32

22 1 0
                                    

ဧည့်ခန်းတွင် မျက်နှာတည်တင်းပြီး ထိုင်နေသော မေမေ့ရှေ့တွင် ၀င်ထိုင်လိုက်သည်။
"အဲ့တော့ အစကတည်းက အဲ့ကောင်လေးကို မင်းဖွက်ထားခဲ့တာပေါ့ "
"ဟုတ်တယ် "
အဟက်
မေမေက ခပ်ရွဲ့ရွဲ့ရယ်လိုက်ပြီး
"ယောကျားလေးတစ်ယောက်ကို အဲ့လောက်ထိစွဲလမ်းနေတာလား "
"စွဲလမ်းတာမဟုတ်ဘူး မေမေ
ကျွန်တော် သူ့ကို ချစ်တာ "
" တော်စမ်း ငါ့ရှေ့မှာ အဲ့ကောင်လေးကို ချစ်တဲ့အကြောင်းလာမပြောနဲ့ နားခါးတယ်"
" မေမေကရော သူ့ကို ဘာလို့ ခါးခါးသီးသီးဖြစ်နေရတာလဲ သူ့မှာ ယောကျားလေးဆိုတာအပြင် ဘာပြစ်ချက်တေရှိနေလို့လဲ"
" အဲ့ဒီယောကျားလေးဆိုတာက ပြစ်ချက်ပဲ
မင်းက ငါတို့ရဲ့ တစ်ဦးတည်းသောသား
ငါတို့ရဲ့ မျိုးရိုးကိုထိန်းသိမ်းပေးမယ့် အမျိုးကောင်းသမီးတစ်ယောက်ကိုပဲ မင်းလက်ထပ်ရမယ် ယောကျားလေးတစ်ယောက်ကို မင်းအိမ်ထောင်ပြုလိုက်ရင် ငါဆို့မျိုးဆက်ကရော"
" အခုခေတ်မှာ အမျိုးသားတေလည်း ကိုယ်၀န်ဆောင်လို့ရနေတာကို မေမေမသိတာလည်း မဟုတ်ဘူး"
"အဲ့ဒါဆို မင်းကောင်လေးက ကိုယ်၀န်ဆောင်ပေးမှာလား "
အဲ့လိုကျတော့လည်း စက်နေရိုင်းလက်မခံနိုင်ပေ။
ကိုယ်၀န်ဆောင်တယ်ဆိုတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။ အမျိုးသမီးကိုယ်၀န်ဆောင်တေတောင် မွေးဖွားတဲ့အချိန် အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတာ။ သွင်က ယောကျားလေး။
" သွင်ကိုယ်တိုင်ဆောင်စရာမလိုပါဘူး
ဖန်ပြွန်သန္ဓေသားနဲ့.."
"မလိုချင်ဘူး မင်းကောင်လေးကို ကိုယ်တိုင်ကိုယ်၀န်ဆောင်ခိုင်းမလား "
မေမေက သူ့ကို အကျပ်ကိုင်ချင်နေသည့်ပုံ။
"သားကို စဉ်းစားခွင့်ပေးပါဦး "
"အင်း အဲ့ဒါဆို သဘောတူထားတဲ့အတိုင်းပဲ ဒီတစ်လအတွင်း အဖြေပြန်မပေးနိုင်ရင် ဧကရီစံနဲ့ လက်ထပ်ရလိမ့်မယ် "
" မေမေ.."
"ဆင်ခြေတေမလိုချင်ဘူး
ငါဘယ်လောက် စိတ်လျော့ထားရလဲ မင်းအသိဆုံး ငါ့ဘက်က ခွင့်ပြုပေးနိုင်တာ ဒါအကုန်ပဲ မင်းကောင်လေးကိုယ်တိုင် ကိုယ်၀န်ဆောင်ပေးမယ်ဆိုရင် အချိန်မရွေးငါ့ကို လာပြော "
"သားသူ့ကို တိုင်ပင်လိုက်ဦးမယ် "
" နောက်တစ်ခုက ဒီအ‌ေတာအတွင်း အိမ်ပြန်နေရမယ် "
" မေမေ ဒါတော့ နည်းနည်းများသွားပြီ"
"မများဘူး "
"မေမေ "
ဒေါ်ယင်းမာက သား၏ခေါ်သံကို လျစ်လျူရှု့ကာ အိမ်ပေါ်သို့ တက်ခဲ့သည်။ စက်နေရိုင်းက အနောက်မှ ကပ်လိုက်လာပြီး
"မေမေ မတရားဘူး "
" အိမ်ထဲမှာ ပိတ်လှောင်မထားတာကိုပဲ ကျေးဇူးတင်သင့်နေပြီ"
"အိမ်ထဲပိတ်လှောင်ထားရအောင် သားက အပျိုဖြန်းလေးမှ မဟုတ်တာ "
" အပျိုဖြန်းမဟုတ်လို့ပေါ့ အပျိုဖြန်းသာဆိုလို့ကတော့ အခန်းထဲတင်ပိတ်ထားမှာ"
"မေမေ "
"နားငြီးတယ် "
ဒေါ်ယင်းမာက အခန်းထဲ၀င်ပြီး တံခါးကို လော့ခ်ချလိုက်သည်။
ကျွန်မ မမှားဘူးမဟုတ်လား။
သားအတွက် ကျွန်မ အဲ့လောက်လေးတော့ အတ္တကြီးသင့်တယ်မလားဟင်။
စိတ်ထဲမှ ရေရွတ်မိသည်။
ဖေဖေနှင့်မေမေ၏ စေတနာများကို ယခုမှပင် နားလည်တော့သည်။ သူမတုန်းကလည်း စက်နေ၏ဖေဖေနှင့် အိမ်က သဘောမတူပေးခဲ့။ ဒါပေမယ့်လည်း အဲ့ဒါက သာမာန်စုံတွဲမို့ သူတို့လက်မလျော့ဘဲ ရှေ့ဆက်တာက ပြဿနာမရှိခဲ့။ စက်နေ၏အဖေက မချမ်းသာပေမယ့် အလုပ်ကြိုးစားသည်။ ရိုးသားသည့်အတွက် ဒေါ်ယင်းမာ၏မိဘများက မကြာမီပင် ကြည်ဖြူပေးကြသည်။
ရှင့်သားက သဘာ၀ကိုကျော်လွန်နေတာ။
ရှင်ရှိနေရင်ရော ဘယ်လိုတုန့်ပြန်မလဲ။
ဒီလောက်လေးပြောမိတာက ကျွန်မ မမှားဘူးမလား။
ဒေါ်ယင်းမာက မရှိတော့သောသူကို တမ်းတမ်းတတစကားစမြည်ပြောနေမိသည်။
ဒီလိုအချိန်မျိုးတေမှာဆို သဘောထားကြီးတဲ့သူ့အိမ်ထောင်ဖက်ကတော့ သားကို အားမငယ်စေဖို့ အားပေးနေမည်ထင်သည်။
စက်နေရိုင်းမှာ မေမေ၏အိမ်မှာဘဲနေရမည်ဟူသော စကားကြောင့် မိုးသွင်ဆီဖုန်းဆက်လိုက်သည်။
သို့သော် ဖုန်းကဆက်မရဘဲ စက်ပိတ်ထားပါသည်ပဲ ပြောနေသည်။ အိမ်ဖုန်းကို ဆက်ကြည့်တော့လည်း ကိုင်မည့်သူမရှိ။ ရေတေဘာတေများ ချိုးနေလို့လား။ ခနနေမှ ပြန်ဆက်လိုက်မယ်။
စက်နေရိုင်း အိပ်ယာပေါ် ပက်လက်လှန်လိုက်ရင်း မျက်နှာကျက်ကိုကြည့်ကာ အတွေးများနေသည်။
သွင့်ကို အန္တရာယ်များတာကိုလည်း မလုပ်စေချင်
မေမေက ကြည်ဖြူတာကိုလည်း လိုချင်သည်။
ဘာလုပ်သင့်လဲ..
Phone ringtone...
"ဟလို အချစ် ဘာလုပ်နေတာလဲ "
" ဗိုက်ဆာလို့ ခေါက်ဆွဲစားနေတာ"
" အပြင်ထွက်ပြီး တစ်ခုခု၀ယ်စားလေ ဗိုက်အောင့်နေမယ်"
" ရပါတယ် အန်တီက တအားဆူနေသေးလားဟင်"
" မဆူပါဘူး ကိုယ့်ကို ဘာမှစိတ်ပူမနေနဲ့"
" အင်းပါ"
"ဒါပေမယ့် ကိုယ့်ကို အိမ်မှာပဲနေရမယ်တဲ့ ရာဇသံထုတ်ထားတယ် "
ခွီး..
အဟွက်..အဟွက်..
" အချစ် ဘာဖြစ်တာလဲ"
"ဟင့်အင်း.. "
အူရွှင်နေသောအသံနှင့်မို့ စက်နေရိုင်းအနည်းငယ် စိတ်အေးရသည်။
"ဖြေးဖြေးစား "
" အွန်း"
"ခုနက ရယ်သံကြားလိုက်ပါတယ် ဘာလဲ ရုပ်ရှင်ကြည့်နေတာလား "
"မဟုတ်ပါဘူး "
" ဘာရယ်တာလဲ"
"ရိုင်းမေမေက ရိုင်းကို အပျိုလေးလို ထိန်းသိမ်းထားတာကို သဘောကျလို့ပါ "
" ရယ်ပါ ရယ်ပါ "
"တကယ်သဘောကျလို့ပါ "
"အင်းပါ ညဘက်တစ်ယောက်တည်းဖြစ်နေမှာစိုးရင် မိုးယံကို ခေါ်လိုက်လေ ဒါမှမဟုတ် မိုးယံနဲ့သွားနေလို့ရတယ် "
" အင်း သွင့်ကို စိတ်မပူပါနဲ့"
"ပူရတာပေါ့ ကိုယ့်အချစ်ရဲ့ "
" ရိုင်းမေမေက တကယ် ဘာမှမပြောဘူးလား"
"ကိုယ့်မေမေက တောင်းဆိုတာရှိတယ် "
" ဘာလဲဟင်"
" သွင်က ကလေးမွေးပေးဖို့"
စက်နေရိုင်း အမှန်တိုင်းပင်ပြောလိုက်မိသည်။
တကယ် မယူခိုင်းဘူးဆိုသော်လည်း သွင့်စိတ်ကိုလည်း အနည်းငယ် စမ်းသပ်လို၍။
" ... "
"အချစ်.. "
"အွန်း "
" ဒါပေမယ့် မပူပါနဲ့ ‌ကိုယ်က သွင့်ကိုအန္တရာယ်များတာတေမလုပ်ခိုင်းပါဘူး ကိုယ် မေမေ့ကိုရအောင်ပြောမှာပါ အဲ့ဒါကြောင့် အချစ်က ကိုယ့်နားမှာဘဲ ရှိနေပေးနော်"
"... "
"အချစ် "
တိတ်ဆိတ်သွားသော ချစ်ရသူကြောင့် စက်နေရိုင်း သက်ပြင်းဖွဖွလေးချလိုက်သည်။
အမှန်တိုင်းမပြောရင်လည်း ကြံကြံဖန်ဖန်တေတွေးနေဦးမည်။ အမှန်တိုင်းပြောလိုက်ပြန်တော့လည်း အတွေးလွန်သွားပြန်သည် ထင်သည်။
"ကိုယ် မိုးယံကို မင်းဆီလာခိုင်းလိုက်မယ် "
"မိုးယံလည်း ပိတ်ရက်မှာ နားပါစေ သွင်နေတတ်ပါတယ် "
" အင်း "
"ဒါပဲနော် "
"အင်း "
ဖုန်းချလိုက်ပြီး မိုးသွင်၏အာရုံတို့က ပျံ့လွင့်သွားရသည်။ ကိုယ်၀န်ဆောင်ဖို့လား။
မိမိကိုယ်ကိုယ် ငုံ့ကြည့်မိပြီး ကိုယ်၀န်ဆောင်ပုံစံနှင့် ပုံဖော်ကြည့်သည်။ ဖြစ်နိုင်ပါ့မလား။
ခွဲစိတ်ဖို့မပြောနဲ့ ဆေးထိုးရမှာတောင် သေအောင်ကြောက်သော မိုးသွင်အတွက် ကိုယ်၀န်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ မိုးယံဆီမေးကြည့်ရမယ်။ မိုးယံဆီဖုန်းဆက်ကြည့်သည်။
"ဟလို "
ပြန်ဖြေလာသည်က အိပ်ချင်မူးတူးသံနှင့်။
" သွင်ပါ အိပ်နေတာလား"
"နေမကောင်းလို့ ညက သောက်တာ နည်းနည်းများသွားလို့ "
"ဖျားသေးတာလား "
"အင်း "
"အခုဘယ်မှာလဲ "
"တိုက်ခန်းမှာဘဲ "
" ငါလာခဲ့မယ်"
"အင်း "
မိုးသွင်က ဖုန်းချလိုက်ပြီး စားလက်စ ခေါက်ဆွဲများကို ဆက်မစားတော့ဘဲ ဘေစင်ပေါ်တွင် တင်ထားလိုက်သည်။
ဖျားနေတာဆိုတော့ ဆရာ၀န်ခေါ်ပေးလိုက်ရမလား
မိုးသွင်က ကိုခန့်သီဟဆီဖုန်းဆက်လိုက်သည်။
"ဟလို ကိုခန့်သီဟလား သွင်ပါ "
"အင်း သွင် ဘာဖြစ်လို့လဲ
နေမကောင်းလို့လား "
" သွင်မဟုတ်ပါဘူး မိုးယံနေမကောင်းလို့ အဲ့ဒါတစ်ချက်လောက် လာကြည့်ပေးလို့ အဆင်ပြေမလားလို့ပါ"
" သူက အခုဘယ်မှာလဲ"
" သွင့်တိုက်ခန်းမှာ ဟို.. အရင်က သွင်နေခဲ့တဲ့တိုက်ခန်းကို သိလား"
"အင်း သိပါတယ် "
"အဲ့ဒီကို တစ်ချက်လောက်သွားကြည့်ပေးပါလား
သွင်က သူ့ဖို့ စွတ်ပြုပ်လေး၀ယ်ချင်သေးလို့ "
"အင်းပါ ကိုယ်သွားလိုက်မယ် "
"ကျေးဇူးပါ "
မိုးသွင်က ဖုန်းချပြီးနောက် အ၀တ်အစားလဲလိုက်ပြီး ဆံနွယ်များကိုလည်း ခပ်မြင့်မြင့်စည်း‌ေနှာင်လိုက်သည်။ ပြီးနောက် ‌ပိုက်ဆံအိတ်သေးသေးလေးကို လွယ်ကာ တိုက်ခန်းမှ ထွက်လာခဲ့သည်။
(Only Imagination)

LoveWhere stories live. Discover now