11

28 1 0
                                    

ဒေါက် ဒေါက်
"မိုးသွင်..မိုးသွင် ထတော့  "
"... "
" မိုးသွင် ငါ၀င်လာပြီနော်.."
မိုးယံက တံခါးကိုဖွင့်ပြီး ၀င်လိုက်သည်။
"ခင်ဗျား..ဘာလုပ်တာလဲ.. "
မိုးယံတွေ့လိုက်ရသည်က အိပ်ယာပေါ်တွင် အိပ်နေသော မိုးသွင်အား ငုံ့မိုးကြည့်နေသော သူ၏သူဌေး။ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။
" ခင်ဗျား.."
" ရှူး.."
သူဌေးက မျက်မှောင့်ကြုံ့ရင်း သူ့ကိုတိတ်တိတ်နေရန်အချက်ပြသည်။ ပြီးနောက် အပြင်ထွက်ရန်ပြောပြီး နှစ်ဦးသား အပြင်သို့ ထွက်ခဲ့ကြသည်။ အိမ်ရှေ့ခန်းတွင် မျက်နှာချင်းဆိုင်ရင်း နှစ်ဦးသား တိတ်ဆိတ်နေမိသည်။ စက်နေရိုင်းမှ စတင်၍
" မင်းကို အလုပ်ပြန်ခန့်လိုက်ပြီ"
" မိုးသွင်က တောင်းဆိုလို့လား"
" မဟုတ်ဘူး သူက မနေ့ကလို မလုပ်စေချင်ဘူးထင်လို့.."
" အဲ့တော့ မိုးသွင်အပေါ် ခံစားချက်ကဘာလဲ"
ယခု စက်နေရိုင်း၏ပုံစံက နှမကိုလိုချင်၍ အကိုဖြစ်သူက စစ်ဆေးခံနေရသည့်ပုံစံ။
" ငါက ဘာလို့ပြောပြရမှာလဲ"
" ကျွန်တော်တို့က မိုးသွင်ရဲ့ အုပ်ထိန်းသူတေမို့ပဲ ခင်ဗျားဘက်က အတည်မဟုတ်ဘူးဆို မိုးသွင်ကို ခင်ဗျားနဲ့ ပက်သတ်ခိုင်းမှာမဟုတ်ဘူး"
" မင်းမှာ ဘယ်သူက ပေးထားလဲ အဲ့ဒီထိန်းချုပ်ခွင့်ကို"
" ခင်ဗျား မိုးသွင်ကို ပေါ့ပေါ့တန်တန်တွေးထားမယ်ဆို ကျွန်တော် ခွင့်မလွှတ်ဘူး"
" ငါ့ပုံစံက ငါ့အတွက်အရေးမကြီးတဲ့အရာအတွက် အချိန်ကုန်ခံမယ် ထင်နေလား ငါ့အတွက် ငါ့မိသားစုက အရေးကြီးသလို ငါ့ဂုဏ်သိက္ခာကလည်း အရေးကြီးတယ် ပြီးတော့ မိုးသွင်ကိုလည်း ငါပေါ့ပေါ့တန်တန်မတွေးတာမို့ မင်း.. မိုးသွင်နဲ့ ဝေးဝေးနေ.."
အခန်းပြင်မှ ကြားနေရသော အသံကြောင့် မိုးသွင် ဖွဖွလေးပြုံးလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။ နှစ်ယောက်စလုံး၏ အကြည့်က သူ့ဆီရောက်လာသည်။
" အလုပ်မသွားကြတော့ဘူးလား.."
" အင်း သွားမှာ "
" ဒါဆို မိုးယံကိုပါ တစ်ခါတည်းခေါ်သွားလို့ရမလား"
"သူလိုက်မယ်ဆိုရင်ပေါ့ "
" မိုးယံ အ၀တ်စားလဲပြီး လိုက်သွားလိုက်တော့နော်"
" အင်းပါ.."
မိုးယံကလည်း မူမနေတော့။
အလုပ်ကို အဲ့လောက်မက်တာလည်း မဟုတ်ပါဘူး။
Crushကြီးနဲ့ အလုပ်အတူတူလုပ်ချင်ရုံပဲ။
မိုးယံက အခန်းထဲ၀င်ကာ အ၀တ်အစားလဲလိုက်ပြီး  စက်နေရိုင်း၏ ကားနှင့်ပင် မိုးသွင်ကို ပန်းဆိုင်အရင်ပို့ပေးပြီး သူတို့ကတော့ ရုံးသို့ လာခဲ့သည်။
ဒေစီပန်းကို သတိရသော်လည်း သူဌေးပါနေ၍ မယူဖြစ်တော့ပေ။
"မင်းတို့က ဘယ်လိုဖြစ်လို့ အတူတူလာကြတာလဲ "
၀င်ပေါက်တွင်တွေ့သော ရန်နောင်က မေးလိုက်သည်။
"လမ်းကြုံလို့ "
စက်နေရိုင်းက ထိုသို့ပြောကာ အရင်၀င်သွားသည်။
မဖြစ်နိုင်တာကြီးကို။
ရန်နောင်က ‌ေတွးလိုက်ရင်း မိုးယံကို ပြုံးပြလိုက်ပြီး
"မနေ့ကတွေ့တဲ့ကောင်မလေးက ဘယ်သူလဲ "
Crushကြီးက သူ့အကြောင်းတေ စပ်စုလို့ပါလား။ ငါ့အကြောင်း နည်းနည်းစိတ်၀င်စားလာပြီထင်တယ်။ သူငယ်ချင်းဆို ငါနဲ့ ဘာညာထင်နေဦးမယ်။
"ကျွန်တော့် ညီမလေးပါ.. ဘာဖြစ်လို့လဲ "
" အရမ်းချစ်စရာကောင်းတယ်နော်"
ရန်နောင်၏မျက်၀န်းထဲတွင် ကျေနပ်မှုအပြည့်။
ဟာ ဒီ crushကတော့ မိုးသွင်ကို ဖွန်ကြောင်ချင်နေတာပဲ။
"သူ့မှာ ချစ်ရတဲ့သူရှိတယ် "
"ဟုတ်လား "
ခုနကနှင့်မတူဘဲ မျက်နှာက ရှုံ့တွသွားသည်။
ဒီcrushကတော့လေ။
"သူကြိုက်နေတဲ့သူက လူကောင်းရောဟုတ်ရဲ့လား "
" မသိပါဘူးဗျာ ပိုက်ဆံရှိတယ်ဆိုပြီး မောက်မာနေတာ အပေါက်ကလည်းဆိုးလိုက်တာ"
မိုးယံက စက်နေရိုင်းကို တွေးမိပြီး ပစ်ပစ်နှစ်နှစ်ပြောလိုက်မိသည်။
" အဲ့ဒါကို ဘာလို့ မတားတာလဲ"
"သူက ချစ်နေတာကိုး "
" အဲ့လိုကြီးက နာကျင်ရမှာပေါ့"
"..."
" ငါ့ကို သူနဲ့ မိတ်ဆက်ပေး"
"ဗျာ "
" ငါက လူကောင်းတစ်ယောက်ဆိုတာ သိတယ်မလား ပြီးတော့ ငါက သိပ်သစ္စာရှိတဲ့လူစားမျိုး သူသဘောမကျလောက်ဘူးလား"
ငါ့ကို အောင်သွယ်လုပ်ခိုင်းနေတာလား။
" မိတ်ဆက်ပေးမယ်မလား"
အင်းနော် ဘယ်သူကများ ချစ်တဲ့သူရဲ့ စကားကို လွန်ဆန်နိုင်မှာလဲ။ ပြီးတော့ မိုးသွင်က ယောကျားလေးတစ်ယောက်ဆိုတာသိရင် သူဆက်မကြိုက်လောက်ပါဘူး။ မိုးယံမှာ နာနာကျင်ကျင်နှင့်ပင် ခေါင်းငြိမ့်လိုက်ပြီး
"သူနဲ့ ကြုံရင် မိတ်ဆက်ပေးပါ့မယ် "
ရန်နောင်က မိုးယံပုခုံးကို ပုတ်ပြီး သူ့ရုံးခန်းသို့ သွားတော့သည်။ မိုးယံမှာသာ ရင်ခုန်ရင်း ကျန်ရစ်သည်။
သို့သော် သိပ်မကြာလိုက်ပေ။
ရန်နောင်က သူအလုပ်လုပ်နေသော စားပွဲဆီသို့ ပြန်လာပြီး
"မိုးယံ ကော်ဖီသောက်မလား ငါဖျော်ပေးမယ် "
" ရပါတယ်"
" မုန့်ရော ဘာစားလာပြီလဲ"
လောကွက်လာချော်နေသော သူရယ်ပါ။
ခက်လိုက်တာ ခင်ဗျားရယ်။
ခင်ဗျားကို ချစ်တဲ့ ဒီကောင့်ကိုကျ ဘာလို့မမြင်ရတာလဲ။
.
.
"သမီး ဒီ၀င်ပေါက်အတိုင်း ၀င်သွားရင် ရပြီ မိုးယံစောင့်နေလိမ့်မယ် ဆရာ ကားပါကင်ကပဲစောင့်နေမယ်နော်"
" ဟုတ်.."
မိုးသွင်က ဒေစီ ပန်းစည်းကို ကိုင်ပြီး အဆောက်အဦး၏ ၀င်ပေါက်နားတွင် စောင့်နေလိုက်သည်။ ဒီနေ့ မိုးယံက ဒေစီပန်းစည်း မေ့ကျန်နေခဲ့၍ ဆရာနှင့်အတူ လာပို့ပေးခြင်းဖြစ်သည်။
တော်တော်နှင့် ရောက်မလာသော မိုးယံကြောင့် မိုးသွင်မှာ လည်ပင်းတရှည်ရှည်နှင့် မျှော်နေမိသည်။
"မိုးယံရဲ့ညီမလေးလား.. "
မိုးသွင်၏နောက်ကျောမှ နှုတ်ဆက်လာသူ။ မိုးယံပြောတဲ့ မိုးယံရဲ့ crush။ မိုးသွင်က ခေါင်းငြိမ့်ပြလိုက်သည်။
ရန်နောင်က မိုးသွင်လက်ထဲမှ ပန်းစည်းကိုကြည့်ပြီး မျက်လုံးအရောင်များတောက်သွားသည်။ ဒီပန်းစည်းကို မိုးသွင်က ပေးတာလား။ ဒါဆို မိုးယံပြောတဲ့ မိုးသွင်ကြိုက်တဲ့သူက သူလား။
မိုးယံက သူ့ကို တလွဲမြင်နေတာထင်တယ်။
အလုပ်ကသူတေကို အသုံးမကျလို့ ဆူတာကို မောက်မာတယ်ထင်နေတာလား။
ဒီကရှေ့ မိုးယံကို ကောင်းကောင်းဆက်ဆံပေးရမယ်။
"ပန်းစည်းက ကိုယ့်အတွက်လား ကိုယ်နေ့တိုင်း ရနေတာဆိုတော့လေ ဒီနေ့မှ မရတာဆိုတော့ "
မိုးသွင်က မိုးယံဆီက တစ်ဆင့်မှာယူသော ဖောက်သည်ဟု ထင်သွားပြီး ခေါင်းငြိမ့်ပြကာ ပန်းစည်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ တစ်ဖက်လူက သူ့ကိုပြုံးပြီးကြည့်နေသဖြင့် မနေတတ်စွာ ခေါင်းငုံ့လိုက်မိသည်။
ရန်နောင့် မျက်၀န်းထဲတွင်တော့ မိုးသွင်ဟာ သူ့ကို မကြည့်ရဲလို့ ရှက်ပြီး ခေါင်းငုံ့သွားသည်ဟု ထင်နေသည်။
ရှက်နေတာလေးက ချစ်စရာလေး။
မိုးယံ ဒီလို ကောင်မလေးကို ဝှက်ထားနိုင်တာ အံ့ဩစရာပဲ။ ရန်နောင်က ပန်းစည်းလေးကို ယူလိုက်ပြီး စကားပြောမည်အပြု မိုးသွင်က ဦးလေးညွှတ်ကာ ပြေးထွက်သွားသည်။
ချစ်စရာလေး..။
ထွက်ပြေးသွားသော နောက်ကျောပြင်ကို ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိပြီး သူ၏မျက်နှာသည်လည်း ပြုံးဖြီးနေခဲ့သည်။
တကယ်ကို အလှလေးပဲ။
စက်နေရိုင်းကို ကြွားရမယ်။
ရန်နောင်က တက်ကြွစွာဖြင့် စက်နေရိုင်း၏ ရုံးခန်းသို့ ဦးတည်သွားတော့သည်။
အလုပ်စားပွဲတွင် အလုပ်များကို သိမ်းကြုံးလုပ်နေရသော စက်နေ။ မိုးသွင်ကို မတွေ့ရသည့် ရက်တေက အမှားမှားအယွင်းယွင်းဖြစ်ခဲ့သည်များကို ပြန်လည် စစ်ဆေးနေရသည်။
ထိုအချိန် သူ၏ရုံးခန်းထဲသို့ ခွင့်မတောင်းဘဲ ၀င်လာတဲ့ ရန်နောင်
"စက်နေ.. "
" ဘာလဲ."
"ငါ့ကို ပန်းပေးတာ ဘယ်သူလို့ထင်လဲ "
" မင်း တံခါးမခေါက်ဘဲ ၀င်လာတာ အဲ့အကြောင်းပြောမလို့လား ငါမအားသေးဘူး.. အလုပ်တေပုံနေတယ်"
" အလုပ်က အရေးမကြီးဘူး ငါပြောတာ နားထောင်.."
စက်နေက ရန်နောင့်စိတ်ကို သိစွာ သူ့စကားကို အရင်နားထောင်ပေးဖို့ လုပ်လိုက်သည်။ ဒီကောင်က သူလုပ်ချင်တာ မလုပ်ရရင် ငြိမ်မှာမဟုတ်ဘူး။
"ဟိုနေ့က မိုးယံနဲ့တွေ့တဲ့ကောင်မလေးလေ မှတ်မိလား "
ရန်နောင့်စကားကြောင့် စက်နေ၏ မျက်ခုံးတို့သည် စုကြုံ့သွားပြီး
"အင်း သူက ဘာဖြစ်နေလို့လဲ "
" သူက မိုးယံရဲ့ ညီမလေးတဲ့"
" မင်းကို ဘယ်သူကပြောလဲ"
" မိုးယံပြောတာ.."
"လိုရင်းကိုပြော.. "
"အဲ့ကောင်မလေးက ငါ့ကို ဒေစီ‌ပန်းတေပေးနေတာ "
"ဘာ.. "
" ခုနက လာပေးသွားတာ ငါ့ကိုပေးတာများ လက်ကလေးနှစ်ဖက်နဲ့ ကမ်းပေးပြီးတော့ မျက်လွှာလေးချထားတာ ရှက်ပြီး ထွက်သွားတာလေးကလည်း ချစ်စရာလေး ငါတကယ်အချစ်စစ်ကို ရှာတွေ့ပြီထင်တယ်"
ဘုန်း..
"လန့်လိုက်တာ.. ငါပြောတဲ့ထဲ စိတ်တိုစရာပါလို့လား.. မင်းကိုလာပြောရတာ feelတောင်အောက်သွားပြီ
မြင်လား..
ငါပြောသားပဲ ပန်းပေးတာ အလှလေးနေမှာပါလို့"
ပီတိတေဖြာနေတဲ့ မျက်နှာက စက်နေရိုင်းအတွက် ပစ်ထိုးပစ်ချင်စဖွယ်မို့ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
ရန်နောင်က စိတ်တိုသွားသော စက်နေရိုင်းကို ဂရုမစိုက်နိုင်။ ဒီအကြောင်းကို ခန့်သီဟကိုလည်း ကြွားရမယ်။
ခန့်သီဟဆီဖုန်းဆက်ပြီး ထိုအကြောင်းကို ပြောပြမိသည်။
"စက်နေ ဘာပြောလဲ "
"ဘာမှမပြောပါဘူး အဲ့ကောင် ဒေါသထွက်တဲ့ပုံစံနဲ့ ထွက်သွားတာ "
"မင်းကို ဆွဲထိုးမသွားဘူးလား "
" မထိုးပါဘူး ထိုးရဲထိုးကြည့်ပါလား သူမလုပ်ဘဲ ပျက်ကွက်ထားတာတေ ငါလိုက်လုပ်ပေးရတာတေရော သူအပြင်မှာ သောင်တင်နေတဲ့ အကြောင်းတေရော အန်တီ့ကို တိုင်လိုက်မယ်"
" ဘာပြောဦးမှာလဲ အလုပ်ရှိသေးတယ်"
"ဒါပဲကွာ မင်းတို့တတွေ  အားကို မကိုးရဘူး ငါ့အပျော်တေကို ဖျက်ဆီးနေကြသလိုပဲ"
" အေး..အေး မင်းလည်း တိုက်ကွမ်ဒိုလေးဘာလေးသင်ထားဦး ပြီးတော့ ဆရာ၀န်တစ်ယောက်လည်း အဆင်သင့်ဖြစ်အောင် ချိတ်ထားဦး"
"သင်စရာမလိုပါဘူး ငါ့သူငယ်ချင်း ငစက်က တိုက်ကွမ်ဒိုတတ်တယ် မင်းက ဆရာ၀န်ပဲ မလိုပါဘူး ငါ့ကို ဘယ်သူက ဘာလုပ်မှာမို့လဲ"
"အေးအေး ကြားသုံးကြားမ၀င်ကောင်းဘူးတဲ့ အဲ့ဒါပဲမှတ်ထား ဒါပဲကွာ"
" အေးအေး.."
ဘာတေပြောသွားလဲမသိဘူး။
ကြည်နူးတဲ့ စိတ်လေးတောင်ပျောက်ပါတယ်။
(Only Imagination)

LoveWhere stories live. Discover now