ခြံကျယ်ကြီးထဲရှိ ပန်းပင်များကို မိုးသွင်ရေလောင်းပြီး မြက်နုတ်စရာရှိသည်များကို နုတ်နေသည်။
ဒီကိုရောက်ပြီးကတည်းက မမနဲ့မျက်နှာချင်းဆိုင်ရတာဆိုလို့ ငါးကြော်ခိုင်းတုန်းကရယ် ရုံးကို ထမင်းချိုင့်သွားပို့တာရယ်ပဲရှိသေးသည်။
တနေ့တနေ့အိမ်က သန့်ရှင်းရေးလုပ်တာကူပေးလိုက်နဲ့ ပန်းပင်တေကြားအချိန်ကုန်လိုက်နှင့်သာ။ ဗိုက်က ဒဏ်ရာကြောင့် အလေးအပင်မရတာတို့ မီးဖိုခန်းမှာ ကူပေးတာတို့တော့ မလုပ်ရပေ။
အရင်တစ်ခါ ဆီပူလောင်ပြီးကတည်းက မီးဖိုခန်းထဲ ခြေဦးပင်မလှည့်ခိုင်း။ အခုဆိုဗိုက်က အနာက ကျက်နေပြီဖြစ်သည်။ ချက်ပြုတ်ရေးကလွဲလျှင် ကျန်သည့်အရာများကို သူတတ်နိုင်သလောက် ကူညီပေးလိုပါသည်။
"မိုးသွင် နေပူနေပြီ နားတော့လေ "
"ဟုတ် ဒေါ်ကြီး ဒီနားလေးပဲကျန်တော့တာမို့ "
"နေပူမိပြီးဖျားလိမ့်မယ် "
" ဟုတ် ရပါတယ် သွင်က ယောကျားလေးပါဗျ"
" ယောကျားလေးမှန်းသိပါတယ်တော်
အခုမှ နေမကောင်းပျောက်ကာစမို့ မူးလဲသွားမှာစိုးလို့"
မိုးသွင်က အဒေါ်ကြီး၏စကားကို အပြုံးလေးနှင့်တုန့်ပြန်လိုက်ပြီး အိမ်ထဲသို့ ၀င်လာခဲ့သည်။
ဒေါ်ကြီးက တကယ်ကို သဘောထားကောင်းသည်။ ဖေဖေတို့ရှိကတည်းက အိမ်မှာ အလုပ်လုပ်လာခြင်းဖြစ်၍ ဖေဖေတို့အကြောင်းများကိုလည်း တစ်ခါတစ်လေပြောပြတတ်သေးသည်။
မမမေရှားကလည်း အလွန်သဘောထားပြည့်၀သော မိန်းကလေးဖြစ်ကြောင်း ဘယ်လောက်တော်ကြောင်း ကြွား၍မဆုံး။
တကယ်ကို မမမေရှားရဲ့ ဒုတိယအမေပါပဲ။
မိုးသွင် ရေသောက်ကာ ခနနားပြီး ရေချိုးခေါင်းလျှော်လိုက်သည်။ ပြီးနောက် ဆံပင်များကို Dryerနှင့် မှုတ်နေလိုက်သည်။
" မိုးသွင်"
"ဟုတ် မမ "
" အပြင်လိုက်ခဲ့"
"ဟုတ် သွင် အ၀တ်အစားလဲရဦးမလားဟင် ဒီတိုင်းလိုက်လို့ရလား "
" လိုက်ချင်သလိုလိုက်ခဲ့"
မေရှားက ကားပေါ်တက်ကာစောင့်နေသည်။
မိုးသွင်ကတော့ တီရှပ်အပွနှင့် ဒူးအထက်ဘောင်းဘီလေးကို ၀တ်ထားသည်။ လျှော်ထားသော ဆံနွယ်များကို အလယ်ခွဲပြီး ဖြန့်ချထားသည်မို့ မိုးသွင်ရဲ့ပုံစံလေးက တကယ်ကို ချစ်စဖွယ်လေးဖြစ်သည်။
ဒီနေ့က သူတို့အတွက် မင်္ဂလာ၀တ်စုံစမ်း၀တ်ကြည့်ဖို့ပင်။
.
.
"မေရှား ရောက်နေပြီလား "
"အင်း.. ဆိုင်ထဲမှာရောက်နေပြီ"
" ကိုယ်နည်းနည်းနောက်ကျဦးမယ် အစည်းအဝေးက အခုမှပြီးတာမို့"
" အင်း ရပါတယ် ၀တ်ပဲကြည့်ရမှာဆိုတော့"
"အင်း ကိုယ်မြန်မြန်လာခဲ့မယ် "
"ရပါတယ် ဒါပဲနော်"
မေရှားက ဖုန်းချလိုက်သည်။
" မိုးသွင် ဘာ၀တ်မှာလဲ ရွေးလိုက်"
မမက ဆိုင်ထဲသို့ဝေ့ဝဲကြည့်ရင်းပြောလိုက်သည်။
" ရပါတယ် သွင်က"
"ဘာကို ရ ,ရမှာလဲ ရွေးရမှာပေါ့"
ဆိုင်ထဲသို့ရောက်လာသော စက်နေရိုင်းက ပြောလိုက်သည်။
မိုးသွင်၏ဘေးတွင် ကပ်ထိုင်လိုက်ပြီး Catalogue ကို ဆွဲယူလိုက်သည်။
"ငါ့အတွက်လည်း ၀ယ်ပေးရမယ် "
"ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ပေါ့ "
"နင်ငါ့ကို ၀ယ်ပေးသင့်တာ မဟုတ်ဘူးလား "
" မ၀ယ်ပေးနိုင်ဘူး"
" ရတယ် သွင့်ဖို့လည်း ငါကိုယ်တိုင်၀ယ်ပေးမယ်
ကိုယ့်ဘာသာ ၀တ်ကြည့်စရာရှိတာ ၀တ်ကြည့်
အာရုံနောက်တယ်"
စက်နေရိုင်းက ထိုသို့ဆိုပြီး မိုးသွင်ကို စောင်းငဲ့ကြည့်လိုက်ကာ
"မိန်းကလေး၀တ်စုံ၀တ်မှာလား
ယောကျားလေး၀တ်စုံ၀တ်မှာလား "
"မိန်းကလေး၀တ်စုံပဲ၀တ်ပါ့မယ် "
" ဘာလို့လဲ ယောကျားလေး၀တ်စုံပဲ၀တ်လေ"
မေရှားက ဘေးကနေပြောနေသေးသည်။
" မရှုပ်စမ်းနဲ့ သွား ကိုယ့်ကိစ္စကိုယ်လုပ်နေ"
မေရှားက ပူးကပ်နေသော နှစ်ယောက်ကို မျက်စောင်းထိုးကာ အ၀တ်လဲခန်းထဲ ၀င်သွားသည်။
"ဒါလေးလှလား "
" ရင်ဘတ်က နည်းနည်းဟိုက်နေမလားလို့"
"ဒါလေးကရော "
"နောက်ကျောမှာက ဇာတေကများနေတာ "
"ဒါရော "
" ပုခုံးပေါက်နဲ့ဆို သွင့်ပုခုံးလေးတေကို သူများတေကြည့်နေကြမှာပေါ့"
"ခင်ဗျားပဲ ရွေးပေးတော့ဗျာ "
"အင်း ကိုယ်ရွေးပေးမယ် "
စက်နေရိုင်းကေတာ့ အတည်ကြီးကို ရွေးနေတာပင်။
"ငစက် ငါ့ကိုကြည့်ပေးဦး လှလားလို့ "
"နင့်လူလာမှကြည့်ခိုင်းလေ ငါမအားဘူး သွင့်အတွက်ရွေးပေးနေတယ် "
" ခနလေးပဲကြည့်ပေးရမှာကို မကြည့်နဲ့ပေါ့"
မေရှားက စိတ်ကောက်ကာ ဆိုဖာခုံတစ်ခုတွင် ၀င်ထိုင်ပြီး စက်နေတို့နှစ်ယောက်ကို ကြည့်နေလိုက်သည်။ မသိရင် မင်္ဂလာဆောင်မှာက သူတို့ကျနေတာပဲ။ တစ်ခုပြီးတစ်ခု ကြည့်လိုက် ဝေဖန်လိုက်နဲ့။ စက်နေရဲ့ဝေဖန်ချက်တေကတော့ မိုးသွင်၏ တစ်ကိုယ်လုံးကို ဖက်နှင့်ထုတ်ထားသလို၀တ်ပေးချင်နေပုံရသည်။ ဟိုနားပေါ်မယ် ဒီနားပေါ်မယ်နဲ့။ ယောကျားလေးပဲ ဘာဖြစ်လဲ။ ပေါ်,ပေါ်ပေါ့။
"ဒီချိပ်လေးမဆိုးဘူး လှတယ် ပန်းရောင်လေးဆိုတော့ သွင်နဲ့လည်းလိုက်တယ် "
မိုးသွင်ကြည့်လိုက်တော့ ရိုးရိုးရှင်းရှင်း လည်စေ့ ရင်ဖုံးလေးနှင့် အောက်က ထမီစကတ်နှင့်ဖြစ်သည်။
"ရိုင်းကရော ဘာ၀တ်မှာလဲဟင် "
" ဒီမှာ စုံလိုက်ရှိတယ်လေ သွင်ရဲ့ ကိုယ်လည်းဒါလေးပဲယူမယ် ဆင်တူ၀တ်ကြမယ်"
"အင်း "
" ညဘက်ပွဲအတွက် လိုသေးတယ်"
" ညပွဲက မလိုပါဘူး"
" ထပ်ကြည့်ရအောင် ကြက်သွေးရောင်လေးဆို လှမယ် စတွေ့တုန်းကဆို.."
" ရိုင်း"
မိုးသွင်က ဟန့်တားလိုက်သည်။
" ငါက သတို့သမီးနော်
မင်္ဂလာပွဲမှာ အဓိကလူထက်တောက်ပနေတာ ရိုင်းတယ်နော်"
" ကိုယ့်အရှိန်အဝါနဲ့ကိုယ်ပဲ သွင်က အစကတည်းက သူ့စိတ်ထားလေးကြောင့် တောက်ပနေတာ တချို့လူတေလိုမဟုတ်ဘူး"
ရိုင်းက တစ်ခွန်းမကျန်ပြန်ခံပြောသည်။
" ဘာလို့ အဲ့လောက်စွာနေတာလဲ"
မိုးသွင်က ရိုင်း၏ နားနားလေးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ တကယ်ကို ရိုင်းက သူစတွေ့တုန်းကလို ခပ်တည်တည်နဲ့ ဘယ်သူပြောတာမှ ဂရုမစိုက်တတ်သည့်ပုံစံမဟုတ်တော့။
" ကိုယ်လည်းမသိဘူး မင်းကို တစ်ခုခုပြောလာရင် ပါးစပ်က အလိုလိုကိုထွက်လာနေတာ ကိုယ့်ဘာသာတားချိန်တောင်မရလိုက်ဘူး
အချစ်ကြောင့်ပဲထင်ပါရဲ့"
" ပိုကိုပိုတယ်"
မေရှားက မဲ့ရွဲ့ကာဆိုပြန်သည်။
"ပိုတော့ ဘာဖြစ်လဲ နင့်မှာသာ မင်္ဂလာဆောင်မယ့်၀တ်စုံကို တစ်ယောက်တည်းလာကြည့်နေရတယ် "
" ရိုင်း.."
"ကိုယ်မှန်တာပြောတာလေ "
" ကိုကိုက..အွန့်.."
အွန့်အွန်း..
မိုးသွင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လာသောသူ။
"အွန်း.. "
မိုးသွင်က တုန့်ပြန်ခြင်းမရှိ သူ့ကိုတွန်းကန်ဆဲ။
လက်ဖနောင့်နှင့် မေးရိုးကိုတွန်းကန်သော်လည်းမရ
တော်တော်ကြာကြာနမ်းပြီးမှ လွှတ်ပေးလာသည်။
မိုးသွင်၏မျက်နှာတစ်ခုလုံးမှာ ပန်းရောင်သန်းနေသည်။ ဆိုင်ပေါက်၀တွင်ရောက်နေသော မင်းဓနဦးကလည်း အထဲမှ မြင်ကွင်းကြောင့် ကြောင်တောင်တောင် ကြည့်နေသည်။
"ကိုယ်ပြောပြီးပြီလေ သူ့ကို ကိုကိုလို့မခေါ်နဲ့တော့လို့ ခေါ်ချင်ရင် ကိုယ့်ကိုပဲခေါ် "
"ရိုင်း "
"နင်တို့နှစ်ယောက် ငါ့ရှေ့ကနေထွက်သွားစမ်းပါ မျက်စိတေနောက်လာပြီ ရှင်ကလည်း ဘာလို့နောက်ကျနေတာလဲ "
မေရှား၏ ဒေါသက ပစ်မှတ်ပြောင်းသွားသည်မို့ စက်နေရိုင်းက ဆိုင်က၀န်ထမ်းတစ်ယောက်ကို ခေါ်လိုက်ပြီး သူနှင့်မိုးသွင်၏ ကိုယ်တိုင်းကို တိုင်းစေသည်။ ပြီးနောက် စရံငွေရှင်းကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။
"ဘောင်းဘီက ဘာလို့ တိုတိုလေး၀တ်လာတာလဲ "
" ဟို မမက အပြင်လိုက်ခဲ့ခိုင်းလို့ ရုတ်တရတ်ဆိုတော့ လဲရမှာ ပျင်းတာနဲ့"
"လာ ဘောင်းဘီရှည် ၀ယ်ပေးမယ် "
" ရပါတယ်"
"မရဘူး လာခဲ့"
စက်နေရိုင်းက အထည်ဆိုင်တစ်ခုသို့၀င်ပြီး ဘောင်းဘီအပွတစ်ထည်ကို ၀ယ်ကာ လဲ၀တ်စေသည်။
"ဆံပင်လေး တလွှားလွှားနဲ့ အပျိုဖြန်းလေးလို နေချင်နေတာလား ဒီမှာ ပိုင်ရှင်ရှိတယ်ဆိုတာ မေ့နေတာလား"
" ခင်ဗျားနော်
သွင်က ခေါင်းလျှော်ထားလို့ပါ ပြီးတော့ အပျိုဖြန်းမဟုတ်ပါဘူး သွင်က ယောကျားလေးပါ"
" ခေါင်းလျှော်ပြီး နေပူထဲမထွက်ရဘူးဆိုတာ မသိဘူးလား"
" အိမ်ကနေ ကားနဲ့လာတာ ကားထဲမှာလည်း မပူပါဘူး ပြီးတော့ Mallထဲကလည်း ပူမှမပူတာကို"
"သွင့်အမက သွင့်ကို အသေများသတ်နေသလား "
" မမကို အဲ့လိုမပြောပါနဲ့"
" ဘာလို့ အဲ့အိမ်ကနေထွက်မလာနိုင်ရတာလဲ"
" ဘာပဲဖြစ်ဖြစ် မမက သွင့်အမပဲလေ
ရိုင်းရဲ့သူငယ်ချင်းပဲကို မမက တခြားသူတေအပေါ် ကောင်းတာလဲ သိရဲ့သားနဲ့"
" တခြားသူတေအပေါ်မကောင်းရင် ကိုယ်ဘာမှပြောမှာမဟုတ်ဘူး သွင့်အပေါ်မကောင်းလို့"
"ဗိုက်ဆာနေပြီ "
မိုးသွင်က စကားလမ်းကြောင်းလွှဲလိုက်သည်။
ပြောရင်းပြောရင်းနဲ့ သွင့်ကို သူနဲ့အတူတိုက်ခန်းမှာ နေဖို့ပဲပြောတော့မည်။
ဖုန်းဆက်တိုင်း တွေ့တိုင်းလည်း ဒါပဲပြောနေတာ။ သူ့မှာ မင်္ဂလာဆောင်မတိုင်ခင်လေးပဲ မမနဲ့နေရမှာကို ရိုင်းက စိတ်မချ။ ပြီးတော့ အခုလည်း မမက စရောက်ခါစကလိုတော့ မဟုတ်တော့ဘူးထင်သည်။
" အိမ်က မကျွေးဘူးလား"
မိုးသွင်က မျက်စောင်းလေး၀င့်လိုက်ရင်းနှင့်
" မုန့်ဆာတာဗျ မုန့်ဆာတာ မုန့်စားချင်တာ"
" ကိုယ့်ကိုရော မဆာဘူးလား
ကိုယ့်ကို မစားချင်ဘူးလား"
သွင်က ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်မို့ စက်နေရိုင်းက သွင်၏လက်ချောင်းများကို ဆွဲကိုင်လိုက်ပြီး အတူယှဉ်တွဲလျောက်လိုက်သည်။
"ဘာသုံးဆောင်မလဲဗျ.. "
အူရွှင်ရွှင်အသံနှင့် မိုးသွင်ကို စနောက်နေသည်။
ထိုမြင်ကွင်းကိုကြည့်ကနေသော နှင်းဆီတစ်ေယာက်တိုးတိတ်စွာ ရေရွတ်မိသည်။
သွင်က ကတိတော့မဖျက်ဘူးမလား။
(Only Imagination)