TVကြည့်နေရင်းနှင့် တံခါးပေါက်မှ password နှိပ်သံကို နားစွင့်နေမိသည်။ စားပွဲပေါ်က ဖုန်းကို ယူကြည့်မိတော့ အချိန်က ည 9နာရီကို ညွှန်ပြနေသည်။ ဘာလို့ဒီလောက်နောက်ကျနေတာလဲ။
ဒီတစ်ပတ်လုံး အိမ်ပြန်ချိန်တေနောက်ကျပေမယ့် အရင်ရက်တေက ဒီလောက်နောက်မကျပေ။
ပြန်မလာတော့တာလား။
Phone Ringtone..
" ဟလို"
" သွင်လား"
" အင်း"
"မင်းလူကြီး မူးနေတယ် ပြီးတော့ မင်းကိုပဲရှာနေတာ မင်းလာခဲ့မလား"
ဒီလူကတော့လေ။
"ဘယ်မှာလဲ "
"Gold Barမှာ "
" ငါက အဲ့နေရာတေမသိဘူး"
"ကားငှားခဲ့လိုက် လိပ်စာပို့လိုက်မယ် ဘယ်သူမှ ထိန်းမနိုင်ဘူး "
" ဘယ်သူနဲ့ပြောနေတာလဲ"
မိုးယံလက်ထဲမှ ဖုန်းကို ဆွဲယူကာပြောလာသူ
"ကိုစက်နေရိုင်း "
ဖုန်းထဲမှ ကြားလိုက်ရသော ချစ်ရသူ၏ခေါ်သံကြောင့် စက်နေရိုင်းအကြည့်က မိုးယံဆီရောက်သွားသည်။
"မင်းက အချစ်ကို လှမ်းတိုင်တာလား"
"ခင်ဗျား သူများကို သွားရမ်းမနေနဲ့ အခုအဲ့နေရာကနေ တလှမ်းမှ ရွှေ့မယ်စိတ်မကူးနဲ့ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးထိုင်နေ "
"အချစ်ကလည်း အချစ်ဆီပြန်လာချင်နေပြီ
အချစ်ကို လွမ်းလှပြီ"
" ကျွန်တော်လာခဲ့မယ်"
"ဒီမှာ လူတေကအများကြီး အချစ်ကိုဝိုင်းကြည့်နေကြမှာပေါ့ ကိုယ်ပဲလာခဲ့မယ် "
" ခင်ဗျားအဲ့ကနေ တစ်လှမ်းမှ မရွေ့နဲ့ ကျွန်တော် လာခဲ့မယ်"
" အမိန့်တော်မြတ်အတိုင်းပါ"
စက်နေရိုင်းက ကျသွားသော ဖုန်းလေးကို ရီဝေဝေကြည့်နေပြီးမှ သူ့ဘေးနားရှိ မိုးယံကို ပြန်ပေးလိုက်သည်။
"ဘယ်တုန်းက အဆက်သွယ်ရသွားတာလဲ "
ချုပ်ခြယ်ထားခြင်းမဟုတ်သော်လည်း မိုးယံနှင့် ဆက်သွယ်သည်ကို စက်နေရိုင်းမသိရ၍ မိုးယံကို မေးခွန်းထုတ်သည်။
"ကျွန်တော်တို့.. "
" ဘယ်သူက စပြီးဆက်သွယ်တာလဲ"
" ကျွန်တော်ကပါ"
" မင်းက ဘာလုပ်ဖို့ဆက်သွယ်တာလဲ မင်းကြိုက်နေတာ ရန်နောင်ကိုမလား ဘာလို့ သွင့်ကို ဆက်သွယ်နေတာလဲ"
အကျယ်ကြီးထွက်လာသော အသံကြောင့် မိုးယံမျက်လုံးပြူးသွားသည်။
ဒီသူဌေးကတော့လေ။ မူးနေရင်တကယ်ကို သွေးဆိုးတာပဲ။ ခုနကလည်း မဆိုင်တဲ့သူတေကို ပတ်ရမ်းနေတယ်။
"သွား..သွားတော့ ငါ့နားမနေနဲ့ "
စက်နေရိုင်း၏ နှင်ထုတ်မှုကြောင့် မိုးယံက မျက်နှာကို မဲ့ရွဲ့လိုက်ပြီး ထိုနေရာမှ ထွက်သွားတော့သည်။
ဧကရီစံက တစ်ယောက်တည်းဖြစ်နေသော စက်နေရိုင်းအနားသို့လာလိုက်သည်။
" ကိုစက်နေ အရမ်းမူးနေလား စံ လိုက်ပို့ပေးရမလား"
ဘေးနားလာထိုင်ပြီး မေးခွန်းမေးနေသော ဧကရီစံကို စက်နေရိုင်းက တစ်ချက်မျှသာကြည့်ပြီး အကြည့်တို့က ဆိုင်ပေါက်၀ဆီသို့ ပြန်ရောက်သွားသည်။ တကယ်တော့ သူ မူးမနေပါဘူး။ မူးကွဲအောင် သောက်ရမည်ဟူသော ရန်နောင်၏ စကားကြောင့်သာ မူးချင်ယောင်ဆောင်နေရခြင်းဖြစ်သည်။ အဲ့ဒီရန်နောင်က ဘယ်ကဘယ်လို သိသွားလဲ မသိ။ မိုးသွင်နဲ့သူ အတူတူရှိနေတာကို မေမေ့ကိုတိုင်မည်ဆိုပြီး သူ့ကို အကျပ်လာကိုင်နေသည်။ မေမေသိသွားမှာ ကြောက်တာမျိုးမဟုတ်သော်လည်း မေမေ၏ကတိအရ သူနှင့်သွင့်ကို လက်ခံပေးမည့်အစီအစဉ်ပျက်သွားမှာ စိုး၍သာ။ ဒီတစ်ပတ်လုံးလည်း လုပ်လိုက်ရတဲ့အလုပ်တေ။ သူဌေးက ဘယ်သူလဲ မေးယူရလောက်သည်အထိ ရန်နောင်က အလုပ်တေတစ်ခုပြီးတစ်ခု မနားတမ်းခိုင်းသဖြင့် အိမ်ပြန်နောက်ကျရသည်။ ဒီနေ့ပိတ်ရက်လေး အိမ်မှာ အချစ်နဲ့အေးအေးဆေးဆေးနေမယ်စိတ်ကူးပြန်တော့လည်း ဘားကို ခေါ်လာပြန်သည်။
ပြီးတော့ ဘေးနားတွင်ရှိနေသော မိန်းကလေး။
စတွေ့တဲ့အချိန်တုန်းက သူ့မှာချစ်ရတဲ့သူရှိပါတယ်ပြောတော့ အလွယ်တကူပင် သဘောတူညီမှု ရခဲ့သောမိန်းကလေးက အခုတော့ ရုံးဆင်းချိန်များတွင် သူ့ဆီလာတွေ့နေပြန်သည်။ သေချာတာကတော့ ဒီမိန်းကလေးသူ့ကို မချစ်ဘူးဆိုတာပဲ။ ဘာလို့ သူ့ကို ပြန်လာကပ်နေတာလဲ။
အတွေးများနေစဉ်မှာပင် ဆိုင်ပေါက်၀တွင်ပေါ်လာသော လူသားလေးကြောင့် သူ၏နှုတ်ခမ်းများတွင် အပြုံးတို့ဖြစ်ထွန်းလာသည်။ ထိုအချိန်ရုတ်တရတ်သူ့ခေါင်းကို ဆွဲယူပြီး သူ့နှုတ်ခမ်းကို နမ်းရှိုက်ဟန်ပြင်လိုက်သော ဧကရီစံ။ သွက်လက်သော သူ၏ ညာဘက်လက်က သူမ၏မျက်နှာကို အချိန်မီတားလိုက်နိုင်သည်။
"မင်း.. "
ဧကရီစံ့ကို ရန်တွေ့စကားပြောရန်ပြင်လိုက်သော်လည်း ဆိုင်ပေါက်၀မှ မိုးသွင်ကို သတိရလိုက်တာကြောင့် သူမကိုအရင်ဆုံးတွန်းဖယ်လိုက်သည်။
သူ့ချစ်ရသူလေး အထင်လွဲသွားမှဖြင့်။
အရင်ကတည်းက အတွေးလွန်တတ်လွန်းလို့ ဒီအခြေအနေသာ မြင်သွားရင်။မိုးသွင် ဆိုင်ထဲသို့၀င်လိုက်တော့ အမျိုးသမီးတစ်ဦးနှင့် ယှဉ်တွဲထိုင်နေသာ ရိုင်း။
အဲ့အမျိူသမီး ဧကရီစံဆိုတဲ့အမျိုးသမီး။
သူ့ကို မြင်ကာမှ ရိုင်း၏မျက်နှာကို ဆွဲယူပြီး နမ်းရှိုက်ရန် ပြင်လိုက်သည်မို့ မိုးသွင်ရင်ထဲမှာ အလိုမကျမှုတို့ ပေါ်ပေါက်လာသည်။
ဘာကို အလိုမကျတာလဲ။
ရိုင်းက သူ့ကိုပဲချစ်နေတာပဲကို။
အနမ်းတစ်ပွင့်လောက်နဲ့ ရိုင်းနှလုံးသားက ယိုင်နဲ့သွားရအောင် ရိုင်းက ဆယ်ကျော်သက်လေးလည်း မဟုတ်တော့ဘူး။ ဒါပေမယ့် သူ့ကို စချစ်ခဲ့တာလည်း အဲ့အနမ်းကြောင့်ပဲကို။
ဟင့်အင်း ဘယ်လိုပဲဖြစ်ဖြစ် ရိုင်းချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ တခြားသူက ဒီလိုမျိုးထိတွေ့နေတာကို သူသဘောမကျ။
ရိုင်းဟာ သူနဲ့ကလွဲရင် တခြားသူရဲ့ အထိအတွေ့မှန်သမျှကို ခါးခါးသီးသီးငြင်းဆန်စေချင်သည်။
သူမျှော်လင့်ထားသည့်အတိုင်းပင် ရိုင်းက ထိုအမျိူသမီးကို တွန်းထုတ်လိုက်သည်မို့ မိုးသွင် ၏နှလုံးသားလေးသည် ပျော်ရွှင်စွာခုန်ပေါက်လာသည်။
ငါ အခု တခြားသူက အရှက်ရသွားတာကို ပျော်နေတာလား။ အမျိုးသမီးတစ်ယောက်ရဲ့ကျဆုံးမှုကို ငါကပျော်နေတာလား။ ငါက မကောင်းတဲ့လူတစ်ယောက်ဖြစ်နေတာလား။
တဖြည်းဖြည်းနှင့် ရိုင်းအပေါ် သူ့ရဲ့ အတ္တတေက ကြီးမားလာပြီထင်သည်။ အဲ့ဒီအတ္တတေနဲ့ ရိုင်းကို တစ်ကိုယ်ကောင်းဆန်စွာ ချုပ်နှောင်မိမှာကို သူစိုးရိမ်မိသည်။
ဆိုင်ပေါက်၀တွင်အတွေးလွန်နေရင်းပင် ရိုင်းက သူ့ရှေ့သို့ရောက်လာပြီး သူ၏နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။
ရိုင်းရဲ့အနမ်း အထိအတွေ့ အရာအားလုံးက ငါ့တစ်ယောက်တည်း အတွက်ပဲ။
ငါလည်း ရိုင်းကို ချည်နှောင်လို့ရမလား။
(Only Imagination)