41

15 0 0
                                    

ဒေါက်..ဒေါက်..
စောစောစီးစီးတံခါးခေါက်သံကြောင့် မိုးယံ တံခါးဖွင့်ပေးလိုက်သည်။
ကိုခန့်သီဟ။
ဘာတေနှောင့်ယှက်ဦးမလို့လဲ။
"ဘာလဲ "
" မျက်နှာသစ်ပြီး ကိုယ်နဲ့လိုက်ခဲ့ဦး"
"ဘယ်ကို လိုက်ရမှာလဲ မလိုက်ဘူး "
မိုးယံက တံခါးကို ပိတ်ဟန်ပြင်လိုက်တော့
"သွင့်ဆီသွားရမှာ သူနေမကောင်းလို့ စက်နေက မင်းကိုပါခေါ်ခဲ့ပါတဲ့ဆိုလို့ "
"ခင်ဗျားကို ဘယ်လိုယုံရမှာလဲ "
"ကိုယ်တကယ်ပြောတာ "
ခန့်သီဟပုံစံက လိမ်နေသည့်ပုံမပေါ်သည်မို့ မိုးယံမျက်နှာသစ်ပြီး ခန့်သီဟ၏ကားနှင့် လိုက်လာခဲ့သည်။ လိမ်နေလို့ကတော့ ခင်ဗျားနဲ့ ကျွန်တော်တွေ့မယ်။
" မေရှား မင်္ဂလာဆောင်တုန်းက စက်နေတို့ ဓာတ်ပုံတေပြန့်သွားတာ သိတယ်မလား"
"အင်း "
" အရင် ကလပ်မှာတုန်းက စက်နေနဲ့ မိုးသွင်ပုံပဲ
ဒါပေမယ့်အဲ့တုန်းက မိန်းကလေးပုံစံမို့ သိပ်ပြီးတော့ ထွေထွေထူးထူးမပွလိုက်ဘူး အခုက ယောကျားလေးပုံဆိုတော့ အရင်ကအဟောင်းကိုပါ mediaတေက ပြန်ဆွချင်နေကြတာ
စက်နေကို အပုပ်ချချင်နေကြတာ"
"အဲ့ဒါလည်း ကျွန်တော်သိတယ်
ရုံးကလူတေလည်း အဲ့ဒါနဲ့ပက်သတ်ပြီးပဲပြောနေတာ ဒါပေမယ့် ခင်ဗျား အဲ့ဒါတေပြောနေရတဲ့ အကြောင်းရင်းက ဘာလဲ"
"အန်တီက မနက် ကုမ္ပဏီရဲ့တရား၀င်pageကနေပြီးတော့ စက်နေရိုင်းစေ့စပ်မယ့်သတင်းကို ကြေငြာသွားပြီ "
"သွင်က အဲ့ဒါကြောင့် နေမကောင်းဖြစ်နေတာလား "
မိုးသွင်၏စကားကို ခန့်သီဟက အဖြေပြန်မပေးတော့ပေ။ ကားကိုသာ ဂရုစိုက်မောင်းနေသည်။
မဖြေလည်း မမေးတော့ဘူးပေါ့။
မိုးသွင်ဆီရောက်မှ မေးတော့မယ်။
.
.
မိုးသွင် နိုးလာသည်နှင့် မိုးယံ၏ ခပ်ကြိတ်ကြိတ်စကားပြောသံကိုကြားရသည်။
" ခင်ဗျားသူငယ်ချင်း လုပ်တာ ကောင်းသေးရဲ့လား"
" ပြီးမှပြောတော့ "
"မပြောနိုင်ဘူး သွင့်ကို.. "
" ရှူး"
ခန့်သီဟက တိုးတိုးနေရန်အချက်ပြသဖြင့် မိုးယံငြိမ်သွားသည်။ တကယ်ကို အချိုးမပြေတဲ့သူ။
သွင်နဲ့ဒီလိုအခြေအနေထိတောင် ရောက်ပြီး သူ့အ‌မေက တခြားသူနဲ့တောင် စေ့စပ်ဖို့ကြေငြာပြီးနေပြီ။
မိုးသွင်၏ အသိတရားတို့၀င်ရောက်လာသည်နှင့် အောက်ပိုင်းဆီမှ နာကျင်မှုများကို ခံစားရသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း နုံးချိနေကာ လှုပ်ရှားချင်စိတ်မရှိပေ။ မနေ့က ရိုင်းနဲ့ သူနဲ့ ပထမဦးဆုံးအကြိမ် ခန္ဓာကိုယ်ချင်းနှီးနှောခဲ့ကြသည်။
အခု သူနိုးလာတော့ ရိုင်းက ဘေးနားတွင် ရှိမနေ။
ရိုင်းအစား ကိုခန့်သီဟနှင့် မိုးယံက ရှိနေသည်။
ပုံမှန်ဆိုလျှင် ဒီလိုအခြအနေမှာ သူရှက်နေမိမှာဖြစ်သော်လည်း ယခုတွင်တော့ ခပ်နွေးနွေးရင်ခွင်ထဲတွင် နိုးမလာရခြင်းကြောင့် ၀မ်းနည်းနေမိသည်။
"သွင် နိုးနေပြီလား "
" ဟုတ်"
"စက်နေက အလုပ်ရှိလို့ ခနပြန်သွားတယ်
ဒီရက်ပိုင်း မင်းဆီကို သူလာနိုင်သေးမှာမဟုတ်ဘူး အလုပ်ခရီးသွားရမှာမို့တဲ့  "
မိုးယံက ခန့်သီဟ၏ စကား‌ေကြာင့် မျက်နှာက မဲ့သွားသည်။ သူငယ်ချင်းကောင်းကြီးတေပေါ့။
ဟိုက စေ့စပ်ပွဲအတွက် ပြန်သွားတဲ့သူကို အလုပ်ကိစ္စခရီးသွားတယ်ပြောထားတာ။ သွင့်ကို ဘယ်လို လှည့်စား ချင်နေကြတာလဲ။
" ဟုတ်ကဲ့ "
" ဒါဆို တစ်ခုခုဆို ကိုယ့်ကို ဖုန်းလှမ်းဆက်လိုက်နော် ကိုယ်လည်း ဂျူတီရှိသေးလို့ စက်နေက မိုးသွင်အဖော်ရအောင် မိုးယံကို ခေါ်ထားပေးတာ"
" ဟုတ်ကဲ့"
" ကိုယ့်ကို လိုက်ပို့ပေးဦး"
ခန့်သီဟက မိုးယံကို လိုက်ပို့ခိုင်းသည်မို့ ကားနားထိလိုက်ပို့ပေးလိုက်သည်။ လိုက်ပို့ချင်လွန်းလို့မဟုတ် ပြောချင်တာရှိနေလို့။
" သွင့်ကို ဘာမှမပြောနဲ့ဦး "
" ဘာလို့လဲ ခင်ဗျားသူငယ်ချင်းက သွင့်ကိုလှည့်စားနေတာလေ"
" ကိုယ့်သူငယ်ချင်းက လှည့်စားနေတာဆို ကိုယ်က ကူညီပေးပါ့မလား"
" ပြောရတာမဟုတ်ဘူး ခင်ဗျားတို့ တစ်အုပ်စုလုံးက သိပ်ယုံရတာမဟုတ်ဘူး "
" ကိုယ့်ကိုတော့ ယုံလို့ရပါတယ်"
"ခင်ဗျားက အဆိုးဆုံးပဲ ဘ၀င်ရူး"
"ဟုတ်ပါပြီ ကိုယ်မင်းနဲ့ စကားနိုင်လုဖို့ အချိန်မရှိတော့လို့ သွားတော့မယ် သွင့်ကို ဘာမှမပြောသေးနဲ့ဦး စက်နေလုပ်နေတာတေအကုန်က သွင့်အတွက်တေချည်းပဲမို့ မင်းတို့ကလေးတေက ငြိမ်ငြိမ်လေး နေရုံပဲ လူကြီးတေက ပြဿနာတေအကုန်ရှင်းလိမ့်မယ်"
ခန့်သီဟက ထိုသို့ပြောကာ ကားကို မောင်းထွက်သွားတော့သည်။
ရှင်းကြ ခင်ဗျားတို့ပဲရှင်းကြ။
အဆုံးသတ်မလှလို့ကတော့ ဘယ်သူမှပျော်ရမယ်မထင်နဲ့ သွင့်ကို ကျွန်တော်ကိုယ်တိုင် ဖွက်ထားမှာ။
စိတ်ထဲမှ ကြိမ်းမောင်းလိုက်ပြီး တိုက်ခန်းပေါ်သို့ ပြန်တက်လာခဲ့သည်။
"သွင် ဆန်ပြုတ်သောက်ပြီး ဆေးသောက်လိုက်ဦးနော်"
" အင်း"
မိုးယံက ဆန်ပြုတ်ကို ပြန်နွှေးပြီး မိုးသွင်ကို ပေးလိုက်သည်။
" အ၀တ်အစားတေက မင်းလဲပေးထားတာလား"
" မဟုတ်ပါဘူး ကိုစက်နေထင်တယ် ငါရောက်ကတည်းက မင်းဒီတိုင်းပဲ အိပ်ပျော်နေတာ"
"ရိုင်းက ဘယ်ကိုသွားတာတဲ့လဲ "
"ငါလည်းမသိဘူး ဘယ်သူဌေးက ၀န်ထမ်းကို ငါဘယ်သွားမယ်ဆိုပြီးတင်ပြမှာလဲ သိပ်တွေးမနေနဲ့ အေးအေးဆေးဆေးနားနေဦး "
"အင်း "
မိုးသွင်က ဆန်ပြုတ်သောက်ကာ ဆေးသောက်ပြီး ပြန်အိပ်သွားသည်မို့ မိုးယံအခန်းထဲက ထွက်ခဲ့လိုက်သည်။ မိုးယံထွက်သွားမှ မိုးသွင်၏ မျက်လုံးများက ပွင့်လာသည်။ ခန္ဓာကိုယ်က နာကျင်မှုထက် နှလုံးသားက ပို၍နာကျင်သည်။
ရိုင်းက ဘာလို့ သူ့နားမှာ ရှိမနေပေးရတာလဲ။
အရာအားလုံးထက် သူ့ကိုအရေးပေးခဲ့သော ရိုင်းက အလုပ်ကိစ္စအတွက် နေမကောင်းတဲ့ သူ့ကို တခြားသူနဲ့ ထားသွားတယ်တဲ့လား။
လူတေဆိုတာ ကိုယ့်ဆီက သူတို့လိုချင်တာ ရသွားပြီဆိုတာနဲ့ ကိုယ့်ဆီက စွန့်ခွာသွားကြမှာပဲ။
ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး မစွဲလမ်းရဘူး။
သံယောဇဉ်မကြီးရဘူး။
အားလုံးက ကံပါသလောက်ပဲ။
သားစိတ်ကို သားကိုယ်တိုင် ထိန်းချုပ်နိုင်မှ မနာကျင်ရမှာ။
မေမေ၏စကားများက ယခုအချိန်ရောက်မှ ပြန်ကြားယောင်လာသည်။
မေမေ့စကားကို သားမလိုက်နာနိုင်တော့ဘူးထင်တယ်။
.
.
ဒီနေ့နဲ့ဆို ရိုင်းသူ့ဆီမလာတာ ငါးရက်ပြည့်တော့မည်။ ရုံးဆင်းချိန်ရောက်တိုင်း ရောက်လာမလားမျှော်မိသည်။ မနက်နိုးလာရင် ရိုင်းရဲ့ရင်ခွင်ထဲမှာ နိုးထခွင့်ရမလား မျှော်လင့်မိသည်။
တစ်ခါတစ်ရံ ရိုင်းက သူ့ဆီပြန်မလာတော့ဘူးလားဟူသော အတွေးမျိုး၀င်မိပြီး သူ့ရင်ထဲတွင် ပူလောင်နေမိပြန်သည်။ မိုးယံကလည်း ဒီတိုက်ခန်းမှာဘဲ သူ့ကို စောင့်ရှောက်နေပေးသည်။
" ငါရေချိုးတော့မယ်"
မိုးယံနှင့်အတူထိုင်နေရင်းမှ မိုးသွင်က ထသွားသည်မို့ မိုးယံက ခန့်သီဟဆီဖုန်းဆက်လိုက်သည်။
"ဟလို "
" ခင်ဗျား ဘယ်မှာလဲ"
" ကိုယ် စက်နေကို ကူပေးစရာရှိလို့"
"ခင်ဗျားတို့ ဘာအချိုးချိုးကြတာလဲဟင် ကိုစက်နေ စေ့စပ်ပွဲက ဒီနေ့ညလုပ်မှာ မိုးသွင်ကို ဘာမှမပြောဘဲ ဒီတိုင်းပစ်ထားခဲ့မှာလား "
"ခွမ်း.. "
အနောက်ဘက်ဆီမှအသံကြောင့် မိုးယံလှည့်ကြည့်လိုက်တော့ မယုံကြည်နိုင်ဟန်ဖြစ်နေသော မိုးသွင်နှင့် ကြမ်းပြင်တွင် ကွဲကြေသွားသော ဖန်ခွက်။
" ငါ ဘာကြားလိုက်တာလဲ ငါကြားလိုက်တာ အမှန်လား"
မိုးသွင်၏ အသံတို့က တည်ငြိမ်နေသည်။
" ဟလို မိုးယံ
မိုးသွင် သိသွား တွီ"
မိုးယံက ဖုန်းချပစ်လိုက်သည်။
မိုးယံလည်း လိမ်မထားချင်တော့ပေ။
" ဟုတ်တယ် ကိုစက်နေ ဒီနေ့ည စေ့စပ်ပွဲလုပ်မှာ"
သွင်၏ မျက်နှာက ခံစားချက်မဲ့သလိုဖြစ်သွားသည်။ ရိုင်းက ဘာလို့လဲ။
"မင်းဘာလုပ်ချင်လဲ "
" ‌ငါက ဘာလုပ်နိုင်ဦးမှာလဲ"
" မင်း သူ့ကို တစ်ခုခုပြန်လုပ်သင့်တယ်"
" ငါခန နားချင်တယ်"
မိုးသွင်က အခန်းထဲပြန်၀င်ခဲ့သည်။
စက်နေနဲ့ နင်နဲ့တန်သလား။
မ‌မပြောဖူးသော စကားကို ပြန်ကြားမိပြန်သည်။ အခုမတန်လို့ ရိုင်းက သူ့ကိုထားခဲ့တာလား။ အဲ့ဒါဆို ဘာလို့ သူ့အပေါ်ကို ကျူးလွန်ခဲ့တာလဲ သူမေးမြန်းလိုသေးသည်။
.
.
ညနေပိုင်းအထိ အခန်းထဲက ထွက်မလာသော မိုးသွင်ကို အခန်းထဲကခေါ်ထုတ်ပြီး အိမ်သို့ပြန်လာခဲ့သည်။ ဒီတိုင်းဆို မိုးသွင် အတွေးလွန်နေတာနဲ့ သေသွားနိုင်သည်။ အိမ်ကိုပြန်တာမှ မေကြီးနဲ့ဖေကြီးက အားပေးစကားပြောလျှင် အနည်းငယ် နေသာထိုင်သာရှိဦးမည်။ မိုးသွင်၏ ညှိုးငယ်နေသော မျက်နှာကို မြင်နေရသဖြင့် ဟိုအရူးလေးယောက်ကို  ရိုက်နှက်ပစ်ချင်စိတ်များက စိတ်ထဲတဖွားဖွား။
မိုးယံက Taxi ငှားလိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့လည်း အိမ်ပေါက်က ပိတ်ထားသဖြင့်အိမ်ရှေ့သာ ထိုင်နေလိုက်သည်။
" မေမေတို့ကလည်း ဘယ်သွားကြတာလဲ မသိဘူး"
တော်တော်လေးမှောင်သည်အထိ ဖေကြီးနှင့်မေကြီး ရောက်မလာသောကြောင့် မိုးယံက ခပ်ညည်းညည်းပြောလိုက်သည်။
"မိုးယံ "
"အင်း "
"ငါ ရိုင်းဆီသွားချင်တယ် "
"မင်းက သူ့ဆီသွားပြီး ဘာလုပ်မှာလဲ
စေ့စပ်ပွဲကို မလုပ်ဖို့တားမှာလား "
ထိုသို့ပြောတော့ သွင်က ခေါင်းငုံ့သွားသည်။
" တကယ်သွားမလား"
Phone Ringtone ~~~
မိုးယံ၏ ဖုန်းမှ ဖုန်းသံထွက်ပေါ်လာသဖြင့် မိုးယံကိုင်လိုက်သည်။
ဖုန်းခေါ်လာသူက ခန့်သီဟ။
"ဘာလဲ "
" မင်း သွင်နဲ့အတူရှိနေလား"
" ရှိတယ် ဘာလုပ်မလို့လဲ"
"အခု ဘယ်မှာလဲ "
" ဘာလုပ်ဖို့လဲ"
"ပြောစမ်းပါ "
"မပြောနိုင်ဘူး "
"မင်း စိတ်ထင်ရာတေလျှောက်လုပ်မနေနဲ့ဦးနော်  တကယ်တော့.. "
တွီ..
မိုးယံက ဖုန်းချပစ်လိုက်သည်။
သူတို့က ကိုစက်နေရဲ့စေ့စပ်ပွဲကို သွားမှာကြောက်နေကြတာလား။ ဒါလား လူကြီးတေရဲ့ ဖြေရှင်းနည်းက။ ကိုယ့်အတွက်ကိုယ်ပဲ နောက်ဆုံးလုပ်သွားကြတာ။
"လာ သွားကြမယ် မင်းမှ မပျော်ရွှင်ရရင် အဲ့လူတေလည်း မပျော်ရွှင်စေရဘူး "
မိုးယံက မိုးသွင်၏ လက်ကိုဆွဲခေါ်ပြီး taxiငှားလိုက်ပြီးနောက် စေ့စပ်ပွဲ ကျင်းပနေသော နေရာသို့ လာခဲ့လိုက်သည်။

(Only Imagination)

LoveWhere stories live. Discover now