24

22 0 0
                                    

မင်္ဂလာခန်းမမှ ထွက်လာပြီး မိုးသွင် ကားငှားလိုက်သည်။ သူဒီကနေထွက်သွားကတော့မယ်လေ။
ဒီမှာဆို သူ့မိသားစုလိုဖြစ်တဲ့ မိုးယံတို့မိသားစု
ပြီးတော့ သူ့ရဲ့သွေးသားရင်း မမမေရှား။
သွေးသားမတော်စပ်သည့်တိုင် သူ့အပေါ်မှာ နွေးထွေးပေးတဲ့ ကိုကို။
ပြီးတော့ သူ့နှလုံးသားကို သိမ်းပိုက်ထားတဲ့ ရိုင်း။
အားလုံးကို ကျောခိုင်းပြီးတော့ သူဘယ်ကို သွားရမှာလဲ။ ဒါပေမယ့်လည်း သူ့မှာ မမနှင်းဆီရှိသေးတယ်။ မမနှင်းဆီနဲ့ကိုကို့ရဲ့ကလေးလေး။
မမနှင်းဆီကို ဖုန်းဆက်လိုက်သည်။
" ဟလို"
" မမနှင်း သွင်လာနေပြီနော်"
" အင်း မမစောင့်နေမယ် ပွဲကရော ပြီးသွားပြီလား"
" စတောင်မစရသေးပါဘူး ဧည့်သည်တေတော့ရောက်နေကြပြီ ကိုကိုတို့ကတော့ မင်္ဂလာခန်းမထဲ မလာကြသေးဘူး"
"သွင် "
"ဗျာ "
"မင်း သေချာရဲ့လား မမနဲ့အတူထွက်သွားမယ်ဆိုတာ "
" အင်း.."
" စက်နေရိုင်း"
"သွင် သူ့အကြောင်းမတွေးချင်တော့ဘူး ဒါပဲနော် မမနှင်း "
မိုးသွင်က ဖုန်းချလိုက်ပြီး စက်ပါတစ်ခါတည်းပိတ်လိုက်ကာ ကားမှန်မှတဆင့် အပြင်ဘက်သို့ ငေးရင်း လိုက်ပါလာသည်။
ကျွီ..
ရုတ်တရတ်ကားက ရပ်သွားသဖြင့် မိုးသွင် အရှေ့သို့ ယိမ်းထိုးသွားသည်။
" ဘာဖြစ်တာလဲ"
" ကားစက်က သူ့အလိုလိုရပ်သွားတာ စိတ်မရှိပါနဲ့ ခဏလောက်စောင့်ပေးပါဦး"
" ဟုတ်ကဲ့"
ကားဆရာက ကားပေါ်မှဆင်းပြီး ကားအဖုံးကို ဖွင့်ကြည့်နေသည်မို့ မိုးသွင်ကပါ အောက်သို့ဆင်းလိုက်သည်။
လမ်းက ကားအနည်းငယ်ပြတ်သည်မို့ နောက်ထပ်ကားငှားဖို့ကလည်း သိပ်အဆင်မပြေ။
"ဘာဖြစ်တာလဲ "
"အကိုကလည်း ကားသာမောင်းတတ်တာ သိပ်မသိဘူး  "
ကားဆရာကလည်း ဘေးဘီဝဲယာလှည့်ပတ်ကြည့်ရင်း
"ဒီဘက်က ကားကလည်း နည်းနည်းပြတ်နေတော့ အကို့မိတ်ဆွေကိုတော့ တစ်ချက်လှမ်းမေးကြည့်ပေးမယ် ခနလေးစောင့်ပေးပါဦး "
ကားဆရာက ဖုန်းထုတ်လိုက်ပြီး ဖုန်းဆက်နေသည်။
ကားပျက်သွားသော အကြောင်းနှင့် သူတို့ရဲ့ တည်နေရာကိုလည်း ပြောပြနေသည်။
ဖုန်းပြောပြီးသည်နှင့် သွင့်ဘက်လှည့်လာပြီး
"ကားက ခနနေရင်ရောက်လိမ့်မယ် သူက Taxiသမားတော့ မဟုတ်ဘူး ဒါပေမယ့် မင်းသွားချင်တဲ့နေရာထိ သူလိုက်ပို့ပေးလိမ့်မယ် "
မိုးသွင်က ခေါင်းလေးသာ ငြိမ့်ပြလိုက်သည်။
.
မကြာမီပင် မိုးသွင်တို့နား ရောက်လာသည့် အိမ်စီးကားတစ်စီး။ ကားဆရာက တစ်ဖက်ကကားမောင်းသူနှင့် ဘာတေပြောနေကြသည်မသိ။
" တာ၀န်ကျေပါတယ်"
ကားဆရာက သွင့်ဆီပြန်လာပြီး တစ်ဖက်ကားနှင့် လိုက်သွားရန်ပြောသည်မို့ မိုးသွင်က ထိုကား၏ ကားနောက်ခန်းသို့ ၀င်လိုက်သည်။
ကားနောက်ခန်းထဲတွင် တခြားသူတစ်ဦးလည်းရှိနေသည်။ ထိုသူက တစ်ဖက်သို့မျက်နှာမူထားပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကုတ်အင်္ကျီဖြင့် လွှမ်းခြုံထားသည်။
ဘာလို့ ရင်းနှီးသလိုခံစားနေရပါလိမ့်။
.
.
နှင်းဆီမှာ သွင့်ဆီက ဖုန်းလက်ခံရရှိပြီး ကိုမင်းဆီက ဖုန်းပါ လက်ခံရရှိခဲ့သည်။
အကြောင်းအရာက မင်္ဂလာပွဲခန်းမသို့ လာရောက်ရန်ဖြစ်သဖြင့် ကားငှားပြီး မင်္ဂလာခန်းမသို့ လာခဲ့သည်။ ဘာလို့လဲ။ ကိုမင်းက သူ့ကို ချစ်လို့များ မေရှားထက်နဲ့ လက်ထပ်ပွဲကို ဖျက်လိုက်မလို့များလား။ အဲ့ဒါဆို မိုးသွင်ကို ဘယ်လိုလုပ်ရမလဲ။
အာ သိပြီ ကိုမင်းက ငါ့ကိုပြန်ခေါ်လာပြီဆိုတော့ဘမိုးသွင်က ငါ့အတွက်မလိုအပ်တော့ဘူး။
အစဖျောက်ခိုင်းလိုက်မယ်။
နှင်းဆီက ကျေနပ်စွာပြုံးရင်း ထွန်းကြီးဆိုသူထံ ရောက်လာသော ကောင်လေးကို အစဖျောက်ပစ်ဖို့ စာပို့လိုက်သည်။

LoveWhere stories live. Discover now