42

10 0 0
                                    

Taxiပေါ်က ဆင်းပြီး ခြံထဲသို့၀င်လိုက်သည်နှင့် တွေ့လိုက်ရသည်က မီးရောင် ထိန်ထိန်လင်းလင်းနှင့် ခမ်းနားသော Partyတစ်ခု။ ထိုParty၏ အလယ်တွင် စက်နေရိုင်းက ရပ်နေသည်။ မိုးသွင်၏ ခြေလှမ်းတို့က အလိုအလျောက် စက်နေဆီသို့ ရောက်သွားသည်။ စက်နေ၏မျက်နှာက အပြုံးတို့နှင့် ပြည့်နှက်နေသည်။ ဘာလို့လဲ။ တခြားသူနဲ့ စေ့စပ်ရတာကို ဘာလို့ အဲ့လောက်ပြုံးနေရတာလဲ။ အဲ့ဒီအပြုံးတေက သွင့်အတွက်ပဲ မဟုတ်ခဲ့ဘူးလား။
" ခင်ဗျား ကျွန်တော့်ကို ဘာလို့အဲ့လိုလုပ်ရတာလဲ"
ဧည့်သည်တေ ဘယ်သူတေရှိနေလဲ သွင်ဂရုမစိုက်နိုင်။ သူသိချင်တာ အဲ့ဒါပဲဖြစ်သည်။
"မေရှား သူ့ကို ခေါ်သွားလိုက်.. ပြီးတော့ အနောက်မှာ.."
ဖြန်း..
မြတ်နိုးရသော လူသား၏ ပါးပြင်ကို မိုးသွင် ရိုက်ချလိုက်သည်။ ထင်မှတ်မထားသောကြောင့်ထင်သည် စက်နေရိုင်း၏ မျက်နှာက ကြောင်အ သွားသည်။ စက်နေရိုင်းတင်မဟုတ် ပွဲထဲမှာ ရှိနေသော သူများအားလုံး၏အာရုံကလည်း သူတို့ဆီမှာဖြစ်သည်။
"ခင်ဗျားက အခု ကျွန်တော့်ကို ချောင်ထိုးချင်နေတာလား ခင်ဗျားဘဲပြောတော့ သုံးနှစ်ဖြစ်ဖြစ်အနှစ်သုံးဆယ်ဖြစ်ဖြစ် ကျွန်တော့်ကိုပဲ လက်ထပ်မယ်ဆို "
စက်နေရိုင်း၏ ရင်ဘက်ကို တဘုန်းဘုန်းထုရင်းပြောသည်။
"အချစ်"
"မခေါ်နဲ့ အဲ့လိုမခေါ်နဲ့ ဘာလို့ ဒီလိုလုပ်တာလဲ
သွင်ထွက်သွားမယ်ဆိုတော့ ခွင့်ပြုမပေးခဲ့ဘဲနဲ့
အဲ့တုန်းကသာ ခင်‌ဗျားလွှတ်ပေးခဲ့မယ်ဆို သွင်လည်း အခုလောက်နာကျင်ရမှာ မဟုတ်ဘူး"
သွင်၏ ပါးပြင်တွင် မျက်ရည်တို့က အဆက်မပြတ်စီးဆင်းလာသည်။
"မငိုပါနဲ့ "
"ငိုမယ် သေအောင်ငိုမှာ
အဲ့ဒါခင်ဗျားကြောင့်. "
" ဟုတ်ပါတယ် ကိုယ့်ကြောင့်ပါ"
စက်နေရိုင်းက မိုးသွင်ကို ပွေ့ဖက်လိုက်သည်။
"ဖယ် မထိနဲ့ မထိနဲ့လို့ပြောနေတယ်လေ
မုန်းတယ် ခင်ဗျားကိုလည်း မုန်းတယ် အကုန်လုံးကိုလည်း မုန်းတယ် ခင်ဗျားကို ချစ်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်"
"အင်း မုန်းပါ..ကိုယ့်ကို သွင်ကြိုက်သလိုမုန်းလို့ရတယ် "
" ခင်ဗျားက လိုချင်တာရသွားတော့ အဲ့လိုပြောပြီပေါ့ သွင့်ကို တာ၀န်မယူပဲနဲ့ တခြားသူနဲ့..အွန့်အွန်း"
စက်နေရိုင်းက ကတ်ကတ်လန်ရန်ထောင်နေသော စွာတေးလေး၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။
မိုးသွင်က ပြန်တုန့်ပြန်မလာ ရုန်းကန်နေဆဲ။ ရုန်းကန်မရတော့ သူ၏ ဒူးကွေးနှင့် စက်နေရိုင်း၏ ပေါင်လည်တည့်တည့်ကို တိုက်ခိုက်လိုက်သည်။
စက်နေရိုင်းမှာ အမြန်ရှောင်လိုက်နိုင်၍သာ တော်သေးသည်။
"ခင်ဗျား..မျက်နှာပြောင်လှချည်လား.. "
စက်နေရိုင်းက သွင့်ကို မြတ်နိုးစွာ ပြုံးကြည့်နေသည်။
"ပြောင်တာမဟုတ်ဘူး Glowနေတာ "
သူ့ကိုတောင် ပြန်စနောက်နိုင်နေသေးသည်။
"လူကြီးမင်းတို့ခင်ဗျား ဒါကတော့ ကျွန်တော်ရဲ့ အိမ်ထောင်ဖက် ချစ်မိုးသွင်ပါ စာရွက်စာတမ်းအရ လက်ထပ်ထားတာကြာပြီဖြစ်ပေမယ့် အားလုံးကို အသိမပေးရသေးတာပါ "
"ခင်ဗျား "
"ကျွန်တော်တို့ကြားမှာ ဖြေရှင်းစရာလေးတေရှိနေလို့ ကျွန်တော်တို့ကို ဒီလောက်နဲ့ပဲ ခွင့်ပြုပေးပါဦး "
စက်နေရိုင်းက မိုးသွင်၏ ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး အိမ်ထဲသို့၀င်ကာ သူ၏အခန်းဆီသို့ မိုးသွင်ကို ခေါ်လာခဲ့သည်။
အဖြစ်အပျက်များကို နားမလည်နိုင်သော မိုးသွင်မှာ ကြောင်တောင်တောင်လေးနှင့် စက်နေကို ကြည့်နေမိသည်။ စက်နေရိုင်းက အိပ်ယာပေါ်တွင် မိုးသွင်ကို ချပေးလိုက်ပြီး မိုးသွင်ပေါ်အုပ်မိုးကာ နမ်းရှိုက်လာသည်။
"ကိုယ့်ကို ပြန်နမ်းပါဦး "
"ခင်ဗျား ဘာတေလုပ်နေတာလဲ "
" ကိုယ်ဘာလုပ်လို့လဲ"
"စေ့စပ်ပွဲက "
"ကိုယ်နဲ့မင်းရဲ့ စေ့စပ်ပွဲလေ "
" ခင်ဗျား.."
"ကိုယ်က တခြားသူနဲ့ စေ့စပ်မယ်ထင်ပြီး စိတ်တိုသွားတာလား"
" ကျွန်တော်လည်း တစ်ခြားတစ်ယောက်ဆီသွားတော့မယ်ဆိုရင်ရော"
ထိုသို့ပြောတော့ စက်နေရိုင်း၏မျက်နှာက တင်းမာသွားပြီး မျက်၀န်းများကလည်း စူးရဲသွားသည်။
"သွင် "
"ခင်ဗျားက အဲ့လို စတာလေးကို မကြိုက်ဘူးမလား သွင်ဆိုရင်ရော အဲ့လိုဖြစ်ခွင့်မရှိဘူးလား
ခင်ဗျားနေရာမှာဆိုရင်ရော သွင်က တခြားသူနဲ့ လက်ထပ်မယ်လို့ ကြားရင်..အွန့်အွန်း "
"အဲ့လိုမပြောနဲ့
ကိုယ်က မင်းကို ဘယ်သူ့လက်ထဲမှ အပါခံမှာမဟုတ်သလို ဘယ်ကိုမှလည်း ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး "
"သွင့်မှာရော အဲ့လိုလုပ်ပိုင်ခွင့်ရှိလား "
"အင်း "
"သွင်လည်း တတ်နိုင်သမျှတော့ ထိန်းချုပ်ခဲ့ပါတယ် "
" သွင် ထိန်းချုပ်ထားစရာမလိုဘူး"
"သွင် ရိုင်းကို လက်မလွှတ်ပေးချင်ဘူး ရိုင်းကို သွင့်ဆီမှာဘဲ ချုပ်နှောင်ထားချင်တယ် ရိုင်းကို သွင်တစ်ယောက်ပဲ ပိုင်ဆိုင်ချင်တယ်"
သွင်၏စကားကိုကြားတော့ စက်နေက သဘောတကျရယ်သည်။
" ခင်ဗျား လူကို လှောင်တာလား"
" ကိုယ်သဘောကျလို့ပါ "
"ကျွန်တော် အတည်ပြောနေတာ
ကျွန်တော် ခင်ဗျားကို ချည်နှောင်နိုင်ခွင့်ရှိမလား "
"မရဘူး.. "
"... "
" ကိုယ်က ချည်နှောင်စရာမလိုဘဲ မင်းဆီမှာ အမြဲရှိနေမယ့်သူမို့ ပင်ပင်ပန်းပန်းနဲ့ ကိုယ့်နှလုံးသားကို ချည်နှောင်စရာမလိုပါဘူး
ကိုယ့်ဘေးနားက ထွက်မသွားရင်ဘဲရပြီ"
"အန်တီကရော "
"ဒီပွဲကို မေမေကိုယ်တိုင်စီစဉ်ပေးတာ "
"မဧကရီစံကရော "
"အကုန်ပြီးသွားပြီ
သွင်က ဘယ်သူ့အကြောင်းမှတွေးစရာလိုဘူး
ရှေ့မှာရှိနေတဲ့ ကိုယ့်ကိုပဲ အာရုံစိုက်ပေးရင်ရပြီ "
"သွင့်ကို ဘာလို့ ဘာမှမပြောပြခဲ့တာလဲ "
" ကိုယ့်ဆီက ထပ်ပြီး ထွက်ပြေးသွားမှာစိုးလို့"
စက်နေရိုင်းက သွင့်၏ ရင်ခွင်ထဲ ခေါင်းတိုး၀င်ရင်း သွင်၏ အငွေ့အသက်များကို အပြည့်အ၀ခံယူနေသည်။ ဒီငါးရက်အတွင်း သွင့်ကို မတွေ့မိအောင် ထိန်းရတာက လွယ်ကူသည်မဟုတ်။ အခုလို ဘေးနားမှာ တစ်သက်လုံးခေါ်ထားခွင့်ရဖို့ မေမေ့၏ အလိုကျ ငါးရက်တာမျှနေပေးခဲ့ရသည်။
ဒါနောက်ဆုံးပဲ မင်းနဲ့ ဘယ်တော့မှ မခွဲတော့ဘူး။
.
.
"ခင်ဗျား.. အစတည်းက သိနေတာလား"
မိုးယံ၏အမေးကို ခန့်သီဟက ခေါင်းငြိမ့်လိုက်ရင်း
"အင်း "
" ကျွန်တော်တို့ပဲ မသိတာပေါ့"
"ဟုတ်တယ် "
"ကျွန်တော့်ကိုတော့ အနည်းဆုံးပြောပြသင့်တယ်မဟုတ်ဘူးလား "
"မင်းကရော သွင်ခံစားနေရတာမြင်ရင် သွင့်ကို ပြန်မပြောဘဲ နေနိုင်မှာလား "
" ... "
"ကိုယ်ပြောခဲ့တယ်လေ ကလေးတေက အေးအေးဆေးဆေးပဲ နေပါလို့ "
"ကျွန်တော်မှ မသိတာ
တကယ်လို့ ကျွန်တော်တို့မလာခဲ့ရင် ဘယ်လိုလုပ်မလဲ "
"ကိုယ်က မင်းတို့ကို လာခေါ်မလို့ နေရာမေးတော့ မင်းပဲ ဖုန်းချသွားတာမလား "
"ကျွန်တော်မှ မသိတာ "
" ပြီးတော့ သွင့်ကို စောင့်ကြည့်နေဖို့ တာ၀န်ပေးထားတယ်ဆို မင်းက သွင့်ကို ထွက်ပြေးဖို့ ကူညီပေးမလို့လား"
ခန့်သီဟ၏ စကားကြောင့် မိုးယံက တိတ်ဆိတ်သွားပြီး စေ့စပ်ပွဲတွင်ရှိနေသော ဖေကြီးနဲ့မေကြီးဆီသို့လာခဲ့သည်။
စေ့စပ်ပွဲတွင် ကိုစက်နေ၏ အပေါင်းသင်းမိတ်ဆွေများ အကုန်ရှိသည်။ မမေရှားတို့ စုံတွဲသာမက ကိုဧကရာဇာတို့ မောင်နှမပါ ရှိနေသည်။
တကယ်ကို ဘာမှမသိတာက သူနဲ့ မိုးသွင်နှစ်ယောက်တည်းရယ်။
"နောက်ကျလိုက်တာ ဘယ်တေသွားနေကြတာလဲ "
‌မေကြီးက သူ့ကို ဆီးကြိုပြီးမေးသည်။
" မေကြီးတို့ကလေ သားကို အမြဲတမ်း ဘာမှလည်း ပြောမပြဘူး"
"ဪ သိမယ်ထင်လို့လေ "
"မသိဘူးဗျ "
"ကဲပါ အခုလည်း သိရပြီမလား "
မိုးယံ၏ မျက်နှာက သိပ်မကျေနပ်သည့်ဟန်။
တကယ်ပဲ သူများအတွဲကြားမှာ ကိုယ်ပဲ နှလုံးရောဂါရတော့မယ်။
" မျက်နှာကြီးက ဘယ်လိုကြီးလုပ်နေတာလဲ
ပြုံးထားစမ်းပါ"
"ဟုတ်ကဲ့ဗျ "
မိုးယံက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။
သူ့အပြုံးများနှင့် ထပ်တူညီစွာ ပြုံးနေသော ခန့်သီဟကိုတော့ မိုးယံ သတိမထားမိခဲ့ပေ။
.
.
ဒေါ်ယင်းမာမှာလည်း စေ့စပ်ပွဲအလယ်မှာပင် နမ်းရှိုက်နေသော သားဖြစ်သူကို ကြည့်ပြီး သက်ပြင်းဖွဖွလေးချမိသည်။ ပြီးတော့ ဧည့်သည်များကိုပင် နှုတ်ဆက်စကားပြောကာ ဟိုကလေးကို ပွေ့ချီကာ ခေါ်သွားသည်။ ပြန်သွားခေါ်လို့လည်း ရတော့မည်မဟုတ်။ ဒီငါးရက်အတွင်းမှာပင် သားက သွင့်ကို မတွေ့ရ၍ ဂဏာမငြိမ်။ သူမရဲ့ ရွေးချယ်မှု မှန်ကန်သွားခဲ့တာပဲ။
မေရှားတို့ စေ့စပ်ပွဲပြီးနောက်နေ့မှာဘဲ သားတို့ ဓာတ်ပုံတေပြန့်သွား၍ ဧကရီစံနှင့် သူမ၏ မိဘများကို တွေ့ကာ ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့သည်။ အချစ်မပါသော အိမ်ထောင်ရေးက အဆင်မပြေလောက်ပါဘူးဟု မပြောနိုင်သော်လည်း သားနှင့် ဧကရီစံ၏ ဆက်ဆံရေးကတော့ ပြေလည်နိုင်ဖို့ အလားအလာမရှိ။ သားတွင် ချစ်ရသူရှိနေသည်။ ပြီးတော့ ထိုမိန်းကလေးကလည်း အကို့အတွက်နှင့် သားကို လက်ထပ်မည့်သူ။ လက်ထပ်ပြီးကာမှ ကွဲကြကွာကြဖြစ်တာထက်စာလျှင် အစကတည်းက ပြတ်ပြတ်သားသားငြင်းလိုက်တာက ပိုကောင်းမည်ထင်၍ သူမဘက်ကလည်း သားနဲ့ သဘောမတူနိုင်ကြောင်း ပြောခဲ့သည်။
ထိုကြားထဲတွင် သားဖြစ်သူက သူများ၏ သားပျိုလေးနှင့် ကျူးကျူးလွန်လွန်တေထိဖြစ်လာသည်ဆိုတော့ သူမ လက်မခံလို့မရတော့။ လက်မခံလျှင်လည်း သားတော်မောင်က အိမ်ပေါ်က ဆင်းမည်တကဲကဲလုပ်သည်။ ဒီအသက်အရွယ်ကြီးကျမှလည်း သားနဲ့စိတ်ဆိုးပြီး တကွဲတပြားမနေချင်တော့၍ သားတို့ကို သဘောတူပေးပြီး စေ့စပ်ပွဲပြီးတာနှင့် နှစ်ယောက်စလုံး အိမ်မှာဘဲ နေရမည်၏ဟူသော ကတိကို တောင်းခံခဲ့သည်။
သူမရွေးချယ်မှု မှန်ကန်ခဲ့သည်ထင်သည်။
သားက ပွဲတစ်လျှောက်လုံး ပြုံးရွှင်နေခဲ့သည်။
မိုးသွင်ဆိုတဲ့ကောင်လေးရဲ့ စိတ်ကို သူမ ပြုပြင်ပေးရဦးမည်။ ခွင့်ပြုပေးခဲ့ပြီဆိုမှတော့ သူမအတွက်ရွေးချယ်စရာမရှိတော့။ သိမ်ငယ်စိတ်တေကြီးစိုးနေသော ကောင်လေးကို သန်မာလာစေရန် သားအတွက် အထောက်အကူဖြစ်စေရန် သူမ ပြုစုပျိုးထောင်ရပေဦးမည်။
နောက်ရက်ကစပြီး ဒီအိမ်မှာ လူသစ်တစ်ယောက် တိုးလာတော့မှာဘဲ။
မြေးချီဖို့ အခွင့်အရေးမရှိတော့ပေမယ့် သားပျော်နေတာနဲ့တင်ကို သူမကျေနပ်ပါပြီ။
နောက်ထပ် သားတစ်ယောက် တိုးလာတာလည်း ကောင်းတာပါပဲ။
(Only Imagination)

LoveWhere stories live. Discover now