33

21 1 0
                                    

" သွင် ဟုတ်တယ်မလား"
သူ့ကို ၀မ်းသာအားရ နှုတ်ဆက်လာသော ဧကရီစံ။
သူ့ကို ဘယ်လိုလုပ်သိနေတာပါလိမ့်။
မနေ့ညက ရိုင်းက သူ့ကို နမ်းလိုက်လို့များ သူ့အကြောင်းတေစုံစမ်းထားတာလား။
ဒါပေမယ့် သူ့ကိုနှုတ်ဆက်နေသည့်ဟန်က မကောင်းသည့် အရိပ်အယောင်မတွေ့ရ။
သွင်က ဖော်ရွေစွာနှုတ်ဆက်လာသူကို အပြုံးလေးနှင့် တုန့်ပြန်လိုက်သည်။
"မေမေ ဒါ သမီးပြောတဲ့ သွင်ဆိုတာလေ "
ဘေးနားက အန်တီ့ကိုပါ သူနှင့် မိတ်ဆက်ပေးနေသည်။
"ချစ်စရာလေးပဲ သမီးလေးက "
" ကျွန်တော် ယောကျားလေးပါဗျ"
မိုးသွင်က ထိုသို့ပြောလိုက်တော့ အံ့ဩဟန်လေးနှင့် ကြည့်လာသည့် သားအမိနှစ်ယောက်။
" မှတ်ပုံတင်ပြ"
" မပါဘူးဗျ"
" အကို့ကို သိတယ်မလား"
" ဘယ်သူလဲဗျ"
"ဧကရာဇာလေ သိတယ်မလား "
"ဟုတ် သိပါတယ် "
"ဘာလာ၀ယ်တာလဲဟင် အတူတူတစ်ခုခုစားကြမလား "
" မစားတော့ပါဘူး"
" ဘာလို့လဲ နောက်လည်း ရင်းနှီးတဲ့သူတေဖြစ်လာမှာပဲကို"
ဧကရီစံပြောသောစကားများကို မိုးသွင် နားမလည်နိုင်။ မနေ့ညကပဲ သူ့ရှေ့မှာတင် ရိုင်းနဲ့ နမ်းခဲ့တဲ့သူကို ရင်းနှီးတဲ့သူ ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ။
" ဟို သွင်ကလေ သူငယ်ချင်းနေမကောင်းလို့ သတင်းမေးသွားရမှာမို့ပါ ပြီးတော့ သူဆေးသောက်ဖို့ တစ်ခုခု၀ယ်ရမှာမို့ ခွင့်ပြုပါဦး"
"Delivery နဲ့ပို့ပေးလိုက်ပေါ့"
"သူ့ကို စောင့်ရှောက်ပေးမယ့်သူမရှိလို့ပါ "
"နောက်တစ်ခါတော့ မငြင်းရဘူးနော် "
မိုးသွင်က အားနာပါးနာနှင့် ခေါင်းလေးငြိမ့်ပြပြီး စွတ်ပြုပ်တစ်ပွဲ၀ယ်ကာ ဆိုင်ထဲမှ ထွက်သွားတော့သည်။
"ဘယ်လိုလဲ ချစ်ဖို့ကောင်းတယ်မလား "
ဧကရီစံက သူမ၏အမေကို လက်တို့ရင်းမေးသည်။
"အင်း ချစ်စရာလေး
ငါ့သားရင်ခုန်တာလည်း မလွန်ပါဘူး "
" အဲ့ဒါကြောင့်ပြောတာ
အကိုက လက်လျော့ဖို့တွေးနေတယ်
စက်နေရိုင်းနဲ့ သူနဲ့က တွဲနေတာထင်တယ်
ဒါပေမယ့် စက်နေရိုင်းအမေက သဘောမတူဘူးတဲ့ ပြီးတော့ သူက တခြားသူမဟုတ်ဘူးနော် မမရှားရဲ့ ဖအေတူ မအေကွဲမောင်လေးတဲ့ သတင်းကြားတာကတော့ မမရှားက မင်္ဂလာပွဲကိုတောင် သူမရှိလို့ ဖျက်ပစ်လိုက်တာတဲ့"
"ဒါဆို ကိုစံရှားမှာ နောက်ထပ်ကလေးရှိတယ်ဆိုတာ တကယ်ပေါ့ "
"အင်း အဲ့ဒါ သူပဲတဲ့ "
ဧကရီစံက သူစပ်စုထားသမျှကို မေမေ့အားဖောက်သည်ပြန်ချနေသည်။ စပ်စုတာကလည်း အဝေးကြီးသွားပြီး စပ်စုစရာမလိုပေ။ စက်နေရိုင်း၏ သူငယ်ချင်း ရန်နောင်က အိတ်သွန်ဖာမှောက် အကုန်ပြောပြလိုက်ခြင်းသာ။
" သားမိနှစ်ယောက် ဘာတေပြောနေကြတာလဲ"
" အကိုဟာလေ အမြဲနောက်ကျတယ်
ခုနက သွင်နဲ့တွေ့လိုက်ရတယ်"
"ဘယ်မှာလဲ "
ဧကရာဇာက မျက်စိကစားရင်းမေးလိုက်သည်။
"မရှိတော့ဘူး သွားပြီ "
ဧကရာဇာက နှမြောသွားသည့်ပုံစံဖြစ်သွားသည်မို့ ဧကရီစံက သူ့အမေကို လက်တို့ပြီး မေးငေါ့ပြလိုက်သည်။
တကယ်ပါဆို အကိုက ချစ်မိုးသွင်ကို တကယ်ကြီးချစ်သွားတာ။
.
.
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် မိုးယံ အိပ်မှုန်စုံဖွားနှင့် ထလာရသည်။ မျက်လုံးက သိပ်ပြီးပင် မပွင့်ချင်သေး။ သော့မပါဘူးလား မိုးသွင်က။
ကျွီ
တံခါးဖွင့်ပေးပြီး တံခါးဘောင်ကို ခေါင်းမှီကာ မှိန်းနေမိသည်။ သူ့နဖူးဆီသို့ ကျရောက်လာသည့် လက်နွေးနွေး။
"သက်သာသွားပြီ "
"နည်းနည်းရှိန်းနေတယ် "
ဟင်
ကြားလိုက်ရသော အသံပိုင်ရှင်ကြောင့် မိုးယံမျက်လုံးအစုံက ပွင့်လာခဲ့သည်။
"ခင်ဗျား "
ခန့်သီဟက ငှက်သိုက်ဆံပင်များကို ဆွဲဖွလိုက်ရင်း မိမိကို တအံ့တဩကြည့်နေသူကို သဘောတကျလေးကြည့်လိုက်သည်။
"ဒီကို ဘာလာလုပ်တာလဲ "
" လူနာလာကြည့်တာ"
" ခင်ဗျားကို ဘယ်သူမှ ခေါ်မထားဘူး"
"မိုးသွင်ခေါ်လို့ ရောက်လာတာ "
"မလိုဘူး "
" အရင်ကကျအဲ့လို မဟုတ်ပါဘူး ဘယ်လိုဖြစ်တာလဲ"
အရင်က ဖော်ရွေသလောက် အကန်တေချည်းပြောနေသော ကောင်လေးကို ခန့်သီဟ မေးခွန်းထုတ်လိုက်သည်။ မိုးသွင်ဆေးရုံတက်တုန်းကလည်း သူ့ကို လေးလေးစားစားနှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သေးသည်ပဲကို
"မသိဘူးဗျာ ခင်ဗျားပြန်တော့"
" ဟုတ်ပါပြီ ကိုယ်ဘာမှမပြောတော့ဘူး နေမကောင်းတာလေးပဲ စမ်းသပ်မှာပါ"
"မလိုဘူး "
မိုးယံက တံခါးကို ပိတ်လိုက်တော့သည်။
" ကိုယ်ဆေးထားခဲ့မယ်နော် အစာစားပြီးသောက်လိုက်ဦး"
ခနအကြာတွင် တံခါးရှေ့မှ အရိပ်က ကွယ်ပျောက်သွားသည်။ ခနအကြာတွင် အရိပ်တစ်ခုပြန်ရောက်လာပြန်သည်။
ဒီလူ ငါ့ကိုညာနေတာလား။
"မိုးယံ "
မိုးသွင်၏ အသံကြောင့် မိုးယံတံခါးဖွင့်လိုက်သည်။
မိုးသွင်၏ဘေးနားတွင် ကိုခန့်သီဟပါ တွေ့လိုက်ရသည်။
" ဆရာ၀န်ပါခေါ်လာတယ် လာ ကိုခန့်သီဟ အထဲ၀င်ပါ"
မိုးသွင်က ခန့်သီဟကို တိုက်ခန်းအတွင်းသို့ ၀င်စေသည်။
" ငါ မဖျားဘူး ခေါင်းနောက်ရုံပဲ"
"အင်းပါ ငါမေးစရာရှိလို့
ဒီမှာ ကြက်စွတ်ပြုပ်၀ယ်လာတယ် စားပြီးဆေးသောက်လိုက်ဦး ကိုခန့်သီဟက ဆေးပေးထားတယ်ဆို"
မိုးယံက မိုးသွင်ယူလာသော စွတ်ပြုပ်ကို ပန်းကန်နှင့် ပြောင်းထည့်လိုက်ပြီး မီးဖိုခန်းထဲမှာပင် ထိုင်စားနေလိုက်သည်။
"ဘာမေးချင်လို့လဲ "
"ဟို.. ကျွန်တော်..  "
မိုးသွင်က ခေါင်းငုံ့သွားပြီး ‌ပြောသင့်မပြောသင့်စဉ်းစားနေသည်။ ဒါပေမယ့် ကိုခန့်သီဟကို မေးကြည့်လိုက်ရင်တော့ နည်းနည်းပါးပါးပိုသိလာမှာပါ
"အမျိုးသား ကိုယ်၀န်ဆောင်လို့ရလား "
"ရတယ်လေ မိုးသွင်က လုပ်ချင်လို့လား "
မိုးသွင် ခေါင်းမငြိမ့်မိသေး။
သူ့ဘက်က ဒါလုပ်နိုင်မယ်ဆိုတာ မသေချာသေး။
သူ့ဗိုက်ကလည်း ပူလာဦးမှာ။
ပြီးရင်မွေးဖွားဖို့ ခွဲစိပ်ရဦးမှာ။
ဆေးတေလည်းသောက်ရဦးမှာ။
ကာကွယ်ဆေးတေလည်း ထိုးရမှာ။
"မိုးသွင် တကယ်လို့ အဲ့လိုလုပ်ချင်တယ်ဆို စက်နေကို အရင်ဆုံးတိုင်ပင်သင့်တယ် "
" မသေချာသေးပါဘူး ဒီတိုင်းသိချင်ရုံပါပဲ"
" အင်း ကိုယ်သိတဲ့ သူတစ်ယောက်ရှိတယ်
မိုးသွင်စိတ်၀င်စားမယ်ဆို ကိုယ်ဆက်သွယ်ပေးလို့ရတယ် သူက အဲ့အပိုင်းမှာ တာ၀န်ယူထားတဲ့သူဆိုတော့ ဒါပေမယ့် ဒါက အသက်အန္တရာယ်ထိရှိနိုင်တာမို့ သေချာလေးတော့ စဉ်းစားစေချင်တယ်"
" ဟုတ် သွင်စဉ်းစားကြည့်ပါဦးမယ်"
"ပုံမှန်ထက်တော့ ခက်ခဲမှာပေါ့
စက်နေရိုင်းက ကလေးမချစ်တတ်ဘူး
ဒါပေမယ့် အန်တီသဘောတူလာဖို့ ရာခိုင်နှုန်းများတယ် အန်တီက ကလေးသိပ်ချစ်တတ်တာ "
"... "
"ကိုယ်သွားတော့မယ် ဂျူတီလေးလည်းရှိသေးလို့ "
" နှောင့်ယှက်မိသလိုဖြစ်သွားလား"
"ရပါတယ်  "
ခန့်သီဟက ဆေးအိတ်ကိုယူပြီး တိုက်ခန်းမှထွက်သွားသည်။ မိုးယံကတော့ ထိုလူ့ကို တစ်ချက်လေးမှပင်မကြည့်လိုက်တော့။
လူကို အပေါစားထင်ပြီး ကြောရရုံကြံချင်နေတာလားမသိဘူး။
.
.
"မင်းဘာလုပ်ဖို့ စဉ်းစားနေတာလဲ "
မိုးယံ၏ ခပ်မာမာလေသံနှင့် မေးခွန်း။
" ကလေးယူဖို့"
"ကိုစက်နေအမေက ခိုင်းတာလား "
မိုးသွင်က ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့ဒါ မင်းကို သပ်သပ်အကျပ်ကိုင်တာ
မင်းယူလို့ရတယ်ထား မွေးဖွားရတာ ဘယ်လောက်ခက်ခဲလဲ အသက်ပါ ပါသွားရင် ဘယ်လိုလုပ်မလဲ သူ့သားချစ်နေတာ ယောကျားသားတစ်ယောက်လေ အဲ့ဒါကို လက်ခံပေးနိုင်ရမှာပေါ့ မိန်းကလေးဆိုရင်တောင် ကိုယ်၀န်မရနိုင်တဲ့သူတေရှိနေတာပဲကို ငါကတော့ လုံး၀သဘောမကျဘူး အဲ့အမျိုးသမီးကို"
"အင်းပါ ငါလည်း မလုပ်ရဲပါဘူး"
"လုပ်မယ်လို့လည်း တွေးမနေနဲ့ "
" အင်း"
နှစ်ယောက်ကြားလေထုက အနည်းငယ်ငြိမ်သက်သွားပြန်သည်။
" မင်း မမေရှားကို မဆက်သွယ်ဘူးလား"
"ဟင့်အင်း"
"သူက မင်းကို စောင့်နေတာ မင်္ဂလာပွဲတောင် ဆိုင်းငံ့ထားတာ"
"ဟင် "
"မသိဘူးလား "
သွင်က ခေါင်းရမ်းပြလာသည်။
" ကိုစက်နေက ဘာမှ ပြောမပြဘူးလား"
" ဟင့်အင်း သွင်ကလည်း မမေးမိဘူး"
"အဲ့ဒါ ကိုစက်နေ သပ်သပ်ယုတ်မာတာ "
"မဟုတ်ပါဘူး ငါကိုယ်တိုင်က မမေးခဲ့တာပါ "
"ကာပြောပေးမနေနဲ့ အသိသာကြီး
မမေရှားက မင်းကိုပြန်တွေ့မှ လက်ထပ်မှာဆိုတာ သူသိသိရက်နဲ့ကို မင်းကိုဖွက်ထားတာ "
"ရိုင်းက အဲ့လိုလည်းမဟုတ်လောက်ပါဘူး "
"ဟုတ်လိုက်တာမှ ကလပ်က အမျိူသမီးကိုလည်း တရားစွဲပြီး ထောင်ချပစ်တာနော် ချက်ချင်းပဲ
မင်း သဘောတူကြောင်းစာရွက်မှာ လက်မှတ်ထိုးထားသေးတယ်လေ
မင်း အဲ့ဒါကိုလည်းမသိဘူးလား "
"မမနှင်းဆီကိုလား "
" ဟုတ်တယ်"
" ငါတကယ်မသိဘူး"
"တကယ်တမ်းအားလုံးရဲ့ လက်သည် အဲ့ဒီအမျိုးသမီးပဲ မင်းနဲ့ကိုစက်နေကို ဆေးခပ်ခဲ့တာရော ကိုယ်၀န်မရှိဘဲနဲ့ရှိပါတယ်ပြောတာရော ပြီးတော့ မမေရှားပုံစံနဲ့ မင်းကို ဓားနဲ့ထိုးခဲ့တာရော"
" မမနှင်းက အဲ့လောက်ထိ.."
"ရှိသေးတယ် မင်းနဲ့ ကိုစက်နေရဲ့ videoကိုဖြန့်တာလည်း သူပဲ ကိုမင်းဓနဦးကို ချစ်တဲ့သူပါဆိုပြီး မင်းဆီကို ချဉ်းကပ်လာတာ သူ့အဖေက အရင်က အဲ့ကလပ်ကမန်နေဂျာဆိုတော့ မင်းတို့အကြောင်းတေ အကုန်သိနေတော့ မင်းကို လိမ်ရတာ ပိုလွယ်သွားတာပေါ့ အဓိကကတော့ မင်းမို့လို့ အလိမ်ခံရတာပေါ့"
"ဒါပေမယ့် မမနှင်းဆီက စိတ်ထားကောင်းပါတယ် "
"ဘာကောင်းမှာလဲ ဒီလောက်စိတ်ဓာတ်က ငရဲထိုးနေတာကို"
" တခါတလေ သူ့ဆီက နွေးထွေးတာမျိုးခံစားရပါတယ်"
"အဲ့ဒါ ဟန်ဆောင်နေတာလေ သွင်ရဲ့ "
"ငါလည်း သူ့နေရာမှာဆို အဲ့လိုလုပ်ချင်လုပ်ခဲ့မိမယ်ထင်တယ် မန်နေဂျာနဲ့ ကလပ်က အသုံးတော်ခံတစ်ယောက်ရဲ့ ကလေးဆိုတော့ နွေးနွေးထွေးထွေးနဲ့ ကြီးပြင်းလာဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပဲ ပြီးတော့ သူသဘောကျရတဲ့ ကိုကိုကလည်း ငါ့ကိုဂရုစိုက်နေတာဆိုတော့ သူလည်း ကြံရာမရလို့နေမှာပေါ့"
"မင်း ဘုန်းကြီး၀တ်လိုက်ပါလား "
" ဘာလို့လဲ"
" တရားတေအရမ်းပေါက်နေလို့"
"ငါ့မှာလည်း အငုံစိတ်တော့ရှိတာပေါ့
တနေ့ ငါ့စိတ်ငါမထိန်းနိုင်တော့ရင် အဲ့စိတ်က ထွက်ရင်ထွက်လာမှာပဲလေ အဲ့ဒါ လူတိုင်းမှာရှိတာပဲကို "
" ကဲပါ အခု အိမ်ကိုလိုက်မှာမလား"
"ငါမလိုက်ရဲဘူး "
" ဘာလို့လဲ"
" ဆရာနဲ့ မေကြီးကို တွေ့ရမှာ မျက်နှာပူလို့"
" ဘာဖြစ်လဲ ခရီးသွားနေတာလို့ပဲပြောလိုက်ပေါ့"
" ငါမှ မလိမ်တတ်တာ"
" ငါလိမ်ပေးမယ်"
" ကောင်းပါ့မလား"
" မကောင်းဘူးထင်ရင်လည်း ကျွန်တော် ကိုစက်နေနဲ့အတူနေနေပါတယ်လို့ ပြောလိုက်ပေါ့"
"အဲ့လိုကျလည်း "
"လိုက်ချင်လား မလိုက်ချင်ဘူးလားဘဲပြော "
"လိုက်ချင်တယ်"
"လိုက်ချင်ရင် သွားမယ် "
မိုးယံ အ၀တ်အစားလဲပြီးသည်နှင့် မိုးသွင်နှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။
(Only Imagination)

LoveWhere stories live. Discover now