16

26 1 0
                                    

မင်းဓနဦးနှင့် မေရှားထက်တို့၏ စေ့စပ်ကြောင်းလမ်းခြင်း သတင်းက သတင်းစာ ခေါင်းကြီးပိုင်းတွင် ပါ၀င်လာသည်။
လိုင်းပေါ်တွင်လည်း ဟိုးလေးတကြော်ကြော်ဖြစ်နေသည်။
" သွင်..သမီး.."
မေကြီး၏ ခေါ်သံကြောင့် အတွေးလွန်နေရာမှ မိုးသွင် သတိ၀င်လာခဲ့သည်။
✋ဘာလို့လဲ မေကြီး
"ဧည့်သည်ရောက်နေတယ် "
မိုးသွင်ဆိုင်ပေါက်၀ဆီကြည့်လိုက်တော့ မမနှင်းဆီ။
မမနှင်းဆီက ဖျော့တော့စွာ ပြုံးပြပြီး
" စကား ခနပြောချင်လို့ အဆင်ပြေလား"
မိုးသွင်က မေကြီးဆီကြည့်လိုက်တော့ ခေါင်းငြိမ့်ပြလာသည်မို့ မမနှင်းဆီနှင့်အတူ အနီးနားက ဆိုင်လေးဆီသို့ လာခဲ့သည်။
"မမ ဘာဖြစ်လို့လဲ "
"မိုးသွင် သတင်းတေလည်း ကြားတယ်မလား "
" ကြားပါတယ် မမ အဆင်ပြေရဲ့လား"
"မပြေဘူးဆိုလို့မှ မရတာ
အစကတည်းက မမရွေးချယ်ထားခဲ့တာပဲ
ဒါပေမယ့် "
မမက သူ၏ အနည်းငယ်မို့နေသော ဗိုက်ကို လက်လေးဖြင့် ဖွဖွပွတ်သပ်ရင်း စကားများရပ်တန့်သွားသည်။
"မမမှာ ကိုယ်၀န်ရှိနေပြီ "
"ဗျာ "
"ပုံမှန်ဆိုရင်တော့ ဆေးသောက်ပါတယ် ဒါပေမယ့် ဒီတစ်ခါ အမ တမင် ဆေးမသောက်ဘဲ နေလိုက်တာ  "
"ကိုကို သိလား "
"မသိသေးဘူး "
"မပြောဘူးလား "
" ဟင့်အင်း အမက သူ့ကို ချုပ်ကိုင်ချင်လို့ ယူခဲ့တာမဟုတ်ဘူး အမမှာ သူရဲ့ အငွေ့အသက်လေးတေ ရှိနေခဲ့ချင်လို့ သူနဲ့ပက်သတ်တဲ့အရာလေးကို အမပိုင်ဆိုင်ချင်လို့ အဲ့ဒါကြောင့် သူမသိအောင် မွေးပြီး အမ ဘာသာ စောင့်ရှောက်မယ်"
"မမက တစ်ကိုယ်ကောင်းဆန်လိုက်တာ "
မိုးသွင်ဆီမှ ကြားရခဲသည့် ဝေဖန်ခြင်း။
" ကျွန်တော့်လိုမျိုး မမရဲ့ကလေးကို ခံစားစေချင်တာလား အဖေလည်းမရှိ အမေကလည်း အသုံးတော်ခံ.. အားလုံးရဲ့ အထင်သေးတဲ့ မျက်လုံးတေနဲ့ ကြည့်တာ ခံစေချင်တာလား"
" ဒီမှာ မနေတော့ပါဘူး ဒီနေရာကနေ ထွက်သွားပြီး ဘယ်သူမှ မသိတဲ့နေရာမှာ အမဘာသာ နေတော့မယ်"
" ကလေးက အဖေကို မေးလာရင်ရော"
" ... "
" ကိုကို့ကို အမှန်တိုင်းပြောပြီး တာ၀န်ယူခိုင်းသင့်တယ်"
"ဒါပေမယ့် ကိုမင်းရဲ့ ဂုဏ်သိက္ခာ.. "
"ကလေးထက် အဲ့ဒါက အရေးကြီးလား "
"မမ မပြောချင်ဘူး "
"ကျွန်တော် ပြောပေးမယ် "
"နေပါစေ.. ကိုမင်းကို အခက်တွေ့အောင် မလုပ်ချင်ဘူး"
"မမကရော "
" မမ အဆင်ပြေပါတယ် အခုကလည်း မမ နည်းနည်းမွန်းကြပ်လာလို့ ရင်ဖွင့်ရုံပါပဲ"
" ကိုကို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"
"မမလည်း မသိဘူး "
" ကိုကိုက မမေရှားနဲ့ ရိုင်းရဲ့ စေ့စပ်ပွဲကို ဖျက်ချင်ရုံတင်လား ဒီထက်ပိုတဲ့ ရည်ရွယ်ချက်တေ ကိုကို့မှာ ရှိနေသေးတာလား ကျွန်တော် တဖြည်းဖြည်းနဲ့ ကိုကို့ကို သံသယ၀င်ချင်လာပြီ ကိုကိုက ကျွန်တော်သိခဲ့တဲ့ ကိုကို ဟုတ်ရဲ့လားဆိုတာကို"
" ... "
မိုးသွင်ပြောစကားကို မမကတုန့်ပြန်လာခြင်းမရှိသဖြင့်
"ကိုယ်၀န်က ဘယ်နှစ်လရှိပြီလဲ "
"နှစ်လကျော် "
"ဆရာ၀န်နဲ့ အပ်ပြီးပြီလား "
မမနှင်းဆီက ခေါင်းရမ်းပြလာသည်။
"အရမ်းပေါ့ဆတာပဲ အခုသွားမယ်"
မိုးသွင်က မမ၏လက်ကို ဆွဲခေါ်လိုက်သည်။
" သွားပြရင် အမျိုးသားနာမ်မည်လိုသေးတယ်"
" ကျွန်တော့် နာမ်မည်နဲ့ အပ်ပေးမယ်"
"မိုးသွင် "
" ရတယ် လာသွားမယ်"
နှင်းဆီက မိမိကို စိတ်ပူနေဟန်နှင့်ပြောနေသော ကောင်လေးကို ကြည့်ရင်း မျက်ရည်ဝဲမိသည်။
ဖြူစင်လိုက်တာ။
သူ့ကို စက်နေရိုင်းဆီ ထိုးကျွေးခဲ့တဲ့သူတေအပေါ်မှာတောင် ဘာအပြစ်မှ မဆိုဘဲ သူ့ကို စိတ်ပူပေးနေသည်။ သူ့ကို အသုံးချခဲ့တဲ့ သူတေအပေါ်မှာပင် နွေးထွေးပေးနေသေးသည်။
.
.
ဆေးခန်းတွင်
"ကိုယ်၀န်အပ်ချင်လို့ပါ "
" ဟုတ်ကဲ့ အမျိုးသားကရော"
" ကျွန်တော်ပါ"
သူနာပြုလေးက ဆံနွယ်ရှည်များနှင့် မိုးသွင်ကိုကြည့်ကာ မယုံသလိုလေးနှင့်မို့။
" ကျွန်တော် ယောကျားလေးပါဗျ"
" ဪ ဟုတ်ကဲ့ ဒါဆို အကိုက အပြင်မှာဘဲစောင့်ပေးနော် အမ အထဲကို ၀င်သွားလိုက်ပါ"
တော်တော်ကြာကြာထိ‌ စောင့်နေပြီးမှ သူ့ကိုပါ ဆရာ၀န်ရှိသော အခန်းထဲသို့ ၀င်စေသည်။
ကိုယ်၀န်ဆောင်ကို အလေးပင် မ,မစေရန်နှင့် အပူအစပ်ရှောင်ရန် စသည့်ဆောင်ရန်ရှောင်ရန်များကို မှာကြားသည်။
ပြီးနောက် လိုအပ်သည့် ဆေးများကို ၀ယ်ပြီး မမနှင်းဆီကို လိုက်ပို့ပေးပြီး ဆိုင်သို့ပြန်လာခဲ့သည်။
.
.
ဆိုင်ရှေ့တွင်ရောက်နေသော စက်နေရိုင်း။
မျှော်လင့်မထားသော သူကြောင့် မိုးသွင်မျက်နှာတွင် အပြုံးလေးများ ဖြစ်ထွန်းလာသည်။
"ကိုယ်နဲ့ ပြန်လိုက်ခဲ့တော့ ကိုယ်ပြောစရာရှိလို့ "
မိုးသွင် ခေါင်းငြိမ့်ပြီး စက်နေရိုင်း၏ ကားပေါ်တွင် လိုက်ပါလာခဲ့သည်အထိ စက်နေရိုင်းက ဘာမှမပြောပေ။ တိုက်ခန်းသို့ရောက်သည့်အချိန်တွင် မိုးသွင်ရှေ့သို့ ဖုန်းကို ထိုးပေးလာသည်။
မိုးသွင် ယူကြည့်လိုက်တော့ ဆေးခန်းတွင် မမနှင်းဆီ၏ အမျိုးသားအဖြစ် သူလက်မှတ်ထိုးပေးခဲ့သည့် စာရွက်ပုံ။
"ကိုယ့်ကို ရှင်းပြပေး အဲ့ဒါက အတုပါလို့
ကိုယ်က မင်းပြောသမျှယုံပေးမှာမို့
အဲ့ဒါက အတုလို့ပြောပေးပါ "
စိတ်ထိန်းကာ ပြောနေရသည့်ဟန်နှင့် စက်နေရိုင်း၏ အသံတို့က မတည်ငြိမ်။
" အဲ့ဒါ အစစ်ပဲ"
ပြန်ပြောလိုက်သော မိုးသွင်၏ အသံတို့သည်လည်း တုန်ရီနေသည်။
" ဘယ်သူ့အတွက် တာ၀န်ယူပေးတာလဲ
ဘယ်သူက မင်းကို လှည့်စားပြီး လုပ်ခိုင်းတာလဲလို့"
"သွင်..သွင် ကိုယ့်အမှားကိုယ် တာ၀န်ယူတာ "
ဟုတ်တယ်။ သွင့်အမှားကိုတာ၀န်ယူတာ။ သွင်သာ ရိုင်းနဲ့မပက်သတ်မိခဲ့ရင် ကိုကိုက မမကို လက်ထပ်ဖြစ်မှာ။ မမတို့ရဲ့ ကလေးလေးက အဖေနာမ်မည်မသိတဲ့သူဖြစ်မှာ မဟုတ်ဘူး။
ဒါတေအကုန်လုံးက သူ့အမှားတေပဲ။
မျက်ရည်သွင်သွင်ကျနေသော ချစ်ရ‌သူကြောင့် စက်နေရိုင်း ချစ်ရသူကို ထွေးပွေ့ထားလိုက်သည်။
" မင်းရှင်းပြမယ့်အချိန်ကို ကိုယ်စောင့်နေမယ် "
စက်နေရိုင်းက ချစ်ရသူကို အချိန်တော်တော်ကြာ ပွေ့ဖက်ထားပြီးမှ လွှတ်လိုက်ပြီး တိုက်ခန်းမှ ထွက်လာခဲ့သည်။
မင်းဆက်သွယ်လာမှာကို ကိုယ်စောင့်နေမယ်။
..
တိတ်ဆိတ်နေသော လေထုကို မိုးသွင် စတင်အသက်သွင်းလိုက်သည်။
"မမ  "
"ဟင် "
"ကျွန်တော်တို့ ဒီကနေ ထွက်သွားကြမလား
ကလေးလေးရယ် မမရယ် ကျွန်တော်ရယ် "
အတည်ပြောလာသော ကောင်လေးကြောင့် နှင်းဆီစဉ်းစားလိုက်သည်။
"ဘယ်ကိုသွားမှာလဲ "
" အေးချမ်းတဲ့ တစ်နေရာရာကိုပေါ့
အစကတော့ ကျွန်တော် တစ်ယောက်တည်းထွက်သွားဖို့ တွေးထားတာ "
"အခုကျ မမကို ဘာလို့ခေါ်တာလဲ "
"မမကိုလည်း အေးချမ်းစေချင်တယ်
ပြီးတော့ အဓိက က ကလေးလေးကိုပဲ
ကလေးကို ကျွန်တော့်လို မဖြစ်စေချင်ဘူး "
"မင်းမှာ တခြားရည်ရွယ်ချက်တေမရှိဘူးလား "
"ကလပ်မှာနေတုန်းကတော့ မရောက်ဖူးတဲ့နေရာတေဆီသွားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့တာ
အခုကျတော့ ကျွန်တော် အတည်တကျနဲ့ မိသားစုလေးနဲ့နေကြည့်ချင်တယ် "
"မင်းချစ်တဲ့သူ မဟုတ်တာတောင် အဆင်ပြေတာလား "
ထိုသို့မေးတော့ မိုးသွင်က တိတ်ဆိတ်သွားသည်။
" စက်နေရိုင်းကို ချစ်လား"
" ကျွန်တော် မဖြေလို့မရဘူးလား"
" မမက မင်းနဲ့ပြောခဲ့တဲ့စကားတေကို စက်နေရိုင်းဆီ ပို့ခဲ့တာ ပြီးတော့ ဆေးခန်းက စာရွက်ကိုလည်း အမပဲပို့ပေးခဲ့တာ အဲ့လို လုပ်ခဲ့တာတောင်မှ မင်းက မမနဲ့ မမ ကလေးကို စောင့်ရှောက်ပေးချင်သေးလား"
" အဲ့ဒါတေက ကိုကို့အတွက်လုပ်ပေးခဲ့တာမလား
လူတိုင်းက ကိုယ်ချစ်တဲ့သူတေအတွက် လုပ်ပေးချင်ကြတာချည်းပဲလေ သွင်ဆိုရင်လည်း လုပ်ချင်လုပ်မိခဲ့မှာ"
အပြုံးမပျက်ပြောနေသော သွင့်ကိုကြည့်ပြီး နှင်းဆီ မျက်ရည်ကျမိသည်။ ဘယ်လောက်တောင် သဘောထားပြည့်၀တဲ့ကောင်လေးလဲ။ ဒီလိုကောင်လေးရဲ့ စေတနာတေကို သူခံယူဖို့ မဝံ့ရဲ။
" မမနဲ့ အတူထွက်သွားမယ်ဆို စက်နေရိုင်းနဲ့ တစ်ဘ၀လုံးစာ ဝေးသွားမှာနော်"
" ကျွန်တော် သိပါတယ် ကျွန်တော်တို့ဝေးသွားတာက သူ့အတွက်ရော ကျွန်တော့်အတွက်ရော အကောင်းဆုံးဖြစ်မှာပါ"
" မင်း ခံနိုင်ရည်ရှိမှာလား သူနဲ့ဝေးရရင်"
"ကျွန်တော် မမရဲ့ ကလေးလေးကို ပိုချစ်ပေးမှာမို့
ကျွန်တော်နဲ့အတူတူ ထွက်သွားကြမလား "
အပြုံးလေးနှင့် သူမဆီလက်ကမ်းလာသူ။
သူမဆီက ဘာမှမျှော်လင့်ခြင်းမရှိသော ဖြူဖြူစင်စင်မေတ္တာများနှင့် လက်ကမ်းပေးလာသူ။
သူမဘက်က လိမ်ညာနေတာဆိုပေမယ့် ဒီကောင်လေးဘက်က တကယ်စိတ်ရင်းမှန်နှင့်ဖြစ်သည်။
" ကျွန်တော်က ဘာအစွမ်းအစမှ မရှိပေမယ့် ကလေးလေးနဲ့ မမကို စောင့်ရှောက်နိုင်အောင် ကျွန်တော် ကြိုးစားမှာပါ"
နှင်းဆီက နှစ်လိုဖွယ်အပြုံးလေးပြုံးလိုက်သည်။ သူမနှင့် အရပ်အမောင်းတူသော ကောင်လေးကို ဆွဲဖက်လိုက်သည်။
" မင်းက မမရဲ့မောင်လေးပဲ
မမတို့ ဒီကနေထွက်သွားကြမယ်
အေးချမ်းတဲ့နေရာလေးမှာ မမရယ် မင်းရယ် ကလေးလေးရယ် အခြေချကြမယ်"
မိုးသွင်က ခေါင်းငြိမ့်လိုက်သည်။
ချစ်တဲ့သူနဲ့ဝေးရရင်တောင် သူအဆင်ပြေသွားမှာပါ။
(Only Imagination)

LoveWhere stories live. Discover now