"သွင်.. "
အနောက်မှခေါ်သံကြောင့် မိုးသွင် လှည့်ကြည့်လိုက်သည်။
မမနှင်းဆီ။
ခင်တာ သိပ်မကြာသေးသော်လည်း သူ့အပေါ်တွင် ကိုကိုပြီးရင် သွေးသားအရင်းတစ်ယောက်လို နွေးထွေးပေးသည့်သူ။ ကလပ်မှာနေတုန်းကကျ မကောင်းတဲ့ သူလိုလိုနဲ့ တကယ်က စိတ်ထားပြည့်၀သည့်အမျိုးသမီးတစ်ဦး။ ထို့အပြင် ကိုကို့ကို ချစ်မြတ်နိုးသည့် အမျိုးသမီးတစ်ဦး။
/ဘယ်ကို လာတာလဲ မမ/
"အ၀တ်အစားနည်းနည်း လာ၀ယ်တာ နေရထိုင်ရတာ နည်းနည်းစိတ်ရှုပ်လာသလို ခံစားရလို့ "
/ ... /
"ကော်ဖီဆိုင်ထိုင်ကြမလား ဒီမှာ ကော်ဖီဆိုင်ကောင်းကောင်းလေးရှိတယ် "
မိုးသွင်က ခေါင်းငြိမ့်ပြလိုက်သည်မို့ မမနှင်းဆီက သူ့လက်ကိုကိုင်ကာ ကော်ဖီဆိုင်သို့ ဆွဲခေါ်သွားသည်။
"ဘာသောက်မလဲ "
/သွင် နွားနို့ပဲသောက်တာ ကော်ဖီသောက်လေ့မရှိတော့ သိပ်မသိဘူး/
"ဟုတ်လား မမကတော့ ကော်ဖီကြိုက်တယ် "
/သွင်မသောက်../
စာရိုက်နေသော သွင်၏ ဖုန်းကို မမက ဆွဲယူလိုက်ပြီး
"စကားနဲ့ပြောပါလား သွင်စကားပြောတတ်တာ မမ သိတယ်"
သွင်က မမကို ကြောင်တောင်တောင်လေး ကြည့်နေရင်းမှ
"ကိုကိုပြောတာလား "
"အင်း "
"သွင်က မပြောချင်တာ မဟုတ်ပါဘူး မေမေ့ကို ကတိပေးထားလို့ပါ "
"ဘာလို့လဲ ပြောလို့ရပါတယ်"
"သွင်လည်း အဲ့ဒါတော့မသိဘူး
ဒါပေမယ့် သွင်စကားပြောရင် မေမေက ကိုကိုနဲ့ပေးမတွေ့တော့ဘူးဆိုပြီး ပြောခဲ့တာ အဲ့ဒါကြောင့် မပြောခဲ့တာ ဒါပေမယ့်လည်း မေမေက သွင့်ကို ကိုကိုနဲ့ ပေးမတွေ့ပါဘူး "
" ကိုမင်းကို ဘယ်လိုလုပ်မှတ်မိသွားတာလဲ"
"သွင်မမှတ်မိပါဘူး မေ့တောင် မေ့နေခဲ့တာ ကိုကို့ကို ဒါပေမယ့် ကိုကိုက ဟိုတလောကမှ ငယ်ငယ်တုန်းက သွင့်ဓာတ်ပုံတေပြ အရင်တုန်းက အကြောင်းတေ ပြန်ပြောပြမှ မှတ်မိတာ
ကိုကိုက အရင်တုန်းကရော အခုရော နွေးထွေးတယ်လေ"
"ဟုတ်တယ်နော် "
သွင့်စကားကို မမကလည်း ထောက်ခံပေးသည်။
"သွင့်စိတ်ကူးထဲမှာဆို ကိုကိုရယ် မမရယ် ပြီးတော့ တူလေးတူမလေးတေရယ် သွင်ရယ် အဲ့လိုလေး နေချင်တယ် ဒါပေမယ့် ဖြစ်နိုင်ပါ့မလား သွင်က မမတို့နဲ့နေဖို့ကျ"
"စက်နေရိုင်းကရော "
"... "
"သွင့်ရဲ့ အနာဂတ်မှာ သူ့အတွက်တွေးထားတာမျိုးမရှိဘူးလား "
သွင်က ပင့်သက်တစ်ခု ရှိုက်လိုက်ပြီး
"ဟင့်အင်း သွင့်ရဲ့ အနာဂတ်အစီစဉ်ထဲမှာ သူက ဘယ်တော့မှ ပါလာမှာမဟုတ်ဘူး"
"ဘာလို့လဲ သွင် သူ့ကို ချစ်တယ်မလား "
" သွင် သူ့အကြောင်းကို မတွေးချင်ဘူး
သူနဲ့ ပက်သတ်တာတေ သွင့်ကို မပြောလို့မရဘူးလား "
"သွင့်သဘောပါပဲ
ဒါဆို သွင့်အတွက် cappuccino မှာပေးမယ်နော်"
မမနှင်းဆီက cappuccinoတစ်ခွက်နှင့် Americano တစ်ခွက်မှာလိုက်သည်။
ခနအကြာတွင် ရောက်လာသော cappuccino သောက်ကြည့်ပြီး မိုးသွင် အတော်လေး သဘောကျမိသည့် အရသာကြောင့် ပြုံးလိုက်မိသည်။ အသစ်တေကို စမ်းသပ်ကြည့်ရတာ ကောင်းတာပဲ။
" ကောင်းလား"
"အင်း"
မမနှင်းဆီက သူ၏ပါးစပ်တွင်ပေနေသည်ကို ညင်သာစွာဖယ်ရှားပေးသည်။
မမကလည်း ကိုကို့လိုပဲ နွေးထွေးလိုက်တာ။
.
.
"စက်နေရိုင်းကရော "
"... "
"သွင့်ရဲ့ အနာဂတ်မှာ သူ့အတွက်တွေးထားတာမျိုးမရှိဘူးလား ""ဟင့်အင်း သွင့်ရဲ့ အနာဂတ်အစီစဉ်ထဲမှာ သူက ဘယ်တော့မှ ပါလာမှာမဟုတ်ဘူး"
"ဘာလို့လဲ သွင် သူ့ကို ချစ်တယ်မလား "
" သွင် သူ့အကြောင်းကို မတွေးချင်ဘူး
သူနဲ့ ပက်သတ်တာတေ သွင့်ကို မပြောလို့မရဘူးလား "
ဖုန်းထဲမှ ထွက်ပေါ်လာသော ချစ်ရသူ၏ အသံကြောင့် စက်နေရိုင်း အံကို တင်းတင်းကြိတ်မိသည်။ ပြီးနောက် တွေ့လိုက်ရသော ဓာတ်ပုံက အမျိုးသမီးတစ်ယောက်က မိုးသွင်၏ နှုတ်ခမ်းများကို တယုတယသုတ်ပေးနေသည့်ပုံ။
သွင်က အဲ့လိုပြောမှာ မဟုတ်ဘူး
ဘာလို့လဲဆိုတော့ သူ့ကိုတောင် တစ်ဖက်လှည့်နဲ့ လက်ထပ်ခွင့်တောင်းခိုင်းထားသေးတာပဲ။
"မင်း ဘာလုပ်မှာလဲ "
ရန်နောင်၏ အသံက ပုံမှန်ထက် တည်ငြိမ်နေသည်။
ခန့်သီဟကလည်း စက်နေရိုင်း၏ တုန့်ပြန်မှုကို တိတ်ဆိတ်စွာ စောင့်စားနေသည်။
"ငါက ဘာလုပ်ရမှာလဲ "
" ဒီလောက် ဟိုဘက်က မင်းအပေါ်မစစ်မှန်မှန်းသိသာနေတာတောင်"
"အဲ့ဒါက သူ့အပိုင်း "
"အဲ့တော့ မင်းဘက်ကရော "
"ငါသူ့ကို လက်မလွှတ်နိုင်ဘူး "
"ဟိုက မင်းအကြောင်း စိတ်ကူးထဲတောင်မထည့်ထားဘူးနော် "
"သူ မထည့်တာမဟုတ်ဘူး
မထည့်ရဲတာ သူ့ကိုယ်သူ သိမ်ငယ်စိတ်တေကြီးစိုးနေလို့ ငါ့ဆီကို လှမ်းမလာရဲတာ "
"... "
စက်နေရိုင်း၏ ဖြည့်တွေးတတ်မှုကြီးကို ရန်နောင် အံ့ဩမိသည်။ လူတစ်ယောက်အပေါ် ဘယ်တုန်းက ဒီလို ဖြည့်တွေးတတ်သွားတာလဲ။
" ဒီလိုတေ မြင်နေကြားနေရတာကို မင်းဘာမှမဖြစ်ဘူးလား ဘာအတွေးမှ မ၀င်ဘူးလား"
"၀င်တာပေါ့.."
"..." "..."
"ငါ သူ့ကို မြန်မြန်လက်ထပ်ခွင့်တောင်းသင့်နေပြီဆိုတဲ့ အတွေး၀င်လာတယ် သူ ငါ့ဆီက ဘယ်အချိန်ထွက်ပြေးမလဲ မသိနိုင်တာမို့ သူ့ထက်အရင် သူ့ကို ချုပ်နှောင်ထားရမယ် "
စက်နေရိုင်း၏ အပြောကို ရန်နောင်က အံ့ဩနေသလောက် ခန့်သီဟကတော့ ပြုံး၍သာ ကြည့်နေသည်။
စက်နေရိုင်း၏ အတွေးထဲတွင် မိုးသွင်၏ ပုံရိပ်လေးကို မြင်ယောင်သည်။
ကိုယ်မင်းကို လက်လွှတ်မပေးနိုင်ဘူး အချစ်။
(Only Imagination)