26

24 0 0
                                    

"မင်္ဂလာခန်း၀င်လို့ရပြီ "
"ခင်ဗျား "
သွင်က တစ်ခုခုအံ့ဩထိတ်လန့်ရင်ဖြစ်ဖြစ် သူ့ကိုအနည်းငယ် စိတ်ဆိုးသည့်အခါဘဲဖြစ်ဖြစ် ခင်ဗျားဆိုသော နာမ်စားလေးက ထွက်လာတတ်သည်။
" ကိုယ်တို့က ကြင်စဦးဇနီးမောင်နှံနဲ့မတူဘူးလား "
စက်နေရိုင်း၀တ်ထားတာကလည်း လည်ဂတုံးနှင့် ချိပ်ပုဆိုး။ မိုးသွင်၀တ်ထားသည်ကလည်း ရင်ဖုံးအင်္ကျီလေးနှင့် ချိပ်ထမီ။
" ကိုယ်မင်းကို အပြစ်မပေးရသေးဘူး ကိုယ့်ဆီက ထွက်ပြေးဖို့ကြိုးစားတဲ့အတွက်"
"အခုလည်း ရိုင်းရှေ့မှာဘဲရောက်နေတာမလား "
" ဒါက ကိုယ်ခေါ်လာလို့လေ
ထွက်ပြေးဖို့ ကြိုးစားတာက ကြိုးစားတာပဲ"
စက်နေရိုင်းက မိုးသွင်ကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲ၀င်လာကာ အိပ်ယာပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ ပြီးနောက် မိုးသွင်၏ ကိုယ်ပေါ်သို့ အုပ်မိုးပြီး နှုတ်ခမ်းများကို နူးညံ့စွာနမ်းရှိုက်လိုက်သည်။
"အာ့.. "
"ဘာဖြစ်လို့လဲ "
" ခေါင်းက ကလစ်တေက နာလို့"
စက်နေရိုင်းကြည့်မိလိုက်မှ ဆံပင်ထုံးဖွဲ့ထားသည်ကို ထိန်းပေးထားသော ကလစ်များ။
စက်နေရိုင်းက မိုးသွင်၏ ဆံနွယ်များကြားမှကလစ်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်ပြီး ဆံထုံးကိုဖြည်ချပေးလိုက်သည်။
ပြီးနောက် ထပ်မံ၍နမ်းရှိုက်ဟန်ပြင်တော့ သူ့နှုတ်ခမ်းသူပိတ်လိုက်သည့် မိုးသွင်။
"ဘာလို့လဲ အချစ်ရဲ့ "
"ဘယ်အထိသွားမှာလဲဟင် "
"အဆုံးထိသွားမှာ မင်းကို ကိုယ့်ရဲ့အိမ်ထောင်ဖက်ပါလို့ တံဆိပ်ခတ်နိုင်တဲ့အထိ ကိုယ်ကသွားမှာ"
"ဟင့်အင်း "
ခေါင်းရမ်းပြလာပြီး မျက်လုံးများက သူ့ကိုမကြည့်ဘဲ ဟိုဟိုသည်သည်ကြည့်နေသည်။
ဘာတေများ ရွှေဉာဏ်တော်များဦးမှာလဲ။
" ဖယ်ပေးဦး"
" ဘာလို့လဲ"
"အဲ့ဒါက "
"အင်း "
"မသိတော့ဘူး ဖယ်ပေး "
"မဖယ်ပေးဘူး "
စက်နေရိုင်းက မိုးသွင်၏လက်နှစ်ဖက်ကို စုကိုင်ပြီး ခေါင်းရင်းဘက်ပို့လိုက်ကာ မိုးသွင်၏ နှုတ်ခမ်းများကို သိမ်းပိုက်လိုက်သည်။
"အွန့်အွန်း.. "
"အချစ် ဘာလို့ ငြင်းဆန်နေရတာလဲ"
"သွင် အဆင်သင့်မဖြစ်သေးဘူး "
ဟုတ်တယ်လေ။ သွင်မျှော်လင့်မထားတဲ့အခြေအနေကြောင့် သွင့်စိတ်ထဲမှာ ကြောက်ရွံ့နေဆဲ။
စက်နေရိုင်းက သွင့်အပေါ်မှဖယ်ခွာပြီး အိပ်ယာပေါ်သို့ မှောက်လျက်အိပ်လိုက်သည်။
" သွင့် ကိုယ်သင်းနံ့နဲ့မရဘူးလား"
"No "
"သွင်က "
ရွှတ်..
သွင်၏ ပါးကိုမွှေးကြူလိုက်ပြီး
"ကိုယ်အဆင်ပြေတယ်  "
"ဒါပေမယ့် "
"ရတယ် ကိုယ့်ဘာသာဖြေရှင်းလိုက်မယ် "
စက်နေရိုင်းက ရေချိုးခန်းဆီသို့ ထသွားဟန်ပြင်တော့ မိုးသွင်က သူ့လက်ကို ဆွဲလိုက်သည်။
"သွင် ကူညီပေးရမလား ဟို..ဟို.. "
သွင်က ခေါင်းငုံ့လိုက်ပြီး
"သွင့်လက်နဲ့ကူညီပေးလို့ရမလား သွင် မလုပ်တတ်ပေမယ့် ရိုင်းက သွင့်ကို သင်ပေးလို့ရမလားဟင်
ဟင်းချက်တာကလွဲရင် ကျန်တာတေမှာ အတတ်မြန်ပါတယ် သွင်က အဲ့အကြောင်းအရာတေ မသိတာမို့ ရိုင်းက သွင့်ကို စိတ်မပျက်စေချင်ဘူး"
" ကိုယ်က စိတ်မပျက်ပါဘူး ပြီးတော့ အဲ့ဒါအတွက်နဲ့ ကိုယ်မင်းကိုစိတ်မပျက်ပါဘူး သွင်စိတ်မပူနဲ့နော်"
"မဟုတ်ဘူး "
"... "
" သွင်..သွင်ကိုယ်တိုင်က ရိုင်းကို လုပ်ပေးချင်လို့
ရိုင်းနဲ့အဆုံးထိသွားကြည့်ချင်လို့
သွင့်ကို သင်ပေးပါနော်"
ခေါင်းပြန်မော့လာပြီး သူနှင့်အကြည့်ချင်းဆုံကာ ပြောလိုက်သည့်စကားကြောင့် စက်နေရိုင်း၏ ရင်ဘတ်ကြီးသည် ပေါက်ကွဲလုမတတ်။
သွင့်ကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်သည်။ ပြီးနောက်ရေပန်းအောက်သို့အတူ၀င်လိုက်ပြီး ရေပန်းကို ဖွင့်ချလိုက်သည်။
"ကျန်တဲ့အချိန်တေမှာလှပြီးတော့ ရေစိုနေတဲ့အချိန်မှာ အချစ်က ဆွဲဆောင်မှုအရှိဆုံးပဲ "
စက်နေရိုင်းက မိုးသွင်၏ခါးမှ ထမီစကပ်၏ချိတ်ကို ဖြုတ်လိုက်ချိန်
"လက်..လက်နဲ့ပဲလေ "
"အ၀တ်အစားတေက ရှုပ်နေလို့ "
"မရဘူး မချွတ်နဲ့ လုပ်မပေးတော့ဘူး.."
ရှက်စိတ်ကြောင့် မိုးသွင်က ပြန်ထွက်ဟန်ပြင်တော့ စက်နေရိုင်းက မိုးသွင်ကို နံရံဆီဆွဲကပ်လိုက်ရင်း မွတ်သိပ်စွာ နမ်းရှိုက်လိုက်သည်။
လက်နဲ့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီနေ့ည ကိုယ်ကတော့ မင်းနဲ့ မင်္ဂလာဦးရမှာဘဲ။
.
.
"သား အပြင်မှာဘဲ နေ နေတော့မှာလား
အိမ်ကို ပြန်မလာတော့ဘူးလား "
အိမ်ပြန်မလာတာကြာနေပြီဖြစ်သော သားကို ဒေါ်ယင်းမာမေးလိုက်သည်။
" ထွက်သွားတဲ့သူက ထွက်သွားပြီးပြီပဲ ဘာလို့လိုက်ရှာနေဦးမှာလဲ"
မေမေ့စကားကြောင့် စက်နေရိုင်းက မဲ့ပြုံးလေးပြုံးလိုက်ပြီး
" သားအလုပ်ပဲလုပ်နေတာ မေမေလည်း သိနေတာပဲ သားဘယ်တေမှာ သူ့ကိုလိုက်ရှာနေလို့လဲ"
"ညဘက်တေ အိမ်ပြန်အိပ်ဦးလေ သားရယ် "
" မအိပ်ချင်ဘူး မေမေ သားဘာသာ အပြင်မှာဘဲနေချင်တယ် "
"အိမ်ထောင်ပြုဖို့ရော မတွေးတော့ဘူးလား "
"ကျွန်တော် သွင်ကလွဲရင် တခြားသူကို လက်မတွဲနိုင်ဘူး "
"ဟိုက ယောကျားလေး "
"သိတယ် "
"ဘာလို့ မဖြစ်နိုင်တာတေလုပ်ချင်ရတာလဲ "
" ဘာလို့မဖြစ်နိုင်ရမှာလဲ "
"ပတ်၀န်းကျင်ရဲ့အမြင် "
"ပတ်၀န်းကျင်ရဲ့အမြင်ကို ဂရုမစိုက်ဘူး
မေမေသာ ခွင့်ပြုပေးပါ "
"ကောင်းပြီလေ ဒါဆို မေမေနဲ့သား အပေးအယူတစ်ခုလုပ်ကြတာပေါ့ "
"... "
"မင်းအဖေမိတ်ဆွေရဲ့သမီးနဲ့ မင်းတွေ့ကြည့်ရမယ် တစ်လအတွင်း အဲ့မိန်းကလေးကို သဘောမကျဘူး
ပြီးတော့ မင်းရဲ့ကောင်လေးကိုလည်း ရှာတွေ့မယ်ဆို မေမေ မင်းကို ခွင့်ပြုပေးမယ် "
"မေမေ ကတိတည်ပါစေ "
မေမေက ခေါင်းငြိမ့်ပြလိုက်သဖြင့် စက်နေရိုင်း မေမေ့ကိုကျောခိုင်းလိုက်ချိန်တွင်တော့ သူ၏မျက်နှာတွင် အပြုံးတို့ဖြစ်ပေါ်လာရသည်။
ကိုယ်ကမင်းကို အမြဲတမ်းလှောင်ပိတ်မထားပါဘူး မင်းကို အများရှေ့မှာပဲ တရား၀င်ထပ်ပြီး လက်ထပ်မှာ။
.
.
"အချစ်.. "
တိုက်ခန်းထဲ ၀င်၀င်ချင်းမှာပင် စက်နေရိုင်းအသံပေးလိုက်တော့ မိုးသွင်က အိပ်ခန်းတံခါးကနေ ခေါင်းပြူကြည့်သည်။
" မာလာရှမ်းကော ၀ယ်လာတယ်"
"အင်း "
"ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး "
အနည်းငယ် ငြှိုးနေသော မျက်နှာလေးကြောင့် စက်နေက မာလာရှမ်းကော ဗူးကို စားပွဲပေါ်တင်ပြီး အိပ်ခန်းထဲမှ ချစ်ရသူဆီသို့သွားကာ ‌ဖက်ထားလိုက်သည်။
"ဗိုက်ဆာနေလို့လား "
"သွင် ဟင်းချက်တတ်ချင်တယ် "
"ဘာလို့လဲ ဝါသနာမပါတာကြီးကို "
"လုပ်ကြည့်ချင်ယုံပါ တခါတလေလေး ရိုင်းကို ချက်ကျွေးချင်လို့ "
"မချက်ပါနဲ့ လက်‌တေဓားရှကုန်မှဖြင့် ပြီးတော့ အရင်တစ်ခါလို ဆီပူတေဘာတေစင်မှာလည်း စိုးရတယ် "
"ဒီတိုင်းကြီးကျ သူများလုပ်စာ ထိုင်စားနေရသလိုကြီး ဘာမှလည်း မလုပ်ရပဲနဲ့ "
"ဪ အချစ်ရယ် အချစ်က အိမ်သန့်ရှင်းရေးတေလည်းလုပ်တယ် ကိုယ့်အ၀တ်တေလည်းလျှော်ပေးတယ် ပြီးတော့ ညဘက်ကိုယ့်စာရင်းတေလည်း ကူကြည့်ပေးတယ်လေ ဒါဆို လုံလောက်ပြီလေ ပြီးတော့ ကိုယ်ရှာသမျှက မင်းအတွက်ချည်းပဲ ဘာလို့ ကိုယ့်ကိုယ်ကို အားငယ်စိတ်တေ၀င်နေတာလဲ
ဒီတစ်ပတ်ကျ အပြင်ထွက်ကြမလား လိုအပ်တာ၀ယ်ရင်း ကိုယ်လည်း အချစ်ကို မုန့်လိုက်ကျွေးချင်လို့"
"အရင်တစ်ခါကလို သိတဲ့သူတေနဲ့တွေ့နေရင် ဘယ်လိုလုပ်မလဲ "
"မင်းကို ပျားဖွပ်သမားလေးလို ထုပ်ပိုးသွားပါ့မယ်ဗျာ သိတော့လည်း ဘာဖြစ်လဲ ကိုယ်တို့ တရား၀င်တွဲနေတာပါလို့ ပြောလိုက်ရုံပေါ့ "
"လွယ်တယ်နော် "
"လွယ်တာပေါ့ ကိုယ်က အစကတည်းက မင်းကို တိတ်တိတ်လေးတွဲချင်တဲ့ သူမှမဟုတ်တာ
မင်းက ကိုယ့်ရဲ့ တရား၀င် အိမ်ထောင်ဖက်ပါဆိုပြီး ထုတ်ပြချင်တာ "
"အဲ့လို ထုတ်မပြလည်း ရနေတာကို "
"ကိုယ့်ကို ပိုင်ဆိုင်ကြောင်းပြချင်တဲ့ လောဘလေးများ မရှိဘူးလား "
သွင်က ခေါင်းကို ခါရမ်းပြလာသည်မို့ စက်နေရိုင်းက ခေါင်းငုံ့ကာ သွင်၏လည်တိုင်သွယ်သွယ်ကို စုပ်ယူလိုက်သည်။
"ဘာလုပ်တာလဲ "
" ကိုယ့်ကို ခွင့်ပြုပေး
ကိုယ်.."
" မရဘူး"
"ဘာလို့လဲ "
" လက်မထပ်ရသေးဘူး"
" အဲ့ဒါဆို အခုသွားကြမယ် တရားရုံးကို "
"အခုအတိုင်းလေးလည်း အဆင်ပြေနေတာပဲ "
"ကိုယ်ကတော့ မင်းကို ပိုပြီးပိုင်ဆိုင်ချင်တယ် ထိတွေ့ချင်လာတယ် ကိုယ်တို့နောက်တစ်ဆင့်ကို တက်ကြရအောင်နော် သွင်က သင်လွယ်တတ်လွယ်လေးကို ဒီတစ်ဆင့်မှာဘဲရပ်နေမလို့လား နောက်ထပ် အဆင့်တေကို စမ်းသပ်မကြည့်ချင်ဘူးလား"
" မစမ်းသပ်ချင်ပါဘူး "
"ဒါဆို ကိုယ့်ကိုနမ်း.. "
ရိုင်း၏ တောင်းဆိုမှုကြောင့် သွင် ခေါင်းလေးငုံ့သွားသည်။
သွင့်ဘက်က စပြီးမနမ်းရဲသေး
အရင်တစ်ခါကလို ရှောင်ဖယ်သွားမှာကြောက်သည်။
တွေဝေသွားသော သွင်၏နှုတ်ခမ်းများကို စက်နေရိုင်းကပင် စတင်၍ နမ်းရှိုက်လိုက်သည်။
ခနအကြာတွင် သူ၏မေးရိုးကို လက်ဖနောင့်ဖြင့်တွန်းဖယ်လာသော သွင့်ကြောင့် စက်နေရိုင်းအနမ်းများကို ရပ်တန့်လိုက်ပြီး သွင်၏ နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
" ရေချိုးတော့ နောက်ကျနေပြီ"
"အင်း "
စက်နေရိုင်းက ဖုန်းကို ကုတင်ဘေးနားက စားပွဲပေါ်တင်လိုက်ပြီး အ၀တ်အစားများကို ချွတ်ကာ အခန်းထောင့်မှ ခြင်းထဲတွင် ထည့်လိုက်သည်။
ပြီးနောက် ရေချိုးခန်းထဲသို့ ၀င်သွားတော့သည်။
တင်..
စက်နေရိုင်း၏ ဖုန်းမှ message သံကြောင့် မိုးသွင်ဖွင့်ကြည့်လိုက်သည်။
ပို့ထားသည်က ရိုင်း၏မေမေထံမှဖြစ်သည်။
ပုံမှန်ဆိုလည်း message တေလိုက်ကြည့်နေကျမို့ မိုးသွင်ဖွင့်ကြည့်လိုက်သည်။
လှပသော အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ။
/သူ့နာမ်မည်က ဧကရီစံတဲ့ မနက်ဖြန် ဖုန်းဆက်ပြီး အပြင်မှာတွေ့ကြည့် ငါ့သား သဘောကျမယ်ဆိုတာ မေမေယုံတယ်/
စာကို ဖတ်ကြည့်ပြီး မိုးသွင်၏စိတ်ထဲ အနည်းငယ်ဒေါသလေးဖြစ်မိသည်။
ရိုင်းက ဘာလို့သဘောကျရမှာလဲ။
အဲ့ဒီမိန်းကလေးက လှတယ်ဆိုပေမယ့် ရိုင်းက ငါ့ကိုပဲချစ်တာကို။
ဒါပေမယ့် ရိုင်းက သဘောကျသွားရင်ရော
ဟင့်အင်း ရိုင်းက ငါတစ်ယောက်တည်းကိုပဲချစ်မှာ။
မိုးသွင်က ဖုန်းကို နေရာတကျပြန်ထားပြီး အိမ်ရှေ့ခန်းသို့ထွက်ကာ ရိုင်း၀ယ်လာသော မာလာရှမ်းကောကို စားနေလိုက်သည်။
ပြီးမှ ရိုင်းကို မေးကြည့်ရမယ်။
(Only Imagination)

LoveWhere stories live. Discover now