" စောစောစီးစီး ဘယ်သွားမလို့လဲ"
" ရုံးသွားမလို့ မေမေရာ"
"အခုမှ ခြောက်နာရီပဲရှိသေးတယ် "
" အ၀တ်အစားတေက တိုက်ခန်းမှာမို့"
"ရှိတာ၀တ် မရှိရင် လမ်းမှာ ၀င်၀ယ်ပြီး၀တ်သွား "
" ကျွန်တော် သွင့်ကိုေတွ့ချင်လို့ဗျာ"
" သွင်က ဘယ်မှ ထွက်မပြေးဘူး"
"မေမေ အာမခံနိုင်လို့လား "
"ခံတယ် "
"ပြီးတာပဲ "
စက်နေရိုင်းက အိမ်ထဲပြန်လှည့်၀င်လိုက်သည်။
မေမေခြံထဲတွင် ပန်းပင်များကို အာရုံစိုက်နေချိန်တွင်မှ ပြန်ထွက်လာခဲ့သည်။
ကားယူလို့လည်းရမှာမဟုတ်ဘူး။
ကားသံကြားရင် မေမေက တားနေဦးမယ်။
ခြံ၀န်းထဲတွင် ခြေဖော့လျှောက်ရင်း ခြံတံခါးကို ဖွင့်လိုက်ချိန်
"စက်နေရိုင်း "
သူ့ကို ခါးထောက်ပြီး ကြည့်နေသော မေမေ။
ဒီတစ်ခါတော့ စက်နေရိုင်း အပြောမခံဘဲ ရှေ့ဆက်တိုးလိုက်သည်။
"ကားယူသွား "
မေမေ၏ စိတ်လျော့ကာပြောလိုက်သော အသံ။
" ကျေးဇူးပါ မေမေ"
" ရုပ်ကိုက နင့်ကိုယ်နင် ဆယ်ကျော်သက်လေးထင်နေတာလား အသက်က ၂၆ရှိနေပြီဆိုတာလည်း သတိရဦး"
ပြောင်းလဲသွားသော မျက်နှာနှင့်အသံကြောင့် ဒေါ်ယင်းမာက သတိပေးစကားဆိုလိုက်သည်။
" မေမေကလည်း သီချင်းတောင်ရှိသေးတယ်
အချစ်နဲ့ထိတွေ့တဲ့အခါ လူတေတိုင်းဟာ ဆယ်ကျော်သက်တဲ့ မေမေကြိုက်တဲ့ ဘစိုင်းသီချင်းလေ"
ခုနကနှင့်မတူ အူရွှင်လာသော သားကိုကြည့်ပြီး ဒေါ်ယင်းမာမျက်စောင်းထိုးလိုက်သည်။
သားကို အပြစ်တော့မတင်လို။
သူတို့တုန်းကလည်း အချစ်ကို အရူးအမူးဖြစ်ခဲ့ကြတာပဲ။ အစကတော့ သားကို အချစ်မရှိတဲ့သူလို့တောင်ထင်ထားတာ။ ရည်းစားလည်းမထား။ မည်သူ့ကိုမှလည်း ချစ်တယ်ကြိုက်တယ်မပြော။
မေရှားလေးနဲ့ သဘောတူပေးထားတာမို့လားဆိုပြီး တွေးပြန်တော့လည်း သူတို့ကြားက သံယောဇဉ်က သူငယ်ချင်းထက် မပိုပြန်။
တကယ်ပဲ သားရဲ့ဖူးစာရှင်က ချစ်မိုးသွင်ဖြစ်နေလို့ပဲလားမသိ။ ထွက်သွားသော သား၏ကားလေးကိုကြည့်ပြီး သက်ပြင်းမောလေးချမိသည်။
တကယ်တော့လည်း ချစ်မိုးသွင်ကို ကိုယ်၀န်ဆောင်ခိုင်းဖို့ဆိုတာ သိပ်တော့မလွယ်ကူ။ တကယ်လို့ တစ်ခုခုမှားယွင်းသွားရင် အရင်ဆုံးထိခိုက်မှာက သားပဲ။ ဒါပေမယ့် အခက်အခဲတေကို အတူရင်ဆိုင်ပြီးမှ ရလာတဲ့အချစ်က သူတို့အတွက် ပိုခိုင်မြဲမှာ။
ငါလုပ်တာ မမှားလောက်ဘူးမလား။
.
.
"အချစ် "
တံခါးဖွင့်ဖွင့်ချင်းမှာပင် စက်နေရိုင်းခေါ်လိုက်သည်။ ဧည့်ခန်းထဲတွင်ရှိနေသည်က ချစ်မိုးသွင်တစ်ယောက်တည်းမဟုတ်။
မေရှားထက်ရယ် မင်းဓနဦးရယ် ဒေါ်ကလျာရယ်ပါ ရှိနေသည်။ ဘယ်လိုလုပ်သိသွားကြတာလဲ။
မေရှားကတော့ သူ့ကို မျက်စောင်းထိုးပြီးကြည့်နေသည်။ ထိုသည်ကို ဂရုမစိုက်ဘဲ မိုးသွင်ဘေးနားတွင် သွားထိုင်လိုက်သည်။
"စောစောစီးစီး သူများအိမ်ကို ဘာလာလုပ်တာလဲ "
"ငါ့မောင်ကို လာတွေ့တာပေါ့ ငါ့မောင်လေးကို ငါပြန်ခေါ်သွားမှာ"
"သတ္တိရှိရင် ခေါ်သွားလေ "
" ဘာလို့ သတ္တိမရှိရမှာလဲ"
"နင်လုပ်ထားတဲ့ အပြစ်တေအတွက် နင့်ကိုယ်နင် လိပ်ပြာလုံလား "
စက်နေရိုင်း၏ စကားကြောင့် မေရှား၏မျက်နှာက အနည်းငယ်ပျက်ယွင်းသွားသည်။
"နင့်အမေနဲ့ ငါ့ကို အကြောင်းလာမပြနဲ့
နင့်အမေဆုံးတာ ကြာနေပြီ နင်တကယ်ပဲ မိုးသွင်ကို သွေးသားတစ်ယောက်လိုတွေးရင် မိုးသွင်ကို အစကတည်းက ပြန်ခေါ်ထားပြီးရောပေါ့
ငါပြောရင်တော့ နင်က စိတ်ဒဏ်ရာရှိတဲ့သူပါဆိုပြီး ပြောဦးမယ် အဲ့လိုပြောကြကြေးဆို အငယ်အနှောင်းနဲ့ရလို့ဆိုပြီး ကလပ်မှာတစ်သက်လုံး အနှိမ်ခံဘ၀နဲ့နေလာရတဲ့သူကရော စိတ်နာခွင့်မရှိဘူးလား ဖြူစင်ရိုးသားတဲ့မိန်းကလေးတစ်ယောက်ကို ကလေးအသက်နဲ့ကိုင်ပေါက်ပြီး ကလပ်မှာ အပျော်မယ်လုပ်ခိုင်းတာရော ကလေးက ယောကျားလေးဖြစ်နေလို့ စကားမပြောရဘူး မိန်းကလေးလိုပဲ ၀တ်စားရမယ်ဆိုပြီး ထိန်းချုပ်ခံခဲ့ရတဲ့ မိုးသွင်နေရာရော မင်း၀င်ပီ့းစဉ်းစားပေးခဲ့လား သူမို့ သူဖြစ်နေလို့ မင်းတို့ကို ဘာမှပြန်မလုပ်ဘဲ နွေးနွေးထွေးထွေးဆက်ဆံပေးနေတာ သူလုပ်ချင်ရင် မင်းအခုပိုင်ဆိုင်ထားတဲ့အရာအားလုံးက သူနဲ့ပဲဆိုင်တယ်ဆိုပြီး သူအကုန်သိမ်းလိုက်လို့ရတယ်ဆိုတာ မင်းအသိဆုံးပဲ မေရှား အဲ့ဒီလိုကလေးအပေါ်ကို နင်ကောင်းကောင်းမဆက်ဆံပေးခဲ့တာ"
" ရိုင်း တော်ပြီလေ"
"မတော်နိုင်ဘူး"
မိုးသွင်ကတော့ အဲ့လောက်ကြီးထိလည်း မတွေးထားခဲ့ပါ။
"အဲ့တော့ ငါက သူ့ကို အမွေတေအကုန်လွှဲပေးစေချင်တာလား "
မေရှား၏ ခပ်ရွဲ့ရွဲ့ထွက်လာသော လေသံ။
"နင်ကရော မိုးသွင်ကို ငါ့မောင်မှန်းသိလို့ ကပ်ခဲ့တာလား အမွေတေက သူနဲ့ပဲသက်ဆိုင်တယ်ဆိုတာ သိလို့ပဲမလား"
" အပိုတေလာမပြောနဲ့ မေရှား ငါအစကတည်းက အမွေတေလိုချင်မှတော့ နင့်ကို ယူမှာပေါ့ နင်သာ အဲ့အမွေတေကြောင့်ပဲ မိုးသွင်ကို ပစ်ပယ်ထားခဲ့တာမလား"
"ငါ့ကို အမွေတေမက်တယ်လို့ လာပြောနေတာ
နင့်အမေကရော အဲ့အမွေတေကို မမက်လို့လား
နင်နဲ့ငါ့ကို ပေးစားစေချင်တာ အဲ့အမွေတေကြောင့်ပဲမလား "
" အဲ့ဒါ ငါ့ကိစ္စမဟုတ်ဘူး မေမေရွေးချယ်တဲ့ကိစ္စ"
" နင့်အမေလုပ်တာကျ နင့်ကိစ္စမဟုတ်ဘူးဆို
ငါ့အမေလုပ်ခဲ့တာကျ ဘာလို့ငါ့ကိစ္စဖြစ်ရတာလဲ
ငါ့အမေလုပ်တဲ့အပြစ်တေ ငါက ဘာလို့ပေးဆပ်ရမှာလဲ မှားတာက သူ့အမေက စပြီးမှားတာလေ သူ့အမေသာ.."
"တော်တော့ ဆက်မပြောနဲ့ မိုးသွင်မှာ ဘာအပြစ်မှမရှိဘူး "
" ပြောမှာဘဲ ငါလည်း ဖေဖေ့ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုအကျိုးဆက်ကို ခံခဲ့ရတဲ့သူပဲ"
တဖြည်းဖြည်းတင်းမာလာသော လေထုကြောင့် မိုးသွင် စိတ်ကျဉ်းကျပ်လာရသည်။
"တော်ကြပါတော့ သွင် နားချင်နေပြီ
မမတို့လည်း ပြန်ကြပါတော့ "
" သွင် မမနဲ့ပြန်လိုက်ခဲ့ရမယ် သွင်မကျေနပ်ဘူးဆိုရင် အမွေတေအားလုံးလည်းပေးမယ်
သူနဲ့ဆက်နေစရာအကြောင်းမရှိဘူး
မမ မင်းကို ထပ်ပြီး ပျောက်ကွယ်မသွားစေချင်ဘူး မမ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပါ့မယ်"
" သွင် လိုက်သွားစရာမလိုဘူး"
" နင်နဲ့ဆို နင့်အမေက ကလေးကို ကိုယ်၀န်ဆောင်ခိုင်းမှာ ငါခွင့်မပြုနိုင်ဘူး"
" နင့်ခွင့်ပြုချက်မလိုဘူး သွင်က ငါ့ရဲ့အုပ်ထိန်းမှုအောက်မှာဘဲရှိတယ်"
"အပိုတေပြောမနေနဲ့ နင်နဲ့ သွင်က ဘာမှဆိုင်တာမဟုတ်ဘူး နင့်ဘက်ကပဲတစ်ဖက်သတ် သွင့်ကို ချုပ်နှောင်ထားတာ"
"ဘယ်သူကပြောလဲ မသက်ဆိုင်ဘူးလို့ သွင်က ငါ့ရဲ့တရား၀င် အိမ်ထောင်ဖက်"
စက်နေရိုင်းစကားကြောင့် မိုးသွင်ပါ အံ့ဩသလိုလေးကြည့်လာသည်။
" ငါတို့က လက်ထပ်ထားပြီးသား"
" ရိုင်း"
"မင်္ဂလာဆွမ်းလည်း ကျွေးပြီး
စာရွက်စာတမ်းအရလည်း လက်မှတ်ထိုးပြီးသား "
"ရိုင်း မဟုတ်.. "
သွင်စဉ်းစားကြည့်လိုက်မှ ရိုင်းနဲ့စလိုက်လာတဲ့နေ့က ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်တာရယ် ရှေ့နေကြီးဆီမှာ လက်မှတ်ထိုးလိုက်တာရယ်။
ရိုင်းက အစကတည်းက စီစဉ်ထားခဲ့တာပေါ့။
" ကဲ စိတ်လျှော့ကြပါကွယ်
အားလုံးပြေပြေလည်လည်ရှင်းလိုက်ရင် ရသွားပြီကို "
ဒေါ်ကလျာက ၀င်ပြီးဖြန်ဖြေတော့ စက်နေရိုင်း၏ အကြည့်တို့က ဒေါ်ကလျာ့ဆီသို့ကျရောက်သွားသည်။ စက်နေရိုင်း၏ ဦးနှောက်ထဲတွင် မကျေနပ်ချက်များက အလိုလိုပေါ်ပေါက်လာသည်။
" အန်တီကိုယ်တိုင်လည်း အပြစ်ကင်းခဲ့ရဲ့လား
မိုးသွင်ကို ငယ်ငယ်တုန်းက မိုးရေထဲမှာပစ်ထားခဲ့တဲ့ အန်တီကိုယ်တိုင်ရော လိပ်ပြာလုံရဲ့လား"
"မင်း.. "
"သွင်ဖျားလို့ အန်တီ့အမျိုးသားက ဆေးရုံလိုက်ပို့ပေးပြီးအပြန် ကားမှောက်ပြီး ဆုံးသွားတော့မှ ဒီလိုဖြစ်ရတာ သွင်တို့သားအမိကြောင့်ပါလို့ စွပ်စွဲခဲ့တာလေ အခုချိန်ရောက်မှ နောက်မှရတဲ့ နောင်တတရားတေနဲ့ ရွှေပြည်အေးတရား လာဟောပြမနေနဲ့ သွင့်ကို ဘယ်သူနဲ့မှ ပြန်မထည့်ပေးနိုင်တာမို့ နောက်ထပ်မလာခဲ့ကြပါနဲ့ ထပ်ပြီး လာခဲ့မယ်ဆိုရင် ကျွန်တော်က ငြိမ်နေမှာမဟုတ်ဘူး"
" ဒါပေမယ့် မင်းက သွင့်ကို ဒီလိုပဲ လှောင်ပိတ်ထားတော့မှာလား"
မင်းဓနဦး၏ မေးခွန်း။
" သူ့ကို အသုံးချမယ့်သူတေကြားမှာ နေရမှာထက်စာရင် ဒီလိုလေးနေရတာက သူ့ကိုပိုပြီး ပျော်ရွှင်စေလိမ့်မယ်ထင်တယ်"
"ငါတို့က သူ့ကို အသုံးချမယ့်သူတေလား "
" ခင်ဗျားက ထိပ်ဆုံးကပဲ
သွင့်ကို လွတ်လပ်ခွင့်ပေးလို့ ရရဲ့သားနဲ့ ကလပ်ထဲမှာဘဲ ထားခဲ့တာ "
" အဲ့ဒါသွင့်ကို ကာကွယ်ပေးဖို့အတွက်ပဲ"
"အမှန်တိုင်းပြောလိုက်ပါ
သွင့်ကို အသုံးချဖို့လို့
ကျွန်တော်ငယ်ငယ်က သွင့်ကို အရမ်းဂရုစိုက်ခဲ့လို့
သွင့်ကို ကျွန်တော် သဘောကျမယ်ဆိုတာ ကြိုသိနေလို့ လုပ်ခဲ့တယ်ဆိုတာ "
ထိုစကားကိုတော့ မင်းဓနဦးမငြင်းမိ။
သွင်မေးဖူးတဲ့ ဘာလို့ အဲ့လောက် စွာနေတာလဲဆိုတဲ့ မေးခွန်းကို ပြန်ကြားယောင်မိတော့ စက်နေရိုင်းမဲ့ပြုံးလေးပြုံးလိုက်မိသည်။ စကားလုံးတေက အလိုလိုပါးစပ်က ထွက်လာတာမို့ တားဆီးချိန်ပင်မရှိလိုက်။
"ဒီထက်ပိုဆိုးတဲ့အကြောင်းအရာတေမရောက်ခင် ပြန်လိုက်ကြတာကောင်းမယ် ခင်ဗျားတို့ကြောင့် ခင်ဗျားတို့လို မစစ်မှန်တဲ့သူတေကြောင့် သွင့်ကို ၀မ်းမနည်းစေချင်ဘူး "
စက်နေရိုင်းစကားကြောင့် မေရှားတို့ သုံးယောက်စလုံး အခန်းထဲမှ ထွက်ခွာသွားကြသည်။
"တစ်ခုပြောဖို့ မေ့နေလို့
မေရှား ငါ့အမေက အမွေမက်လွန်းလို့ နင့်ကို လက်ထပ်စေချင်တာမဟုတ်ဘူး နင်က ဒေါ်ခင်ခင်ထက်ရဲ့ သမီးဖြစ်နေလို့ နင့်အေမကို ပေးထားတဲ့ကတိကြောင့်မို့ ငါ့ကိုနင်နဲ့ လက်ထပ်ပေးချင်တာ "
စက်နေရိုင်း၏ စကားကြောင့် မေရှား၏ မျက်နှာက တွေဝေဟန်လေးဖြစ်သွားသည်။
ထို့နောက်တွင်တော့ သုံးယောက်စလုံး ထွက်သွားကြပြီး တိုက်ခန်းထဲတွင် မိုးသွင်နှင့် သူတို့နှစ်ဦးသာ ရှိတော့သည်။
(Only Imagination)