စိတ်တေညစ်ညူးနေသဖြင့် မိုးသွင်တစ်ယောက် မိုးယံတို့၏ ပန်းဆိုင်သို့လာခဲ့သည်။ ရိုင်းကလည်း ဟိုတနေ့ကတည်းက ပြန်သွားပြီး လာမတွေ့သေး။
ရိုင်းကို လာလည်းလာစေချင်သည်။
မျက်နှာချင်းလည်း မဆိုင်ရဲသေးပေ။
"ကြိုဆိုပါတယ်ဗျ "
"မိုးသွင်က ဒီမှာ အလုပ်ပြန်လုပ်နေတာလား "
"ဟုတ်ပါတယ် ကိုခန့်သီဟ ဘာပန်းလိုလို့လဲမသိဘူး"
" နေကြာပန်းလိုချင်လို့ပါ"
"နေကြာပန်းက ကုန်နေတယ်ဗျ "
မိုးသွင်၏နောက်မှ မိုးယံကပြောလိုက်သည်။
နေကြာပန်းတေ နောက်မှာ ရှိနေတာကို။
သို့သော် မိုးသွင်က ဘာမှတော့ ၀င်မပြောပေ။
Orderအများကြီး ကျပြီးသွားလို့များလားဟုသာ တွေးလိုက်မိသည်။
"ကိုယ့်အတွက်
ဒေစီပန်းလေးရောကျန်နေဦးမလား "
မိုးယံ၏စကားကို ပြုံးစစဖြင့် တုန့်ပြန်လာသည်က အမြင်ကပ်စဖွယ်။
"အခုမရှိလည်း ရပါတယ် တကယ်လို့များ ကိုယ့်အတွက် မင်းဆီမှာ ဒေစီပန်းလေးတေများ ပွင့်နေရင် ကိုယ်က တန်ဖိုးထားပြီး.. "
"ခင်ဗျား တိတ်တော့"
သူတို့နှစ်ယောက်ကြားတွင်တော့ မိုးသွင်က ဟိုကြည့်ဒီကြည့်နှင့်သာ သူတို့ပြောသောစကားများကိုလည်း နားမလည်ပေ။
" ဒါဆို ကိုယ့်ကို ဘာပန်းလေးရောင်းပေးလို့ရမလဲ"
"ခေါင်ရမ်းပန်းယူမလားဗျ
အလကားပေးလိုက်မယ် "
ခေါင်ရမ်းပန်းက အညာဒေသဘက်တွင် အသုဘအခမ်းအနားတေမှာ သုံးတတ်သည်မို့ မိုးယံက မေးလိုက်သည်။
"ခေါင်ရမ်းပန်းရဲ့ အဓိပ္ပာယ်ကိုသိလား
အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့ အဲ့လောက်ထိ ကိုယ့်အပေါ် အချစ်တေကြီးမားလာပြီလား"
"ခင်ဗျား လူ့ရှေ့မရှောင် သူ့ရှေ့မရှောင် flirtလှချည်လား "
" အာ ကိုယ်က မင်းပြောတဲ့စကားကို ပြန်လိုက်ပြောတာပါ ပြောကြကြေးဆို မင်းက အရင် ခေါင်ရမ်းပန်းပေးမယ် ပြောတာမဟုတ်လား"
" ဘာပန်းမှလည်းမပေးဘူး
ရောင်းလည်းမရောင်းဘူးဗျာ ပြန်တော့"
"အင်း ဒီနေ့တော့ ဒီလောက်ပါပဲ ကိုယ်လည်း ဂျူတီရှိသေးလို့ သွားတော့မယ်
မနက်က စောစောထလမ်းလျှောက်ထားလို့နဲ့တူတယ် ဒီနေ့ပိုပြီး ချစ်စရာကောင်းနေတယ်"
မိုးယံ၏ ခေါင်းလေးကို ဖွဖွလေးပုတ်ပြီး ပြောလာသည်။ အကြည့်တို့ကလည်း နူးနူးညံ့ညံ့။
ဒုတ်..ဒုတ်..
မခုန်နဲ့။ မမြည်နဲ့လေ။ ငြိမ်ငြိမ်နေစမ်း။
ရင်ဘတ်ထဲမှ နှလုံးခုန်သံများကို အသံတိတ်အမိန့်ပေးနေမိသည်။
"နှလုံးခုန်နှုန်းက တစ်ရာကျော်လောက်ရှိတော့မယ်ထင်တယ် "
"ခင်ဗျား "
"သွားပြီ "
ခန့်သီဟက မိုးယံ၏ ပါးကို ခပ်ဖွဖွဖဲ့ကာ ထွက်သွားတော့သည်။
" မင်းတို့က ဘာတေလဲ"
မိုးသွင်က မိုးယံကို မေးခွန်းထုတ်လာသည်။
"ဘာမှ မဟုတ်ဘူး "
"ဟိုနေ့ကလည်း ဖုန်းထဲမှာ မေကြီးပြောတာကြားလိုက်ပါသေးတယ် ဒေါက်တာလေးဖို့ ဒေါက်တာလေးဖို့နဲ့ သွင့်ကို ဘာတေလျှိုထားတာလဲ ပြော
ရည်းစားတေလား"
မိုးယံ၏ မျက်နှာက အနည်းငယ် နီလာသည်။
"ရည်းစားဆိုရင် ဒီလိုပြောမလား "
" ဘာတေလဲ အရင်တစ်ခါ ရည်းစားစကားပြောတယ်ဆိုတာ ကိုခန့်သီဟလား"
"ဟုတ်တယ် "
"ငါက ကိုခန့်သီဟကို မိန်းကလေးပဲကြိုက်မယ်ထင်နေတာ မထင်ရဘူးနော်"
"ကိုစက်နေကရော ထင်ရလို့လား
သူ့နားမှာ ဝိုင်းဝိုင်းလည်နေတဲ့ကြား မင်းကိုပဲကြိုက်နေတာလေ ငါသာဆိုရင် အူတူတူ အတတ မင်းကို ကြိုက်မှာမဟုတ်ဘူး "
"ဟုတ်တယ်နော် "
မိုးယံ၏စကားကြောင့် မိုးသွင်၏မျက်နှာလေးမှာ ညှိုးငယ်သွားသည်မို့
"ငါက ဒီအတိုင်းပြောလိုက်တာပါ ငါဆိုလည်း နှာဗူးတစ်ယောက်ကိုတောင် ကြိုက်ခဲ့သေးတာပဲ ကြိုက်တာက တားလို့မှမရတာ "