31

24 1 0
                                    

ဆိုင်ပေါက်၀မှာပင် နမ်းနေကြသော မိုးသွင်တို့ကိုကြည့်ကာ မိုးယံမျက်နှာက မဲ့သွားသည်။ သူကတော့ စိုးရိမ်လိုက်ရတာ။ အခု ကိုရန်နောင်ပြောမှ မိုးသွင်က သူဌေးနဲ့ အတူတူနေမှန်းသိရတော့သည်။
အနည်းငယ်သောက်ထားသော အရှိန်လေးနှင့် မခံချင်စိတ်ကလေးက ကြွတက်လာသဖြင့် နမ်းနေသော နှစ်ယောက်ကို ဆွဲခွာလိုက်တော့ မိုးသွင်က သူ့ကို ပြူးကြောင်ကြောင်လေးကြည့်လာသည်။
သူဌေးကတော့ သူ့ကို စူးစူးရဲရဲကြည့်နေသည်။
"လူမြင်မကောင်းဘူး လာ သွားမယ် "
မိုးယံက မိုးသွင်ကို ဆွဲခေါ်သွားသည်မို့ စက်နေရိုင်းက ထိုနောက်မှ လိုက်ရသည်။
"မိုးသွင် ရောက်လာပြီလား ထိုင်..
ဘာသောက်မလဲ "
အနည်းငယ် ထွေနေသော ရန်နောင်က မိုးသွင်ကို နွေးထွေးစွာပင်ကြိုဆိုသည်။   မျက်နှာတွင် ဘာမှလိမ်းခြယ်မထားဘဲ ဆံနွယ်ရှည်များကို အညှပ်တစ်ခုဖြင့် ဖြစ်သလိုညှပ်ထားသည့်တိုင် မိုးသွင်၏ ချစ်စရာကောင်းမှုတို့က လျော့မသွားပေ။ အိမ်နေရင်းဘောင်းဘီအတိုလေးနှင့် တီရှပ်အပွကြောင့် အသက်မပြည့်သေးသော သူ‌တစ်ယောက်နှင့်ပင် တူသေးသည်။
" ပြန်မယ်"
" နေပါဦး မိုးသွင်လည်း သောက်ချင်မှာပေါ့"
ရန်နောင်က မိုးသွင်ကို ဆွဲထားသည်။
"မင်း မိုးသွင်ကို ကြိုက်နေသေးတာတော့မဟုတ်ဘူးမလား "
စက်နေရိုင်း၏ မေးခွန်းကြောင့် ရန်နောင် ရှူးရှူးရှားရှားဖြစ်သွားပြီး
"ဟေ့ကောင် ငါ Gayမဟုတ်ဘူးကွ
မိန်းကလေးလားလို့ ချစ်စရာကောင်းလို့ ကြောင်မိတာ ယောကျားလေးမှန်းသိရင် အနားကိုမကပ်ဘူး"
"ဒါဆို မင်းစိတ်ထဲမှာ ယောကျားလေးမှန်းမသိခင်က သူ့ကို ကြောင်ခဲ့သေးတာပေါ့ "
အပြစ်မရှိ အပြစ်ရှာနေသော ရိုင်းကို မိုးသွင်က ဟန့်တားလိုက်သည်။
" ငါပြောပြီးပြီလေ ယောကျားလေးမှန်းမသိလို့ပါလို့ ပြီးတော့ ငါဘယ်လောက်ဖြောင့်လဲဆိုတာ မင်းတို့အသိပဲ"
" မင်း.."
" ရိုင်း တော်ပြီ ပြန်မယ်"
မူးပြီး သွေးဆူလွယ်နေသော ရိုင်းကို ဆွဲခေါ်ကာ ထွက်လာပြန်တော့ ရိုင်းက ရန်နောင်၏ မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး
" ဒါပေမယ့် မင်းကိုတော့ မိုးယံက ကြိုက်နေတဲ့ပုံပဲ အဲ့ကောင်လေး Gayနေတာ"
စက်နေရိုင်းက ထိုသို့ပြောကာ မိုးသွင်ကို ဆွဲခေါ်ပြီး ဆိုင်ထဲက ထွက်သွားတော့သည်။ အရောက်ပို့တာဆိုပေမယ့် မိုးသွင်ကို သူမသိအောင်ဆက်သွယ်တဲ့အတွက်ပဲ။ သူတို့ဘာသာ ဘယ်လိုရှင်းရှင်း။
ရန်နောင်၏ အကြည့်တို့က မိုးယံဆီရောက်လာသည်မို့ မိုးယံအကြည့်လွှဲကာ အရက်ခွက်ကို ကောက်မော့လိုက်သည်။
သူဌေးစုတ်ကတော့ နောက်ရက်အလုပ်ကျရင် အနေခက်မယ်ဆိုတာ မသိလို့လား။
သူ့အလုပ်တေပဲ နှောင့်နှေးမှာကို။
ကိုရန်နောင်၏ အကြည့်တို့ကလည်း ရီဝေဝေနှင့် အတော်လေး ရေချိန်ကိုက်နေသည့်ဟန်။
"ဟုတ်လား သူပြောသွားတာ တကယ်လား "
ရန်နောင်၏ မေးခွန်းကြောင့် မိုးယံဖြေရခက်သွားသည်။ သူချစ်မိတာက အဖြောင့်စစ်စစ်ကြီး။ အရင်က အဝေးကနေငေးနေခွင့်လေးရှိသေးသည်။ အခုတော့ တကယ် ရေစက်ကုန်ပြီထင်ပါရဲ့။
" ဟေ့ကောင် မေးနေတာဖြေလေ
မင်းငါ့ကို ကြိုက်နေတာလားလို့"
" ... "
" မင်း ယောကျားမဟုတ်ဘူးလား
ဪ မင်းက ယောကျားမဟုတ်ဘူးပဲ Gayပဲ"
" ပြန်ဖြေလိုက် သူမနက်ကျရင် ဘာမှမမှတ်မိတော့ဘူး"
‌ဘေးနားက ကိုခန့်သီဟ၏စကားကြောင့် မိုးယံ ခေါင်းငြိမ့်လိုက်သည်။
" ပါးစပ်ကပြော မင်းက ကြိုက်နေတာကို မပြောတော့ တစ်ဘက်လူက ဘယ်လိုလုပ်သိမလဲ
မှတ်ထား ချစ်ရင်ချစ်တယ်လို့ ဖွင့်ပြောရတယ်ကွ
ငြင်းလိုက်တော့လည်း အသည်းကွဲရုံပဲပေါ့
လက်ခံတော့လည်း အမြတ်ပေါ့"
ဪ သူ့ကိုတောင် အကြံဉာဏ်ပြန်ပေးနေသေးတယ်။
"ငါက ပွင့်ပွင့်လင်းလင်းပဲကြိုက်တယ်
မင်းငါ့ကို ကြိုက်နေတယ်မလား
ဒါပေမယ့် ငါကတော့ မင်းကို လုံး၀ ပြန်မကြိုက်နိုင်ဘူး sorryပဲ ငါကြိုက်တာက မိန်းကလေးပဲကြိုက်တာ"
"... "
ကိုရန်နောင်၏ စကားကြောင့် မိုးယံလက်သီးတင်းတင်းဆုပ်လိုက်မိသည်။
နာကျင်ရတယ်ဆိုပေမယ့် စိတ်ထဲမှာ နည်းနည်းတော့ ပေါ့ပါးသွားသည့်ဟန်။
ဖွင့်ပြောဖို့ မရည်ရွယ်ခဲ့။
မရည်ရွယ်ဆိုတာထက် မရည်ရွယ်ရဲခဲ့တာ။
အဖြေကို ကြိုသိနေခဲ့လို့လားမသိ။
" ငါကြိုက်တာက မိန်းကလေးတေကိုပဲ"
စားပွဲခုံပေါ်မှောက်သွားရင်း ပါးစပ်ကလည်း ပြောနေသေးသည်။
"အကိတ်လေးတေဆို ပိုတောင်ကြိုက်သေး "
တကယ်နှာ‌‌ဗူး crush။
နောက်ရက်ကျရင် ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။
မှောက်နေသောသူဆီမှ အကြည့်လွှဲလိုက်ပြီး အရက်ကို ဆက်တိုက်သောက်နေမိသည်။
သူလည်း မနက်ကျရင် မေ့နိုင်သွားရင်ကောင်းမယ်။
ခက်တာက သူဟာ ဘယ်လောက်ပဲသောက်သောက် မူးခဲ့တဲ့အကြာင်းအရာတေအကုန်မမေ့တာပဲ။
" တော်သင့်ပြီထင်တယ်"
သူ့လက်ကို ဆွဲကာ တားလာသည့် ကိုခန့်သီဟ။
ခန့်သီဟကတော့ အရက်ကို အာစွတ်ရုံသာသောက်ထားသဖြင့် သိပ်မူးဟန်မတူ။
"ပြန်ရအောင် လိုက်ပို့ပေးမယ်"
" သူ့ကိုရော"
"ကားမောင်းတစ်ယောက်ပါတယ် သူ့ကို လိုက်ပို့ခိုင်းလိုက်မယ် "
ကိုခန့်သီဟက သူ့ကို တွဲထူလိုက်သည်။
ဆေးရုံကနေ လာခဲ့သည်ကြောင့်ထင်သည် ကိုခန့်သီဟထံမှ ဆေးနဲ့သင်းသင်းကို သူရှူရှိုက်လိုက်ရသည်။
သူ့ကို ကားရှေ့ခန်းတွင်နေရာချပေးပြီး ခါးပတ်ပါပတ်ပေးလာသည်။
တကယ် သဘောကောင်းတဲ့သူပဲ။
သူ‌ဌေးစုတ်နဲ့ crushစုတ်တို့နဲ့ တခြားစီပဲ။
တကယ်ကို စကားပြောတာကလည်း ညင်ညင်သာသာလေးနဲ့ သူ့ကို ရတဲ့သူကတော့ ကံကောင်းမှာဘဲ။
"ဘယ်ကိုပို့ပေးရမလဲ "
မိုးယံက မိုးသွင်၏ တိုက်ခန်းကိုသာ မောင်းခိုင်းလိုက်သည်။
"စိတ်ထဲပေါ့ပါးသွားတယ်မလား ဖွင့်ပြောလိုက်ရတော့ "
"အင်း "
" နာကျင်ရလား"
" အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး ပြီးတော့ ကျွန်တော်အစကတည်းက သူနဲ့ ပက်သတ်ပြီး မျှော်လင့်ထားတာ သိပ်မရှိတော့ ထင်ထားသလောက် မနာကျင်ရပါဘူး"
ကားအတွင်းလေထုက တိတ်ဆိတ်သွားသည်မို့ မိုးယံ ကားအပြင်ဘက်က ညရှုခင်းကိုကြည့်ရင်း လိုက်ပါလာသည်။
ကားလေးက မိုးသွင်၏တိုက်ခန်းအောက်တွင် ရပ်သွားသည်။
"ကျေးဇူးတင်ပါတယ် "
မိုးယံက ကားပေါ်မှ ဆင်းရန်လုပ်တော့ မိုးယံ၏လက်တစ်ဖက်ကို ဆွဲကိုင်လိုက်သူ။
ဘာလဲ ဟူသော အကြည့်နှင့် ကြည့်မိတော့ သူ့ကို နူးနူးညံ့ညံ့ကြည့်နေသော ခန့်သီဟ၏ မျက်၀န်းများနှင့် ဆုံသည်။
"ရန်နောင့်စကားကို ကြားမိတော့ ကိုယ်အတွေးတစ်ခု၀င်လာတယ် "
"... "
" ကိုယ်သဘောကျရတဲ့သူက ကိုယ်ဖွင့်မပြောဘဲ သိနိုင်ပါ့မလားဆိုတာလေ ကိုယ်ဖွင့်ပြောသင့်လား"
ခန့်သီဟ၏မေးခွန်းကြောင့် မိုးယံက အောင့်သက်သက်ပြုံးလိုက်ရင်း
"ဖွင့်ပြောလိုက်တော့ ရင်ထဲပေါ့သွားတာပေါ့
ဒါပေမယ့် သူ့ဘက်က လက်မခံခဲ့ရင် "
" ကိုယ်က လက်ခံအောင်ကြိုးစားမှာ အရှုံးကို ကိုယ်မကြိုက်ဘူး"
"အင်း ခင်‌ဗျားသဘောပေါ့ "
" မင်းကရော ရန်နောင့်ကို လက်လျော့လိုက်ပြီလား"
" လက်မလျော့လို့မှမရတာ သူက ရေမရောတဲ့အဖြောင့်ကြီးကို ကွေးနေတဲ့သူဆိုရင် နည်းနည်းမျှော်လင့်လို့ရသေးတယ် တနေ့ပြန်ကြိုက်လာမှာပါဆိုပြီး"
"ဒါဆို ကိုယ်ရော မင်းကို မျှော်လင့်လို့ရလောက်လား "
" ဗျာ"
" ကိုယ်မင်းကို ပိုးပန်းခွင့်ရှိမလား"
"... "
" ရတယ်လို့ပဲ ကိုယ်သတ်မှတ်လိုက်တော့မယ်"
"ကိုခန့်သီဟ ကျွန်တော် နားကြားမှား.. "
ရွှတ်..
မိုးယံ၏ပါးကို နမ်းရှိုက်လာသူ‌ကြောင့် မိုးယံ၏ နှလုံးခုန်သံတို့သည် လျှင်မြန်လာသည်။
"ကိုယ်က မင်းကို ဒေစီပန်းလေးလို သဘောထားမှာ မဟုတ်လို့ ကိုယ်မင်းကို တရား၀င် ပိုးပန်းပါရစေ "
ဒေစီ။ ဒီလူ ကိုရန်နောင့်ကို ဒေစီပန်းပေးတဲ့သူက ငါဆိုတာ သိနေတာလား။
" ကျွန်တော်သွားတော့မယ်"
ထိုသို့ပြောတော့ သူ့လက်ကို အသာတကြည်ပဲ လွှတ်ပေးလာသူ။ တကယ် သူငယ်ချင်းသုံးယောက်စလုံး ဘာတေလည်းမသိဘူး။ မိုးယံနောက်သို့ပြန်လှည့်မကြည့်တော့ဘဲ တိုက်ခန်းပေါ်သို့ ပြေးတက်လာခဲ့သည်။ မူးနေတာလေးတောင် ဘယ်ပျောက်သွားလဲ မသိဘူး။ တိုက်ခန်းရှေ့ရောက်မှ တိုက်ခန်းထဲမ၀င်သေးဘဲ ၀ရံတာမှနေ၍ အောက်က ကားကို ငုံ့ကြည့်မိတော့ ကားရှေ့ခန်းမှ ခေါင်းပြူထွက်လာပြီး သူ့ကို ကြည့်နေသူကို တွေ့လိုက်ရသည်မို့ ချက်ချင်းပင် တိုက်ခန်းထဲသို့ ၀င်လာခဲ့သည်။
ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား။
.
.
တင်းတောင်..
စောစောစီးစီးကြားလိုက်ရသော ဘဲလ်သံကြောင့် မျက်လုံးမဖွင့်ဘဲ စက်နေရိုင်း၏ မျက်ခုံးတို့သည် စုကြုံ့သွားသည်။
" ဘယ်သူလဲ"
ရင်ခွင်ထဲမှ မိုးသွင်ကလည်း လှုပ်လာသဖြင့် စက်နေရိုင်း မျက်လုံးဖွင့်လိုက်ပြီး မိုးသွင်၏နဖူးလေးကို ငုံ့နမ်းလိုက်သည်။
"ကိုယ်သွားကြည့်လိုက်မယ် ပြန်အိပ်လိုက်ဦး"
"အွန်း.. "
မိုးသွင်က မျက်လုံးပင်ဖွင့်မလာဘဲ စောင်ပုံကြားပြန်ကွေးနေသည်။ နက်မှောင်သော ဆံနွယ်ရှည်များကလည်း အိပ်ယာထက်တွင် ဖြန့်ကျက်နေသဖြင့် တကယ်ကို အမျိုးသမီးလေးတစ်ဦးလို လှပနေပြန်သည်။
တင်းတောင် တင်းတောင်
ထပ်မံထွက်ပေါ်လာသော အသံကြောင့် စက်နေရိုင်း တံခါးသွားဖွင့်လိုက်သည်။
"မေမေ "
မေမေက သူ့ကိုကျော်ပြီးအခန်းထဲသို့ ၀င်သွားသည်။
" မေမေ ဘာလုပ်တာလဲ"
မေမေက သူပြောတာကို ဂရုမစိုက်ဘဲ အိပ်ခန်းထဲသို့၀င်သွားသည်။ အိပ်ယာပေါ်တွင် အေးချမ်းစွာ ပြန်အိပ်နေသော မိုးသွင်ကိုကြည့်ပြီး မေမေ၏ ဒေါသတို့တရိပ်ရိပ်တက်လာသည်။
"ထစမ်း "
မိုးသွင်ခြုံထားသော စောင်ကို ဆွဲချပြီး နှိုးလိုက်သည်မို့ မိုးသွင်မှာ လန့်ပြီးနိုးလာရသည်။
"မေမေ ဘယ်လိုဖြစ်နေတာလဲ "
စက်နေရိုင်းက မေမေ့ရှေ့တွင် ပိတ်ရပ်လိုက်ပြီး မိုးသွင်ကို ကာကွယ်လိုက်သည်။
"မင်း..ငါ့ကို ဘာပြောထားခဲ့တာလဲ တစ်ပတ်နေရင် ငါ့သားနားကနေထွက်သွားပါမယ်ဆို "
မေမေ့စကားကြောင့် မိုးသွင်၏ မျက်၀န်းမှမျက်ရည်စတို့ စီးကျလာခဲ့သည်။
မိုးသွင်တကယ်ကို ကတိမတည်နိုင်ခဲ့တာ။
ရိုင်းကို သူတကယ်လက်မလွှတ်ပေးနိုင်ခဲ့တာ။
"မေမေ "
မိုးသွင်ဆီ ဦးတည်ပြီး‌ေပြာနေပေမယ့် စက်နေရိုင်း၏ မျက်နှာက ဒေါသများဖြင့် ပြည့်နှက်လာခဲ့သည်။ သူမသိလိုက်ခင်မှာ မိုးသွင်ကို မေမေ ဘယ်အချိန်တွေ့ခဲ့ပြီး ဘယ်လိုစကားတေပြောခဲ့တာလဲ။
"မေမေ အရင်ထွက်သွားလိုက်ပါ "
"မသွားနိုင်ဘူး
ယောကျားလေးတစ်ယောက်ဖြစ်ပြီး ငါ့သားကို မြှူဆွယ်နေတာ နင်ဟာ နင့်အမေနဲ့ တစ်ထေရာတည်းပဲ "
"မေမေဖြစ်နေလို့ ကျွန်တော် ဒေါသတေချုပ်တည်းနေရတာ မေမေ ကျွန်တော့်ကို ငရဲမကြီးစေချင်ဘူးဆို မေမေ အခုထွက်သွားလိုက်ပါ ကျွန်တော် အိမ်ကို ပြန်လာခဲ့မယ် "
" အခုပြန်လိုက်ခဲ့"
စက်နေရိုင်းက မိမိနောက်ကျောဘက်ကို စောင်းငဲ့ကြည့်လိုက်တော့ မျက်ရည်များနှင့်ပြည့်လျှံနေသော ချစ်ရသူ၏မျက်၀န်းများ။
" ကျွန်တော် နောက်ကနေလိုက်လာခဲ့မယ်"
ပြတ်သားသော သူ့အသံကြောင့် မေမေက ခပ်စူးစူးတစ်ချက်ကြည့်ကာ တိုက်ခန်းမှ ထွက်သွားသည်။
"အချစ် "
မေမေထွက်သွားမှ ရှိုက်ငိုလာသော မိုးသွင်။
စက်နေရိုင်းက မိုးသွင်ကို ပွေ့ဖက်လိုက်ပြီး
"မေမေပြောတာတေကို စိတ်ထဲမထားနဲ့ ကိုယ့်ကိုပဲ ကြည့်နေပေးနော် ကိုယ်က ဖြေရှင်းပေးမှာမို့ "
" ဒါပေမယ့် အန်တီက"
"ကိုယ်ပြောပြီးပြီလေ အချစ်ရယ် ကိုယ်က အားလုံးကိုဖြေရှင်းပါ့မယ်လို့ "
"... "
"တစ်ခုပဲ သွင် ကိုယ့်နားက ထွက်မသွားပါဘူးလို့ ကတိပေးရမယ် "
"သွင်.. အန်တီ့ကို ကတိပေးထားတယ်
သွင်က ကတိမတည်တဲ့သူ.."
"ရတယ် တခြားသူကိုပေးထားတဲ့ ကတိတေအားလုံးကို သွင်ဖျက်လို့ရတယ်
ကိုယ့်ကိုပေးထားတဲ့ ကတိပဲတည်ပေးရင်ရပြီ "
သွင်က စက်နေရိုင်း၏မျက်၀န်းများကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။
"လာ ကိုယ်မျက်နှာသစ်ပေးထားခဲ့မယ် "
"ရတယ် သွင့်ဘာသာသစ်လိုက်မယ် ရိုင်းက အန်တီ့ဆီလိုက်သွားလိုက်ပါ"
" အင်း.."
စက်နေရိုင်းက မျက်နှာသစ် အ၀တ်စားလဲကာ ထွက်သွားတော့သည်။
သွင် ဘာလုပ်သင့်လဲ။
သေချာတာတစ်ခုကတော့ သူ ရိုင်းနဲ့မခွဲနိုင်ဘူး။
(Only Imagination)

LoveWhere stories live. Discover now