည်စတို့ရစ်သီလာခဲ့သည်။
အရင်ကတည်းက သွင့်အပေါ် နွေးထွေးပေးခဲ့ရမှာ။
.
.
ညမီးရောင်များကြားတွင် မေရှားထက်တို့၏ အိမ်သည် ထည်ဝါစွာတည်ရှိနေသည်။ ခြံ၀န်းထဲတွင်လည်း ရောင်စုံမီးများဖြင့် အလှဆင်ထားပြီး ဧည့်သည်များလည်း တော်တော်လေးရောက်ရှိနေပြီဖြစ်သည်။
"မေရှား သွင်ရော "
"အိမ်ထဲမှာဘဲရှိသေးတယ် "
" ငါသွားလိုက်ဦးမယ်"
" ဘာလုပ်ဖို့ သွားမှာလဲ"
"ဒီနေ့မတွေ့ရသေးဘူး "
" မသွားတော့နဲ့ ခနနေရင် ရောက်လာလိမ့်မယ် "
" အခု တွေ့ချင်နေတာ"
" သွင်က လာမတွေ့ပါနဲ့လို့ပြောထားတာ"
" နင် ဖွက်ထားတာတော့မဟုတ်ဘူးမလား"
ပြောမနိုင်လည်း မပြောတော့ဘူး။
မေရှားထက်က စက်နေကို မပြောတော့ဘဲ အားလုံး၏ အရှေ့တွင်ရှိနေသော စင်လေးပေါ်သို့ တက်လာခဲ့သည်။
" မင်္ဂလာညချမ်းပါရှင်
ဒီနေ့ ကိုမင်းဓနဦးနဲ့ ကျွန်မတို့ရဲ့ Wedding Dinner Partyကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ဒီနေ့ညမှာတော့ ကျွန်မမှာ အားလုံးနဲ့ မိတ်ဆက်ပေးစရာ လူတစ်ယောက်ရှိပါတယ် ‌သူကတော့ ကျွန်မရဲ့မောင်လေး ချစ်မိုးသွင်ပါ မိုးသွင် စင်ပေါ်ခနတက်ခဲ့ပေးပါဦး"
မိုးသွင်က စင်၏ဘေးနားရှိ ပန်းအိုးနှင့် ကွယ်ရပ်နေရာမှ စင်ပေါ်သို့ တက်လိုက်ပြီး မမ၏ဘေးတွင် သွားရပ်လိုက်သည်။
စင်ပေါ်တက်လာသော မိုးသွင်၏ပုံစံကြောင့် စက်နေရိုင်းမှာ တအံ့တဩဖြစ်ရသည်။ ယခင်က ကျောလယ်ထိရှိနေသော ဆံနွယ်များက ယခုတွင်တော့ ခပ်အုပ်အုပ်ကေတိုလေးအဖြစ်သာ ရှိတော့သည်။ ၀တ်ထားသည့် အဖြူရောင် suitလေးနှင့် ယောကျားလေးပုံစံအပြည့်အ၀ပြောင်းထားသော်လည်း စက်နေရိုင်း၏ မျက်၀န်းထဲမှာတော့ ချစ်စရာကောင်းမှုတို့က လျော့မသွားပေ။ သူ့ကို အတွေ့မခံတာ ဒါကြောင့်လား။ တကယ်ဆို အဲ့ပုံစံလေးကို သူအရင်ဆုံးမြင်ခွင့်ရသင့်တာကို။ အခုတော့ကြည့်ပါဦး လူ‌ေတအများကြီးနဲ့ တစ်ချိန်တည်း ကြည့်ရတာကတော့ မဟုတ်သေး။ ပြီးတော့ ပွဲတက်လာသည့် လူများကလည်း မိုးသွင်ကိုသာ အာရုံစိုက်ကြည့်နေကြသည်။ မိန်းကလေးတေက ပိုဆိုးသည်။
မိန်းကလေးပုံစံနဲ့တုန်းကဆို ယောကျားလေးတေနဲ့ သ၀န်တိုရသည်။ အခုလို ယောကျားလေးပုံစံပြောင်းလိုက်ပြန်တော့လည်း မိန်းကလေးတေက သဘောကျနေကြတော့ အူတိုရပြန်သည်။
ဘယ်လိုနေနေ စိတ်မချချင်စရာလေး။
မေရှားထက်ပြောနေသော စကားများက သူ့နားထဲမ၀င်။ အခု သူသိတာက မိုးသွင်ကို ဒီကနေခေါ်ထုတ်သွားချင်တာပဲ သိသည်။
" သွင် ဒီလိုလေးကျတော့လည်း ချောတာပဲ
ဒါပေမယ့် ချစ်စရာကောင်းတာလေးကလည်း လျော့မသွားဘူး"
ဒေါ်နန်းမွှေး၏ ချီးကျူးသံကြောင့် မိုးသွင် ရှက်ပြုံးလေးပြုံးလိုက်မိသည်။
သူ့လူကြီးကရော ဘယ်လိုမြင်မလဲ။
စင်ပေါ်ကနေ ဝေ့ဝဲကြည့်တုန်းကတော့ မျက်မှောင့်ကြီး ကြုတ်ထားသည်။ သူဒီလို ၀တ်စားတာကို မကြိုက်တာလား။ အရင်ကဆို သူက ဆံပင်ရှည်နဲ့ နူးနူးညံ့ညံ့ပုံစံကိုပဲ မြင်ဖူးတာဆိုတော့ ယောကျားလေးပုံစံနဲ့ကျ သူ့ကို ဘယ်လိုမြင်မလဲ။
ဧကရီစံကပါ အနားကိုရောက်လာပြီး ချီးကျူးစကားများဆိုနေတော့ မိုးသွင်မနေတတ်တော့။
ရိုင်းရှေ့ကို သူသွားချင်နေပြီ။
"နောက်တစ်ပွဲကျရင်လည်း လာခဲ့ရမယ်နော် "
" ဘယ်ပွဲလဲဗျ"
"ကိုစက်နေနဲ့ ကျွန်မရဲ့ပွဲကိုပေါ့ စေ့စပ်ပွဲ Dinnerကျွေးမှာလေ ကိုစက်နေက ပြောမပြဘူးလား"
ဧကရီစံ၏စကားကြောင့် မိုးသွင်၏မျက်နှာလေးက အံ့ဩရိပ်လေးပြလာသည်။
ရိုင်းက လက်ခံလိုက်ပြီလား။
"သွင် "
ဧကရာဇာကပါ သူတို့နားရောက်လာသည်မို့ သွင့်အတွက် ရိုင်းဆီသွားဖို့က နှောင့်နှေးနေသည်။
"မိတ်ဆက်ပေးစရာလေးရှိလို့ သွင့်ကို ခေါ်သွားမယ်နော် အေးအေးဆေးဆေးသုံး‌ေဆာင်ကြပါနော်"
မမမေရှားက ထိုမိသားစု သုံးဦးရှေ့မှ ခေါ်ထုတ်လာ၍ တော်ပါသေးသည်။
" စက်နေနဲ့ တွေ့ပြီးပြီလား"
သွင်က ခေါင်းရမ်းပြလိုက်သည်။
" သူစိတ်တိုနေတယ်ထင်တယ် သွားချော့လိုက်ဦး"
မေရှားက ‌မျက်နှာတည်တင်းနေသော သူငယ်ချင်းဆီသို့ မိုးသွင်ကို တွန်းပို့လိုက်သည်။
"ရိုင်း "
" ကိုယ့်ကို ဘာလို့မပြောတာလဲ"
"သွင်က ရိုင်းကို အံ့ဩစေချင်လို့ပါ သွင်က ဒီလိုပုံစံနဲ့ လိုက်ရဲ့လားဟင် "
စက်နေရိုင်းက မဝံ့မရဲဖြစ်နေသော ကောင်လေးကို အသဲယားက ဆွဲနမ်းဟန်ပြင်တော့
"လူတေနဲ့  "
" ပွဲပြီးရင် ကိုယ်နဲ့ ပြန်လိုက်ခဲ့ရမယ်"
" နောက်ရက်ရောက်မှပဲ"
" မရဘူး"
"ရိုင်းကလည်း နောက်ရက်ဆို  "
" ဒီမှာ ဘာလုပ်ဖို့လဲ သူတို့က မင်္ဂလာဦးညကို သွင်က နှောင့်ယှက်ချင်လို့လား"
" ဒီတစ်ရက်ပါပဲ"
"မင်းနဲ့မအိပ်ရတော့ ကိုယ် ညဘက်တေအိပ်မပျော်ဘူး"
" အင်းပါ ဒီတစ်ညပါပဲဆို"
"ဒါဆို အခု ကိုယ့်နားမှာဘဲနေ
ပြန်ရင် လိုက်ပို့ပေး "
" အွန်း"
စက်နေရိုင်းက မိုးသွင်ကို သူ့နားမှာဘဲနေစေပြီး မိုးသွင်‌ေရှ့မှာပင် တခြားမိတ်‌ဆွေများက နှုတ်ဆက်သည်ကို စကားလက်ခံပြောသည်။
ဧကရီစံက အနားရောက်လာသည်က လျစ်လျူရှု့လိုက်ပြီး လူရှင်းသောနေရာသို့ သိသိသာသာပင် ရှောင်ထွက်ခဲ့လိုက်သည်။
.
.
" ရန်နောင်"
"ဟုတ်ကဲ့ဗျ "
ကားနောက်ခန်းထဲမှ ဒေါ်ကလျာ၏ မေးခွန်းကို ရန်နောင်က ကားမောင်းနေရင်းမှ တုန့်ပြန်လိုက်သည်။
ပွဲတက်လာသော အန်တီ့ကို ပြန်လိုက်ပို့ပေးဖို့က သူ့တာ၀န်ကျလာသည်။ စက်နေပြန်လိုက်ပို့ပေးလျှင် ပြန်လာခွင့် မရမှာစိုး၍ဖြစ်သည်။
" ဧကရီနဲ့ သားရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"

"ကျွန်တော် အမှန်တိုင်းပြောရမှာလားဗျ "
" လိမ်ချင်သေးတာလား"
" ဧကရီစံက သားကို သဘောကျတဲ့ပုံစံမျိုး မြင်ရလား"
"စတွေ့တဲ့အချိန်ကတည်းက စက်နေက သူက ယောကျားလေးဖြစ်တဲ့ သွင့်ကို သဘောကျတယ်လို့ ပြောထားပါတယ်  "
" အဲ့ဒါဆို ဧကရီက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးတယ်လား"
"အဲ့လို့မဟုတ်ဘူး ကိုဧကက ကြိုက်နေလို့ "
"ဘာပြောတယ် ဧက ကကြိုက်နေတာ
သားကိုလား.. သွင့်ကိုကြိုက်နေတာမလား"
"မဟုတ်ဘူးလေ အန်တီရယ် သွင့်ကို ကိုဧကသဘောကျနေတော့ စက်နေနဲ့ သွင်ကချစ်သူတေဆိုတော့ ဧကရီက စက်နေတို့ကြားထဲ ခလောက်ဆန်ချင်တာမျိုး အကို့အတွက် သူကလုပ်ပေးတဲ့ပုံစံမျိုးပေါ့ ပြီးတော့ စက်နေက သူ့ကို တကယ်လက်မထပ်ဘူးလည်း ထင်လို့နေမယ်"
မိမိသဘောကျနေသော အမျိူသမီးကို ပြောနေရသဖြင့် စိတ်ထဲမှလည်း တောင်းပန်နေမိသည်။
ဒါပေမယ့် သူ့အပြစ်ကလည်း ရှိနေသေးသည်။
" ဒါဆို သွင့်ကိုလိုချင်လို့ သားကို လာကပ်တဲ့သဘောပေါ့"
ရန်နောင် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
" မင်းကို ဘယ်လိုယုံရမှာလဲ
အမြဲတမ်း သူငယ်ချင်းဘက်ကပဲ ကာနေတာ"
" ... "
မေးလို့လည်းဖြေရသေးတယ်။

ရန်နောင်၏စကားများကို တွေးရင်းနှင့် ဖြစ်နိုင်ချေရှိသည်ကို စဉ်းစားမိသည်။ ဒေါ်နန်းမွှေးရဲ့စကားတေအရလည်း မိုးသွင်ကို အတော်လေး သဘောကျနေသည့်ဟန်နှင့်ဖြစ်သည်။ ပြီးတော့ ဒီနေ့ပွဲမှာလည်း ဧကရီက မိုးသွင်ကို ဖော်ရွေစွာ နှုတ်ဆက်နေသေးသည်။ ဘယ်အမျိုးသမီးကများ မိမိသတိုးသားလောင်း၏ချစ်သူကို ဖော်ဖော်ရွေရွေ နှုတ်ဆက်မည်နည်း။ ပြီးတော့ သားနဲ့မိုးသွင်နဲ့ အတူရှိနေတယ်ဆိုတာကို သူ့ကို သွယ်ဝိုက်ခြင်းဖြင့် အသိပေးခဲ့သူ။
သားကို အသုံးချဖို့အတွက်လုပ်တယ်ဆိုရင်တော့ သူမဘက်ကလည်း ဘယ်မျက်နှာမှထောက်မည်မဟုတ်ပေ။ ဒီကိစ္စကို သေချာစုံစမ်းရမယ်။
(Only Imagination)

LoveWhere stories live. Discover now