21

20 0 0
                                    

မေရှား၏ ရုံးခန်းမှ ထွက်လာပြီး ကားပေါ်ရောက်သည်နှင့် စက်နေရိုင်းက မိုးသွင်ဆီကို လက်စွပ်ဗူးကို ပေးလိုက်သည်။
အရင်တစ်ခါနဲ့ ပုံစံတူလေး လုပ်လာတာဖြစ်သည်။
မိုးသွင်က လက်စွပ်ဗူးလေးကို ကြည့်ပြီး အံ့ဩနေသည်။ ရိုင်းကို ပြန်ပေးလိုက်တာလား။
"မမက ပြန်ပေးလိုက်တာလား သွင်က ပြန်မပေးလောက်ဘူးထင်ထားတာ"
သွင်၏ နှုတ်ဖျားမှ ၀မ်းသာမိသွားသဖြင့် ထွက်လာသည့်စကား။
" အင်း.."
စက်နေရိုင်းက အလိုက်သင့်လေး တုန့်ပြန်လိုက်သည်။ သူစိတ်တိုသလို တုန့်ပြန်လိုက်ရင် သွင်က ဘာမှပြောတော့မည်မဟုတ်ပေ။
"တောင်းပန်လိုက်တယ် သူ့အပြစ်ကို ၀န်ခံပြီး ခွင့်လွှတ်ပေးဖို့ "
စက်နေရိုင်းက မိုးသွင်ကို မုသားဆိုလိုက်သည်။
အရင်တစ်ခါ ဆေးရုံမှာတုန်းကလည်း မိုးသွင်ပါးကရဲနေသည်။  ပြီးတော့ ဆေးရုံမှာတုန်းက လက်စွပ်က တရားခံဆီပါသွားတယ်ဆိုတော့ ဒါတေအကုန်လုံးက မေရှားလက်ချက်လား။
မိုးသွင်က အံ့ဩဟန်လေးနှင့်
" ရိုင်းက ခွင့်လွှတ်ပေးခဲ့တယ်မလား"
မိုးသွင်ကြည့်ရတာ ကာကွယ်ပေးလိုသည့်ဟန်။
"ကိုယ် ဘာလုပ်သင့်လဲ သူ့ကို "
" ခွင့်လွှတ်ပေးလိုက်ပါ ပြီးတော့ သွင်လည်း ဘာမှဖြစ်တော့တာ မဟုတ်‌ဘူးလေ အခုဆို တော်တော်လေး သက်သာနေပြီ ဒီမှာ ကြည့်ပါလား "
မိုးသွင်က သူ၏ဗိုက်မှ ဒဏ်ရာကို ပြရင်းပြောလာသည်။
" အဲ့တော့ မင်းကို သတ်ဖို့ကြိုးစားတာက မေရှားပေါ့ "
ယခုမှ စက်နေရိုင်း၏ မျက်၀န်းကိုကြည့်ပြီး မိုးသွင်မှာ အထိတ်တလန့်လေးဖြစ်သွားရသည်။
" ဟုတ်လား"
" ... "
" ကိုယ်မေးတာဖြေ
..
မဖြေဘူးလား
မေရှားကို သွားမေးမယ်"
" ဟင့်အင်း  "
မိုးသွင်က ကားပေါ်မှဆင်းသွားမည့်သူကို ဆွဲထားလိုက်သည်။
"မမက တန်ဖိုးကြီးလို့ ခနသိမ်းပေးထားတာပါ "
"အရင်နေ့ကကျ လက်စွပ်က တရားခံဆီပါသွားတာဆို ပြီးတော့ မေရှားက ပါးချတာရော အခု ဆီပူလောင်အောင်လုပ်တာရော ဒါတေဖြစ်နေတာတောင် ကိုယ်မရိပ်မိရအောင် ကိုယ်ကအရူးလား
အဲ့ဒါကို ဘာလို့ သူ့အိမ်လိုက်သွားရတာလဲ
ဘာလို့မပြောရတာလဲ"
"မမမေရှားလည်း နောင်တရနေမှာပါပဲ
ပြီးတော့ ဓားနဲ့ထိုးတဲ့သူကလည်း မမဟုတ်ချင်မှဟုတ်မှာပါ ဓာနဲ့ထိုးသွားတဲ့ သူဆီက မမက ပြန်ယူထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ "
"နောင်တ ရတယ် ဟုတ်လား ဒီလက်မှာ ဒီလိုတေဖြစ်အောင်လုပ်တဲ့သူက နောင်တရနေတဲ့သူလား မင်းကို ထပ်ပြီး အန္တရာယ်ပြုမယ်ဆိုတာလောက်တောင် မတွေးတတ်တော့ဘူးလား "
စက်နေရိုင်း၏ ဒေါသက အထွဋ်ထိပ်သို့ရောက်သွားပြီဖြစ်သည်။ ဘာလို့ ဒီလောက်တောင် နုံအရတာလဲ။
" မှားတာက သွင်တို့က မှားတာလေ
ပထမဆုံး သူ့မိသားစု ပြိုကွဲရတယ်
ဒုတိယက ရိုင်းနဲ့လက်ထပ်ဖို့ကလည်း သွင့်ကြောင့်ပဲ ပျက်စီးရတယ် "
" သွင်က ဘယ်နေရာမှားသွားတာလဲ
သူတို့မိသားစု ပြိုကွဲရတာ သူ့အဖေသစ္စာမရှိလို့လေ"
" ဒါပေမယ့် သွင့်မေမေ"
"သွင့်မှာ အပြစ်ရှိလို့လား ရှိရင်လည်း သွင့်အမေမှာဘဲ ရှိမှာ ပြီးတော့ လက်ထပ်ပွဲပျက်တယ်ဆိုတာကလည်း ကိုယ်က သူ့ကို မချစ်လို့ သွင့်ကို မတွေ့ရင်တောင် ဒီလက်ထပ်ပွဲက အစကတည်းက ပျက်မှာဘဲ"
"... "
" ဘာလို့ ကိုယ့်ကိုယ်အပြစ်တင်ပြီး သူများအတွက်ဖြည့်တွေးနေရတာလဲ"
" သွင်လည်း မမမေရှားနေရာမှာဆို အဲ့လို လုပ်ချင်လုပ်ခဲ့မိမှာဘဲလေ အဲ့လိုဆိုရင်ရော ရိုင်းက ခွင့်လွှတ်ပေးမှာလား"
" သွင်မလုပ်ဘူးဆိုတာ ကိုယ်ယုံတယ်"
" လုပ်ခဲ့တယ်ဆိုရင်ရော ရိုင်းက ခွင့်လွှတ်..အွတ်"
စက်နေရိုင်း မိုးသွင်၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ဒီကောင်လေးကို ဘယ်လို ထိမ်းသိမ်းထားရမလဲ။ တစ်နေရာရာမှာဘဲ ပိတ်လှောင်ထားလိုက်ရမလား။ စက်နေရိုင်းက မိုးသွင်၏ နှုတ်ခမ်းများကို တော်တော်ကြာကြာနမ်းပြီးမှ လွှတ်ပေးလိုက်ပြီး
"ကိုယ်သူ့ကို ခွင့်လွှတ်ပေးတာ လိုချင်လား "
မိုးသွင်က ခေါင်းငြိမ့်ပြသည်။
" ကိုယ့်ကို လက်ထပ်ပါ"
"ဟင့်အင်း"
" ဘာလို့လဲ"
"သွင်က.. "
" ငြင်းရင် မင်းအမကို သတ်ပစ်မှာ"
ဟုတ်တယ်။ ဒီကောင်လေးက သူ့ကိုယ်သူ သိမ်ငယ်နေတာနဲ့ ငြင်းမှာဘဲ။ သူ့ရဲ့အားနည်းချက်က တစ်စုံတစ်ယောက်ထိခိုက်နစ်နာသွားမှာကို မလိုလားတာဘဲ။ အဲ့တော့ မင်းရဲ့ အားနည်းချက်နဲ့ပဲ မင်းကို ချုပ်ကိုင်မှရမှာ။
" သွင်က ယောကျားလေး ပြီးတော့ ကလေးလည်းမ‌မွေးနိုင်ဘူး"
"ကိုယ်က ကလေးမချစ်တတ်ဘူး "
"ပြီးတော့ အိမ်ထောင်ရေးသုခ..အွတ်.. "
စက်နေရိုင်း မိုးသွင်၏နှုတ်ခမ်းများကို ထပ်မံနမ်းရှိုက်ပြန်သည်။
"အင်း..အိမ်ထောင်ရေးသုခ..ဘာဖြစ်တာလဲ "
"မဖြည့်ဆည်းပေးနိုင်..အွန့်.. "
စက်နေရိုင်း၏ တတိယမြောက်အနမ်း။
" မဖြည့်ဆည်းပေးနိုင်‌..ပြီးတော့ရော"
"ခင်ဗျား..လူကို ဘာလို့ ခနခနနမ်း..အွန့်အွန်း.. "
ဒီတစ်ခါတွင်တော့ စက်နေရိုင်း အနမ်းတို့ကို အနည်းငယ်ကြမ်းတမ်းလိုက်သည်။ ခနအကြာတွင်မှ သူ၏ အနမ်းများကို တုန့်ပြန်လာသော မိုးသွင်ကြောင့် ခပ်ပါးပါးလေးပြုံးလိုက်သည်။
မျက်၀န်းလေးများကို ဖိမှိတ်ကာ သူ၏အနမ်းများကြား စီးမျောနေပုံက တကယ်ကို စွဲမက်စရာကောင်းလှသည်။ စက်နေရိုင်းကြည့်နေရင်းပင် ထိုမျက်၀န်းများက ဖွင့်လှစ်လာပြီး စက်နေရိုင်း၏မျက်၀န်းများနှင့် ဆုံတွေ့ချိန်တွင်တော့ ရှက်ရိပ်သန်းကာ စက်နေရိုင်း၏ မေးရိုးကို သူ၏လက်ဖနောင့်နှင့်တွန်းဖယ်တော့သည်။
စက်နေရိုင်းက လွှတ်ပေးလိုက်တော့ အရှေ့သို့ပြန်လှည့်ထိုင်ပြီး ရှက်သွေးဖြာနေပုံက ချစ်စဖွယ်။
"ခင်ဗျား ဘယ်တုန်းကတည်းက ဖွင့်ကြည့်တာလဲ "
" ကိုယ်က မင်းကို နမ်းတိုင်း မျက်လုံးဖွင့်နမ်းတာလေ အချစ်က မသိဘူးလား အချစ်ကရော အရင်တစ်ခါတေကကျ မျက်လုံးမှိတ်ထားပြီး အခုမှ ဘာလို့ ဖွင့်လာတာလဲ"
မိုးသွင်ပြန်မဖြေတတ်။
သူ့ကို နမ်းတဲ့အခါ ဖြစ်နေမည့် ရိုင်း၏မျက်နှာအမူအယာကို သူသိချင်၍ မျက်လုံးဖွင့်လိုက်ခြင်းဖြစ်သည်။ ဘယ်သူကထင်မှာလဲ အဲ့လူကြီးက မျက်လုံးဖွင့်ပြီး နမ်းမယ်ဆိုတာကို။
"အဲ့တော့ ကိုယ့်ကို လက်ထပ် "
" ရိုင်းမေမေက"
" ကျန်တဲ့သူ ဘယ်သူ့ကိုမှ ကြည့်စရာမလိုဘူး
ဘယ်သူ့ကိုမှ မတွေးဘဲ ကိုယ့်ကို ကြည့်ပြီးပြော
ကိုယ်နဲ့ လက်ထပ်ချင်လား"
"သွင့်ကို စဉ်းစားခွင့်.. "
ရွှတ်..
စက်နေရိုင်းက မိုးသွင်၏ ပါးကို နမ်းရှိုက်လိုက်သည်။
" လက်ထပ်မှာလား"
" သွင်က ငယ်သေး.."
ရွှတ်
" လက်ထပ်မှာလားဘဲပြော"
" မေကြီးနဲ့ဆရာ.."
ရွှတ်
" ခင်ဗျား.."
ရွှတ်.. ရွှတ် ရွှတ်..
ဒေါသထွက်နေဟန်ဖြစ်နေသော ကောင်လေးကို အသည်းယားစွာ မျက်နှာတစ်ခုလုံးကို လိုက်နမ်းမိတော့ သူ၏ဗိုက်သားကို ဆွဲလိမ်သည်။
" ငြင်းမှာလား လက်ခံမှာလား ပြတ်ပြတ်သားသားပြော ကိုယ်လည်း လုပ်စရာရှိတာ လုပ်လို့ရအောင်"
" ခင်ဗျားက ဘာလုပ်ချင်လို့လဲ"
"လက်ခံရင် မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့
ငြင်းရင် ကားတင်ပြေးဖို့ပေါ့ "
" ကားတင်ပြေးခံတာတော့ သေချာပေါက်မကောင်းဘူးပေါ့"
"အဲ့တော့လက်ခံတယ်ပေါ့ "
"မမမေရှားကို အရင်လိုပဲ ခင်မင်ပါမယ်လို့ ကတိပေးရမယ် "
ထိုသို့ပြောတော့ စက်နေရိုင်းက လက်မခံချင်။
"ကျွန်တော် ဒါလေးပဲ တောင်းဆိုတာပါ
မမမေရှားက ဘယ်လောက် သဘောကောင်းလဲ ရိုင်းတို့အသိဆုံးပဲမလား နော်..နော်ဗျာ "
"... "
"ကိုစက်နေရိုင်း အမမေရှားကို ခွင့်မလွှတ်ပေးဘူးဆိုရင် ကျွန်တော့်ကို လာမတွေ့ပါနဲ့တော့ "
စက်နေရိုင်းက ကားတံခါးကို ဖွင့်ကာ ဆင်းဟန်ပြင်နေသော မိုးသွင်ကို ဆွဲထားလိုက်ပြီး
"ဘာလို့လဲ ဘာလို့ ကိုယ့်အပေါ်မကောင်းတဲ့သူကို"
"သွင့်တို့ကြောင့် သူ့မိသားစုပြိုကွဲခဲ့ရပြီးပြီ
ထပ်ပြီး သူ့သူငယ်ချင်းတေကိုပါ ဆုံးရှုံးရမယ်ဆို မမပြိုလဲသွားလိမ့်မယ် မမလည်း ငယ်ငယ်ကတည်းက မိသားစုကြောင့် စိတ်ဒဏ်ရာတေရှိခဲ့မှာဘဲ မမကို အဲ့ထက်ပိုပြီး မနာကျင်စေချင်တော့ဘူး"
" အင်း ကိုယ်သိပြီမို့ ကိုယ့်ကို ထပ်မတွေ့ဘူးဆိုတဲ့စကား မပြောပါနဲ့"
မိုးသွင်က လက်ခံကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
ကျွန်တော်လည်း ရိုင်းကို မတွေ့ဘဲ မနေနိုင်ပါဘူး။
ဒါပေမယ့် ကျွန်တော် ကတိတည်ရမယ်။
(Only Imagination)

LoveWhere stories live. Discover now