"အချစ် ခနလေး ကိုယ် သန့်စင်ခန်းသွားလိုက်ဦးမယ် "
" အင်း"
မိုးသွင်က ခုံတန်းလေးတစ်ခုပေါ်တွင်ထိုင်ပြီး ရေခဲမုန့်စားနေရင်း သွားလာနေကြသော လူများကို ငေးမောနေသည်။
" သွင်လား"
နောက်ကျောဘက်မှ အသံတစ်ခုကြောင့် ဆွဲချထားသော maskကို ပြန်တင်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ဟိုတနေ့က လူ။
သွင်က ခေါင်းငြိမ့်ပြလိုက်ကာ အသိအမှတ်ပြုလိုက်သည်။
" ကိုယ့်နာမ်မည် ဧကရာဇာပါ"
" ချစ်မိုးသွင်ပါ ဟိုနေ့က ရုတ်တရတ်ကြီး လန့်စေမိတဲ့အတွက် တောင်းပန်ပါတယ်"
"ရပါတယ် "
ဧကရာဇာ ဘာဆက်ပြောရမလဲမသိတော့။
သူက ရည်းစားထားဖို့မပြောနဲ့ မိန်းကလေးတေနဲ့ ဘယ်လိုစကားပြောရမလဲပင် သူမသိ။
"အာ.. သွားပါပြီ "
မိုးသွင်က အရည်ပျော်ကျလာသော ရေခဲမုန့်ကြည့်ပြီး ညည်းညည်းညူညူလေးဆိုကာ maskကို ဆွဲချပြီး ပျော်ကျလာသည့်အရည်ကို လျှာဖြင့်လျက်လိုက်သည်။ သူ့အကြိုက်ဆုံးက စတော်ဘယ်ရီရေခဲမုန့်ဖြစ်တာကြောင့် နည်းနည်းလေး လေလွင့်သည်ကိုပင်မကြိုက်ပေ။ ဒီလိုအချိန်မျိုးမှာဆို ရိုင်းက သူ့ကို ထိုအပြုအမူမျိုးက တခြားသူရှေ့မှာ မလုပ်ဖို့တားမြစ်စမြဲ။ ဘာလို့လဲမသိ။ မယဉ်ကျေးတဲ့ပုံစံများပေါက်နေလို့လား။
"တောင်းပန်ပါတယ် သွင် အကျင့်ပါနေလို့
ရေခဲမုန့်တေ ပျော်ကျတာက နှမြောစရာကောင်းလို့လေ "
"ကိုယ်ထပ်၀ယ်ကျွေးရမလား မင်းမ၀သေးရင် "
"ဗျာ "
တအံ့တဩပြောလာသည်က ယောကျားလေးလေသံနှင့်။ ငါကလည်း ဘာတေပြောမိတာပါလိမ့်။ မသိရင် ငတ်နေတဲ့သူကို ငါက ၀ယ်ကျွေးမယ်ပြောမိတဲ့အတိုင်းပဲ။
" ရပါတယ် သွင့်မှာ..အွန့်.."
ရုတ်တရတ်ပေါ်လာပြီး လူကိုနမ်းနေသော ရိုင်းေကြာင့် မိုးသွင်၏ မျက်နှာတစ်ခုလုံးပူရှိန်းလာသည်။
သူ့လူကြီးကတော့လေ သ၀န်ကြောင်နေပြန်ပြီထင်ပါရဲ့။ မိုးသွင်က ပြန်လည်တုန့်ပြန်ခြင်းမပြုဘဲ အားနေသော လက်တစ်ဖက်နှင့် ရိုင်း၏မေးရိုးကို တွန်းဖယ်လိုက်သည်။ အရှေ့က လူကတော့ သူတို့ကို ကြောင်တောင်တောင်လေးငေးနေသည်။
"အချစ်.. "
သူ့အနမ်းကို မတုန့်ပြန်၍ထင်သည် စက်နေရိုင်းက မကျေနပ်သံနှင့်ခေါ်လာသည်။
"ခင်ဗျားနော် လူတေရှိနေတာကို "
"သူက ဘယ်သူလဲ "
သိသိရက်နှင့် စက်နေရိုင်းမေးလိုက်သည်။
"ကိုဧကရာဇာတဲ့ "
" ဘယ်တုန်းက သိတာလဲ"
"ဒီတိုင်း သွင် ဒုက္ခေရာက်နေတုန်းက ကူညီပေးတာပါ "
" အချစ်က ဘာလို့ ဒုက္ခရောက်တာလဲ
ကိုယ်မရှိဘူးလား"
" ခင်ဗျားရယ် အရစ်မရှည်စမ်းနဲ့"
တကယ်တော့ ဟိုနေ့က ရိုင်းနောက်လိုက်လာတာကို ရိုင်းကို မသိစေလိုပါပေ။
"စက်နေရိုင်းပါ သွင့်ရဲ့အိမ်ထောင်ဖက်.. အာ."
သွင်က ရိုင်း၏ဗိုက်သားကို ဆွဲလိမ်လိုက်သည်။
"သွင့်ရဲ့ မိတ်ဆွေပါ သွင်တို့ကို ခွင့်ပြုပါဦး "
သွင်က ရိုင်း၏လက်ကိုဆွဲကာ ထွက်လာခဲ့သည်။
"ဘယ်လိုဖြစ်နေတာလဲ "
သွင်ကမေးတော့ သူမဟုတ်သလိုပင် မျက်နှာလေးငယ်ထားသူ။ ဒီလူကြီးက သူ့ထက် လေးငါးနှစ်ကြီးတယ်ဆိုတာ ယုံနိုင်စရာမရှိ။ သ၀န်ကလည်း အလွန်ကြောင်သည်။ တစ်ခုခုဆိုလည်း ထိန်းချုပ်ထားခြင်းမရှိ စိတ်ထဲရှိသည့်အတိုင်း လုပ်သည်။ သူ့ကို ပြောမည်ဆိုလျှင် မျက်နှာငယ်လေးနှင့် သူမှားသွားပါတယ်ဆိုပြီး လုပ်ပြပြန်သည်။
" အချစ်ကရော သူနဲ့ ဘယ်လိုလုပ်သိတာလဲ ကိုယ်မသိအောင် ဘာတေလုပ်နေတာလဲ"
"ဒီတိုင်းပဲသိတာပါဆို "
"ကိုယ့်ကိုကြည့်ပြော "
မိုးသွင်က ရိုင်း၏မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။ သွင်သူ့ကို မညာနိုင်တာကို သူကောင်းကောင်းသိသည်လေ။ သွင်လည်း မညာချင်ပါဘူး။ ဒီတိုင်း နည်းနည်းရှက်မိလို့။ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တာက ရှက်စရာတစ်ခုလို့ မြင်မိလို့။
" ကိုယ်ပြောဖူးတယ်လေ ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုပဲပြော ကိုယ့်ဆီကပဲ အခွင့်အရေးယူလို့"
" အင်းပါ"
"အဲ့တော့ ဘယ်မှာဘယ်လို ဒုက္ခရောက်လို့ သူက ဘယ်လို ကူညီပေးတာလဲ "
"ဟိုတနေ့က ရိုင်းနောက်ကို လိုက်လာတာ အဲ့ဒါ ရိုင်းမြင်မှာစိုးလို့ သူ့ကိုအကာကွယ်ယူပြီး ပုန်းလိုက်တာ အဲ့ဒါ သွင် သူ့ကို လန့်အောင်လုပ်မိသွားလို့ အားနာလို့ပါ "
"အဲ့လောက်လေးနဲ့ အဲ့လူကလန့်မလားအချစ်ရဲ့ "
"သူ့နှလုံးခုန်နှုန်းက တအားကျယ်လာတာ လန့်သွားလို့ထင်ပါရဲ့ "
အဲ့လူ မဟုတ်မှလွဲရော သွင့်ကိုများ ရင်ခုန်သွားတာလား။
" နောက်တစ်ခါ အဲ့လူနဲ့တွေ့ရင် နှုတ်မဆက်ရဘူး"
"ဘာလို့လဲ "
" ကိုယ်မကြိုက်ဘူး"
"အင်း "
သူပြောစကားကို အလွယ်တကူပင် လက်ခံလိုက်သော သွင်၏နဖူးကို နမ်းရှိုက်ဟန်ပြင်တော့ ရှောင်ဖယ်သွားသည်။
"လူ..လူ တေနဲ့ "
"ဘာဖြစ်လဲ "
"မရှက်ဘူးလား "
"မရှက်ပါဘူး ကိုယ့်ချစ်သူကိုယ်နမ်းတာပဲ "
သွင်က ထိုနေရာမှ ထွက်သွားသည်မို့ သွင့်နောက်သို့ မှီအောင်လိုက်ပြီး သွင်၏လက်ကို ဆွဲကိုင်လိုက်ကာ ယှဉ်တွဲလျှောက်လိုက်သည်။
ကိုယ်မင်းကို နမ်းချင်လိုက်တာ။
.
.
" ဧကရီ"
အနောက်မှ နှုတ်ဆက်လိုက်သော အသံကြောင့် ဧကရီလှည့်ကြည့်မိတော့ ကိုစက်နေရိုင်း၏ အတွင်းရေးမှူး ကိုရန်နောင်။
"တစ်ယောက်တည်းလား "
" အကို ပါ,ပါတယ်"
" ဟုတ်လား"
"အကိုကရော "
"ဘယ်ရောက်သွားတာလဲ မသိလို့ "
"ကိုယ်ကူရှာပေးမယ်လေ "
"ရပါတယ် အားနာစရာ "
"အားနာစရာမလိုပါဘူး "
ရန်နောင်က ဧကရီနှင့် ယှဉ်ကာ လျှောက်လိုက်သည်။ အရပ်ကလည်း သူ့ပါးစပ်နားလောက်ထိသာရှိသည်မို့ သူက အနည်းငယ် ငုံ့မိုးကြည့်ရသည်။
အတော်လေး လှတဲ့မိန်းကလေးပဲ။
စက်နေရိုင်းကလည်း မိုးသွင်ကိုပဲ ချစ်တာဆိုတော့ ဒီမိန်းကလေးက ငါ့အတွက်ပို့ပေးလိုက်တဲ့ ဖူးစာရှင်ပဲနေမယ်။ ဒါပေမယ့် သူ့အကိုက ကြောက်စရာကြီး။ ဟိုနေ့ကတောင် အိမ်ထောင်ဖက်တွေ့တဲ့အထိ အဖော်လိုက်လာတာဆိုတော့ သူ့ညီမကို တော်တော်နှမြောပုံပဲ။
ဧကရီစံက ရပ်တန့်လိုက်ပြီး ကိတ်မုန့်ဆိုင်တစ်ခုအတွင်းသို့ကြည့်နေသည်မို့ သူပါလိုက်ကြည့်မိသည်။ စက်နေရိုင်းနဲ့ အမျိုးသမီးတစ်ဦး။
တိတိကျကျပြောရရင် မိုးသွင်ဆိုတဲ့ကောင်လေး။
ဒီကောင် ဘယ်အချိန်တုန်း မိုးသွင်ကို တွေ့သွားတာလဲ။ ငါ့မှာတော့ အသည်းကွဲနေတဲ့ သူငယ်ချင်းလေးဆိုပြီး သူ့ကိုယ်စား စာရင်းတေအကုန်စစ်ပေးရတယ် စောစောအိပ်ရတယ်ကိုမရှိဘူး။
ငါ့ကို သပ်သပ်မဲ့ ညာပြီးခိုင်းနေတာ။
ဒီကောင်တော့ တွေ့မယ်။
"ဘယ်လဲ "
"ဒီကောင့်ကို ဆုံးမ မှဖြစ်မှာ "
"မလုပ်ပါနဲ့ "
ဧကရီစံက တားထားသည်။
အဲ့ဒါဆို သူယောကျားယူစရာမလိုသေးဘူး။
ဟား ဟား ပျော်လိုက်တာ။
ကြည့်ပါဦး ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လဲ။