20

23 1 0
                                    

ဒီနေ့က မိုးသွင်ဆေးရုံက ဆင်းမည့်နေ့။
မေရှားကလည်း ရောက်နေပြီး မိုးသွင်ကို သူနှင့်အတူ ခေါ်သွားမည်ဟု ပြောနေသည်။
စက်နေရိုင်းကတော့ ဘာမှတော့မပြောပေ။
အားလုံး မိုးသွင်၏ စိတ်တိုင်းကျသာ။
တစ်ကောင်ကြွက်လို နေလာရသော မိုးသွင်က သွေးသားအရင်းနဲ့ အတူနေချင်မှာပဲလေ။
" ကိုယ် ခန့်သီဟဆီ သွားလိုက်ဦးမယ်နော်
အေးဆေး စကားပြောကြဦး"
စက်နေရိုင်းက မောင်နှမနှစ်ယောက်အတွက် အလိုက်သင့် ရှောင်ပေးသည်။
"ဘာလို့အမှန်တိုင်းမပြောတာလဲ "
မေရှားထံမှ ခပ်မာမာထွက်လာသော မေးခွန်း။
"အမက သွင့်ကို ဘာလို့ဒီလိုလုပ်ရတာလဲ "
" မမြင်ချင်လို့ မင်းကိုမုန်းလို့
မင်းလို အသုံးတော်ခံတစ်ယောက်နဲ့ ရခဲ့တဲ့သူတစ်ယောက်ကို ငါ့မောင်လို့ မသတ်မှတ်နိုင်ဘူး"
" သွင်ကလည်း အမကို တော်စပ်ရမယ်လို့ မတောင်းဆိုခဲ့ဖူးပါဘူး ဒါပေမယ့် သွင့်ကို သတ်ရလောက်အောင်ထိ အမ ဘာလို့ လုပ်ခဲ့လဲဆိုတာ နားမလည်နိုင်ဘူး"
"မင်းက ငါ့ဆီက အရာအားလုံးကို လုယူသွားခဲ့လို့ "
" သွင် အမဆီက ဘာမှ မရခဲ့ပါဘူး
ဘယ်အရာကိုမှ လုမယူခဲ့ပါဘူး"
" မလုယူဘူး ဟုတ်လား"
" ငါ့မိသားစု ပြီးတော့ ငါရည်ရွယ်ထားတဲ့သူ ပြီးတော့ အခု မင်းကယောကျားလေးဆိုတော့ ငါ့ရဲ့ပိုင်ဆိုင်မှုတေကိုပါ လုယူတော့မှာမလား"
" ကျွန်တော် ဘာကိုမှ မလိုချင်ခဲ့သလို လုမယူခဲ့ဘူး
အမရဲ့ စည်းစိမ်တေကိုလည်း စိတ်မ၀င်စားဘူး
ကျွန်တော်လိုချင်မိတာဆိုလို့ ရိုင်းတစ်ယောက်ပဲရှိတယ်"
ဖြန်း..
မေရှားက မိုးသွင်၏ ပါးကို ရိုက်ချလိုက်သည်။
" တန်သလား နင်က စက်နေနဲ့ တန်လို့လား"
" မတန်မှန်းသိပါတယ် ကျွန်တော်နဲ့ မလိုက်ဖက်မှန်းလည်း သိတယ် ဒါပေမယ့် "
" မလိုက်ဖက်မှန်းသိတာတောင် မင်းက လက်ထပ်ခွင့်တောင်းခိုင်းခဲ့သေးတာမလား"
မေရှားက သူမ၏အိတ်ထဲမှ လက်စွပ်ဗူးလေးကို ထုတ်ပြလာသည်။
"ပြန်ပေးပါ.. "
"မလိုက်ဖက်ဘူးဆို ဘာလို့ပြန်တောင်းနေတာလဲ "
"ဒါ ရိုင်းပေးထားတာ "
" သိန်းထောင်ချီတန်တဲ့ လက်စွပ်ဆိုတော့ စက်နေက မင်းအပေါ် တော်တော်လေးနက်တဲ့ပုံပဲ"
"... "
မိုးသွင်မှာ မေရှားစကားကြောင့် စွံ့အသွားသည်။
သူက ဒီလက်စွပ်လေးကို ဘယ်လောက်မှ တန်ကြေးမရှိဘူးလို့ ထင်နေတာကို။
" စက်နေဆီက ချူစားနေတာတော့မဟုတ်ဘူးမလား"
"ကျွန်တော့်ကို ပြန်ပေးပါ ကျွန်တော် သူ့ကို ပြန်ပေးရမယ် "
မေရှားက လက်စွပ်ကို အိတ်ထဲပြန်ထည့်လိုက်ပြီး
"မင်း ငါနဲ့လိုက်နေရမယ် "
" အမကိုလည်း ကျွန်တော် အမှန်တိုင်း ဖွင့်ပြောလို့ရတယ်ဆိုတာ သိလား"
" သက်သေမရှိဘဲ မင်းက ငါ့ကို စွပ်စွဲနေတာဘဲ"
မေရှား၏ အထက်စီးဆန်သော စကားသံကြောင့် မိုးသွင် လက်သီး တင်းတင်းဆုပ်လိုက်သည်။
သူဘယ်လိုလုပ်ပြောနိုင်မှာလဲ။
သူပြောသမျှဆို ဟိုလူကြီးက သက်သေမရှိလည်း ယုံပေးမှာဆိုပေမယ့် အမနဲ့ သူတို့ကြားက ဆက်ဆံရေးကို မပျက်စီးစေလို။ ဘယ်လိုပဲဖြစ်ဖြစ် မေရှားထက်ဆိုတာ သူ့ရဲ့သွေးသားရင်း။ သူ့ရဲ့တစ်ဦးတည်းသော အမ။ ပြီးတော့ အဖေကဖောက်ပြန်လို့ မိသားစုအတွင်းရေးကြောင့် စိတ်ဒဏ်ရာလည်း ရခဲ့မှာဘဲ။ အဲ့ဒါကြောင့်ပဲ လူတစ်ယောက်ကို သတ်ဖို့ထိတွေးနိုင်ခဲ့တာပေါ့။
"ဘယ်လိုလဲ "
" သွင်သဘောတူပါတယ် ဒါပေမယ့် မမရဲ့မင်္ဂလာပွဲပြီးရင် ထွက်သွားပါရစေ သွင့်မှာ တာ၀န်ယူရမယ့်အရာလေးတေရှိနေသေးလို့ပါ"
မိုးသွင်က သဘောတူကြောင်းပြောမှ မေရှားက လူနာစောင့်သော ထိုင်ခုံတွင်ထိုင်လိုက်ပြီး စက်နေကို စောင့်နေလိုက်သည်။
.
.
"အချစ် ပါးက ဘာဖြစ်တာလဲ "
စက်နေရိုင်း အခန်းထဲပြန်ရောက်ရောက်ချင်းမှာပင် နီရဲနေသော မိုးသွင်၏ ပါးကို ခပ်ဖွဖွကိုင်ရင်းမေးလိုက်သည်။
"ခုနက သန့်စင်ခန်း၀င်ရင်းနဲ့ တံခါးနဲ့ ရိုက်မိသွားတာ "
"ဟုတ်ရဲ့လား တံခါးက အဲ့လောက် အားအပြင်းကြီးနဲ့ ရိုက်မိသွားတာလား "
စက်နေက မယုံကြည်ဟန်နှင့်မေးသည်။
ဒီကောင်လေးက နမူမဲ့နမာမဲ့ နေတတ်တဲ့သူမျိုးမှ မဟုတ်တာ ဒီလိုဖြစ်ရအောင်က။
"လာ ဆေးလိမ်းပေးမယ် "
မိုးသွင် မငြင်းဘဲ လက်ခံလိုက်သည်။
စက်နေရိုင်းက မိမိရှေ့မှကောင်လေးကို ပဲ့ကြွေလွယ်သည့် ပန်းလေးတစ်ပွင့်လို တယုတယထိတွေ့နေသဖြင့် မေရှားကြည့်ရင်း အလိုမကျသည့် စိတ်များက ၀င်လာသည်။
"ဒီမှာ သူ့အမတစ်ယောက်လုံး ရှိသေးတယ်လေ "
"အဲ့အမက ဘာသုံးစားရလို့လဲ ဒီမှာ ကလေးပါးမှာ ဒီလောက်ရဲနေတာကို ဂရုမစိုက်ဘဲနဲ့ ဘယ်လိုလုပ် အေးအေးဆေးဆေး ထိုင်နေရတာလဲ "
စက်နေရိုင်းက သူ့ကိုပင် အပြစ်ဖို့လာသည်။
"ပိုကိုပိုတယ် ယောကျားလေးပဲ အဲ့လောက်လေးရဲတာ ဘာဖြစ်မှာမို့လဲ "
"အေးပေါ့ နင့်လို မိန်းမကြမ်းကြီးကတော့ ဒီလောက်လေးလို့ပြောမှာပေါ့
ငါ့အချစ်က နုနုနယ်နယ်လေး ငါတောင် မထိရက်မကိုက်ရက်ဘူး အဲ့တံခါးကို ပြီးမှ ပေါက်ဆိန်နဲ့ပေါက်ပစ်ခဲ့ဦးမယ် "
မေရှား မိမိရှေ့မှ ကလေးတစ်ယောက်လို ကတ်ကတ်လန်နေသော စက်နေရိုင်းကို မျက်စောင်းထိုးလိုက်သည်။
ဘယ်အချိန်ကများ ဒီလိုတေပြောတတ်သွားတာလဲ။ သူတို့နဲ့ဆိုရင် လိုအပ်တာထက် ပိုမပြောတတ်သောသူက ဒီကောင်လေးရှေ့တွင် တွတ်တီးတွတ်တာနှင့် စကားတေပြောနေသည်။
အဲ့ကောင်လေးက ဘာတေကောင်းနေလို့ သူ့ထက်ဘာတေသာနေလို့ လူတိုင်းက ဖူးဖူးမှုတ်ထားနေကြတာလဲ။ မုန်းဖို့ကောင်းလိုက်တာ။
.
.

LoveWhere stories live. Discover now