39

14 0 0
                                    

တီ..တီ..တီ..
အဆက်မပြတ်ထွက်‌ေပါ်လာသော ခြံရှေ့မှ ကားဟွန်းသံကြောင့် မင်းဓနဦး နိုးလာခဲ့သည်။ ခြံစောင့်ကြီးနှင့် အဒေါ်ကြီးကိုလည်း မနေ့ညကပွဲကြောင့် ပင်ပန်းထားသဖြင့် ဒီနေ့မနက် အေးအေးဆေးဆေးနားရန် ခွင့်ပြုထားသည်မို့ အိပ်ယာက ထကြသေးဟန်မတူ။
မင်းဓနဦးက မိမိ၏ဘယ်ဘက်လက်မောင်းထက်တွင် အိပ်စက်နေသော မေရှား၏နဖူးကို မြတ်နိုးစွာ မွှေးကြူလိုက်သည်။ အခုဆိုလျှင် သူတို့နှစ်ယောက်သည် အကြင်လင်မယားဘ၀သို့ ရောက်ရှိသွားပြီဖြစ်သည်။
တီ..တီ..တီ..
ထပ်မံထွက်ပေါ်လာသော အသံကြောင့် သူ့ကိုဖက်တွယ်ထားသော မေရှား၏ကို ညင်သာစွာ ဖယ်ရှားပြီး ခြံတံခါးဖွင့်ရန်အတွက် အရှေ့သို့ထွက်လာခဲ့သည်။
"စောစောစီးစီး ဘာလာလုပ်တာလဲ "
" သွင့်ကို လာခေါ်တာ"
မင်းဓနဦးက ခြံတံခါးဖွင်ပေးလိုက်တော့ ကားကို အိမ်ရှေ့တွင် ထိုးရပ်လိုက်ပြီး မိုးသွင်၏ အခန်းဆီသို့ တက်သွားလိုက်သည်။
ကျွီ
စောင်ပုံကြားတွင် အေးချမ်းစွာအိပ်နေသော ပုံရိပ်လေးကို လှမ်းကြည့်လိုက်ရင်း နှုတ်ခမ်းထက်တွင် အပြုံးများက အလိုလိုဖြစ်ထွန်းလာသည်။
တံခါးကို နောက်ပြန်ပိတ်ပြီး လော့ခ်ချလိုက်သည်။
ပြီးနောက် မိုးသွင်ခြုံထားသော စောင်ကြားတိုးဝှေ့ပြီး မိုးသွင်၏ကိုယ်လေးကို သိမ်းကြုံးဖက်ထားလိုက်သည်။ ရင်းနှီးနေသော ကိုယ်‌ငွေ့ကြောင့်ထင်သည်။ မိုးသွင်က သူ၏ရင်ခွင်ထဲသို့ အလိုက်သင့်လေး တိုးဝှေ့လာသည်။
လွမ်းလိုက်ရတာ။
.
.
"ဒေါ်ကြီး မိုးသွင်ကို မနက်စာစားရအောင် သွားခေါ်ပေးပါဦး "
" ခုနက သွားခေါ်သေးတယ် လော့ခ်ချထားလို့"
"ဒီကလေး အရင်က လော့ခ်မချတတ်ပါဘူး တံခါးခေါက်မကြည့်ဘူးလား"
"ခေါက်တယ် မနိုးတာလားမသိဘူး "
"သော့ရှိတယ်မလား ‌ကျွန်မသွားကြည့်လိုက်မယ်"
မေရှားက ဒေါ်ကြီးဆီမှ သော့ပိုတစ်ချောင်းတောင်းပြီး မိုးသွင်၏ အခန်းရှေ့သို့သွားလိုက်သည်။
ချောက်..
ကျွီ..
သော့ဖွင့်လိုက်သော အသံနှင့်အတူ ပွင့်လာသောတံခါးကြောင့် မိုးသွင်ထိတ်လန့်သွားမိသည်။
ရိုင်းက သူ့အပေါ်သို့ တက်ခွထားပြီး သူ၏နှုတ်ခမ်းများကို ပယ်ပယ်နယ်နယ်ကို နမ်းနေတာ။ သွင်ကိုယ်တိုင်ကလည်း သတိမထားမိခင်မှာဘဲ သူ့အပေါ်မှာရှိနေတဲ့ ရိုင်းရဲ့လည်ပင်းတေကို လက်နှစ်ဖက်နဲ့ ဖက်တွယ်ပြီး တုန့်ပြန်နေမိသည်။ သူလည်း ရိုင်းရဲ့အနမ်းတေကို လွမ်းနေတာပါပဲ။
သို့သော် အခု လူ၀င်လာမှန်းသိတာတောင် ရိုင်းက မရပ်တန့်ဘဲ ဆက်နမ်းနေသည်။ ရိုင်းလည်ပင်းတွင် ဖက်တွယ်ထားသော လက်များကို ဖြုတ်လိုက်ပြီး ရိုင်း၏ ပုခုံးများကို ပုတ်ကာ လွှတ်ပေးဖို့တောင်းဆိုသော်လည်း ရိုင်းက လွှတ်မပေးသေး။  မိုးသွင် မျက်လုံးလေးထာင့်ကပ်ပြီး ကြည့်လိုက်တော့ တံခါးပေါက်၀တွင် ကြောင်အစွာ ရပ်နေသူက မမမေရှား။
မိုးသွင်မှာ ရှက်လွန်း၍ ရိုင်း၏ မေးရိုးများကို အားကုန်တွန်းကန်နေမိသည်။
" အချစ်.."
ဆူပုပ်ပုပ်ဖြင့် သူ့ကိုကြည့်လာသူ။
"ဖယ်"
သွင်က ခပ်မာမာပြောမိတော့ သွင့်အပေါ်က ဖယ်ခွာသွားပြီး သူ၏အကြည့်စူးစူးတို့က တံခါးပေါက်၀ရှိ မေရှားဆီရောက်သွားသည်။
သွင့်ကို နမ်းလို့တောင်မ၀သေးဘူး အဖျက်က၀င်လာပြီ။
" သွင် မနက်စာစားရအာင်လာခေါ်တာ"
"ဟုတ်မမ သွင်ကိုယ်လက်သန့်စင်ပြီး လာခဲ့ပါ့မယ် "
"အေးအေး "
သွင်က မမကို မျက်နှာချင်းမဆိုင်ရဲတော့သည်မို့ ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။
"ဘာလာလုပ်တာလဲ "
"သွင့်ကို ပြန်လာခေါ်တာလေ "
"အန်တီက လက်ခံပြီမို့လား "
"တိုက်ခန်းကို ခေါ်သွားမှာ "
"သွင့်ကို အဲ့မှာတစ်ယောက်တည်းထားမယ့်အစား ငါ့ဆီမှာ ထားတာ ပိုမကောင်းဘူးလား "
"လာရတာဝေးလို့ "
"ငါ့သဘောအရတော့ အန်တီကြည်ဖြူပြီဆိုမှပဲ သွင့်ကိုပြန်ခေါ်စေချင်တယ် ပြီးတော့ ဧကရီစံနဲ့ကလည်း ပြတ်ပြတ်သားသားရှိသေးတာမဟုတ်ဘူး တစ်ခုခုဆို သွင်ပဲ ခံစားရမှာ "
"မေရှား နိုးကြပြီလား"
မင်းဓနဦးကပါ ရောက်လာသည်။
"သွင်ရော "
"ရေချိုးခန်း၀င်နေတယ် "
မင်းဓနဦးက သက်ပြင်းဖွဖွလေးချလိုက်ရင်း
"မနေ့ညက မင်းနဲ့ မိုးသွင်နဲ့ နမ်းနေတဲ့ ပုံတေပြန့်နေတယ် ဒါပေမယ့် တင်ထားတဲ့သူက မိုးသွင်လို့ သိပုံမရဘူး အဓိက,ကတော့ မင်းက ယောကျားလေးတစ်ယောက်ကို နမ်း‌နေပါတယ်ဆိုတာကို ချပြချင်ကြတာထင်တယ်"
မနေ့ညက ခြံရှေ့ကို မိုးသွင်လိုက်ပို့ပေးချိန် မိုးသွင်ကို စက်နေရိုင်းက နမ်းနေခြင်းဖြစ်သည်။ ပါတီမှာတုန်းက ၀တ်ထားသည့် ၀တ်စုံမဟုတ်ဘဲ အိမ်နေရင်း၀တ်စုံပြောင်း၀တ်ထားသဖြင့် မေရှား၏မောင်လေးဖြစ်ကြောင်းတော့ သိပုံမရကြ။
Phone Ringtone..
စက်နေရိုင်း၏ဖုန်းမှ ဖုန်းသံထွက်ပေါ်လာသည်။
မေမေ့ဆီကဖုန်း။
"ဟလို "
"အခုချက်ချင်း အိမ်ပြန်လာခဲ့ "
" ဟုတ်ကဲ့"
စက်နေရိုင်းက အထွန့်မတက်ဘဲ မေမေ့စကားကို နားထောင်လိုက်သည်။
" သွင့်ကို ဒီအကြောင်းမပြောနဲ့ဦး ငါ သွင့်ကို ခနလေး ဒီမှာထားခဲ့ဦးမယ် ဘယ်မှ မသွားစေနဲ့ဦးနော်"
"အေးပါ "
" သွင့်ကို ငါအရေးတကြီးကိစ္စရှိနေလို့ ပြန်သွားတယ်လို့ပဲပြောလိုက်နော်"
စက်နေရိုင်းက သွင့်ကို မစောင့်တော့ဘဲ ပြန်သွားတော့သည်။

LoveWhere stories live. Discover now