" ဝိုင်မသောက်ဘူး..."
အမိန့်ဆန်ဆန်အသံကြောင့် မိုးသွင်၏ လက်တို့သည် တွန့်သွားပြီး ဖန်ခွက်အသစ်တစ်လုံးယူကာ အရက်ထည့်ပေးလိုက်သည်။ ပြီးနောက် ရေခဲပါ ထည့်ပေးလိုက်သည်။
"မင်းအရင်သောက်... "
"... "
"အရင်သောက်ပြ.. "
" ... "
မိုးသွင်မှ အရက်မသောက်တတ်တာ။ ပြီးတော့ အရက်နံ့ကိုလည်းမကြိုက်။ ဝိုင်ဆိုရင်တော်ဦးမည်။
"သောက်... "
ထိုလူ၏အသံကြောင့် မိုးသွင် အရက်တစ်ငုံသောက်ပြလိုက်သည်။
" အကုန်သောက်.."
အနံ့မခံနိုင်သည်မို့ အသက်အောင့်ကာ တစ်ခွက်လုံးသောက်ချလိုက်သည်။ မျက်နှာချင်းဆိုင်ရှိလူကတော့ မိန်းမလှလေးကို ရင်ခွင်ထဲထည့်ပြီး သူတို့ကို ပြုံးပြုံးကြီးကြည့်နေသည်။
အမြင်ကပ်စရာကောင်းတယ်...။
" မင်းနာမ်မည်ဘယ်လိုခေါ်လဲ..."
သူ့ကိုမေးလာသူကြောင့် မိုးသွင် ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်မိသည်။ စာရေးပြစရာဘာမှမပါလာခဲ့ပေ။
"မေးနေတာဖြေ... "
" သူက စကားမပြောတတ်ဘူး..."
မင်းဓနဦးက ၀င်ပြောသည်။
စက်နေရိုင်း၏မျက်နှာမှာ ပို၍ခက်ထန်သွားသည်။
စကားမပြောတတ်တဲ့သူကိုတောင် အလွတ်မပေးကြဘူးလား...။
မပေးလည်း မပေးချင်စရာ။ ဒီကောင်မလေးက တော်တော်လေးကို လှပသည်။ သူမကပဲဟန်ဆောင်ကောင်းသည်လားမသိသော်လည်း သူမ၏မျက်၀န်းတို့သည် ဖြူစင်ရိုးသားသည့်ပုံပေါက်နေသည်။
" အိုး...ဒီအမျိုးသမီးလေးက အဆိုးလေးပဲ"
မင်းဓနဦးက သူ့ရင်ခွင်ထဲမှအမျိုးသမီးကို နမ်းရှိုက်ရင်းဆိုသည်။
"ဒီနေ့အလုပ်ကိစ္စဆွေးနွေးနိုင်မယ်မထင်ဘူးဗျာ
ဒီအမျိုးသမီးလေးနဲ့ကိစ္စလေးတေအရင်ရှင်းလိုက်ပါဦးမယ်... "
မင်းဓနဦးက ထိုမိန်းကလေးကို ခေါ်ဆောင်ကာ အခန်းထဲမှထွက်သွားသည်။
ဒါဘယ်လိုအခြေအနေကြီးလဲ...။
တောက်...။
ဘေးနားရှိလူ၏ တောက်ခေါက်သံ။
မိုးသွင်လှည့်ကြည့်လိုက်တော့ အရက်ပုလင်းကို ဒီအတိုင်းမော့သောက်နေသည်။
ချောလိုက်တာ...။
အရက်သောက်နေသောကြောင့် အထက်အောက်ရွေ့နေသော လည်စိကအစ အရမ်းကြည့်ကောင်းနေတာပဲ။ တကယ်ပဲ။ ဒီလူက ချောလိုက်တာ။ အပြင်ကမ္ဘာကိုထွက်မကြည့်ဘဲ ဒီလူ့ကိုပဲ ကြည့်နေရမယ်ဆိုရင်တောင် သူကြည့်နိုင်ပါသည်။
" မင်းမပြန်သေးဘူးလား..."
ယခုမှ သူ့ကိုသတိရဟန်နှင့်မေးသည်။
မိုးသွင်က ခေါင်းကို ခါရမ်းလိုက်သည်။
ဒီလူ့ကို နောက်တစ်ခေါက်တွေ့ဖို့မသေချာပေ။
ပြီးတော့ အပြင်ပြန်ထွက်သွားရင် သူအန္တရာယ်မကင်းပေ။
" မင်းနေချင်ရင်လည်း သဘောပဲ..."
ထိုလူက မိုးသွင်ကို လေလိုသဘောထားကာ သောက်စရာရှိတာသောက်ပြီး ဆိုဖာခုံကိုကျောမှီကာ ခေါင်းကို မော့ထားသည်။
"မင်းမှာ ချစ်ရတဲ့သူရှိလား... "
ရုတ်တရတ် မိုးသွင်ဆီဦးတည်လာသော မေးခွန်း။
မိုးသွင်ခေါင်းရမ်းပြလိုက်သည်။
"ငါချစ်ရတဲ့သူတေ ဒုက္ခရောက်နေတဲ့အချိန်မှာ ငါပျော်သင့်လား... "
တကယ်ကြီး ကြေကွဲနေဟန်နှင့်မို့ မိုးသွင်မှာ စိတ်မကောင်းဖြစ်သွားရသည်။
အဆင်ပြေသွားမှာပါ ဟု ခြေဟန်လက်ဟန်နှင့် ပြောမိသည်။ စက်နေရိုင်းက မိမိစကားကြောင့် စိတ်မကောင်းဟန်လေးဖြစ်သွားသော မိန်းကလေးကို ကြည့်ပြီး စိတ်ထဲမှ မဲ့ပြုံးပြုံးမိသည်။
ဒီမိန်းကလေးက မင်းဓနဦးနှင့် မပက်သတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ တစ်နည်းနည်းနဲ့ပက်သတ်နေလို့ သူ့ဆီကို ထိုးကျွေးလိုက်တာထင်သည်။ ပြီးနောက် အရက်ထဲပါလာသည့် ဆေး...။
ဒါက သူ့ကို သက်သက်ထောင်ဖမ်းချင်တာပဲဖြစ်ရမည်။
စက်နေရိုင်းကိုကြည့်နေရင်းမှ မိုးသွင် တစ်ခုခုမူမမှန်သည်ကိုခံစားမိသည်။ အရက်ကြောင့် ခေါင်းသည်အနည်းငယ်နောက်လာပြီး သူ၏ခန္ဓာကိုယ်တွင်လည်း လိုအင်ဆန္ဒတစ်ချို့ပေါ်ပေါက်လာသည်။
ဆေးမိတာလား...။
ထိုအချိန်သူ့ဆီတိုးကပ်လာသော စက်နေရိုင်း...။
" ကိုယ်ကူညီပေးရမလား..."
တဖြည်းဖြည်းနှင့် သူ့နှုတ်ခမ်းပါးဆီတိုးကပ်လာသော ခပ်ညိုညိုနှုတ်ခမ်းတစ်စုံ။
စွဲမက်ဖွယ်ကောင်းတဲ့ ဒီလူ့မျက်နှာက နီးကပ်လာသည်နှင့်အမျှ ငြင်းဆန်ဖို့ ခက်ခဲလာသည်။
ဒါပေမယ့် ဒီလူ..ဒီလူ လူကောင်းမဟုတ်ဘူးလား...။
နီးကပ်လာသော နှုတ်ခမ်းကို လက်ဖြင့်ပိတ်လိုက်ပြီး ထရပ်လိုက်သည်။ ပြီးနောက် သန့်စင်ခန်းထဲ၀င်ပြီး တံခါးကိုလော့ချလိုက်သည်။
လှိုက်ဖိုနေသော ရင်အစုံကို ဖိကိုင်လျက် ရေပန်းအောက်တွင် ထိုင်နေလိုက်သည်။ ပိုမိုမူးဝေလာခြင်းနှင့်အတူ တက်လာသော ကိုယ်အပူရှိန် ထွက်ပေါ်လာသော ရမ္မက်များကြောင့် ဒီနေရာမှာဘဲ အသက်ထွက်သွားချင်မိသည်။ မျက်စိမှိတ်ပြီး ကျလာသော ရေစက်များကို ခံယူရင်း မိမိကိုယ်ကိုယ်နှစ်သိမ့်မိသည်။
အဆင်ပြေသွားမှာပါ...။
Note : မိုးသွင်ကို သူမ/မိန်းကလေးလို့သုံးတာက စက်နေရဲ့အမြင်ပါနော်