14

23 1 0
                                    

စက်နေရိုင်း အိပ်ပျော်နေရင်းမှ ဖုန်းသံကြောင့် နိုးလာသည်။ သို့သော် မိုးသွင်က ဖုန်းကိုင်လိုက်သဖြင့်  မျက်လုံးမှိတ်ထားရင်း နားစွင့်နေလိုက်သည်။
"ဟလို.. "
"... "
"နိုးပါပြီ.. "
" ... "
"သွင် မမေးရဲဘူး ကိုကို "
"... "
" သွင်.."
"... "
"လာမတွေ့ဘဲတော့ မနေပါနဲ့
သွင်.. သွင် ငိုလိုက်မှာနော် "
အသံအနည်းငယ်တုန်ကာ ပြောနေသော ချစ်ရသူ၏နောက်ကျောကို ကြည့်ကာ စက်နေရိုင်း၏ ရင်ဘတ်သည် နာကျင်ရသည်။
သူလာမတွေ့မှာ အဲ့လောက် ကြောက်သလား အချစ်ရယ်။
စက်နေရိုင်း နာကျင်လွန်းသဖြင့် ကိုယ်တိုင်မသိလိုက်ပါဘဲ မျက်ရည်များ ကျလာသည်။
" ဟင်..ကိုစက်နေ..ဘာလို့ ငိုနေတာလဲ
နေမကောင်းဘူးလား"
ဖုန်းပြောနေသူက သူ့ဘက်လှည့်လာပြီး စိတ်ပူစွာ မေးသည်။ မိုးသွင်မျက်လုံးတေကို စိုက်ကြည့်မိတော့ သူ့ကို တကယ်စိတ်ပူနေသည့် ဟန်ပင်။
သူတကယ်ပဲ ဒီကောင်လေးက သူ့အပိုင်ဆိုတာကို တလောကလုံး သိစေချင်လိုက်တာ။
"နေမကောင်းလို့လား တနေရာရာက နာလို့လား "
"ကိုယ့်ကို ဖက်ထားပေးပါလား "
မိုးသွင်က စက်နေရိုင်းကို ဖက်ထားပေးလိုက်သည်။
" ကိုယ်တို့ လက်ထပ်ကြမလား"
" ကိုစက်နေကလည်း.."
စက်နေရိုင်းက ဖက်ထားရာမှ ဖယ်ခွာလိုက်ပြီး
"တခြားနာမ်စားပြောင်းခေါ်ပါလား ကိုကိုကလွဲရင် တခြားနာမ်စား "
"မခေါ်ချင်ပါဘူး သွင်က မိန်းကလေးမှ မဟုတ်တာကို "
"ဟိုကောင့်ကို ကျ ကိုကိုလို့ခေါ်ပြီး "
"အဲ့ဒါက နှုတ်က အကျင့်ပါနေပြီမို့ "
"သူ့ကိုကျ.. "
" ရိုင်း.."
"... "
"သွင်က ရိုင်းလို့ခေါ်ချင်တာ "
"ရိုင်းဆိုတာကြီးက မကောင်းပါဘူး "
"ဘာလို့လဲ "
" မကြိုက်ဘူး"
"ဂျေးများမနေနဲ့ ထတော့ မိုးယံလာတော့မယ် အလုပ်သွားရမယ် "
" နေဦး ကိုယ်မေးစရာရှိသေးတယ်"
" ဘာလဲဟင်"
စက်နေရိုင်းက မိုးသွင်၏ ဖြန့်ချထားသော ဆံနွယ်များကို ညင်သာစွာ ထိတွေ့ရင်း
"မနေ့က ရန်နောင့်ကို ဘာတေပြောလိုက်သေးလဲ "
" မပြောပါဘူး ပြီးတော့ သွင် စကားပြောတတ်တာကို သိတာဆိုလို့ ကိုကိုရယ် ရိုင်းရယ် ပြီးတော့ မိုးယံရယ်ပဲရှိတာ ဆရာတောင် သိတာမဟုတ်ဘူး"
"အဲ့လူက ကိုယ့်ထက်အရင်သိတာလား "
"အွန်း "
"ကိုယ်မကြိုက်ဘူး "
"ဘာကိုလဲ "
"အဲ့လူနဲ့တန်းတူထားတာကို "
"မတူပါဘူး ကိုကိုက သပ်သပ်
ရိုင်းက သပ်သပ်ပါ "
"ကိုယ့်ကို ပိုချစ်တယ်မလား "
"ရိုင်းဆိုရင်ရော ရိုင်းမေမေနဲ့ သွင့်ကိုဆို ဘယ်သူ့ကို ပိုချစ်လဲ "
မိုးသွင်၏ မေးခွန်းကြောင့် စက်နေရိုင်း မိုးသွင်ကို အံ့ဩတကြီးကြည့်လိုက်သည်။
"ရိုင်း အမေက သွင့်လိုလူမျိုးနဲ့ ရိုင်းကို သဘောတူမှာ မဟုတ်ဘူးမလား တစ်နေ့ ရွေးချယ်လာရမယ်ဆို သွင့်ကို ထားခဲ့မှာမဟုတ်လား"
" မေမေလက်ခံလာအောင်ကြိုးစားမှာ
သွင်ကရော ကိုယ့်ကို ဘယ်အတိုင်းတာထိ ရည်ရွယ်ထားလဲ ကိုယ့်ကိုရော ချစ်လား"
".. "
တိတ်ဆိတ်သွားသော မိုးသွင်။
ဒေါက်..ဒေါက်..
"မိုးသွင်..မိုးသွင် "
အပြင်ဘက်မှ မိုးယံ၏ ခေါ်သံ။
" ကိုယ့်ကို အရင်ဖြေပေး"
" နောက်မှ"
"အခုကြားချင်တယ် "
"ရိုင်း မဆိုးစမ်းနဲ့ "
"ကိုယ်က ဆိုးတာမဟုတ်ဘူး မနေ့ညကလို အခြေအနေမျိုးမှာတောင် အချစ်မှာ ကိုယ့်အပေါ် ဘာတပ်မက်စိတ်မှ ဖြစ်မလာဘူးလား "
စက်နေရိုင်း မေးခွန်းကြောင့် မိုးသွင်၏ မျက်နှာမှာ ရဲသွားသည်။
"အဲ့ဒါပဲဖြေ "
".. "
" မေမေက အဲ့ဒါတေကို ထိန်းချုပ်တတ်ဖို့ သင်ပေးထားတယ်"
"အဲ့တော့ ကိုယ့်အပေါ် တပ်မက်စိတ်ဖြစ်လား မဖြစ်ဘူးလား "
ခေါင်းကို ကြမ်းပြင်နှင့်များ တိုက်တော့မလားမသိပေ။ အောက်သို့သာ ငုံ့သွားသည်။
"သွင်ပြောပြီးပြီလေ မေမက ထိန်းချုပ်တတ်ဖို့ သင်ပေးထားပါတယ်ဆို "
" မထိန်းချုပ်ထားနဲ့"
" မထိန်းချုပ်ထားရင် မဖြစ်သင့်တာတေ ဖြစ်ကုန်မှာပေါ့ ပြီးတော့ ကိုကိုကလည်း.."
ပါလာပြန်ပြီ အဲ့ကိုကို။
" ကိုယ်အလုပ်သွားတော့မယ်"
စိတ်ဆိုးဟန်ပြပြီး ထွက်သွားသော စက်နေရိုင်း၏ ကျောပြင်ကို ကြည့်ကာ မိုးသွင် ၀မ်းနည်းစိတ်များ ၀င်မိသည်။
ကိုကိုက အမှန်တိုင်းမပြောရဘူးလို့ပြောထားတယ်။
ကိုကို့စကားကိုလည်း နားထောင်ချင်တယ်။
ကိုကို့ကိုလည်း မစွန့်လွှတ်ချင်ဘူး။
ရိုင်းကိုလည်း လက်မလွှတ်ချင်ဘူး။
တကယ်လို့များ ရွေးချယ်ခိုင်းခဲ့မယ်ဆို သူဘယ်လိုလုပ်ရမလဲ။
"ကိုယ်သွားပြီ.. "
မိုးသွင် မိမိကို နှုတ်ဆက်သွားသူကို ပြုံးပြရင်း ခေါင်းသာ ငြိမ့်ပြလိုက်သည်။
သွင်လည်း ပင်ပန်းတယ်။
.
.
" စက်နေ.."
ရုံးခန်းထဲသို့ အလောတကြီး၀င်လာသော ရန်နောင်။
အလိုလိုမကြည်သော စိတ်ကြောင့် ခပ်စူးစူးကြည့်လိုက်ပြီး
"ဘာလဲ "
ရန်နောင်ကလည်း သိပ်တော့မကြည်ချင်။
သူ့ရည်းစားမှန်းမသိလို့ ကြူမိတာကို သူငယ်ချင်းအချင်းချင်း ရန်သူလို သဘောထားနေတယ်။
"လိုင်းလေးဘာလေးလည်း တက်ကြည့်လိုက်ဦး "
" ဘာကြည့်ရမှာလဲ"
"မင်းနဲ့ ဟိုကောင်မလေးရဲ့ ပုံ တက်လာတယ် "
" ဘာဖြစ်လဲ"
ဘာမ မဖြစ်သလို ပြုမူနေသောသူကြောင့်
"မင်း တကယ်ကြီးလား "
"ငါ အပျော်ရည်းစားထားတာ မြင်ဖူးလား "
"အဲ့တော့ ဒီအ‌ေကြာင်းကို ဘာမှ မတုန့်ပြန်တော့ဘူးလား  "
" ဘာတုန့်ပြန်စရာလိုလို့လဲ အမှန်တရားကို"
" မင်းအမေကရော"
"မေမေ့ကိုလည်း ပြောပြီးသား "
"သဘောတူလား "
"တနေ့တော့ တူလာမှာပါ "
"မင်းတို့..စိတ်မဆိုးနဲ့ ငါ မေးမယ်နော် "
"အင်း "
"မင်းတို့ ဘယ်အခြေအနေထိ ရောက်သွားပြီလဲ "
"ဘာကိုလဲ "
" ဟိုဟာကွာ ဟိုလိုဖြစ်ပြီးသွားကြတာလားလို့"
"မဖြစ်သေးပါဘူး "
"ဒါဆို ဒါက အတုကြီးလား "
ရန်နောင်က လိုင်းပေါ်တွင် တွေ့သော videoကို ပြလိုက်သည်။
ဒါက ကလပ်တုန်းက ဟာပဲ။
တောက်..
မင်းဓနဦး ဒီလောက် ယုတ်မာမယ်လို့ မထင်ထားတာကို။
စက်နေရိုင်း၏ မျက်လုံးများက သတ်မည့်ဖြတ်မည့် အရိပ်အယောင်များ ပေါ်လာသည်။
" အတုကြီးလား"
" အစစ်ဟုတ်တယ်"
" ဒါဆို ဒီကောင်မလေးက တကယ် ကလပ်ကပေါ့"
" ဟုတ်တယ်"
" မင်း အဲ့ဒီလိုမျိုး မိန်းကလေးမှန်းသိတာတောင် အဆင်ပြေတာလား"
"မင်း ဘာကို ပြောချင်တာလဲ "
"ငါပြောချင်တာကကွာ သူက ကလပ်က အသုံးတော်ခံ မိန်းကလေးတစ်ယောက်
မင်းသူ့ကို ရွေးချယ်လိုက်ရင် မင်းရဲ့ ဂုဏ်သိက္ခာတေ အကုန်လုံး "
" အဲ့တော့.."
ဘာကိုမှ ဂရုမစိုက်ဟန်ဖြစ်နေသော သူငယ်ချင်းကို ကြည့်ပြီး ရန်နောင် ခေါင်းခါလိုက်သည်။
တကယ် မွှန်နေတာပဲ။
.
.
လိုင်းပေါ်တွင် ပျံနှံ့နေသော videoကြောင့် မိုးသွင် တိုက်ခန်းမှာဘဲ နေမိသည်။
ဒေါက်..ဒေါက်..
တံခါးခေါက်သံကြောင့် မိုးသွင် တံခါးကို ဖွင့်ပေးလိုက်သည်။
"ချစ်မိုးသွင် ဆိုတာလား "
မိုးသွင် ခေါင်းငြိမ့်ပြမိသည်။
"စက်နေရဲ့ အမေပါ အန်တီ မင်းနဲ့ စကားပြောချင်တယ် "
မိုးသွင် အိမ်ထဲသို့ ၀င်ရန် ခြေဟန်လက်ဟန်နှင့်ပြောလိုက်တော့ အန်တီက ဧည့်ခန်းမှ ဆိုဖာခုံတစ်ခုတွင် ၀င်ထိုင်လိုက်သည်။
"အန်တီက ကွေ့ပတ်ပြောနေရတာတေကို မကြိုက်ဘူး အဲ့တော့ အန်တီ တည့်ပဲပြောမယ်
စက်နေက အန်တီ့ရဲ့ တစ်ဦးတည်းသော သား
အန်တီတို့ရဲ့ မျိုးရိုးကို ထိန်းသိမ်းရမယ့် တစ်ဦးတည်းသော မျိုးဆက်ပဲ ရှင်းရှင်းပြောရရင် မင်းလို မိန်းကလေးမျိုးကနေပြီး အန်တီ့ရဲ့သွေးသားကို ဆင့်ပွားမှာကို မလိုလားဘူး "
"... "
" စကားမပြောတတ်တဲ့အပြင် မင်းရဲ့နောက်‌ေကြာင်းကလည်း ဖုံးထားလို့မရအောင် ပေါ်လာမှာဘဲ အဲ့တော့ အန်တီဆိုလိုချင်တာကို မင်းသိမယ်ထင်တယ်"
"... "
"မင်း သားနားက ထွက်သွားဖို့ မင်းကို ဘယ်လောက်ပေးရမလဲ
မင်းရုပ်ကလေးနဲ့ဆို နောက်ထပ်လူမရှားပါဘူး အန်တီပေးတဲ့ငွေနဲ့ မင်းဇာတ်မြှုပ်နေထိုင်ပြီး အေးအေးချမ်းချမ်းနေနိုင်မှာပါ"
"... "
" တကယ်လို့ မင်းဘက်က ငွေကို မက်မောတာ မဟုတ်ဘဲ သားကို ချစ်တာဆိုရင် အန်တီ ဒီစကားတေပြောဖို့ ပိုလို့တောင် မလိုဘူးထင်တယ်
မင်းကြောင့် သားရဲ့ အနာဂတ် သားရဲ့ ဂုဏ်သိက္ခာ သားရဲ့ အပေါင်းအသင်းတေ အကုန်ပျက်စီးမှာဘဲ
ပြီးတော့ သားမှာ ရည်ရွယ်ထားတဲ့ အိမ်ထောင်ဖက်က မင်းထက်အများကြီး သာတယ် ပွဲလယ်မှာ တင့်တယ်တယ် မင်းကြောင့် သားမှာရှိတဲ့ အဖိုးတန်တဲ့အရာတေကို အပျက်စီးခံမှာလား"
"... "
ဒေါ်ယင်းမာ မိမိရှေ့တွင် ရှိနေသော မိုးသွင်ကို အကဲခတ်လိုက်သည်။ ပုံစံလေးက တကယ်ကို အေးအေးချမ်းချမ်းလေးနှင့် နှစ်လိုဖွယ်ကောင်းလှသည်။ သူပြောသမျှကို ပြန်မပြောဘဲ ခေါင်းလေးငုံ့ကာ နားထောင်နေသည်။ စကားမပြောတတ်၍ ပြန်မပြောတာထက် သူပြောသမျှကို ရိုကျိုးစွာ နာခံနေသည့် ပုံစံလေးနှင့်ဖြစ်သည်။
ဒီပုံစံကြောင့် သားက သူ့ကို လက်မလွှတ်နိုင်တာလား။
မိုးသွင်က ဖုန်းထဲတွင် စာရိုက်လိုက်ပြီး
/သွင့်ကို စဉ်းစားခွင့်လေး တစ်ပတ်လောက်ပေးပါ/
" ဘာကိုစဉ်းစားမှာလဲ"
/သူ့နားက ထွက်သွားဖို့ သွင့်ကို အချိန်တစ်ပတ်ပေးပါ ဒီတစ်ပတ်လေးတော့ သူ့ကိုတွေ့ခွင့်ပေးပါ/
" မင်းဘက်က သေချာလား သားနဲ့ ထပ်မတွေ့ပါဘူးလို့"
မိုးသွင် ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ "
ဒေါ်ယင်းမာက နှုတ်ဆက်စကားပင်မဆိုတော့ဘဲ ထိုနေရာမှ ထွက်သွားတော့သည်။
ထိုအချိန်ကျမှ အလုအယက်ဆင်းလာသော မျက်၀န်းထဲမှ မျက်ရည်စများ။
ဟုတ်တာပေါ့။
ရိုင်းအတွက် ငါက အနှောင့်အယှက်တစ်ခုပဲ။
ပြီးတော့ ငါကယောကျားလေး။
ရိုင်းအတွက် ရင်သွေးလည်း လွယ်ပေးနိုင်မှာမဟုတ်ဘူး။ သူအနားက ထွက်သွားတာက အကောင်းဆုံးဖြစ်မှာပါ။
ဒါပေမယ့်..
ဘာလို့လဲ။
ဘာလို့ ရင်ဘတ်ထဲက တအားနာနေရတာလဲ။
ရင်ဘတ်ထဲက နာကျင်မှုကြောင့် နှုတ်ဖျားမှ ရှိုက်သံတို့ပွင့်အံလာသည်အထိ ငိုကြွေးမိသည်။
ဒီလူ့နားက ထွက်သွားရရင်..
အတွေးများပင် ဆက်မတွေးနိုင်တော့ ဘယ်ဘက်ရင်အုံတွင် ဆို့နစ်နေသော နာကျင်မှုက ဘာကြောင့် ပါလိမ့်။ မေမေ့ကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကလို နာကျင်မှုမျိုး။ ရိုင်းက သေဆုံးသွားတာမှ မဟုတ်တာ။ ဒီအတိုင်း ရိုင်းအတွက် ရိုင်းကောင်းဖို့အတွက်  လုပ်ပေးရမှာ ငါပျော်နေသင့်တာကို။
မျက်ရည်တေက ဘာလို့ကျလာပြန်တာလဲ။
ငါပျော်နေသင့်တာကို။
မိုးသွင်က ကျလာသော မျက်ရည်စများကို လက်ဖနောင့်နှင့် ဖိသုတ်သော်လည်း မျက်ရည်စီးကြောင်းလေးက ထပ်မံစီးဆင်းလာပြန်သည်။
ရေတေအများကြီးသောက်မိလို့ထင်ပါရဲ့ မေမေရယ် မျက်လုံးထဲက အရည်တေ စိမ့်ထွက်လာပြီ။
နာကျင်လွန်းလို့ မေမေရင်ခွင်ထဲ ပြေး၀င်ပြီး ငယ်ငယ်ကလို ငိုချင်လိုက်တာ။
မေမေဖက်ပေးထားရင် သားပျော်မိမှာဘဲ။
မေမေ့နောက် သားလိုက်ခဲ့ရတော့မလားဟင်။
(Only Imagination)

LoveWhere stories live. Discover now