09

30 1 0
                                    

မိုးသွင်မှာ မိမိလက်ကိုဆွဲကာ အရှေ့မှသွားနေသူ၏ နောက်ကျောကို ကြည့်နေမိသည်။ ဒီလူ တကယ်ကို ဘယ်နေရာကကြည့်ကြည့် ကြည့်ကောင်းတာပဲ။
"တက်.. "
ကားရှေ့ခန်းတွင် မိုးသွင်ကို အတင်းအကြပ်ထိုင်စေလိုက်သည်ပြီး ကားကို အကြမ်းပတမ်းပင်မောင်းထွက်သည်မို့ ခါးပတ်မပတ်မိသော မိုးသွင်မှာ အရှေ့သို့ယိမ်းထိုးသွားသည်။
"မင်း အဲ့လောက် အ,ရသလား ကားစီးရင် ခါးပါတ်ပတ်ရမယ်ဆိုတာမသိဘူးလား "
ဒေါသတကြီးဆူလာသူကြောင့် မိုးသွင် ခါးပတ်ကို မြန်မြန်ပတ်လိုက်သည်။ စက်နေရိုင်းကတော့ ဒေါသအလျောက် ဘေးနားရှိနေသည့်မိုးသွင်ကို မလုပ်မိစေရန် ထိမ်းချုပ်နေရသည်။ ကားစတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဒေါသကြောင့် အသက်ရှူသံတို့သည်လည်း ပုံမှန်ထက်မြန်နေသည်။ ကားက သူတို့တိုက်ခန်းရှေ့တွင် ရပ်လိုက်ပြီး မိုးသွင်ကို ကားပေါ်မှအတင်းဆွဲခေါ်ကာ တိုက်ခန်းပေါ်သို့ ဆွဲခေါ်လာပြန်သည်။
ဒီလူ ဘာဖြစ်နေတာလဲ..။
ဝုန်း..ဂျိန်း..
တံခါးကို အတင်းဖွင့်ကာ ကြမ်းတမ်းစွာ ပြန်ပိတ်လိုက်သည်။
"ဘာလို့ အဲ့ပါးစပ်က ဘာမှမပြောတာလဲ အဲ့ကောင်က မင်းကိုဘာတေများ ဘယ်လောက်ပေးနေတာမို့ ဒီလောက်ပြောဆိုတာကို ခံနေတာလဲ "
" ... "
"ပါးစပ်ကပြော.. "
"... "
မပြောချင်ဘူးပေါ့..။
တစ်သက်လုံးနှုတ်ပိတ်နေတော့မယ်ပေါ့။
ကောင်းပြီလေ မင်းအပြစ်မင်းခံယူဖို့ပြင်ထားတော့။
အွန့်..
မိုးသွင်၏ နှုတ်ခမ်းများကို ဖိကပ်ပြီး နမ်းလိုက်သည်။ သူနမ်းလိုက်မှ မိုးသွင်ဆီက မပီမသအသံလေးများထွက်လာသည်။ တကယ်ကို သာယာနာပျော်ဖွယ်အသံလေး။ စွဲမက်ဖွယ်ရာကောင်းတဲ့အသံလေး။ ဒီအသံလေးကို ဘယ်သူတေများကြားသွားခဲ့ပြီလဲ။ ဒီနှုတ်ခမ်းပါးလေး‌ကို ဘယ်သူတေများ နမ်းရှိုက်ခဲ့ဖူးပြီလဲ။ ဒီလိုနမ်းရှိုက်နေရင်း မြင်နေရတဲ့ မြင်ကွင်းကို ဘယ်သူတေတွေ့သွားခဲ့ပြီလဲ။ သူ့ကိုယ်သင်းရနံ့ကိုတောင် ဈေးပေါပေါနဲ့ ပေးခဲ့သူက ဘယ်လိုလူမျိုးဆီမှာ အသုံးတော်ခံပြီးသွားပြီလဲ။
တင်းကြပ်လာသောစိတ်နှင့်အတူ အနမ်းတို့သည် ပိုမိုကြမ်းတမ်းလာသည်။ အစကပိုင်းတွင် စက်နေရိုင်း၏ အနမ်းများကြား စီးမျောလိုက်ပါနေမိပြီး အနမ်းတို့ကြမ်းတမ်းလာသည်နှင့်အမျှ မိုးသွင် အသက်ရှူရခက်လာသည်။ ထို့အပြင် သူ့နှုတ်ခမ်းများကို ကိုက်ဆွဲလိုက်သည်မို့ အသားနာကာ မျက်ရည်က အလိုလိုကျလာသည်။
စက်နေရိုင်းက မျက်လုံးဖွင့်ကာ နမ်းနေသည်မို့ မိုးသွင်၏ မျက်ရည်စများကို မြင်လိုက်ကာ အနမ်းတို့ကို ရပ်တန့်လိုက်သည်။ ပြီးနောက်မိုးသွင်၏ ပုခုံးများကို ဆုပ်ကိုင်လိုက်ပြီး
" မျက်လုံးဖွင့်.."
ဖြည်းညှင်းစွာဖွင့်လာသော မျက်၀န်းအစုံတွင် အရည်ကြည်များ ရစ်သိုင်းနေသည်မှာ စိတ်ရှိလက်ရှိ ကြမ်းတမ်းပစ်ချင်စဖွယ်။
မိုးသွင်က ယောကျားလေးပါဟူသော အသိရှိနေပါရက်နှင့်ပင် မြတ်နိုးစိတ် ၀န်တိုစိတ်များက ထိန်းမရပေ။
"ငါက မင်းလိုချင်တာ အကုန်ဖြည့်ဆည်းပေးမှာမို့ တခြားဘယ်သူ့ဆီကိုမှမသွားနဲ့..ကြားလား "
"... "
"ကြားလားလို့...ပြောနေတာကို ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုပဲ အားကိုး ကိုယ့်ကိုပဲ တောင်းဆို ဘယ်သူနဲ့မှလည်း မနမ်းရဘူး.. ဘယ်သူခွံ့ကျွေးတာမှလည်း မစားရဘူး မဟုတ်ဘူး ဘယ်သူနဲ့မှ မတွေ့ရဘူး"
ဒီလူ..ဒီလူ ငါ့ကို သ၀န်တိုတာလား။
ဒါမမဟုတ် သူ့အနမ်းဦးကို ယူသွားတဲ့သူမို့ ငါ့ကို တခြားသူနဲ့ မနမ်းခိုင်းတာလား။
ဦးနှောက်က ထိုသို့ တွေးနေသော်လည်း နှလုံးသား၏စေခိုင်းချက်အရ ခေါင်းငြိမ့်ပြီးဖြစ်သည်။ စက်နေရိုင်းက မိမိပြောစကားကို ခေါင်းငြိမ့်ပြကာနာခံသော လူသားလေး၏နဖူးကို မြတ်နိုးစွာနမ်းလိုက်သည်မှာ နူးနူးညံ့ညံ့လေးရယ်။
မိုးသွင်မှာ ထိုအနမ်းကြောင့် ရင်ခုန်သံတို့သည် အဆမတန် ကျယ်လောင်လာသည်။
" အခု မင်းဘာလိုချင်တာလဲ.. မင်းကိုတစ်ခါနမ်းတိုင်းမှာ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ်ရအောင်လုပ်ပေးမယ်"
ဒီလူ ငါ့ကို အနမ်းရောင်းစားတယ်များထင်နေတာလား။ ငါ့ကို တန်ကြေးလာဖြတ်နေတယ်။
မိုးသွင်က အတွေးထဲမှာပင် စိတ်ကောက်ကာ စက်နေရိုင်းကို ရှောင်ကွင်းပြီး ဆိုဖာခုံတွင်ထိုင်လိုက်သည်။ စက်နေရိုင်းက မျက်နှာက စူပုပ်သွားသော သူကို ကြည့်ကာ အသည်းယားမိသည်။
တကယ်ကို သိမ်းထုပ်ထားချင်စရာလေး။
ဆိုတော့ ဒါက စိတ်ကောက်နေတာပေါ့။
စက်နေရိုင်း၏ စိတ်တိုမှုများ အဝေးသို့ပင် လွင့်စင်သွားသည်။ ဒီမိန်းကလေး မဟုတ်သေးဘူး ဒီအမျိုးသားငယ်က စက်နေရိုင်းရဲ့စိတ်ကို ဘယ်လိုတောင် ထိန်းချုပ်နိုင်နေတာလဲ။
.
.
စက်နေရိုင်းက စိတ်ကောက်သွားသော မိုးသွင်၏ဘေးတွင် ၀င်ထိုင်လိုက်ပြီး
" ကိုယ်ဒီမှာ ပြန်နေမယ်"
"မရဘူး"
"ဘာလို့လဲ "
"လူသစ်ငှားပြီးပြီ"
သူထွက်သွားတာ တစ်ရက်ကျော်ပဲရှိသေးတာကို။
" မိုးယံဆိုတဲ့ကောင်လေးလား"
"ပြန်တော့"
"ခုနကပြောပြီးပြီလေ ဘယ်သူ့နဲ့မှ မတွေ့ပါနဲ့လို့
တခြားသူတေနဲ့ဆို မင်းကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ"
"တခြားသူမဟုတ်ဘူး သူငယ်ချင်းမို့"
"ဘယ်သူလဲ "
"မိုးယံ မနေ့က စပြောင်းလာတာ"
"သူက ဘယ်လောက်ပေးတာမို့လဲ ကိုယ်က ဆယ်ဆပြန်ပေးမယ် "
ဒီလူကြီး ငွေစကား တော်တော်ပြောတာပဲ။
"ပြန်.."
"သူနဲ့မနေနဲ့ မင်းပိုက်ဆံလိုရင် ကိုယ်ပေးမယ်လို့"
"မယူဘူး.."
" ကိုယ့်ကိုကြည့် ကိုယ်ပြောတာကို သေချာစဉ်းစား  ဘယ်သူမှ ကိုယ့်ထက်ပိုပြီး မင်းကိုမဖြည့်ဆည်းပေးနိုင်ဘူး.. ပြီးတော့ ဘယ်သူကမှလည်း မင်းကို နမ်းရုံပဲနမ်းနေမှာမဟုတ်ဘူး "
သူပဲနမ်းနေပြီးတော့။
ပြီးတော့ ဘယ်သူကမှလည်း မနမ်းပါဘူး။
ဒီလူက ငါ့ကို  မိုးယံနဲ့ စိတ်မချတာထင်တယ်။ မိုးယံက Gayဆိုတာ ပြောပြလိုက်မယ်။
"တကယ်တော့ မိုးယံက မိန်းကလေးတေမကြိုက်ပါဘူး ယောကျားလေးတေပဲကြိုက်တာ ပြီးတော့ သွင်က ယောကျားလေးမှန်းသူ မသိပါဘူး"
" ဘာ.."
ပို၍တင်းမာသွားသော စက်နေရိုင်း၏မျက်နှာ။
ဘာဖြစ်သွားရပြန်တာလဲ။
"မိုးယံနဲ့က သူငယ်ချင်းတေမို့"
"ဒီမှာမနေနဲ့တော့ တခြားနေရာမှာပြောင်းနေ သူ့ကို ဒီမှာပေးနေလိုက် "
စက်နေက မိုးသွင်လက်ကိုဆွဲပြီး တိုက်ခန်းမှအထွက် မိုးယံကလည်း တိုက်ခန်းရှေ့အရောက်ဖြစ်သည်။ မိုးယံက မိုးသွင်ကို ကြည့်လိုက်တော့ နှုတ်ခမ်းက ပေါက်နေသည့်အပြင် နှုတ်ခမ်းက ယခင်ထက် အနည်းငယ် ပိုပြီး ဖောင်းကြွနေသဖြင့် ဒေါသထွက်သွားပြီး စက်နေကို ဘာမပြောညာမပြော ထိုးချလိုက်သည်။ မိုးသွင်ဆိုတာ ညီမလေးတစ်ယောက်လို သူတန်ဖိုးထားရသူ။
" မင်း.."
မိုးသွင်က ပြန်တုန့်ပြန်မည့် စက်နေရိုင်း၏ လက်ကိုတားလိုက်သည်။ စက်နေရိုင်းကို ထိသွား၍ စိတ်မကောင်းသော်လည်း စက်နေရိုင်းက ပြန်လုပ်လျှင် မိုးယံ၏ မျက်နှာမှာ တော်တော်အထိနာသွားလိမ့်မည်။ ဆရာနှင့် မေကြီးမြင်လျှင် စိတ်ကောင်းမည်မဟုတ်။
"လာ သွားမယ်.. "
မိုးယံက မိုးသွင်၏လက်ကို ဆွဲခေါ်လိုက်သည်။ စက်နေရိုင်းက နောက်လက်တစ်ဖက်က ပြန်ဆွဲထားလိုက်ပြီး
"ဘယ်ကိုခေါ်သွားမှာလဲ မင်းက ဘာအစွမ်းစရှိလို့ သူ့ကို ခေါ်သွားရဲတာလဲ"
" ခင်ဗျားအပူမပါဘူး လွှတ်လိုက်"
"အဲ့စကားက ငါကပြောရမှာ.. မိုးသွင်က အစကတည်းက ငါနဲ့ပက်သတ်ဖူးတဲ့သူ "
"ရယ်ချင်လိုက်တာ ကျွန်တော်က ငယ်ငယ်တည်းက သိလာတဲ့သူ ခင်ဗျားအဲ့ထက်စောလား အဲ့တုန်းက သူစကားပြောတတ်တုန်းပဲ အသက်နည်းနည်း ကြီးလာမှ နေမကောင်းဖြစ်ပြီး အသံပျောက်သွားတာ.. "
မိုးယံစကားကြောင့် မိုးသွင်ပါ အံ့ဩသွားမိသည်။ သူတောင်မမှတ်မိတာကို။
ဒါဆို ဒီကောင်လေးက မိုးသွင်ကို ယောကျားလေးမှန်သိတယ်ပေါ့။ သိလို့ကပ်နေခဲ့တာပေါ့။
" ခင်ဗျားလိုလူက အစွမ်းအစတေအများကြီးရှိတော့ လူမရှားပါဘူး ဒါ့ကြောင့်မိုးသွင်ကို လွှတ်ထားပေးပါ ခင်ဗျားက ကစားတာဆိုပေမယ့် မိုးသွင်အသည်းက နုနုလေး"
" ဘယ်သူက ကစားတယ်ပြောလို့လဲ"
"ခင်ဗျားမှာ လက်ထပ်ရမယ့်သူရှိနေတာ မိုးသွင်ကို ဘယ်နေရာမှာ ထားချင်တာလဲ "
မိုးယံစကားကြောင့် စက်နေရိုင်း မိုးသွင်၏လက်ကို လွှတ်ပေးကာ ထိုနေရာမှ ထွက်သွားသည်။
ထိုအခါမှသာ မိုးယံမှာ သက်ပြင်းချနိုင်တော့သည်။ သူတော်တော်ကို အားတင်းလိုက်ရတာ။ စိတ်လိုက်မာန်ပါ လက်သီးနဲ့လည်းထိုးမိသေးတယ်။ ပက်ပက်စက်စက်လည်း ပြောရသေးတယ်။သူဌေးက တကယ် ကြောက်စရာကြီး။
မိုးသွင်က တံခါးကိုဆွဲပိတ်ပြီး မိုးသွင်ကို ဆိုဖာခုံပေါ်တွင် ထိုင်စေကာ သူကတော့ ရေအေးအေးလေးတစ်ခွက်အရင်သောက်လိုက်သည်။ သူလျှောက်ရွှီးတာကို သူဌေးက ယုံသွားတာပဲ။
" သူဘာလုပ်သွားသေးလဲ"
"ငါမင်းကို ဘယ်လိုခေါ်ခဲ့တာလဲ.. "
" မင်း..ယောကျားလေးလား စကားပြောတတ်တယ်ပေါ့.."
"အင်း.. "
"ကြည့်စမ်းပိရိလိုက်တာ..ငါမေးတာ ဘာလို့လိမ်ခဲ့တာလဲ "
" မလိမ်ပါဘူး.. transgenderမဟုတ်ဘူးလို့ပဲပြောတာ"
"ပြောကာမှ မင်းအသံက ယောကျားသံကြီးလည်း သိပ်မပေါက်ပါဘူး ချိုချိုရှရှလေး နားထောင်လို့ကောင်းပါတယ် ဘာလို့ စကားမပြောတာလဲ"
" မသိဘူး မေမေက မပြောခိုင်းလို့"
"mama boy
မင်းကြောင့် ငါအလုပ်ပြုတ်ပြီ "
"ငါတောင်းပန်ပါတယ်"
"အလုပ်ကိုမနှမြောပေမယ့်ကွာ crushကြီးနဲ့ဝေးရမှာ.. "
မိုးယံစကားကြောင့် မိုးသွင်ပြုံးလိုက်သည်။ သူလည်း မိုးယံလိုပဲ ဒီလူကြီးနဲ့ မဝေးချင်ပါပေ။အတူတူနေတုန်းက ခနလေးဟု ထင်ခဲ့သော်လည်း အတူမရှိသည့် တစ်ရက်ကျော်ကျော်ကာလက တော်တော်ကို ရှည်လျားလွန်းသည်။
မိုးသွင် ဒီလူကြီးကို တော်တော်သဘောကျနေမိတာပဲ။
(Only Imagination)

LoveWhere stories live. Discover now