ရက်သတ္တပတ်ခန့်ကြာပြီးနောက်
စက်နေရိုင်းတို့အိမ်တွင် မိုးသွင်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း အန်တီ့ကိုတော့ မျက်နှာချင်းမဆိုင်ရဲသေး။ အန်တီရှိချိန်များဆိုလျှင် အခန်းထဲက အခန်းပြင် သိပ်ထွက်လေ့မရှိပေ။ အန်တီမရှိချိန် အိမ်အကူများကို တစ်ခါတစ်ရံ အလုပ်ကူမည်ပြောလျှင်လည်း သူတို့က မိုးသွင်ကို ဘာမှ မကူခိုင်း။ ဒီနေ့ကတော့ အန်တီသွားစရာရှိသည်ဟု ရိုင်းပြောထားသဖြင့် မိုးသွင် ခြံထဲရှိ ပန်းပင်များကြားတွင် ပန်းပင်များကို စပ်စုနေမိသည်။
ယောကျားလေးဖြစ်သော်လည်း မိုးသွင်က ပန်းကြိုက်သည်။ ပန်းစိုက်ရတာလည်း သဘောကျသည်။ ပြုစုပျိုးထောင်ရတာလည်း သဘောကျသည်။ ပြီးလျှင် ခူးဆွတ်ပြီး အလှဆင်ရတာကိုလည်း သဘောကျသည်။
ရိုင်းပြောပြတာကတော့ သွင်က မေမေနဲ့တူတဲ့ အချက်က ပန်းကြိုက်တာတဲ့။
ဒီခြံမှာ စိုက်ထားတဲ့ ပန်းတေအကုန်က အန်တီစိုက်ထားတာတေချည်းပဲတဲ့။
" ပန်းကြိုက်တာလား"
နောက်ကျောဆီမှ အသံကြောင့် မိုးသွင် လန့်သွားမိသည်။ အန်တီက ဘယ်မှမသွားဘူးလား။
"ဟုတ် "
" ဘာလို့ ရှောင်နေတာလဲ"
အန်တီက သူ့စိတ်ကို သိစွာ မေးလာသည်။
" မင်းက အန်တီ့ကိုတောင် ရှောင်နေတယ်ဆိုရင် တခြားသူတေနဲ့ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ သားနားမှာ ရပ်နေနိုင်တဲ့ သတ္တိမရှိဘူးဆိုရင် အန်တီကတော့ မင်းကို သားနားမှာ ရှိမနေဖို့ အကြံပေးချင်တယ်"
" ... "
သွင့်ဆီက တုန့်ပြန်သံထွက်မလာ။
အန်တီက ဘေးနားရှိ ပန်းပင်မှ သစ်ရွက်ကလေးကို ညင်သာစွာ ကိုင်တွယ်လိုက်ပြီး
"စိုက်ပျိုးတဲ့သူက အစာရေ ပေးနေပေမယ့် ပန်းပင်လေးတေမှာ ချို့ယွင်းချက်ရှိနေလို့ မစုပ်ယူနိုင်ရင် အဲ့ပန်းပင်လေးက အသက်မရှင်နိုင်ဘူး
အဲ့ဒီလိုပဲ သားက မင်းကို ဘယ်လောက်ပဲ ဂရုစိုက်ပါစေ ချစ်နေပါစေ မင်းမှာ အဲ့ဒီအရာတေကို ခံယူဖို့ သတ္တိရှိမနေဘူးဆို မင်းတို့ကြားက အချစ်ဆိုတာက ရေရှည်မှာ ခိုင်မြဲမယ်ထင်လား "
"သွင် ဘာလုပ်ရမလဲ "
" မင်းမှာ ချို့ယွင်းချက်တေအများကြီး ရှိနေတာ သိတယ်မလား"
" သွင်သိပါတယ် ဒါပေမယ့် သွင် သူ့ကို လက်မလွှတ်နိုင်ဘူး"
" သူ့ကို ချုပ်နှောင်ဖို့အတွက် မင်းဘာလုပ်မှာလဲ"
" ကျွန်တော်.."
"ငါ့သားက ရုပ်လည်းချောတယ် ရေလည်း လျှံတယ် ပြီးတော့ စီးပွားဖက်တေထဲမှာ ငါ့သားကို သားမက်ဖမ်းချင်တဲ့ သူတေကလည်း အများကြီးပဲရှိတယ် "
"ဒါပေမယ့် ရိုင်းက
ကျွန်တော့်ကိုပဲ ရွေးချယ်ခဲ့တာပဲ "
" ရွေးချယ်ခဲ့တာပဲရှိတာ
အဆုံးသတ်ကို ဘယ်သူမှသိတာမဟုတ်ဘူး
တကယ်လို့ ငါ့သားကသာ တခြားတစ်ယောက်ကို ထပ်ပြီး ချစ်မိသွားမယ်ဆိုရင် အဲ့ဒီလူကလည်း အမျိူသမီးတစ်ယောက်ဖြစ်နေမယ်ဆိုရင် အန်တီ့ဘက်ကလည်း ငြင်းစရာမရှိဘူး"
သွင်၏ အကြည့်တို့က ခုနကနှင့်မတူဘဲ စူးရှလာသည်မို့ ဒေါ်ယင်းမာက သဘောတကျပြုံးလိုက်သည်။
သားကိုတော့ ချစ်သားပဲ။
ပြီးတော့ သားအပေါ်မှာထားတဲ့ အတ္တ။
အဲ့ဒါကပဲ ဒီကောင်လေးကို ပြုပြင်နိုင်မှာ။
" မင်းကို အန်တီအခွင့်အရေးပေးထားမယ်
မင်းဆီကနေ သားကို ဘယ်သူကမှ လုမယူနိုင်အောင် ချုပ်နှောင်ခွင့် အပြည့်အ၀ပေးထားမယ် သားကို မင်းကြိုက်သလို စီမံနိုင်တယ် "
"... "
" ငါ့ကိုလည်း မင်းကို ကြည်ဖြူလာအောင် စည်းရုံးနိုင်တယ် ဒီအိမ်မှာ မင်းစိတ်ကြိုက်နေထိုင်နိုင်တယ် မကျေနပ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် အန်တီကလည်း ဒဲ့ပဲပြောတတ်တဲ့သူမို့ အဲ့လို ပုန်းရှောင်တာမျိုးမကြိုက်ဘူး မင်းဟာ ယောကျားလေးဖြစ်တဲ့အတွက် သားရဲ့ အိမ်ထောင်ဖက်တစ်ယောက်အနေနဲ့ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ သားကိုလည်း ပြန်ပြီးတော့ ဖေးမကူညီနိုင်တာမျိုး အန်တီလိုချင်တယ်"
" ... "
တီ..တီ..တီ..
ခြံရှေ့မှ ကားဟွန်းသံကြောင့် ဒေါ်ယင်းမာက ခြံရှေ့သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး
" သားရဲ့ရွေးချယ်မှုက မမှားခဲ့ဘူးဆိုတာကို မင်းကိုယ်တိုင် သက်သေပြနိုင်မယ်လို့ အန်တီ မျှော်လင့်တယ်"
အန်တီက ထိုသို့ပြောကာ မိုးသွင်ဘေးနားမှ ထွက်သွားတော့သည်။
သွင် ဘာလုပ်သင့်လဲ။
.
.
စက်နေအလုပ်ကပြန်လာချိန်တွင် အိမ်ရှေ့ထိ ထွက်၍ ကြိုသော မိုးသွင်ကြောင့် တအံ့တဩလေးဖြစ်ရသည်။ မေမေ ပြန်မရောက်သေး၍ ထင်သည်။ အရင်နေ့တေက အခန်းထဲပဲအောင်းနေပြီး မျက်နှာကလည်း ညှိုးငယ်နေသည်။ အခုတော့ မျက်နှာလေးကလည်း လန်းဆန်းနေသည်။
"မေမေမရှိလို့ ထွက်ကြိုတာလား "
" ရှိပါတယ် အန်တီ အပြင်ရောက်လို့ ရေချိုးပြီး ခနနားနေတယ်"
" မေမေနဲ့ အဆင်ပြေသွားပြီလား"
သွင်က ခေါင်းငြိမ့်ပြလာသည်။
"ခနာနားပြီး ရေချိုးလိုက်ဦး ပြီးရင် ထမင်းစားကြမယ် "
"အင်း "
စက်နေရိုင်းက မိုးသွင်၏ နဖူးလေးကို နမ်းရှိုက်ကာ အိမ်ပေါ်သို့ တက်သွားတော့သည်။
.
.
စက်နေရိုင်း အလုပ်ထဲ အာရုံရနေသဖြင့် မိုးသွင် အခန်းထဲမှ ထွက်သွားသည်ကို သတိမထားမိလိုက် အလုပ်ပြီးချိန်ရောက်မှ အခန်းထဲတွင်မိုးသွင် မရှိ၍ ရေကရား ရေသွားဖြည့်သည်ထင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ်တွင် ရှာကြည့်တော့လည်း မရှိပေ။
ထွက်သွားတာတော့ မဟုတ်ဘူးမလား။
ဒီနေ့ မိုးသွင်ရဲ့အပြုအမူတေက အနည်းငယ် ထူးဆန်းနေသည်။ အိမ်အကူတစ်ယောက်ကို မေးကြည့်တော့လည်း အောက်ထပ်သို့ ဆင်းမလာကြောင်း ပြောသည်။
နေ့လည်က မိုးသွင် အပြင်သွားသေးလား မေးပြန်တော့ အပြင်မသွားဘဲ မေမေနှင့် စကားပြောခဲ့သည်ဟု ပြောလာသည်။
မေမေ ဘာတေ သွားပြောလိုက်တာလဲ။
ဒီတစ်ခါ မိုးသွင် တစ်ခုခုဖြစ်သွားလို့ကတော့ သူရူးသွားနိုင်သည်။
စက်နေရိုင်း အပေါ်သို့ ပြန်တက်လာပြီး မေမေ့အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
တွေ့လိုက်ရသော မြင်ကွင်းကြောင့် စက်နေ ကိုယ့်မျက်လုံးကိုတောင် မယုံကြည်နိုင်ဖြစ်သွားသည်။
မေမေက ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးခု မှီကာ ခြေဆင်းထိုင်နေပြီး မိုးသွင်က မေမေ့၏ ခြေထောက်များကို နှိပ်နယ်ပေးနေသည်။
မေမေ့၏ မျက်နှာကလည်း အနည်းငယ် ရွှင်နေသည်။ ဘယ်အချိန်ကတည်းက အဆင်ပြေသွားကြတာလဲ။
"ရပြီ ဟိုမှာ လာခေါ်တာ ထင်တယ် အန်တီလည်း အိပ်တော့မှာ လိုက်သွားလိုက်တော့ "
မေမေ့စကားကြောင့် သွင်က ခေါင်းငြိမ်ပြပြီး သူနဲ့အတူ အခန်းသို့ပြန်လာသည်။ ပြီးနောက် ရေချိုးခန်းထဲ၀င်ပြီး ဘေစင်တွင် လက်ဆေးသည်။
စက်နေရိုင်းက လက်ဆေးနေသော မိုးသွင်၏ခါးကို အနောက်မှ သိမ်းဖက်လိုက်ပြီး
"မေမေနဲ့ ဘာတေပြောခဲ့တာလဲ "
" ပန်းတေအကြောင်းပါ"
" ဘယ်တုန်းက အဆင်ပြေသွားတာလဲ"
" ကြိုးစားမလို့ရှိပါသေးတယ်"
မိုးသွင်က ဘေစင်ဘေးရှိ Towel နှင့် လက်သုတ်လိုက်သည်။
စက်နေက မိုးသွင်ပြီးသည်နှင့် မိုးသွင်၏ ကိုယ်လေးကို ပွေ့မကာ ကုတင်ပေါ်တွင် ခြေထောက်ချလျက် ထိုင်စေလိုက်ပြီး သူကိုယ်တိုင်ကတော့ မိုးသွင်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။
" ကျွန်တော် အလုပ်လုပ်ချင်တယ်.."
" မေမေက လုပ်ခိုင်းတာလား"
"မဟုတ်ဘူး.. ကျွန်တော် ကိုယ်တိုင်က ရိုင်းကို ကူညီပေးချင်တာ"
" မလိုပါဘူး.. ကိုယ့်မှာ ၀န်ထမ်းကောင်းတေရှိ.."
" ကျွန်တော် ခင်ဗျားနားမှာ နေချင်လို့ ခင်ဗျားနားမှာ အလုပ်လုပ်ချင်တာ ခင်ဗျားကို တခြားသူနောက် ပါသွားမှာစိုးလို့"
" အဲ့အတွက်ဆို ပိုတောင်မလိုအပ်သေးတယ် ကိုယ်က အွန့်"
သွင်က စက်နေရိုင်း၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
"လုပ်ခွင့်ပေးမှာလား "
" ... "
စက်နေရိုင်းမှာ မိမိရှေ့မှ ကောင်လေးကို ကြည့်ပြီး သဘောတကျပြုံးမိသည်။
"ခင်ဗျားရဲ့အဲ့ဒီအပြုံးတေကိုလည်း နှမြောတယ် ခင်ဗျားနားမှာ တခြားသူတေ ဝဲနေမှာကိုလည်း မလိုချင်ဘူး ခင်ဗျားက ကျွန်တော်ပိုင်ဆိုင်ပါတယ်ဆိုတာကို ကျွန်တော် အားလုံးကို သိစေချင်တယ်"
" အခုလည်း သိနေကြပါတယ်"
" မဟုတ်ဘူး ကျွန်တော်က ခင်ဗျားကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်ဆိုတာ အားလုံးကို သက်သေပြချင်တာ "
" မေမေက မြှောက်ပေးလိုက်တာလား"
"ကျွန်တော် အတည်ပြောနေတာ တကယ်လို့ ခင်ဗျားကုမ္ပဏီမှာ အလုပ်လုပ်ခွင့်မပေးဘူးဆိုလည်း မမဆီမှာ ဖြစ်ဖြစ် ကိုမင်းဆီမှာဖြစ်ဖြစ် ကျွန်တော် သွားလုပ်မှာ"
"ဟုတ်ပါပြီကွာ ဘယ်သူ့ဆီမှ သွားစရာမလိုပါဘူး ကိုယ့်နားမှာဘဲ အလုပ်လုပ်ခွင့်ပေးမှာပါ ကိုယ့်ကို နမ်းပါဦး"
"ခင်ဗျား စနမ်းလည်း ရတာပဲ "
"အချစ်က နမ်းတာလေး ခံချင်လို့ပါ "
"ဒါဆို ခင်ဗျား အောက်ကရော နေပေးနိုင်လား "
မိုးသွင်ဆီမှ ထွက်လာသော စကားကြောင့် စက်နေမှာ အံ့ဩသွားရသည်။
ဒါကတော့ သေချာပေါက် မိုးယံမြှောက်ပေးလိုက်တာပဲ နေမယ်။ အဲ့ကောင်လေးက စေ့စပ်ပွဲကတည်းက သူ့ကို သိပ်ကြည်တာမဟုတ်။
"အချစ်ကရော အပေါ်မှာ နေတတ်လို့လား "
"ကျွန်တော် လေ့လာမှာပေါ့ "
မိုးသွင်၏ မျက်၀န်းများက လိမ်နေဟန်မတူ။
သူခွင့်ပြုရင် တကယ်လုပ်မည့်ပုံနှင့်။
ဒီသေးသေးလေးက သူ့ကို အောက်မှာထားချင်တာတဲ့လား။
ပြီးတော့ ဆက်တိုက်သုံးေနသော ကျွန်တော်ဆိုသော နာမ်စား။
" ဘာလို့ ကျွန်တော် ကျွန်တော်ပဲ ပြောနေတာလဲ"
" သွင်လို့ ပြောရင် နည်းနည်းပျော့ညံ့တယ်လို့ ခံစားရလို့ "
"အတင်းကြီး လုပ်ယူစရာမလိုပါဘူး "
" လုပ်ယူနေတာမဟုတ်ဘူး ဒါက ခင်ဗျားကြောင့် အလိုလိုဖြစ်ပေါ်လာတဲ့ ကျွန်တော့်ရဲ့အတ္တကြောင့်ပဲ"
မိုးသွင်က မိမိရှေ့တွင် ဒူးထောက်ထိုင်နေသူ၏ နှုတ်ခမ်းများကို မွတ်သိပ်စွာ နမ်းလိုက်သည်။
စက်နေရိုင်းက မိုးသွင်၏ ပါးနှစ်ဖက်ကို လက်ဖဝါးထဲထည့်ကာ မိုးသွင်၏ ခေါင်းကို အနည်းငယ် နောက်ဆုတ်လိုက်ပြီး
" ကိုယ့်ကို အောက်မှာ နေခိုင်းမလို့တော့ မဟုတ်ဘူးမလား"
"ဒီနေ့တော့ မဟုတ်သေးပါဘူး
တကယ်လို့ ခင်ဗျား ကျွန်တော့်အပေါ် အချစ်လျော့သွားမယ်ဆိုရင်တော့ ခင်ဗျားကို ဖမ်းချုပ်ပြီး အောက်ပို့ပစ်မှာ "
မိုးသွင်၏ စကားကြောင့် စက်နေရိုင်းက ပြုံးလိုက်သည်။ ဒါဆိုရင်တော့ စက်နေရိုင်းတို့ အောက်ကို တစ်သက်လုံးရောက်မည်မဟုတ်။ မိုးသွင်ကို တနေ့ထက်တနေ့ ပိုချစ်လာတာ သူအသိဆုံးမို့ပင်။
မိုးသွင်က ပြုံးပြုံးကြီး လုပ်နေသောသူ၏ နှုမ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
သူကျေနပ်သည်။
သူတို့၏ တွေ့ဆုံခြင်းသည်မလှပခဲ့။
စတွေ့စဉ်က ရိုင်း၏ အပြုအမူတိုင်းကို ငေးကြည့်နေရတာကို သဘောကျသည်။ ငေးကြည့်နေရင်းပင် သူ့ကို ဂရုစိုက်ပေးသော ရိုင်းအပေါ် ချစ်မိသွားသည်။ ချစ်မိသွားပြန်တော့ နှလုံးသား၏ လိုအင်ဆန္ဒအရ ရိုင်းကို ပိုင်ဆိုင်ချင်လာသည်။ ခံစားချက်တေကနေ ထွက်ပြေးဖို့ကြိုးစားမိချိန်တွင် သေလောက်အောင် နာကျင်ခဲ့ရသည်။ ရိုင်းနဲ့ ဝေးသောနေရာတွင် သူမနေနိုင်။ ထိန်းချုပ်နေရင်းနှင့်ပင် ရိုင်းအပေါ်ထားသော သူ့ရဲ့ခံစားချက်တေက ကြီးမားလာသည်။ ထို့ထက်ပို၍ ရိုင်းကို ဘယ်သူ့ကိုမှ မပေးနိုင်။ ရိုင်း၏နှလုံးသားကို သူသာ အပိုင်စီးရလိုသည်။
/ရှေ့လျောက်မှာ ခင်ဗျားနဲ့ ပက်သတ်သမျှကိစ္စကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့အထိ ကျွန်တော်က ကြိုးစားမှာ အဲ့ဒါ ခင်ဗျားကြောင့် ဖြစ်ပေါ်လာတဲ့ အချစ်နဲ့ ဒွန်တွဲနေတဲ့ အတ္တကြောင့်ပဲ အဲ့ဒီအတ္တကြောင့် ခင်ဗျားမွန်းကြပ်တယ်ဆိုရင်တောင် ကျွန်တော်က လွှတ်ပေးဖို့ စိတ်ကူး မရှိဘူး/
/မင်းကိုယ့်အပေါ်ထားတဲ့ အတ္တတေကြီးလာလေလေ ကိုယ်မင်းကို ပိုချစ်မိလေပဲ/
တစ်ယောက်စိတ်ကို တစ်ယောက်သိနေသည့်အလား စိတ်ထဲမှ အပြန်အလှန်စကားပြောနေမိရင်း ရင်ဖိုလှုက်မောဖွယ်ကောင်းသော အပြာရောင်ခရီးတစ်ခုဆီသို့ ခရီးဆက်လိုက်ကြသည်။
စချစ်မိတုန်းကတော့ ငေးကြည့်နေလည်း အဆင်ပြေနေသေးတယ်။ သူက ကိုယ်နဲ့ထပ်တူညီတယ်ဆိုတော့ ခနလေးပဲဖြစ်ဖြစ် သူချစ်တာလေးကို ခံစားချင်လာတယ်။ ထပ်ပြီးတော့ လောဘတက်လာပြန်တော့ သူ့ကို ပိုင်ဆိုင်ချင်လာတယ်။ ပိုင်ဆိုင်ရပြီးတော့ အတ္တလေးတေနှောလာတယ်။ ဒီလူကြီးကို အမြဲတမ်းပိုင်ဆိုင်ချင်တယ်။ ဒီဘ၀မှာရော နောက်ဘ၀ နောက်ဘ၀တေမှာရော။
ခင်ဗျားကို ချုပ်နှောင်မိတယ်ဆိုရင် အဲ့ဒါ ကျွန်တော့်ကြောင့်မဟုတ်ဘူး။ ခင်ဗျားအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အချစ်ကြောင့်ပဲ ရိုင်း။❤️ The End ❤️
(Only Imagination)