28

8 0 0
                                    

"ဒီမှာ မိန်းကလေး ဒါက ယောကျားလေးသုံးသန့်စင်ခန်း "
မိုးသွင်အနောက်မှ အသံကြောင့်လှည့်ကြည့်မိတော့ သူမသိသော လူတစ်ယောက်။
"ကျွန်တော်က ယောကျားလေးပါ "
ခပ်ချိုချိုထွက်လာသော အသံကြောင့် ဧကရာဇာက မယုံကြည်ဘဲ သန့်စင်ခန်းထဲမှ ဆွဲခေါ်သည်။
"ဘာလုပ်တာလဲ  "
မိုးသွင်က သူ့လက်ကိုဆွဲကာ သန့်စင်ခန်းအပြင်သို့ ခေါ်လာသောလူကို ပြောလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ထိုလူ့နောက် လိုက်ပါလာရသည်။ မပါလို့လည်းမရ သူ့လက်ကောက်၀တ်ကို ဆွဲခေါ်လာသည့်အားက နည်းသည်မဟုတ်။ အပြင်သို့ရောက်မှ သူ့လက်ကို လွှတ်ပေးသည်။
"နာတယ်ဗျ "
မိုးသွင်က လက်ကောက်၀တ်ကို ပွတ်ရင်းပြောတော့ ထိုလူက မျက်မှောင့်ကြုတ်လိုက်ပြီး
"မိန်းကလေးတစ်ယောက်က ယောကျားလေးအိမ်သာထဲ ၀င်လို့မရဘူးဆိုတာ မသိတာလား "
ထိုစကားကြောင့် Maskအောက်မှ နှုတ်ခမ်းများက ဆူပုပ်သွားသည်။ ပြောမရလည်း မပြောတော့ဘူး။ နောက်တစ်ခါ ဘယ်တော့မှ မဆုံစေဖို့ပဲ ဆုတောင်းတော့မယ်။
ထိုအချိန် သန့်စင်ခန်းဆီသို့ ဦးတည်လာနေသော စက်နေရိုင်း။ ဒုက္ခပဲ။
မိုးသွင်က မျက်နှာချင်းဆိုင်တွင်ရှိနေသောလူ၏ ရင်ခွင်ထဲသို့၀င်ကာ သူ့ခန္ဓာကိုယ်ကို ကွယ်လိုက်သည်။ ထိုလူ့ရဲ့ ခန္ဓာကိုယ်က သူ့ထက်ကြီးသည်မို့ ကောင်းကောင်းအကာအကွယ်ရသည်။
သန့်စင်ခန်းထဲသို့ စက်နေရိုင်း၀င်သွားမှ သက်ပြင်းမောလေးချလိုက်ပြီး
နေပါဦး ငါက ဘာလို့ ပုန်းရမှာလဲ။
ဒီတိုင်း ဈေး၀ယ်လာတာလို့ပြောလည်းရတာ။
ပြီးတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အ၀တ်တေနဲ့ပဲဖုံးနေတာကို ရိုင်းက ဘယ်လိုလုပ်မှတ်မိမှာလဲ။
မိမိအတွေးနှင့်မိမိပြုံးလိုက်မိပြီး မိမိပုန်းခိုနေသော ရင်ခွင်ပိုင်ရှင်ကို မော့ကြည့်လိုက်သည်။
ရုတ်တရတ် မိမိရင်ခွင်ထဲ၀င်လာသူကြောင့် ဧကရာဇာ ခပ်ကြောင်ကြောင်ဖြစ်သွားသည်။
မကြာမီပင် သူ့ကိုမော့ကြည့်လာသည့် ပြုံးရိပ်သန်းနေသည့် မျက်၀န်းများကြောင့် သူ၏နှလုံးခုန်သံတို့သည်လည်း ပရမ်းပတာဖြစ်ပြီး ကျယ်လောင်လာသည်။ သူစိမ်းမိန်းကလေးနှင့် အနီးကပ်မနေဖူး၍လားမသိ။
" နှလုံးခုန်သံတေက တအားကျယ်လာတယ် သွင့်ကြောင့်လန့်သွားတာလားဟင် သွင်တောင်းပန်ပါတယ် "
ထိုသို့ပြောကာ သူ့ရင်ခွင်ထဲက ထွက်သွားသော အသေးလေး။
သွင်တဲ့လား။
"သွင့်ကို ခွင့်ပြုပါဦး "
ချက်ချင်းပင်ပြေးထွက်သွားသော သူ၏နောက်ကျောကိုကြည့်ကာ
ကိုယ့်ဘ၀ရဲ့ ပထမဆုံးရင်ခုန်သံပဲ။
မင်းက ဘယ်သူများလဲ သွင်။
.
.
" ဘယ်လိုလဲ သဘောကျရဲ့လား"
ဧကရာဇာက ဧကရီစံကိုမေးလိုက်သည်။
" ဘာကိုသဘောကျရမှာလဲ သူ့မှာပိုင်ရှင်ရှိတယ်ပြောနေတဲ့သူကို"
" အဲ့တော့ တစ်ခါတည်း ငြင်းမှာလား"
" အကိုကလည်း ငြင်းဖို့ပဲပြောနေတယ် ဖေဖေပြောထားတာ မကြားဘူးလား တစ်လစောင့်ကြည့်ရမယ်တဲ့ အဲ့ဒါ အကို့ကြောင့်လဲပါတယ်"
"ငါနဲ့ဘာဆိုင်လို့လဲ "
"အကိုက လူပျိုကြီးပဲလုပ်မယ်ဆိုလို့ စံက ယောကျားယူရမှာလေ "
"ငါနဲ့ဘာဆိုင်လဲ နင်လည်းငြင်းလို့ရတာပဲ "
"အကို မိန်းမ မယူလို့လေ "
ဧကရီစံ၏စကားက မှန်နေသည်မို့ ဧကငြိမ်သွားသည်။
"ငါ ဒီနေ့မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တယ်"
မိန်းကလေးတစ်ယောက်။
ဧကရာဇာ၏စကားကြောင့် ဧကရီစံက စိတ်၀င်စားဟန်လေးပြလာသည်။ သူ့အစ်ကိုဆီက မိန်းကလေးတစ်ယောက်အကြောင်း ကြားရခဲသည်မို့။
"ဘယ်သူလဲ ဘယ်ကလဲ "
"မသိဘူး ဒါပေမယ့် တော်တော်လေးချစ်ဖို့ကောင်းတယ် "
" ဘယ်လိုပုံစံလေးလဲ"
ပြုံးမြမြမျက်၀န်းလေးများကို မြင်ယောင်ရင်း ဧကရာဇာ၏ နှုတ်ခမ်းတို့သည် တွန့်ကွေးစွာ ပြုံးမိသွသည်။
"ဒီအကိုကြီးကတော့ ပြောစမ်းပါ ဘယ်လိုပုံစံလေးလဲလို့ "
" လူကောင်ခပ်သေးသးနဲ့ မျက်လုံးလေးတေက အရောင်လဲ့ပြီး ကလေးလေးလိုပဲ"
" ပြီးတော့ရော ဘယ်လိုပုံစံလေးလဲ
နှာတံစင်းလား နှုတ်ခမ်းရောလှလား"
" အဲ့ဒါတေတော့ ဘယ်သိမလဲ သူက maskတပ်ထားတာကို"
"အ,လိုက်တာ အကိုရယ် တကယ်လို့များ maskအောက်မှာ နှာခေါင်းပွပွ ပါးစပ်ပြဲပြဲ သွားခေါခေါကြီးရှိနေရင် ဘယ်လိုလုပ်မလဲလို့ ငါ့တူလေးတူမလေးတေမွေးလာရင် မလှဘဲနေတော့မှာပဲ"
" ငါသူ့ကို တစ်ခါပဲတွေ့ဖူးသေးတာပါ မိစံရယ် ငါ့ကို အိမ်ထောင်သည်ဘ၀ အရောက်ပို့နေတယ် ပြီးတော့ ဟိုမိန်းကလေးက အိမ်ထောင်ရှိလား မရှိလားလဲ သိရတာမဟုတ်ဘူး"
" အိမ်ထောင်မရှိဘူးဆိုရင်တော့ တစ်ခါတည်းကို ခိုးပေးမယ် အဲ့ဒါဆို စံလည်း ယောကျားယူစရာမလိုတော့ဘူး"
"အဲ့လောက်တောင်ကြောက်နေတာလား "
" ကြောက်တာပေါ့ ဒီလိုနေရတာ ဘယ်လောက်တောင် လွတ်လပ်လိုက်သလဲ လွတ်လပ်လွန်းလို့ကို ရည်းစားမထားတာပါဆို အဖေတို့က ယောကျားပေးစားကြတယ် အဲ့မိန်းကလေးနဲ့နောက်ထပ်တွေ့ရပါစေ တွေ့ရရင်တော့ အကုန်လုံးကို စေ့စေ့စပ်စပ်ကြည့်ခဲ့နော်"
"အင်းပါ "
" ယောင်းမချောချောလေးရမှ တူလေးတူမလေးတေကလည်း ချောချောလေးမွေးလာမှာ"
"အင်းပါ "
ဧကရာဇာက ညီမဖြစ်သူ၏စကားကို ပြုံးရင်းပြောလိုက်သည်။
ကိုယ်လည်း မင်းနဲ့ထပ်တွေ့ချင်သေးတယ် သွင်။
(Only Imagination)

LoveWhere stories live. Discover now