မင်းကောင်လေး...။
ဘယ်ကောင်လေးလည်း..။
မိုးသွင်ကို ပြောသွားတာလား။
မိုးသွင်က မိန်းကလေးကို။
စက်နေရိုင်း ရေဇလုံနှင့် Towel တစ်ထည်ယူကာမိုးသွင်၏ အခန်းထဲကို ၀င်လာပြီး မိုးသွင်ကို ကြည့်နေမိသည်။
ခန့်သီဟ ငါ့ကို နောက်နေတာနေမှာပါ။
ဘယ်လိုလုပ် မိုးသွင်က ယောကျားလေးဖြစ်မှာလဲ။
မိုးသွင်က မိန်းကလေးပဲကို။
စက်နေရိုင်းအတွေးများရှုပ်ထွေးနေသဖြင့် မိုးသွင်အခန်းထဲမှ ပြန်ထွက်ရန်ပြင်လိုက်သည်။
"ကိုကို.. "
မိုးသွင်ဆီမှထွက်လာသော ချိုရှရှခေါ်သံ။
ငါစိတ်ထင်တာ နေမှာပါ။
" မေမေ ကိုကိုနဲ့ ဘယ်တော့တွေ့ရမှာလဲဟင်.."
ဒုတိယတစ်ကြိမ်ထွက်လာသော အသံတွင်တော့ စက်နေရိုင်း အခန်းထဲမှ ပြေးထွက်ခဲ့မိသည်။ တကယ်ပဲ။
သူ့ရဲ့ ပထမဆုံးအနမ်း။
သူ့ကို ရင်ခုန်စေတဲ့လူက ယောကျားလေးတစ်ယောက်တဲ့လား။ ဒါ့ကြောင့် မင်းဓနဦးက သူ့ကို ငါ့ဆီထိုးကျွေးခဲ့တာလား။
သူအတည်ပြုကြည့်ရမလား။
မိုးသွင်အခန်းထဲနောက်တစ်ခေါက်ပြန်၀င်ကာ မိုးသွင်၏ ည၀တ်အင်္ကျီမှ ကြယ်သီးများကို ဖြုတ်လိုက်သည်။ သို့သော် သူကောင်းကောင်း မကြည့်ရဲဘဲ မျက်နှာလွှဲထားမိသည်။ တကယ်ကို ယောကျားလေးဆိုတာ သူလက်မခံနိုင်သေး။
ငါ...ကောင်းပါ့မလား ဒါပေမယ့်..
စက်နေရိုင်းမျက်လုံးအစုံကို မှိတ်လိုက်ပြီး ကြည့်လိုက်သည်။ တွေ့မြင်လိုက်ရသည်က ဖုဖုဖောင်းဖောင်း ရင်သားများမဟုတ်ဘဲ သူ့လိုရင်ဘတ်နှင့်ကပ်နေသည့် ချယ်ရီပွင့်နှစ်ပွင့်။
တစ်ချိန်လုံးလှည့်စားခံထားရတာပေါ့။
စကားမပြောတတ်ဘူးလို့ လိမ်ထားတာက ယောကျားလေးမို့ပေါ့။ ယောကျားလေးတစ်ယောက်ကို စကားမပြောတတ်တဲ့မိန်းကလေးဆိုပြီး သူညှာတာနေခဲ့မိတာပေါ့။
ဘယ်လောက်တောင် ပိရိလိုက်သလဲ။ ဘယ်လိုတောင် မရယ်ရတဲ့ ဟာသကြီးလဲ။ ကောင်းနေရောပဲ။
စက်နေရိုင်းက အင်္ကျီကြယ်သီးများကို ပြန်တပ်ပေးလိုက်ပြီး မိုးသွင်၏ နဖူးမှချွေးများကို Towel ဖြင့် သုတ်ပေးလိုက်သည်။ နေမကောင်းတဲ့သူကို တစ်ယောက်တည်းပစ်ထားဖို့ထိ သူအသည်းမမာနိုင်သည်မို့ ဒီနေ့ညတော့ စောင့်ကြည့်ပေးမည်။ ဒါပြီးရင် သူတို့ကြားက ကိစ္စတေ ဒီတိုင်းပဲ ထားကြတာပေါ့။ မိုးသွင်အကြောင်း သိဖို့ မလိုတော့ဘူးထင်သည်။
မင်းကယောကျားလေးဆိုတော့ ပိုလွယ်ကူသွားတာပေါ့..။
.
.
တတီတီမြည်နေသော Alarmသံကြောင့် မိုးသွင်နိုးလာခဲ့သည်။ ဒီနေ့ ပန်းဆိုင်သွားမယ်ဆိုပြီး မေ့နေတာပဲ။ ဘယ်ချိန်တောင်ရှိသွားပြီလဲ။
နာရီကို ကြည့်လိုက်တာ့ နေ့လည် 11နာရီ။
ဒီအချိန်ကြီးထိအိပ်ပျော်သွားတာပဲ။
ဒါနဲ့ ညက ငါနေမကောင်းလို့ ထသွားမလို့ကို အိပ်ယာပေါ်ဘယ်လိုရောက်နေတာလဲ။
ပြန်တွေးကြည့်သော်လည်း မရပေ။
ဟိုလူများရောက်လာတာလား..။
မျက်စိကို အလုပ်ပေးမိတော့ စားပွဲခုံပေါ်တွင် တင်ထားသော ဆေးများနှင့် ဘယ်အချိန်သောက်ရမလဲ ဆေးညွှန်းကို တွေ့ရသည်။
ကြည့်ပါဦး လက်ရေးလေးတေကလည်း လှလိုက်တာ။ ဒီစာရွက်လေးလည်း သိမ်းထားရမယ်။
မိုးသွင် အရှေ့ခန်းထဲ ထွက်လာချိန်တွင်တော့ ထိုလူက ရှိမနေပေ။
အလုပ်သွားတာနေမယ်။
ငါလည်း ပန်းဆိုင်သွားမယ်။
ရေချိုးကာ ပြင်ဆင်ပြီး လိပ်စာကဒ်ထဲက အတိုင်း ပန်းဆိုင်ကိုလာခဲ့သည်။ သိပ်တော့ မမေးလိုက်ရပေ။ ပန်းဆိုင်က ဒီနားတစ်ဝိုက် နာမ်မည်ကြီးသည်ထင်သည်။
"မိုးသွင်..လာပြီလား သမီး "
" ... "
"အေးအေးဆေးဆေးနေနော် "
မိုးသွင်က ခေါင်းငြိမ့်ပြလိုက်သည်။
" ဒီနေ့က နည်းနည်းလူများနေလို့ ပိတ်ရက်ဆို လူပိုကျတတ်လို့လေ"
✋ဟုတ်လား တစ်ခုခုကူညီပေးရဦးမလား
" ရပါတယ် မနက်စာစားခဲ့ပြီလား"
✋စားခဲ့ပါပြီ
"အနောက်က ပန်းစည်းတဲ့ စားပွဲမှာ ထိုင်လို့ရတယ်နော် မေကြီး ပန်းစည်းနေတယ်.. "
မိုးသွင်က ဆရာညွှန်ပြသော စားပွဲခုံလေးတွင် ၀င်ထိုင်လိုက်သည်။
"အချောလေးပဲ မေချစ်တို့များ ကိုယ့်ဘာသာတင်ချောတာမဟုတ်ဘူး သားသမီးကိုတောင် ချောချောလေးမွေးထားတယ် "
✋မေမေနဲ့သိလားဟင်
"သိတာပေါ့ မေချစ်နဲ့ မေကြီးက သူငယ်ချင်းတေ "
✋မေကြီးလည်း ချောတယ်
"ကျေးဇူးပါရှင် "
ဖော်ရွေသော မေကြီးကြောင့် မိုးသွင်ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားသည်။ အစက ဆရာ့ဇနီးက ကြောက်ဖို့ကောင်းမယ်ထင်ခဲ့တာ။
" သားလည်းရှိတယ် လာရင် မိတ်ဆက်ပေးမယ် မိုးသွင်ထက်တစ်နှစ်ပဲကြီးတာလေ သူငယ်ချင်းလုပ်လို့ရတာပေါ့"
မိုးသွင်ခေါင်းငြိမ့်ပြလိုက်သည်။ ခနအကြာတွင်တော့ ဆရာလည်းရောက်လာပြီး စကားဝိုင်းလေးက ရှေးဟောင်းနှောင်းဖြစ် အကြောင်းအရာများဆီသို့ ရောက်သွားသည်။ မိုးသွင်မသိသည့်လူများအကြောင်းပါပါသည်။ စကားပြောသည်က မေကြီးနဲ့ ဆရာဖြစ်ပြီး မိုးသွင်ကတော့ နားထောင်ရုံသာ။
မိသားစုတဲ့..။
နွေးထွေးလိုက်တာ..။
.
.