"မေမေ.. "
အပြင်ကနေပြန်လာပြီး မျက်နှာကလည်း ဒဏ်ရာရလာသောကြောင့် ဒေါ်ယင်းမာ သားဆီကို အာရုံစိုက်လိုက်သည်။
"ဘာဖြစ်လာတာလဲ "
"ကျွန်တော် မေရှားကို လက်မထပ်နိုင်ဘူး.. "
" ဘာလို့လဲ.."
"ကျွန်တော်နဲ့ မေရှားက သူငယ်ချင်းအရင်းကြီးတေ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာလည်း မဟုတ်ဘူး "
"အချစ်တဲ့လား
ဘယ်တုန်းက အချစ်ဆိုတဲ့အရာက သားဆီမှာ အရေးကြီးသွားတာလဲ "
မေမေ၏ခနဲ့သည့်မေးခွန်း။
"ဘာလဲ ဟိုစကားမပြောတတ်တဲ့ ကလပ်က ကောင်မလေးကြောင့်လား.. "
မေမေ့စကားကြောင့် သူမေမေ့ကို ကြည့်လိုက်မိသည်။
"အိမ်ပြန်မအိပ်တဲ့သားကို အမေက ပစ်ထားမယ်ထင်နေတာလား "
"... "
"ပြောမလို့တွေးထားပေမယ့် သားက အိမ်ကို ပြန်လာလို့ ဒီအတိုင်းအပျော်ထင်နေလို့ ဘာမှမပြောဝာာ လူတိုင်းတစ်ခါတော့ မှားတတ်ကြတာပဲ.. ပြီးတော့ အဲ့ဒီမိန်းကလေးက သားနဲ့ သင့်တော်တယ် မသင့်တော်ဘူးဆိုတာ သားအသိဆုံး.."
" သား မေရှားကို ဘယ်လိုပဲဖြစ်ဖြစ်လက်မထပ်နိုင်ဘူး.."
"ဒါဆို ဟိုလောဘသမား မင်းဓနဦးလက်ထဲ မေရှားကို ထည့်ပေးလိုက်ရုံပဲပေါ့..
မင်းသူငယ်ချင်းကို ဘယ်လိုဖြစ်စေချင်လဲ
သူ့မိဘတေက မင်းတစ်ယောက်တည်းကိုပဲ မေရှားကို ပုံအပ်ထားတယ်ထင်မနေနဲ့"
"... "
" မင်းဆုံးဖြတ်ပေါ့ မေရှားကို ငြင်းမယ်ဆိုရင် တရား၀င်ပြောလိုက်မယ် စက်နေရိုင်းက ငြင်းပါတယ်လို့ အဲ့ကျရင် မေရှားကို မင်းဓနဦးက အလိုလိုပိုင်သွားလိမ့်မယ် ပြီးတော့ သူတို့နှစ်ဦး ပူးပေါင်းပြီး ဒို့ကုမ္ပဏီက အနောက်မှာကျန်ခဲ့လိမ့်မယ် ဒါတင်မကဘဲ မင်းက ဟိုမိန်းကလေးကိုပါ လက်ထပ်မယ်ဆို မင်းရဲ့ ဂုဏ်သိက္ခာကြောင့် ကုမ္ပဏီကလည်း ဆုတ်ယုတ်သွားလိမ့်မယ် အဲ့ကျရင် မင်းပျော်နိုင်ဦးမလား ပြီးတော့ သူ့လိုမိန်းကလေးက ပိုက်ဆံမရှိတဲ့မင်းကို သစ္စာရှိနိုင်မလား..
ဘယ်လိုလဲ မိဘလက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်ဖို့ကြိုးစားကြည့်ချင်လား"
" ဒါပေမယ့်.."
" သားအစကတည်းက မင်းဓနဦးရဲ့ လှည့်ကွက်မှန်းသိရက်နဲ့ တည့်တည့်တိုးခဲ့တာပဲမလား.."
မေမေ့အမေးတွင် သူပြောစရာစကားမရှိခဲ့ပေ။
"ကိုယ်မွေးထားတဲ့ သားအကြောင်း ကိုယ်မသိရအောင် အမေကအရူးလား.. မင်းစိတ်ထဲမထားတဲ့သူကိုဆို အရေးမလုပ်တဲ့အကျင့်ကို မေမေသိတယ်"
"သားသူနဲ့မခွဲနိုင်ဘူး "
" မခွဲနိုင်တာလား မခွဲချင်တာလား သေချာစဉ်းစားပေါ့.. သားကောင်းကောင်းဆုံးဖြတ်နိုင်မယ်လို့ မေမေယုံကြည်တယ်.. မေမေအပြင်သွားဦးမယ် အနာကိုဆေးထည့်ထားဦး"
မေမေက ထိုမျှသာပြောပြီး ထွက်သွားသည်။
.
.
"မိုးယံ.. သူအဆင်ပြေပါ့မလား "
မိုးသွင်က မိုးယံနှင့် အတူယှဉ်တွဲထိုင်နေရင်း စကားစလိုက်သည်။
" ဘာလို့လဲ"
" မျက်နှာမှာ အနာရသွားတယ်လေ "
"မင်းသူ့ကို ကြိုက်နေတာလား "
" ကြိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ"
"သူ့ပုံစံကို ကြိုက်တာလားလို့ "
" အင်း အဲ့လိုပဲေနမယ်"
" သူ့ရုပ်ရည်ကြောင့်ဆိုရင်တော့ သူ့ထက်သာတာတေ အများကြီးရှိပါတယ်"
" ရုပ်ရည်ချည်းပဲတော့ မဟုတ်ပါဘူး..
ဒီတိုင်း သူ့ကို သဘောကျမိတာ..
ပုံစံက ခပ်တည်တည်ကြီးပေမယ့် နွေးထွေးတဲ့ နှလုံးသားလည်းရှိတယ် အခွင့်အရေးလည်းမယူတတ်ဘူး ငါ့ကိုလည်း စိတ်ပူပေးတယ်.. အိမ်မှာ watercoolerမှာ ရေဘူးတင်တာကအစ အမှိုက်ပစ်တာအဆုံး သူပဲအကုန်လုပ်ပေးတာ ပြီးတော့ ဘယ်လိုနေနေ ငါ့မျက်လုံးထဲမှာ ကျားပေါက်လေးလိုပဲ ငွေစကားပြောတယ်ထင်ရပေမယ့် တကယ်က ငါ့ကို စိတ်ပူနေလို့ ပြောနေတယ်ဆိုတာ ငါသိတယ် ဒုက္ခရောက်နေတိုင်းပေါ်ပေါက်လာပေးတဲ့ heroတစ်ယောက်လိုပဲ"
မိုးသွင်၏ တလက်လက်တောက်ပနေသော မျက်၀န်းများကို မိုးယံက ကြည့်လိုက်ပြီး
" ချစ်မိနေတာပဲ.."
"ဟမ်.. "
" မင်းသူ့ကိုချစ်မိနေတာ.."
" မဖြစ်နိုင်တာ.."
"တကယ် သဘောကျတဲ့အဆင့်ထက်ပိုပြီး မင်းသူ့ကို ချစ်မိနေတာ.. နေ့လည်က သူဌေးနဲ့ မမေရှားကို လိုက်ဖယ်တယ်လို့ ကြားလိုက်ရတော့ နည်းနည်းနာကျင်ရတယ်မလား.."
"အင်း.. "
"အဲ့အချိန် စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ.. "
"အဲ့ဒါက ဘယ်လိုပြောရမလဲ.. "
မိုးသွင်သေချာစဉ်းစားလိုက်သည်။ အဲ့ဒီခံစားချက်က ဘာနဲ့တူလဲ။
" အာ.. သိပြီ..သူ ငါ့ကိုယ်သင်းနံ့ကို ငှားပြီး အာသာဖြေရင်း တခြားသူနာမ်မည်ကို ခေါ်လိုက်တုန်းက ခံစားလိုက်ရတဲ့ ခံစားချက်အတိုင်းပဲ.."
"ဘာ..ဘယ်လို.. ဒီလူ.. "
"ဒေါသမထွက်ပါနဲ့ သူဆေးမိထားလို့ပါ "
" ခွင့်လွှတ်ပေးနိုင်တယ်လား အဲ့ကိစ္စကို"
"အဲ့တုန်းက ငါက ကလပ်မှာ သူ့ကို၀န်ဆောင်မှုပေးရတဲ့သူလေ ငါ့ကို ဘာမှမလုပ်တာကိုပဲ ကျေးဇူးတင်ရမယ် "
" အဲ့တော့ ဘာဆက်လုပ်မှာလဲ သူဌေးကို လက်လျော့တော့မှာလား"
" ငါက ဘာလုပ်ရမှာလဲ သူလည်း သူ့ဘ၀နဲ့ ငါလည်းငါ့ဘ၀နဲ့ ပြီးရင် အသက်နှစ်ဆယ့်တစ်ကျော်တာနဲ့ ဒီပုံစံကို စွန့်လွှတ်ပြီး ငါလည်း ယောကျားလေးလို နေတော့မှာပါ"
"မင်းခံစားချက်တေကရော.. "
" မေမေပြောဖူးတယ် ချစ်တဲ့သူကို မပိုင်ဆိုင်ရရင်တောင် အချစ်ဆိုတဲ့ ခံစားချက်လေးက သိမ်းထုပ်ထားဖို့ကောင်းတဲ့ ခံစားချက်လေးတဲ့ သူ့ကို ချစ်နေတယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မဖြစ်နိုင်ဘူးလေ သူက ငါ့ကို ဒီတိုင်းလေး သနားလို့ ဆက်ဆံပေးနေတာကို ငါက အခွင့်ကောင်းယူဖို့မရဲဘူးလေ"
အေးချမ်းစွာ ပြောဆိုနေသော မိုးသွင်ကို ကြည့်ပြီး မိုးယံ ပြုံးမိသည်။ တကယ်ကို အသည်းက နုနုလေးပဲ။
မေတ္တာတေစစ်မှန်ရင် ဆုံဆည်းရမှာပါ..။
.
.
အချစ်တဲ့လား..။
ငါတကယ် အဲ့ဒီလူကို ချစ်မိသွားတာလား။
မိုးယံပြောသော အချစ်ဟူသော ခေါင်းစဉ်အောက်တွင် ဖြစ်တည်လာသော ခံစားချက်အကြောင်း မိုးသွင် စဉ်းစားနေသည်။ ပထမဦးဆုံးတွေ့ဆုံခြင်းက မလှပခဲ့ပေမယ့် အခုလက်ရှိအခြေအနေက သူတို့နှစ်ယောက်ကြား သိပ်ပြီး တင်းတင်းမာမာမရှိတော့။ ပွဲဈေးကအပြန် သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတော့ တိတ်တဆိတ်ကာကွယ်ပေးခဲ့သူ။ သူ့ဘက်က သတိမထားမိလောက်ဘူးထင်ပေမယ့် မျက်လုံးလျင်သော မိုးသွင်က သူ့ကို မြင်လိုက်ပါသည်။ ပြီးနောက် တိုက်ခန်းပေါ်တက်မလာဘဲ တိုက်အောက်တွင်သာ ရပ်နေသည်ကိုလည်း မိုးသွင် မြင်ပါသည်။
ပြီးတော့ နေ့လည်က ပြောခဲ့တဲ့ စကားတေ အနမ်းတေက ဘယ်လိုစိတ်မျိုးနဲ့ လုပ်သွားခဲ့တာလဲ။ ဒီလူလည်း မိုးသွင်နဲ့ ထပ်တူကျနေမလား။
မိုးသွင်မတွေးရဲပေ။ မိုးသွင်ဆိုတာ အသုံးတော်ခံရဲ့ သွေးသားတစ်ဦး။ အဖေဆိုတာ ဘယ်သူလဲမသိရတဲ့သူ။ ပြီးတော့ ကလပ်မှာဘဲ ကြီးပြင်းခဲ့ရတဲ့သူ။ ဒီလို လူမျိုးတစ်ယောက်ကို စက်နေက ချစ်နိုင်ပါ့မလား။ မိုးသွင်တွေးရင်း ၀ရံတာဘက်ထွက်ကာ လေအေးအေးလေးကို ခံယူလိုက်သည်။ ထိုအချိန် တိုက်အောက်တွင်တွေ့လိုက်ရသော ရင်းနှီးသော ပုံရိပ်တစ်ခုကြောင့် အောက်သို့ပြေးဆင်းလာမိသည်။
" ဟို.."
နာမ်မည်ကို ဘယ်လိုခေါ်ရမလဲမသိ။
"ကိုယ့်နာမ်မည်မသိတာလား "
"သိပါတယ် ဘယ်လိုခေါ်ရမလဲမသိလို့ "
"ဘယ်လိုခေါ်ချင်လို့လဲ "
"ကို..ကို..စက်နေဆို ရလား "
"အင်း.. "
" အပေါ်မတက်တော့ဘူးလား"
" ကိုယ်က ဒီတိုက်ခန်းမှာ နေတဲ့သူမှ မဟုတ်တော့တာ ကိုယ့်သဘောနဲ့ကိုယ် ဆင်းလာပြီး ပြန်မတက်ချင်ပါဘူး.."
"ဘယ်သူက တားထားလို့လဲ.. လာချင်လာလို့ ရတာပဲ လမှ မကုန်သေးတာကို "
"နေ့လည်က ပြန်တော့ဆို ခင်ဗျားလေးပဲ ပြောတာလေ "
စက်နေက မိုးသွင်ကို နူးနူးညံ့ညံ့လေးကြည့်ကာ ပြောလိုက်သည်မို့ မိုးသွင် မျက်လွှာချလိုက်မိပြီး
"အပေါ်သွားရအောင် ဆေးထည့်ပေးမယ်"
" အခုက ကိုယ့်ကို အိမ်ပြန်လာဖို့ခေါ်တာလား"
" ဘယ်သူက ဆင်းသွားခိုင်းလို့လဲ ကိုယ့်ဘာသာဆင်းသွားပြီးတော့ ပြီးတော့ သွင်က ဘယ်လိုလုပ်လိုက်ခေါ်ရဲမှာလဲ ဘယ်မှာနေတာလည်းလဲ မသိဘူး"
" အခုက ကိုယ့်ကို စိတ်မဆိုးတော့ဘူးမလား"
" ကိုစက်နေကို စိတ်မဆိုးဖူးပါဘူး ဒီအတိုင်းပဲ.."
" စိတ်ကောက်တာလား"
"လိုက်ခဲ့ပါဆို လေကိုရှည်နေတယ်.. "
မိုးသွင်က စက်နေ၏လက်ကို ဆွဲခေါ်ခဲ့သည်။ ပြီးနောက် မိုးသွင်က သူ့အခန်းထဲသို့ ၀င်ခဲ့သည်။ စက်နေကို အိပ်ယာပေါ်ထိုင်ခိုင်းလိုက်ပြီး မိုးသွင်က ဆေးဗူးယူကာ စက်နေနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
"မိုးယံရော ပြန်သွားတာလား "
"သူက ကိုစက်နေအခန်းထဲမှာ "
" အခန်းထဲက ပစ္စည်းတေကရော"
" ပစ္စည်းတေက အလယ်ကအခန်းထဲထည့်ထားပါတယ် ကိုစက်နေပြန်မလာတဲ့နေ့က တစ်ယောက်တည်းဖြစ်နေလို့ သူက စောင့်အိပ်ပေးတာကနေ နောက်ရက်လည်း ပြန်မလာလို့ သူဒီမှာ နေပေးတာ"
" အခုပြန်ခိုင်းလိုက်တော့ ကိုယ်ပြန်လာခဲ့မယ်"
" မဖြစ်ဘူး..သူ့အိမ်ကို သွင်ကိုယ်တိုင်ပြောထားတာ ပြီးတော့ သူ့အလုပ်ကလည်း ပြုတ်ထားတော့ ဒါနဲ့ သူ့ကို ဘာလို့အလုပ်ဖြုတ်လိုက်တာလဲ"
"မင်းကို ဒီလောက်ပြောဆိုနေတာ မနာတတ်ဘူးလား ဘာလို့ ပြန်မပြောတာလဲ"
" သွင်ပြန်ပြောပါတယ်"
"မင်းပြောတာတေ ကိုယ်မှ နားမလည်တာ ကိုယ်သိတာ သူပြောတာ တော်တော်လွန်တယ်ဆိုတာပဲ "
"သူ့ကို အလုပ်မဖြုတ်လို့ မရဘူးလား "
"မရဘူး.. "
မိုးသွင်က ဂွမ်းစလေးတွင် အရက်ပြန်စွတ်လိုက်ပြီး ဒဏ်ရာကို ပိုးသတ်ပေးလိုက်သည်။ ပြီးနောက် ဆေးလိမ်းပေးလိုက်သည်။
" ဘာလို့ မတောင်းဆိုတာလဲ မင်းထပ်ပြီးတောင်းဆိုရင် ကိုယ်လိုက်လျောချင် လိုက်လျောမှာပေါ့"
" ဟင့်အင်း ပေးချင်တဲ့သူက တောင်းဆိုစရာမှမလိုတာ ကိုယ့်လိုအပ်ချက်ကို တစ်စုံတစ်ယောက်ကတော့ အလိုက်သင့်ဖြည့်ဆည်းပေးမှာပဲ ပြီးတော့ ဒါက မရှိမဖြစ်လိုအပ်တဲ့အရာမှ မဟုတ်တာ မိုးယံက လူတော်တစ်ယောက်ပဲ နောက်ထပ်အလုပ်ရှာဖို့ သူ့အတွက်လွယ်ကူပါတယ်"
"အဲ့ဒီဒဿနကို ဘယ်သူပြောထားတာလဲ "
" မမှတ်မိတော့ဘူး ရင်းနှီးတဲ့ တစ်ယောက်ယောက်က ထင်တယ်"
" ကိုယ့်ကို ဆေးထည့်ပေးလို့ မိုးယံကို အလုပ်ပြန်ခန့်ပေးမယ်"
" အဲ့ဒါကြောင့်ဆိုရင်တော့ မလုပ်ပါနဲ့ ဒါက သွင့်ကြောင့်ဖြစ်တာမို့ လုပ်ပေးတာပါ"
"တခြားသူကြောင့်ဆိုရင် မလုပ်ပေးဘူးလား "
"စကားအထအနမကောက်စမ်းနဲ့ ခင်ဗျားကြီးရယ် ဒီတိုင်း ကိုယ်သဘောကျတဲ့သူတစ်ယောက် ထိခိုက်ဒဏ်ရာရထားတာ ဘယ်သူက မလုပ်ပေးဘဲနေမှာလဲ အိပ်တော့.."
စက်နေက မိုးသွင်ကို ပွေ့ဖက်လိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်သည်။
" ကိုယ်မင်းနဲ့ခွဲမနေချင်ဘူး"
" ဘာလုပ်တာလဲ ဖယ်.."
" ကိုယ့်ကို ကိုယ်သင်းနံ့လေးငှားပါဦး"
"ခင်ဗျား ဘာတေတွေးနေတာလဲ မရဘူးနော် အရင်တစ်ခါက ဆေးမိထားလို့.."
မိုးသွင်၏ နားရွက်ဖျားလေးများရဲသွားသည်။
"ဟောဗျာ ဘာတေတွေးနေတာလဲ ကိုယ်က အိပ်ချင်လို့ပါ ကိုယ်မအိပ်ရတာ နှစ်ရက်ရှိနေပြီ မင်းရဲ့ကိုယ်သင်းနံ့လေးက ကိုယ့်ကို စိတ်အေးစေလို့ ပါ "
"ရှင်းရှင်းလင်းလင်းပြောပါလား.. "
"မင်းဘာသာ လျှောက်တွေးနေတာမလား.. "
"အိပ်တော့ "
" အိပ်မက်လှလှလေးမက်ပါစေ.."
စက်နေရိုင်းက မိုးသွင်နဖူးလေးကို နမ်းရှိုက်ရင်း အိပ်စက်လိုက်သည်။ မိုးသွင်၏ နှလုံးသားထဲတွင် ခပ်နွေးနွေးလေးဖြစ်သွားသည်။ မကြာမီပင် ထွက်ပေါ် လာသော အသက်ရှူသံမှန်မှန်လေးကြောင့် မိုးသွင်ပြုံးလိုက်ပြီး သူပါ မှေးစက်လိုက်သည်။
အိပ်မက်လှလှမက်ပါစေ ရိုင်း။
(Only Imagination)