မင်္ဂလာပွဲတစ်ခုလုံးတွင် မိုးသွင်ကို ရှာမတွေ့။
ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားသည်။
"နင်သူ့ကို ဘယ်မှာဖွက်ထားတာလဲ "
မေရှားက နှင်းဆီ၏မျက်နှာကို ကြည့်ကာမေးသည်။ နှင်းဆီလည်းမသိ။ သူ့လူကိုဖုန်းဆက်မေးကြည့်တော့လည်း မိုးသွင်ရောက်မသေးဘူးတဲ့။
"သူငါ့ဆီလာနေပြီလို့ပဲပြောတာ ငါနဲ့မတွေ့ရသေးဘူး "
"ငါ့ကို လာလိမ်မနေနဲ့ "
"ငါတကယ်ပြောနေတာ "
"စက်နေရော သိပြီးပြီလား မိုးသွင်ပျောက်တာ "
" စက်နေက ရုတ်တရတ်အရေးကြီးကိစ္စပေါ်လာလို့ ရုံးကို ခန၀င်နေတယ် ပွဲကို မရောက်သေးဘူး အရေးပေါ်အစည်းအဝေးပေါ်လာလို့တဲ့"
"ဒါဆို မင်္ဂလာပွဲကိုပဲ အရင်ပြီးအောင်လုပ်ပြီး ပြီးမှ ရှာရအောင်ပါ "
" ဟင့်အင်း မေ့မှာ သွေးသားဆိုလို့ သွင်တစ်ယောက်ပဲရှိတော့တာ သူလာမှ မင်္ဂလာပွဲကို ဆက်လုပ်မယ်"
" အဲ့လိုလည်း မဟုတ်.."
" မိုးသွင်ကိုပဲ ကူရှာပေးပါ"
ပြတ်သားနေသော ကောင်မလေးကိုကြည့်ပြီး ဒေါ်ကလျာ ခေါင်းခါလိုက်သည်။
နှလုံးသားက ဦးစံရှားကိုတူပြီး ခေါင်းမာတာကတော့ ခင်ခင်ထက်နဲ့ တစ်ပုံစံတည်းပဲ။
" မင်္ဂလာပွဲက အချိန်နှောင်းတော့မယ် ဘာလုပ်နေကြတာလဲ"
အခန်းထဲသို့၀င်လာပြီး ပြောလိုက်သော ဒေါ်ယင်းမာ။ အားလုံး၏ မျက်နှာက မကောင်းကြ။
" သမီး မေရှား ဘာဖြစ်လို့လဲ
လက်ထပ်ပွဲကို စိတ်မပါလို့လား
အဲ့ဒါဆို ဖျက်ပစ်လိုက်လို့ရတယ်နော်"
"အမာရယ် တိတ်တိတ်နေစမ်းပါ မေရှားက ငါ့ချွေးမ ဖြစ်တော့မှာကို ၀င်ရှုပ်မနေနဲ့ "
ဒေါ်ကလျာက ထိုသို့ပြောတော့
"ကလေးက ဒီလောက်မျက်နှာပျက်နေတာကို "
"သူ့မောင်လေးပျောက်နေလို့ "
"ဘယ်က မောင်လေးလဲ ခင့်မှာ မေရှားတစ်ယောက်ပဲရှိတာကို"
" ချစ်မိုးသွင်
ဦးစံရှားနဲ့မေချစ်နဲ့ရတဲ့ သား "
" လျှောက်ပြောမနေနဲ့ လျာ..
နင့်ယောကျားနဲ့ မေချစ်နဲ့မွေးထားတဲ့သမီးပဲရှိတာ"
"အဲ့ဒါ ဦးစံရှားရဲ့သား "
"ငါ့ကို လာညာမနေနဲ့ ပြီးတော့ ချစ်မိုးသွင်က မိန်းကလေးလေ "
"ယောကျားလေး "
"ဘာ "
"ချစ်မိုးသွင်က ယောကျားလေး "
"ငါ့ကို လျေှာက်ပြောမနေနဲ့ အဲ့ကောင်မလေးနဲ့ ငါတွေ့ဖူးပါတယ် ပြီးတော့ ယောကျားလေးဆို ငါ့သားက သူ့ကို ဘာလို့ကြိုက်မှာလဲ"
" နင့်သားက Gay သွားတာလေ"
" နင်ငါ့ကို နိုင်ချင်တိုင်းလျှောက်ပြောမနေနဲ့
ငါ့သားက ယောကျားလေးချင်းကြိုက်မလား ယောကျားလေးမှန်းမသိလို့ပဲဖြစ်မယ်"
" နင်ပဲပြိုင်ချင်ပြီး နင်ပဲနိုင်ချင်နေတာ
အသက်တေလည်းကြီးလာပြီ စိတ်လေးဘာလေးလည်း လျော့ဦး သေရင် ကိုယ့်နောက် ပါမှာမဟုတ်ဘူး"
ဒေါ်ကလျာ၏စကားကြောင့် ဒေါ်ယင်းမာမှာ ရှူးရှူးရှားရှားဖြစ်သွားသည်။
တကယ်တော့ အရင်က ဒေါ်ကလျာ ဒေါ်ခင်ခင်ထက်နှင့် ဒေါ်ယင်းမာတို့မှာ ပြောမနာဆိုမနာ သူငယ်ချင်းများဖြစ်ကြသည်။
အိမ်ထောင်တေဘာတေကျသည့်တိုင် သားရေးသမီးရေးနှင့် သုံးဦးစလုံးပျော်ပျော်ရွင်ရွှင်ရှိခဲ့ကြသေးသည်။ သို့သော် ဦးစံရှား၏ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သူတို့၏ ဆက်ဆံရေးမှာ တင်းမာသွားကြပြီး ယခုထိတိုင် စိတ်ဆိုးနေကြဆဲဖြစ်သည်။
မိုးသွင်က ဦးစံရှားနှင့်ဒေါ်မေချစ်တို့၏ သားဆိုတာကိုတော့ ဒေါ်ယင်းမာ တကယ်ကို မသိခဲ့ပါ။
ခင်ခင်ထက်ကလည်း ထိုအကြောင်းအရာကို တစ်ခွန်းမျှမဟခဲ့ပေ။ သူမသိခဲ့တာက လျာရဲ့အမျိုးသားက သူငယ်ချင်းဖြစ်တဲ့ မေချစ်နဲ့ဖောက်ပြန်ပြီး မိန်းကလေးမွေးခဲ့တယ်ဟူ၍သာ။ ပြီးတော့ မိုးသွင်က နေမကောင်းဖြစ်ပြီး စကားလည်း မပြောနိုင်တော့ဟူ၍မျှသာ။
မိုးသွင်က ဘယ်သူ့ကလေးဆိုတာထက် အခုအရေးကြီးတာက သားက ယောကျားလေးတစ်ယောက်ကို ချစ်နေတယ်ဆိုတာကြီးက သူမအတွက် ခေါင်းခဲစရာဖြစ်သည်။
.
.
" ဘယ်လိုလဲ ကားတင်ပြေးခံရတဲ့ အရသာက"
" ခင်ဗျား.."
မိုးသွင်က ကုတ်အင်္ကျီကိုဖယ်ရှားလိုက်သူအား တအံ့တဩကြည့်နေမိသည်။
"ဪ ခင်ဗျားလို့ခေါ်ပုံထောက်ရင် စိတ်ကောက်သွားတာလား ကိုအေး ကားကို လမ်းဘေးချရပ်ပြီး သွားလို့ရပြီ"
စက်နေရိုင်းစကားကြောင့် ကားဆရာက ကားကိုလမ်းဘေးချရပ်ပြီး ကားပေါ်မှဆင်းသွားတော့သည်။ ဘေးဘက်သို့ကြည့်မိတော့ ခုနက သူစီးခဲ့သော တက္ကစီက သူတို့ကား၏ ဘေးတွင် ရပ်လိုက်ပြီး ကိုအေးဆိုသူက ထိုကားပေါ်တက်လိုက်သည်နှင့် သူတို့နားမှ မောင်းထွက်သွားသည်။
"ခင်ဗျားဘာလုပ်တာလဲ "
" သွင်ကရော ဘာလုပ်တာလဲ"
မိုးသွင်က ကားပေါ်မှ ဆင်းဟန်ပြင်တော့ မိုးသွင်၏ ခန္ဓာကိုယ်ကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး မိုးသွင်၏ နှုတ်ခမ်းတို့ကို နမ်းရှိုက်လာသူ။
"အွန့်အွန်း... "
အတန်ကြာ သူ့ကိုငြင်းဆန်ပြီးမှ သူ့အနမ်းများကို တုန့်ပြန်လာသူကြောင့် စက်နေရိုင်းက အချိန်အတော်ကြာ နမ်းရှိုက်ကာ အနမ်းများကို ရပ်တန့်လိုက်ပြီး မိုးသွင်၏ လည်တိုင်ကြားတွင် မျက်နှာအပ်လိုက်သည်။
" ရိုင်း ဘာတေလျှောက်လုပ်နေတာလဲ"
" အချစ်ကရော ဘာတေလုပ်နေတာလဲ"
"သွင် "
" ကိုယ်နဲ့အဝေးကို ထွက်မသွားပါနဲ့
ကိုယ်မနေနိုင်ဘူး"
" သွင့်ကိုကြည့်.."
မိုးသွင်က စက်နေရိုင်း၏ မေးရိုးကို လက်နှစ်ဖက်ဖြင့် မယူလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။
"သွင်က ယောကျားလေး ပြီးတော့ သွင့်မှာ.. "
" နှင်းဆီဆိုတဲ့မိန်းမမှာ ဘာကိုယ်၀န်မှမရှိဘူး
သူက မင်းကို လိမ်နေတာ မင်းကို ဓားနဲ့ထိုးခဲ့တာလည်း မေရှားမဟုတ်ဘူး မေရှားအယောင်ဆောင်ထားတဲ့ နှင်းဆီဆိုတဲ့ မိန်းမပဲ"
"မမနှင်းဆီအတွက်မဟုတ်ရင်တောင် သွင်က အွန့်"
စက်နေရိုင်းက မိုးသွင်၏နှုတ်ခမ်းများကို အနမ်းဖြင့် ပိတ်ဆို့စေလိုက်ပြီး
"ကိုယ်နဲ့နေချင်လား "
"ပတ်၀န်းကျင်က "
"ရတယ် ပတ်၀န်းကျင်ကို သွင်ကြောက်တယ်ဆိုရင်လည်း ကိုယ်တို့ ဘယ်သူမှမသိတဲ့နေရာမှာ သွားနေကြမယ် "
" ဒါပေမယ့် ရိုင်းမှာက အသိုင်းအဝိုင်းရှိသေးတယ်"
" ဒါဆို သွင်က ကိုယ့်အနားမှာ ဘယ်သူမှ မသိအောင် တိတ်တိတ်လေးနေပေး
ကိုယ့်အရိပ်အောက်ကနေ ဘယ်မှ ထွက်မသွားနဲ့
ကိုယ့်ကိုပဲ ကြည့်နေပေး"
နေနိုင်တာပေါ့။
စတွေ့ကတည်းက ဒီလူကြီးရဲ့မျက်နှာကိုပဲကြည့်နေရမယ်ဆိုရင် ဘာမှထပ်မလိုချင်လောက်အောင်ကို ပြည့်စုံနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားခဲ့ရတာ။ အခုလည်း အဲ့လိုခံစားနေရဆဲပဲကို။
ဒီလူကြီးရဲ့အဝေးမှာနေပြီး လွတ်လပ်မှုကို ခံစားမလား ဒီလူကြီးဆီမှာ အချုပ်နှောင်ခံမလားဆိုရင် သေချာပေါက် သူကတော့ ဒီလူကြီးဆီမှာပဲ အချုပ်နှောင်ခံမှာပေါ့။
မိုးသွင်က ခေါင်းငြိမ့်ပြလိုက်တော့ စက်နေရိုင်းက မိုးသွင်ကို တင်းကြပ်စွာဖက်ထားလိုက်သည်။
ကိုယ်မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။
.
.
"အခု ဘယ်ကိုသွားနေတာလဲဟင် "
"ကိုယ်ဒီနေ့ ဘုန်းကြီးကျောင်းကို ဆွမ်းကပ်ဖို့ လုပ်ထားတယ် အဲ့ဒီကို တစ်ခါတည်းသွားရအောင် "
" မမမေရှားတို့ဆီရော မသွားတော့ဘူးလား"
" မသွားတော့ဘူး"
" ကောင်းပါ့မလား"
" ကောင်းပါတယ် ကိုယ် မင်္ဂလာလက်ဖွဲ့တောင် ပို့ပေးပြီးသွားပြီ"
" သူငယ်ချင်းအရင်းကြီးကို မင်္ဂလာလက်ဖွဲ့ပဲ ပို့ပေးလို့ အဆင်ပြေပါ့မလား"
"သွင်ကရော မောင်အရင်းပဲမဟုတ်ဘူးလား
ဘာလို့ပွဲပြီးအောင်မနေတာလဲ"
"သွင်က.. "
" ဘာမှပြောမနေနဲ့ အလှူသွားလုပ်မှာဆိုတော့ မျက်နှာလေးကို ပြုံးထား"
"အင်း "
သိပ်မကြာမီမှာပင် ဘုန်းကြီးကျောင်းတစ်ကျောင်းဆီသို့ရောက်လာသည်။ ဘုန်းကြီးကျောင်းဆောင်ထဲတွင် စားပွဲဝိုင်းများနှင့် ဆွမ်းများပင် ပြင်ဆင်နေကြသည်။
"မောင်စက်နေ ရောက်လာပြီလား "
" ဟုတ်"
"မင်းအမေရော မပါဘူးလား "
" မပါဘူးဗျ မေမေက နောက်တစ်ခေါက်မှ လိုက်လာခဲ့မယ်တဲ့"
"အေးအေး ၀မ်းသာတယ်ကွာ ငါ့တူတို့ကတော့ လူပျိုကြီးမယ်ထင်ထားတာ အခုကျတော့လည်း အချောလေးကို ပွဲထုတ်လာတာပဲ လိုက်တယ်ဟေ့ အိုအောင်မင်းအောင်ပေါင်းရပါစေကွာ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ "
ကပ္ပိယကြီးက ၀မ်းသာအားရဆိုပြောလာသည်မို့ စက်နေရိုင်းလည်း ပြုံးရွှင်စွာ ပြောလိုက်သည်။ မိုးသွင်ကိုကြည့်လိုက်တော့လည်း ဘုန်းကြီးကျောင်းကို တစ်ခါမှမရောက်ဖူးသလို စပ်စုနေသည်မို့ သူတို့စကားတေကို ကြားမည့်ပုံမပေါ်။
ကျောင်းတွင် ဝေယာ၀စ္စများအနည်းငယ်ကူလုပ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းကပ်နေသည့် ဓာတ်ပုံများလည်း ရိုက်ခဲ့သေးသည်။
ဒီလိုကျတော့လည်း သူတို့နှစ်ယောက်က ကြင်စဦးကျနေတာပဲ။ သွင်က မြန်မာ၀တ်စုံလေးနဲ့ဆိုတော့ ပို၍ နန်းဆန်နေပြီး စက်နေရိုင်းကတော့ လည်ဂတုံးနှင့် ပုဆိုးနှင့် ခန့်ညားနေသည်။
ဆွမ်းကပ်ပြီးနောက် သူတို့နှစ်ယောက်နေမည့် တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။
" ဒါ ကိုယ်တို့နေမယ့်တိုက်ခန်း"
အစစအရာရာပြည့်စုံစွာ တည်ရှိနေသော တိုက်ခန်းကို ကြည့်ပြီး မိုးသွင် အံ့ဩနေသည်။
ရိုင်းက အစတည်းကကြိုတင်ပြင်ဆင်ထားတာပေါ့။ စက်နေရိုင်းကတော့ တအံ့တဩလေးဖြစ်နေသော ချစ်ရသူကို မြတ်နိုးစွာကြည့်နေသည်။
သွင်ပျောက်သွား၍ မင်္ဂလာပွဲကိုလည်း ဆိုင်းငံ့လိုက်သည့်အကြောင်း ရန်နောင်က စာပို့ထားသည်။
ဆိုင်းငံ့လိုက်ပေါ့။
အစကတည်းက အဲ့ဒီကိစ္စတေကြားထဲ မိုးသွင်ကို ဆွဲထည့်ခဲ့တဲ့ မင်းဓနဦးလည်း ခံစားသင့်တယ်။
ဘယ်လိုပဲ မိုးသွင်ပေါ်ကောင်းတဲ့သူဖြစ်ပါစေဦး သူ့ပယောဂကြောင့် မိုးသွင်က အသက်အန္တရာယ်နဲ့ ကြုံခဲ့ရတာ။ ဒါတောင် မိုးသွင်ကို ဓားနဲ့ထိုးခဲ့တဲ့သူက မေရှားမဟုတ်လို့။ မိုးသွင်ကို ဆေးရုံကားခေါ်ပေးတဲ့သူက မေရှားဖြစ်နေလို့ သူဒီလောက်လျှော့ပေးထားတာ။ မိုးသွင်ကို ပြောမရလို့သာ သူ့အိမ်မှာထားရတာ စက်နေရိုင်းစိတ်နဲ့သာဆို အစကတည်းက မိုးသွင်ကို ခေါ်ထားတာကြာပြီ။ အကုန်လုံးက မိုးသွင်ရဲ့ မေတ္တာနဲ့မတန်ဘူး။
တင်းတောင်..
ဘဲသံကြောင့် စက်နေရိုင်းတံခါးဖွင့်ပေးလိုက်သည်။
ရှေ့နေဦးစိုးမင်း။
" မောင်စက်နေတောင်းထားတဲ့ စာချုပ်"
ဦးစိုးမင်းက စာချုပ်တစ်စုံကိုပေးလာသည်။
"သွင် စာချုပ်မှာ လက်မှတ်ထိုးရအောင် "
စက်နေရိုင်းက အိပ်ခန်းထိပါ စပ်စုနေသော ကောင်လေးကို ခေါ်လိုက်သည်။
"ဘာစာချုပ်လဲ "
" တိုက်ခန်းငှားတဲ့စာချုပ်"
"မောင်စက်နေ.. "
ရှေ့နေကြီး၏စကားက စက်နေရိုင်း၏ အကြည့်စူးစူးအောက်တွင်ရပ်တန့်သွားသည်။ မိုးသွင်ကလည်း စက်နေရိုင်းပြသည့်နေရာများတွင် လက်မှတ်ထိုးပေးလိုက်သည်။ စာအိတ်ဖြင့်ဖုံးသောသော စာချုပ်၏အေပါ်ပိုင်းကိုတော့ စပ်စုပြီးဖတ်ကြည့်မနေတော့ပေ။ အရင်က လက်မှတ်နှစ်ချက်ပဲထိုးရတာကို အခုတော့ ဘာလို့လဲမသိ သုံးချက်ထိုးရသည်။ ထိုအကြောင်းကိုလည်း ရိုင်းကို မေးခွန်းမထုတ်မိတော့။ သူ့ရဲ့ ကိုယ်စိတ်နှစ်ပါးလုံး ရိုင်းဆီမှာ အပ်နှံလိုက်မည်မို့ အားလုံးက ရိုင်းအလိုကျ။
" ရပြီ ရှေ့နေကြီး ကျေးဇူးတင်ပါတယ်"
" ဒါပေမယ့် ဒါက တရား၀င်"
စက်နေရိုင်းက နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ ဆက်မပြောရန် တားမြစ်လိုက်သည်။
" ပြန်လို့ရပါပြီ"
စက်နေရိုင်း၏ နှင်ထုတ်မှုကြောင့် ရှေ့နေကြီးမှာ မအီမသာနှင့် ပြန်သွားတော့သည်။
မင်းကို စာရွက်စာတမ်းနဲ့ ကိုယ်ချုပ်နှောင်လိုက်ပြီ အချစ်။
(Only Imagination)