နှစ်ယောက်တည်း ရှိနေသော အချိန်ရောက်မှ သွင်က စကားစလာသည်။
"ရိုင်း သွင်လေ.. မမနဲ့ပြန်လိုက်ချင်.. အွန့်..
အွန့်အွန်း.."
စက်နေရိုင်းက မိုးသွင်၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ဒီကောင်လေးကို အပြစ်ကြီးကြီးမားပေးမှ ရမယ်ထင်တယ်။
မိုးသွင်က သူ့အနမ်းများကို မတုန့်ပြန်ဘဲ ရုန်းကန်နေသည်။
"ကိုယ်စိတ်မတိုချင်ဘူးနော် အချစ် "
"သွင် ပြောတာ ခနလေးနားထောင်ပေး အွန့်.."
စက်နေရိုင်းက မိုးသွင်၏နှုတ်ခမ်းများကို ထပ်မံနမ်းရှိုက်လာသည်။ မိုးသွင်လည်း ရိုင်းကို မလွန်ဆန်နိုင်၍ အနမ်းများကို တုန့်ပြန်လိုက်ရတော့သည်။
"နောက်တစ်ခါ ကိုယ်နဲ့အဝေးကို သွားဖို့ပြောရင် အခန်းထဲမှာဘဲ ပိတ်လှောင်ထားတော့မှာ "
"သွင်ပြောချင်တာက အဲ့လိုသဘောမျိုးမဟုတ်ပါဘူး မမကလည်း သွင့်ကိုပြန်တွေ့ပြီဆိုတော့ မမနဲ့ကိုကို..ကိုမင်း.. ရဲ့ မင်္ဂလာပွဲကလည်း သွင့်ကြောင့် ရွှေ့ဆိုင်းထားရတာလေ ဒီတိုင်းလေး သွင်က မင်္ဂလာပွဲကို ချောချောမွေ့မွေ့ပြီးသွားစေချင်ရုံပါပဲ"
"သူတို့ဘာသာ လုပ်တာ မလုပ်တာ သွင်နဲ့ ဘာဆိုင်လို့လဲ "
" ရိုင်းလည်း သိသားနဲ့ မမတို့လည်း သွင့်အပေါ်အရင်လောက် မဆိုးတော့ပါဘူး ပြီးတော့ ရိုင်းလည်းရှိနေတာပဲ တစ်ခုခုဆိုရင်တောင် ရိုင်းက သွင့်ကို ကာကွယ်ပေးမှာပဲမဟုတ်လား"
"သူတို့က ဘာတေပြောသွားတာလဲ "
" မပြောပါဘူး"
" ကိုယ့်ကို သေချာကြည့်ပြီးပြော"
" တကယ်ပါဆို မမက သွင့်ကို အိမ်ပြန်လာဖို့ပဲခေါ်နေတာ သူလည်း အရင်လိုမဖြစ်အောင် ကြိုးစားပါ့မယ်တဲ့"
" ကိုယ်ဘယ်လိုယုံရမှာလဲ ခုနကတောင် သွင့်ကို ဒေါသတကြီး ပြောသွားတာ မတွေ့လိုက်ဘူးလား"
" အဲ့ဒါက ရိုင်းက မမကို သွားစွပေးသလိုဖြစ်သွားတာကိုး"
" အဲ့တော့ အဲ့ဒါက ကိုယ့်အပြစ်ပေါ့"
သွင်က ဆူပုပ်ပုပ်ဖြစ်သွားသော စက်နေရိုင်း၏ ပါးများကို ဆွဲဖဲ့လိုက်သည်။
" ရိုင်း"
" ပြောကြည့် သွင်..
သွင်က သူတို့နဲ့လိုက်သွားရင် ကိုယ့်ကို ပစ်ထားတော့မှာ မဟုတ်လား ဘာလို့ ရွေးချယ်မှုတိုင်းက ကိုယ့်နားက ထွက်သွားဖို့ချည်းပဲလဲ သွင်က ကိုယ့်ကို ချစ်ရဲ့လားဆိုတာ သံသယ၀င်မိတယ်"
" သွင်လည်း ရိုင်းနဲ့ ခွဲမနေချင်ပါဘူး"
"ကိုယ့်ဆီကနေ ဘယ်မှမသွားဘဲနဲ့ သက်သေပြ "
" အဲ့လိုတော့ မရဘူးလေ ရိုင်းရယ်"
" ဘာလို့လဲ ကိုယ်တစ်ယောက်တည်းနဲ့ မင်းဘ၀က မလုံလောက်ဘူးလား"
" သွင်လည်း ရိုင်းနဲ့အဝေးမှာ မနေချင်ပါဘူး
ဒါပေမယ့်"
" မနေနိုင်ရင် ဘာလို့ သူတို့ဆီလိုက်သွားမှာလဲ"
" မမရဲ့ မင်္ဂလာပွဲအထိပဲလေ နော် ရိုင်းကလည်း မင်္ဂလာပွဲပြီးတာနဲ့ ရိုင်းနဲ့အတူတူနေမယ်လေ ဘယ်မှ မသွားတော့ဘူး မမကို သနားလို့ပါ"
" သူ့ဘ၀ ဒီလောက်ပြည့်စုံနေတာ"
" မမကြောင့် မဟုတ်ပါဘူး
သွင်ကိုယ်တိုင်ကို မမနဲ့ ခနလောက်အတူနေချင်လို့ပါ နော် ရိုင်းက ခွင့်ပြုပေးပါလား"
" ကိုယ်က ခွင့်မပြုဘူးဆိုရင်ရော သွားမှာဘဲလား"
မိုးသွင်က ခေါင်းလေးငုံ့သွားသည်။
" တကယ် ခွင့်ပြုမပေးဘူးလားဟင်"
" အင်း"
" သွင်က မမနဲ့ရိုင်းကြား ပြဿနာရှာတဲ့သူများ ဖြစ်နေမလား"
" ကိုယ့်ကို ကြည့်..
သွင့်မှာ ဘာအပြစ်မှမရှိဘူး"
" သွင်သာ မမွေးဖွားခဲ့ရင် မမလည်း.."
" တော်ပြီ သွင် သူတို့က ဘယ်တော့ မင်္ဂလာဆောင်မှာလဲ"
"နောက်တစ်ပတ်လောက်လို့ပြောတယ် မင်္ဂလာပွဲက အကြီးအကျယ်တော့ ထပ်မလုပ်တော့ဘူးတဲ့ ညဘက် မိတ်ဆွေတေနဲ့ Dinnerလေးပဲ လုပ်မယ်တဲ့ "
"ကိုယ့်ကို ကတိပေး
ဒီတစ်ခါ နောက်ဆုံးပါလို့"
"သွင် ကတိပေးပါတယ် ဒီတစ်ခါပဲ မမနဲ့သွားနေပြီးရင် ရိုင်းဆီကနေ ဘယ်ကိုမှ မသွားတော့ပါဘူးလို့ "
" ကတိကို တံဆိပ်ခတ်ရမယ် "
စက်နေရိုင်းက မိုးသွင်၏ ပါးလေးကို ဖိကပ်နမ်းရင်းပြောလိုက်သည်။ နှုတ်ခမ်းဆီကို အနမ်းများ ဦးတည်မိချိန်တွင်တော့
တင်းတောင်.. တင်းတောင်
" မိုးယံလာပြီထင်တယ်"
"ခေါ်ထားတာလား "
"အင်း အစက ရိုင်းမလာတော့ဘူးဆို ရုံးကို လိုက်ခဲ့မလို့ "
"ကိုယ့်ကို တွေ့ဖို့လား "
"ကိုရန်နောင်နဲ့တွေ့ဖို့ "
မိုးသွင်က ခပ်တည်တည်စလိုက်တော့ စက်နေရိုင်း၏ မျင်နှာက တည်တင်းသွားသည်။
"ရိုင်းရဲ့ အလုပ်တေဂရုစိုက်ပေးဖို့ပြောမလို့ပါ "
"သွင်ပြောစရာမလိုဘူး အဲ့ကောင်ကို ပိုက်ဆံပေးပြီးငှားထားတာ တစ်ခုခုလွဲရင် သူလျော်ရမှာဘဲ"
"စတာပါ သွင်က ရိုင်းမျက်နှာကို တွေ့ချင်လို့ပါ "
"မစနဲ့သွင် ကိုယ်က မင်းနဲ့ပက်သတ်ရင် စတာကို မကြိုက်ဘူး "
"ဟုတ်ပါပြီ တံခါးသွားဖွင့်ပေးလိုက်ဦးမယ်"
"အင်း ကိုယ်လည်း အ၀တ်အစားလဲလိုက်ဦးမယ် "
မိုးသွင်က တံခါးဆီသွားလိုက်ပြီး စက်နေရိုင်းက အိပ်ခန်းထဲသို့၀င်သွားတော့သည်။
မိုးသွင် တံခါးဖွင့်လိုက်ချိန်တွင် စူပုပ်နေသော မိုးယံကို မြင်လိုက်ရသည်။ အမြဲတမ်းတက်ကြွရွှင်လန်းနေသော မိုးယံကို ထိုသို့မြင်လိုက်ရသည်က မိုးသွင်အတွက် ထူးဆန်းနေသည်။
" ဘာဖြစ်လာတာလဲ"
" ရည်းစားစကားအပြောခံလိုက်ရလို့ အဲ့သူငယ်ချင်းအုပ်စု စိတ်ရော မှန်ကြသေးရဲ့လားမသိဘူး တစ်ယောက်က တဏှာရူး တစ်ယောက်ကလည်း လင်တာရူး တစ်ယောက်က ဥစ္စာရူး နောက်တစ်ယောက်ကကျ ငါ့ကို ကျောရရုံကြံချင်နေတယ် ဘာတဲ့ အရှုံးကို မကြိုက်ဘူးတဲ့ တကယ်ကို ဘ၀င်ရူး "
မိုးယံက ပစ်ပစ်နှစ်နှစ်ပြောဆိုပြီး ဧည့်ခန်းမှ ဆိုဖာအရှည်ပေါ်တွင် မှောက်ရက်လေး လှဲချလိုက်သည်။ ဘယ်သူတေကို ပြောနေတာလဲ မိုးသွင်မသိပေ။ ပုံမှန်ဆိုရင် မိုးသွင်လောက် မအေးဆေးသော်လည်း မိုးယံစကားေပြာပုံက အနည်းငယ်ပြေပြစ်သည့် ပုံစံဖြစ်သည်။ ခင်လာသည့်တစ်လျှောက် ယခုကဲ့သို့ တစ်ပါးသူကို ပြောတာမျိုး မကြားခဲ့ရဖူးပေ။
" ဘယ်သူကလဲ ရည်းစားစကားပြောလိုက်တာ
ကိုရန်နောင်ကလား"
"အဲ့တဏှာရူးလား ငါ့ကိုပြောမှာ
သူ့မျက်လုံးထဲမှာ မြင်တာဆိုလို့ စကီလေးတေပဲရှိတယ် "
" အခုက ဘယ်သူက ပြောလိုက်တာလဲ"
မိုးသွင်၏ မေးခွန်းကို သူပြန်မဖြေနိုင်သေး။
ခန့်သီဟဆိုတဲ့လူ မနက်အစောကြီးကတည်းက ဖုန်းဆက်ပြီး နှိုးသည်။ မနက်စောစောထတာ ကျန်းမာရေးအတွက်ကောင်းတယ်တဲ့။ တစ်နေကုန်ရုံးထဲမှာ နေရမှာဆိုတော့ စောစောစီးစီး လမ်းလေးဘာလေး လျှောက်ပါတဲ့။
သူ့လမ်းညွှန်ချက်တေ ဘယ်သူက လိုနေလို့လဲ။
ကိုယ့်လူနာကိုယ် ဆေးကုနေပါလား။
အချိန်တေအလကားပိုနေရင်လည်း ပရဟိတဆေးပေးခန်းဖွင့်ထားလိုက်ပေါ့။
အေးအေးဆေးဆေးအိပ်နေတဲ့သူကို လာနှောင့်ယှက်နေတယ်။
"သွင်ရေ.. "
အိပ်ခန်းထဲမှ စက်နေရိုင်း၏ ခေါ်သံ။
"မင်းလူကြီးရောက်နေတာလား "
" အွန်း ခနလေးနော်"
မိုးသွင်က အိပ်ခန်းအတွင်း၀င်သွားလိုက်သည်။
"ကိုယ့်ကို Necktie စည်းပေးပါဦး"
စက်နေရိုင်းက အိပ်ယာပေါ်တွင် necktieတစ်ခုကိုကိုင်ပြီး ပြောသည်။
"ဒီနေ့အစည်းဝေး ရှိလို့လား"
"အင်း သွင်လိုက်ခဲ့မလား"
" သွင်က ဘာလိုက်လုပ်ရမှာလဲ အလကား သွင့်ကြောင့် ရှုပ်နေပါဦးမယ်"
" မရှုပ်ပါဘူးဗျာ သွင်လိုက်ချင်မယ်ဆို ကိုယ်က ပိုလို့တောင် ပျော်ပါသေးတယ် လိုက်ခဲ့မယ်မလား "
" အင်း"
သွင်က ခေါင်းငြိမ့်ရင်းပြောလိုက်တော့ သွင့်ကိုယ်လုံးလေးကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး သွင်၏ဆံနွယ်များကို နမ်းရှိုက်လိုက်သည်။
ထိုသို့နှင့် သွင်သည် စက်နေရိုင်း၏ ကုမ္ပဏီသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့သည်။
"သွင် သမီးက ဒီက ၀န်ထမ်းလား "
မရင်းနှီးသော်လည်း တစ်ခါတွေ့ဖူးထားသဖြင့် သွင်က အပြုံးလေးဖြင့်
"မဟုတ်ပါဘူး သူငယ်ချင်းဆီ ခနလိုက်လာတာပါ "
" မနန်း"
အနောက်ပါးဆီမှ ဒေါ်ကလျာ၏ ခေါ်သံကြောင့် မိုးသွင် ထိုနေရာမှ ကျောခိုင်းကာ ထွက်သွားသည်။
"ရောက်နေတာကြာပြီလား "
" အခုပဲရောက်တာ သား သဘောကျနေတဲ့ မိန်းကလေးကို တွေ့လိုက်လို့"
" ဘယ်သူများလဲ ကျွန်မတို့ရုံးထဲကပဲလား"
" ချစ်မိုးသွင်တဲ့ ကလျာ သိလောက်မလား သူကတော့ ဒီရုံးကမဟုတ်ဘူးပြောတာပဲ"
ဒေါ်နန်းမွှေး၏ စကားကြောင့် ဒေါ်ကလျာ၏မျက်နှာက အနည်းငယ်တင်းမာသွားသည်။ သို့သော် မျက်နှာ အမူအယာကို ပြန်ပြင်လိုက်ပြီး
" ချစ်မိုးသွင်က ယောကျားလေးပါ"
"ဟုတ်လား "
"ဟုတ်ပါတယ် အမကိုများ မိန်းကလေးလို့ သူကလိမ်ထားလို့လား "
"မဟုတ်ရပါဘူးကွယ်
ဒါ့ကြောင့် အရင်တစ်ခေါက်တွေ့တုန်းက ယောကျားလေးပါလို့ပြောတာကိုး အသံလေးကလည်း ချိုတော့ မယုံခဲ့ဘူး ချစ်စရာကောင်းလိုက်တာ
ကျွန်မရဲ့သား လူပျိုကြီးကတော့လေ အဲ့ကလေးနဲ့မှပဲ လူပျိုကြီးဘ၀က ကျွတ်တော့မယ်ထင်တယ် "
"ဘာလို့လဲ "
"အဲ့ကလေးလေးကို သဘောကျနေတာတဲ့လေ "
" သူက ယောကျားလေးနော် အမ"
" အို ယောကျားလေးဆိုတော့ သူ့ကို ထူးပြီးတော့ ကာကွယ်ပေးစရာ မလိုတာပေါ့ အတူတူ ရုန်းကန်ရရင်တောင် ပိုပြီးတော့ အင်အားမျှသေးတယ်"
"ဒါပေမယ့် အမရယ် ကလေးမှ မရနိုင်တာ "
" ကလေးဆိုတာ ယူရင် ရပါတယ်
ဒါပေမယ့် မရလည်း ဘာဖြစ်လဲ ကလျာရယ် မိန်းကလေးတစ်ယောက်မှာတောင် သားသမီးမရနိုင်တာမျိုးရှိသေးတာပဲ ပြီးတော့ မိဘမဲ့ကလေးတေအများကြီး မွေးစားလို့ရပါတယ်"
"ကိုယ့်သွေးသားမှ မဟုတ်တာ "
" သွေးသားဆိုတာ ဘာအရေးကြီးတာမှတ်လို့
ရေစက်ဆိုတာ ရှောင်ဖယ်လို့ရတာမှ မဟုတ်တာ
ပေါင်းဖက်ရမယ့် ရေစက်ပါလာရင် ပေါင်းဖက်ရမှာဘဲ အဓိကက ကိုယ့်သားသမီးတေပျော်ရွှင်ဖို့ပဲမလား"
ဒေါ်နန်းမွှေး၏ စကားကြောင့် ဒေါ်ကလျာ အနည်းငယ်တွေဝေသွားမိသည်။ သူမကိုယ်တိုင်ကရော သားရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးသလိုများဖြစ်နေပြီလား။
(Only Imagination)